Jupiter Media

Jupiter Media

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jupiter Media, Health/Beauty, No. 139, Pyay Road, Kamayut Township, Yangon.

08/09/2024

မြို့ထဲကင်းလှည့်နေတဲ့ ရဲဘော်လေးကို မြို့ခံလူထုရဲ့ ကြိုဆိုမှု...

03/09/2024

နောက်တန်းပြန်ရဲဘော်တစ်ယောက်နဲ့ သားကောင်းမိခင်တို့ ဆုံတွေ့ပုံကို
အမှတ်မထင် မှတ်တမ်းတင်မှု...
Photo : Crd to original owner

Photos from Jupiter Media's post 23/11/2023

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ကော့ကရိတ် မြို့ ၊ ခလရ ၉၇ တပ်မှ ဒုတိယတပ် ရင်းမှူး ဗိုလ်မှူး အေးချမ်း ဘုရားသုံးမြို့၊ ချက်ပွိုင့်အနီးရှိ Beauty Parlor ဆိုင်တွင် စနိုက်ပါသေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဦးခေါင်း သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။

"ခလရ ၉၇ ဒုတပ်ရင်းမှူး အေးချမ်း သေသွားတာ အတည်ပြုလို့ရတယ်။ ကွန်ဖန်းပါ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ခလရ ၉၇ တပ်ရင်း သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် လာရောက်တပ်စွဲထားခြင်းဖြစ်သည်။

22/11/2023

ကရင်နီတွင် ဖမ်းဆီးရရှိသည့် စစ်လေယာဉ်မောင်း ဗိုလ်မှူးကို ပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်မှုအတွက် မြန်မာနှင့် နိုင်ငံတကာ ဥပဒေများ အရ အရေးယူမည်ဟု NUGသမ္မတရုံးပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပြည်သူလူထုကို လေကြောင်းမှ တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် စစ်လေယာဉ် မောင်း ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC က ကြေ ညာလိုက်သည့်အပြင် NUG ကလည်း အဆိုပါ စစ်ကောင်စီလေယာဉ်မှူးကို ပြည် တွင်း ဥပဒေ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်ကြားတနေရာ၌ ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီလက်အောက်ခံ လေ ယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ပြည်သူများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်မှုအတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ပြီး ကျန်ရှိနေသော တွဲဖက်လေယာဉ်မှူး ဗိုလ် ဇာနည်မောင်ကိုလည်း ဖမ်းဆီးရမိနိုင်ရေး ဆက် လက်ရှာဖွေနေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီပြည်နယ်အတွင်း လေကြောင်းမှ ဗုံးကျဲ၊ ပစ် ခတ်တိုက်ခိုက်စဉ် ကရင်နီ တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ တိုက်လေယာဉ် ပျက်ကျခဲ့ကြောင်း၊ အဆိုပါ ပျက်ကျခဲ့ သည့် တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးမှာ လေထီးဖြင့် ခုန်ချထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ နိုဝင် ဘာလ ၁၉ ရက်နေ့တွင် တောင်ငူလေတပ်မှ စစ်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီ တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"စုံစမ်းစစ်ဆေးနေတယ်ဆိုတာ IEC ရဲ့ကြေညာချက်ထဲမှာလည်း ပါပါတယ်။ ပြည်တွင်း တည်ဆဲဥပဒေအတိုင်း နိုင်ငံတကာတရားဥပဒေအတိုင်း ဖြစ်ရပါမယ်။ အဲဒီလောက်ပဲ အခုလောလောဆယ် မှတ်ချက်ပေးချင်ပါတယ်။ IEC ရဲ့ ကြေညာချက်ကိုပဲ refer လုပ်ချင်ပါတယ်။ လေယာဉ်မှူးကို ထိန်းသိမ်းထားတဲ့ IEC က ထုတ်ပြန်ချက်ထုတ်ထားတယ် ။ စုံစမ်းစစ်ဆေးနေတယ်။ လိုအပ်ရင် လိုအပ်သလို တရားဥပဒေအတိုင်း အရေးယူသွားမယ်ဆိုတာကို ရည်ညွန်းပြီး ပြောချင်ပါတယ်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုသည်။

Photos from Jupiter Media's post 22/11/2023

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းမိသားစု ၂၀၄ ဦးကို ပြန်လည်ကယ်ထုတ်မယ်လို့ စစ်ကောင်စီကြုံးဝါးနေ
-------
BVJ/မိုနာ_နိုဝင်ဘာ ၂၂၊ ၂၀၂၃

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမနဲ့ဝန်ထမ်းမိသားစုတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲကနေ ပြန်လည်ကယ်ထုတ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ကြုံးဝါးလာပါတယ်။

CDM လှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာနဲ့ သင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမနဲ့ ဝန်ထမ်းမိသားစုတွေကို KNPP နဲ့ PDF အဖွဲ့တွေက အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အဲ့ဒီလူတွေအကုန်လုံးကို ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပြန်လည်ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက မနေ့က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်းမှာ ကယ်ထုတ်ခဲ့တဲ့ ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၂၀၄ ဦးဟာ ဘေးကင်းလုံခြုံရာမှာရှိနေကြောင်းကို ကာယကံရှင်တွေဖြစ်ကြတဲ့ ပါမောက္ခချုပ်ဦးအောင်ခင်မြင့်အပါအဝင် ကထိကနဲ့ လက်ထောက်ကထိကတွေကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်ထဲမှာ ကျနော့်တက္ကသိုလ်က ဝန်ထမ်းဆရာ၊ ဆရာမ ၁၉၄ ယောက်နဲ့အတူရှိနေပါတယ်။ ကျွန်တော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ဒီမှာ ကျနော်လုံလုံခြုံခြုံ ကျန်းကျန်းမာမာရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျလို့ ပါမောက္ခချုပ်ဦးအောင်ခင်မြင့်က ပြောထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြစ်စဉ်အမှန်ကတော့ လွိုင်ကော်တက္ကသိုလ်ထဲဝင်ပြီးတော့ ဆရာ၊ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးခေါ်ဆောင်သွားတာကို အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ အဲ့ဒီဖိအားတွေကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတာကို ဖုံးကွယ်တဲ့အနေနဲ့ ကောင်းစွာထိန်းသိမ်းထားတယ်ဆိုတဲ့ပုံစံမျိုးဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်တွေမှာလည်း ပြောခိုင်းတဲ့စကားတွေပြောနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ မျက်နှာအနေအထားတွေကြည့်ရင်လည်းတွေ့နိုင်ပါတယ်လို့ အောက်တိုဘာ ၂၁ ရက်မှာ ပြောထားပါတယ်။

စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၂၀၄ဦးကို KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ၁၃ရက်မှာကယ်ထုတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ IEC က စောင့်ရှောက်ထားပြီး သူတို့မိသားစုနဲ့ပြန်ဆုံတွေ့နိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းနဲ့မိသားစုနှစ်ရာကျော်ကို ပြန်လည်ကယ်ထုတ်မယ်လို့ ကြုံးဝါးနေပေမယ့် အခုလ၁၁ရက်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့လို့ ပျက်ကျသွားတဲ့တိုက်လေယာဉ်က လေယာဉ်မှူးနှစ်ဦးကိုတောင် မကယ်ထုတ်နိုင်ခဲ့တဲ့အတွက် လေယာဉ်မှူးနှစ်ဦးထဲက တစ်ဦးဟာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အခုလ ၁၉ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။

Photos from Jupiter Media's post 22/11/2023

လူငယ်အားမာန် သပိတ်စစ်ကြောင်းက တော်လှန်ရေး ရုပ်ရှင် ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ယင်းမာပင်မြို့နယ်တွင် လူငယ်အားမာန်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဒေသ ပြည်သူများကို တော်လှန်ရေး ရုပ်ရှင် ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photos from Jupiter Media's post 22/11/2023

အာဏာသိမ်း စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးရန်နှင့် မြန်မာပြည်သူလူထုအပေါ် ထိရောက် သေချာသည့် လူသားချင်းစာနာမှုအကူအညီများပေးရန် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးရန်နှင့် မြန်မာ ပြည် သူလူထုအပေါ် ထိရောက်သေချာသည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီပံ့ပိုးမှုများ လုပ် ဆောင်ပေးရန် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအတွင်းရေးမှူးနှင့် ဂျပန် လွှတ်တော် အမတ်များနှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်သည်။

ယနေ့နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဂျပန်လွှတ်တော်အမတ်များရုံးတွင်း၌ အမျိုးသားညီညွတ်ရေး အစိုးရ၊ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ဂျပန်) နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ပံ့ပိုးကူညီသော လွှတ်တော် အမတ်များ သမဂ္ဂတို့မှ ပူးပေါင်းကျင်းပသည့်“ဂျပန်-မြန်မာ ဆက်ဆံရေး- အတိတ်၊ ပစ္စုပ္ပန်နှင့် အနာ ဂတ်” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကြားနာပွဲ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင် မာအောင်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေ၊နိုင်ငံတကာ ဆက်ဆံရေး အကြောင်းများနှင့်အတူ နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိုတိတိကျကျဖော်ဆောင်နေသော စနစ် ပြောင်းတော်လှန်ရေးဖြစ်ကြောင်း ၊ အစိုးရပြောင်းရုံတင်မက စနစ်ကို ပြောင်းစေသည့် တော်လှန်ရေး ဖြစ်သောကြောင့် ခက်ခဲလှသည့် အချိန် တစ်ခုကိုဖြတ်ကျော်နေရကြောင်း၊ ခက်ခဲချိန်တွင် အတူရှိပေးနေ ခြင်းသည် မိတ်ဆွေစစ် ဆိုသကဲ့သို့ အတူတကွ ရပ်တည်ပေးသည့် ဂျပန် လွှတ်တော် အမတ်များသည် မိတ်ဆွေစစ်များ ဖြစ်သဖြင့် ဝမ်းမြောက် မိပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နွေဦးတော်လှန်ရေးခရီးကြမ်းသည် ၂ နှစ် ၉ လ ကျော် ကြာမြင့်လာခဲ့သည့်တိုင် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူလူထု၏ ထောက်ပံ့ကူညီမှုများနှင့် ပြည်သူလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက် ပါဝင် ပေးနေကြသည်ကို ယုံကြည်ခြင်း အားဖြင့် မိတ်ဆွေစစ်ဖြစ်သည့် ဂျပန် နိုင်ငံ အနေဖြင့်လည်း အာဏာ သိမ်း စစ်ကောင်အား သံတမန်ရေးအရ ဖိအားပေးရန် နှင့် မြန်မာပြည်သူလူထုအား ထိရောက်သေချာ သည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုများကို ယခုထပ်ပိုမိုပြီး ထိထိရောက်ရောက် အကူညီပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကေ တောင်းဆို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဂျပန် လွှတ်တော် အမတ်များ ၊ မြန်မာ့ဒီမိုကရေစီ အရေးကို စိတ်ပါ ဝင်စားသူများက မေးခွန်းများမေးမြန်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်း အနား နှုတ်ဆက် အမှာစကားကို ဂျပန်လွှတ်တော် အမတ် များမှ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂအတွင်းရေးမှူး Mr.Ishibashi Michihiro ဆောင်ရွက်ကာ အဖွင့် အမှာ စကားပြောကြားမှုကို ဥက္ကဋ္ဌ Mr.Nakagawa Masaharu မှ ပြောကြားခဲ့ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ လွှတ်တော် အမတ်များ၊ အမျိုးသားညီညွတ် ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှ သိန်းမှ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 139, Pyay Road, Kamayut Township
Yangon