Book_warm
ဖတ်လိုတဲ့စာအုပ်လေးတွေကို သက်သာတဲ့န
05/12/2021
Book_warm ရဲ့စာဖတ်ပရိတ်သတ်များခင်ဗျ
LattSaung & Tha Din App လေးတွေကို
နေ့စဉ်မပျက်သုံးပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံပါတယ်ဗျ
နေ့စဉ် ဒေါ်လာအစိမ်းသောင်းချီဝင်နေတာဖြစ်လို့
သုံးစွဲသူများရင် ပိုပြီးဝင်မှာအသေအချာပါပဲ
တစ်ချို့တွေက ဒါတွေကိုမသိကြသေးလို့ပါဗျ
https://www.facebook.com/click2donatemm/
https://www.facebook.com/thadin21/
09/09/2021
Kyi Pay Par x 𝙎𝙝𝙞𝙩𝙩𝙮 𝘼𝙧𝙩𝙬𝙤𝙧𝙠𝙨 1M Views Youtube Project !!!
https://youtu.be/Y-bM-WfQoN0
Youtube မှာ 1M Views Project စပါပြီဗျို့။ ၃ရက်အတွင်း 1M Views ရအောင် အားလုံး ဝိုင်းပြီး ပံ့ပိုးပေးကြပါဦးနော်
Followers များတဲ့ Account နဲ့ Page တွေ၊ Celebrity တွေ၊ Fandom ပေါင်းစုံက လူတွေ ၊ Meme Group တွေ အားလုံး အတူတူ ပူးပေါင်းပါဝင်ရမယ့် တစ်ကယ့် ပွဲ အကြီးစားပါ။
ဒီ ၃ရက်အတွင်းမှာ 1M Views မြန်မြန် ပြည့်အောင် Post တွေ တင်ပြီး တိုက်တွန်းပေးကြပါဦး
Videos တစ်ခုထဲကို ဆက်တိုက် ကြည့်ရင် Youtube က Views ဖြုတ်ချတဲ့အတွက် နားတဲ့အချိန်မှာ တခြား Videos တွေကိုပါ လှည့်ကြည့်ပေးပါဦးနော်
နည်းလမ်းမှန်မှန်နဲ့ ဘယ်လို Stream ပေးရမလဲဆိုတာကို ဒီလင့်ထဲမှာ ဝင်ကြည့်နိုင်ပါတယ်
https://www.facebook.com/100065361555469/posts/202882618567122/?d=n
ဒီ Youtube Channel တွေက Watch Time ပြည့်ဖို့ လိုနေသေးတယ်ဆိုလို့ နားတဲ့အခါ ဒီ Video တွေကိုပါ ဝင်ကြည့်ပေးပါနော်
Donate With Your Time 2.0 - https://youtu.be/OGtsetZLcp0
U Listen - https://youtu.be/3YqlfZhuz7E
Crd
09/08/2021
R.I.Pပါဆရာ 😓
၂၀၂၁ခုနှစ် ဩဂုတ်လ ၉ရက် ည ၈နာရီ ၁၂ မိနစ် 🥀
22/07/2021
ရောဂါပိုးကူးစက်ပျံ့နှံ့မှု့ကိုထိန်းချုပ်ဖို့ ကျွန်တော် /မ တို့အားလုံး အပြင်ထွက်တိုင်းmask သေချာတပ်ဖို့လိုပါတယ်
ကိုယ့်ပတ်ဝန်းကျင်မှာ Mask ဝယ်ယူဖို့
အခက်အခဲရှိနေသူများ
မီးပွိုင့်များတွင်ဈေးရောင်းနေသူ/ကလေးလေးများနှင့်
စည်ပင်ဝန်ထမ်းများအား
Maskများပြန်လည်ဝေမျှပေးဖို့ Book_warm ရဲ့ messengerကိုဆက်သွယ်ပေးပါဦးဗျ
လှူတန်းပေးထားသောအလှူရှင်တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ဂုဏ်ပြုပါတယ်
ဘေးကင်းကျန်းမာကြပါစေ 🙏🙏🙏
22/06/2021
🌼လူတိုင်း ဆရာဝန်ဖြစ်ဖို့လိုနေပြီ..✨🤍
🌼မင်းမဟုတ်ရင်တောင် တခြားသူအတွက်
တော်တော်လေးကို အကျိုးရှိမယ့် အရာပါ ✨🤍
🌼ဒါမျိူးလေးကို save ထားပါဗျာ✨🤍
https://www.facebook.com/104102268530134/posts/120899000183794/
https://www.facebook.com/104102268530134/posts/107770468163314/
သွေးထိန်းပတ်တီးစည်းနည်း
https://youtu.be/HzVbp0sVa8I
ခြေပြတ်လက်ပြတ်လူနာစီမံနည်း
https://youtu.be/9jfrJQ3gqro
အရိုးကျိုးဒဏ်ရာအရေးပေါ်ဖြေရှင်းနည်း
https://youtu.be/Nc51l0Qk7M4
လူနာကျောပိုးသယ်ယူနည်း
https://youtu.be/upqTa66mBj8
ဝမ်းတွင်းအင်္ဂါအစိတ်အပိုင်းများသယ်ယူနည်း
https://youtu.be/K2eIK5HTqh0
လူနာစနစ်တကျဆွဲထုတ်နည်း
https://youtu.be/zpaYWRe8Zso
အသက်ရှူလမ်းကြောင်းဖွင့်နည်း
https://youtu.be/uBWmqgYeZ9M
ရှေးဦးအသက်ကယ်ပြုစုနည်း
https://youtu.be/fGKNNTf3D6w
Crd ပါ
06/03/2021
စစ်အာဏာသိမ်းကောင်စီ စိုးမိုးနေစဉ်ကာလအတွင်း
Book_warm မှ Online စာအုပ်အငှါးလုပ်ငန်းအား
ရပ်ဆိုင်းထားမည်ဖြစ်ပါသည်
ပြန်ဖွင့်လျှင်လည်း CDM မပြုလုပ်သော မည်သည့်အစိုးရဝန်ထမ်းကိုမှ Book_warm မှ စာအုပ်ငှါးမည်မဟုတ်ပါကြောင်း စာဖတ်သူများသိရှိစေရန် အသိပေးအပ်ပါသည်
26/01/2021
Book_warmရဲ့ စာဖတ်ပရိတ်သတ်တို့ ကျန်းမာပါစ ☺️
ရာသီဥတုအေးတယ်နော် ပိတ်ရက်တွေအိမ်မှာပဲနွေးနွေးထွေးထွေးနေပါလို့
အားလပ်ရက်တွေစာဖတ်ဖို့ ဖုန်းလေးသာဆက်လိုက် ☎️
Book_warmက အိမ်တိုင်ရာရောက်လာပို့ပေးဖို့ အဆင်သင့်ပါပဲနော်
စာအုပ်ငှားထားတဲ့ သူလေးတွေကတော့ Book_warmရဲ့ဝန်ဆောင်မှု့တွေကို သိနေပြီးသားနေမှာပါ
မငှားရသေးတဲ့ သူလေးတွေကိုလည်း ပြောပြချင်လို့ပါ😁
Book_warmက အပတ်စဉ်ကြာသပတေးနေ့တိုင်း ငှားမယ့်စာအုပ်လေးတွေကို တင်ပေးမှာပါ 📚
စာအုပ်ငှားမယ်ဆိုရင် 📝
သောကြာနေ့နောက်ဆုံးထားပြီး အငှားစာရင်းလေးတင်ပေးပါနော်
စနေနေ့/တနင်္ဂနွေနေ့မှာပဲ အိမ်အရောက်လာပို့ပေးမှာဖြစ်ပြီးတော့
စာအုပ်တစ်အုပ်ငှားရင် ကော်ဖီတစ်ထုတ်ထည့်ပေးထားပါတယ်
အော် မေ့လို့ Handmade book markလေးပါ လက်ဆောင်ထည့်ပေးထားသေးတာနော် 😍
ကိုယ်ဖတ်တဲ့စာအုပ်နဲ့ပတ်သတ်ပြီး ကိုယ့်အမြင်နဲ့ပြောချင်တာလေးတွေကို ရင်ဖွင့် ချရေးတတ်တဲ့ အလေ့ရှိသူလေးတွေအတွက်လည်း "feedback for book"လေး ရေးဖို့ ထည့်ပေးထားပါတယ်
Book_warmရဲ့ ဝန်ဆောင်မှု့တွေနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဝေဖန်အကြံပေးဖို့ "feedback for Book_warm"လေးလည်း ထည့်ပေးထားပါတယ်ရှင့် (ဆန္ဒရှိမှသာရေးပေးပါ) 🤗
စာအုပ်ငှားခလေးတွေကလည်း တစ်ပတ်လုံးကိုမှ ၂၀၀၀အောက်ပဲဆိုတော့ တစ်အုပ်ကို တစ်ရက်ချင်းတွက်ရင် ၂၀၀တောင်မကျပါဘူးနော်
ကဲ အဆင်မပြေဘူးလားပြော 😃
အငှားစာရင်းတင်ဖို့ Pageအစကို ပြန်လိုက်မကြည့်ရအောင်
နောက်ဆုံးတင်ထားပြီးသမျှလေးတွေ ပြန်စုပြီးတင်ပေးလိုက်တယ်နော်
Book_warmမှ အားပေးဖတ်ရှု့ခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်😊
📖 ဒီစာအုပ်လေးတွေထဲက ငှားချင်တဲ့စာအုပ်လေးပါခဲ့ရင်တော့
💌 Book_warmရဲ့ Messengerကဖြစ်စေ
☎️ ဖုန်းနံပါတ် - 09963900001ကို ဆက်သွယ်၍ ဖြစ်စေ စတင်ငှားရမ်းနိုင်ပါပြီ
💸 စာအုပ်ငှားရမ်းခနှုန်းထားများကို အောက်ကပုံလေးမှာဖော်ပြပေးထားပါတယ်နော်
26/01/2021
မင်္ဂလာပါ Book_warm ကကြိုဆိုပါတယ်
Book_warm လေးကိုမေ့နေကြပြီလားလို့ 😁
မကြာမီအချိန်ကာလမှာ Book_warm လေး ပုံမှန်ပြန်လည်ပတ်တော့မှာ ဖြစ်ကြောင်းသတင်းကောင်းလေးလာပါးတာပါဗျ😍
အရင်လိုပဲ ဖတ်ချင်တဲ့ စာအုပ်လေးတွေကို အိမ်မှာပဲအသင့်စောင့်ဖတ်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား
မင်မင်တို့ကလည်း နွေးထွေးတဲ့ဝန်ဆောင်မှု့တွေနဲ့ ပိုးသတ်ပြီးသန့်ရှင်းတဲ့ စာအုပ်လေးတွေကို လက်ထဲအရောက် ပို့ဆောင်ပေးမှာမို့ စိတ်ချလက်ချအရင်လို ပြန်ဌားနိုင်ကြပါပြီဗျ
ပျော်ရွှင်ကျန်းမာတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ 😇
ရပ်ကွက်ထဲမှာ အရင်လိုစာအုပ်ဆိုင်လေးတွေမရှိတော့သလောက် ရှားလာတယ်နော် ☹️
စာအုပ်တွေဝယ်ဖတ်တော့ ထားစရာနေရာအတွက် အခက်အခဲများဖြစ်နေမလား🤔
မိုးထဲလေထဲ စာအုပ်ဆိုင်တွေမှာ လိုချင်တဲ့စာအုပ်တွေ သွားရှာဖို့ အချိန်မှရရဲ့လား😓
Pdfနဲ့ဖုန်းထဲက ဖတ်ရတာက စာအုပ်ကိုင်ပြီးဖတ်ရသလောက်တော့ အရသာသိပ်မရှိဘူးနော်😥
အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ စာဖတ်ဖို့ တကူးတကအချိန်မပေးဖြစ်သူလေးတွေ အဆင်ပြေဖို့ Book_warm လေးကို Likeလုပ်ထားလိုက်တော့နော်😊
Book_warmက စာပေချစ်သူလေးတွေအတွက် အချိန်မကုန် လူမပင်ပန်းပဲ အိမ်ကနေ လှမ်းပြီး "ဟယ်လို" လိုက်ရုံနဲ့ ဝန်ဆောင်မှု့ပေးမယ့် Online စာအုပ်အငှားဆိုင်လေးတစ်ခုပါ📒
90ခေတ်ကို ပြန်အမှတ်ရစေမယ့် ရပ်ကွက်ထဲက စာအုပ်ဆိုင်အငွေ့အသက်လေးတွေကို 21ရာစုနှစ်မှာ ပြန်လည်ဆန်းသစ်လိုက်တဲ့ Online စာအုပ်ဆိုင်လေးလို့လည်း ပြောလို့ရပါတယ်🛍️
Book_warmက အပတ်စဉ်စာအုပ်၅အုပ်စီ တင်ပေးမှာဖြစ်လို့ မိမိဖတ်လိုတဲ့စာအုပ်လေး ပါလာတာနဲ့ ဖုန်းဆက်ပြီး ဖတ်ရန်အသင့်စောင့်နေရုံပါပဲနော်☺️
စာအုပ်အငှားခအနေနဲ့လည်း မိမိငှားလိုတဲ့ စာအုပ်ရဲ့တန်ဖိုးအလိုက် တစ်ပတ်လုံးကိုမှ ၁၀၀၀ ~ ၂၀၀၀ကြားပဲမို့ ဖတ်ပျော်စေရပါမယ်နော်🤗
မကြာမီ လာမည် မျှော် . . .
17/12/2020
Book_warmရဲ့စာဖတ်ပရိတ်သတ်အပေါင်းနေကောင်းကျန်းမာကြပါရဲ့လား 😊
Book_warmရဲ့စာအုပ်အငှားလုပ်ငန်းလေးကို Covid-19ကပ်ရောဂါဖြစ်နေစဉ်ကာလအတွင်း ရပ်နားထားရတာ စာဖတ်ပရိတ်သတ်တို့ သိပြီးဖြစ်မှာပါ
လတ်တလောမှာ Cookieလေးတွေရောင်းပေးမယ်ဆိုပေမယ့်🤔 Book_warmလေးရဲ့ စာအုပ်အငွေ့အသက်လေးတွေကို ကွတ်ကီးနံ့တွေလွှမ်းပြီး ပျောက်မသွားအောင် သီးသန့်Pageလေးထောင်လိုက်ပြီဖြစ်ကြောင်း ထပ်မံအသိပေးအကြောင်းကြားပေးတာပါဗျ
📖Book_warmစာအုပ်အငှားဆိုင်လေးကလည်း ရှိရင်းစွဲ Onlineစာအုပ်အငှားဆိုင်လေးအဖြစ် ဆက်လက်ရပ်တည်နေမှာဖြစ်ပြီး
🍪Cook_warmကွတ်ကီးအရောင်းဆိုင်လေးကလည်း အနံ့အရသာနဲ့ပြည့်စုံပြီး လတ်ဆတ်တဲ့မုန့်တွေရောင်းပေးမယ့် Onlineမုန့်ဆိုင်လေးအဖြစ်ရပ်တည်နေမှာဖြစ်လို့ ဆက်လက်အားပေးကြဖို့လေးစားစွာဖြင့်အသိပေးအပ်ပါတယ်ဗျ 😊
ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေဗျ �
Cook_warm link
https://www.facebook.com/102611805077568/posts/102831421722273/
06/12/2020
Giveaway Winner Announcement 💕
ကံထူးရှင်တွေက Page Chatbox ကနေ လိပ်စာနဲ့ ဖုန်းနံပါတ် လေးလာပေးပြီးဆက်သွယ်ပေးပါနော် !
ပါဝင်ပေးတဲ့သူအကုန်လုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် 💗
04/12/2020
Hello မင်္လာပါ (Giveaway Include 💕)
(Done)
Book_warmရဲ့စာဖတ်ပရိတ်သတ်အပေါင်းတို့ နေကောင်းကျန်းမာကြရဲ့လား😊
Covidကပ်ဆိုးကြီးကလည်း တစ်နေ့တခြားကူးစက်ခံရသူလူဦးရေ ရပ်တန့်မသွားဘဲ တိုးပွားနေတုန်းပဲနော် 😔
မင်မင်တို့လည်း အိမ်တွင်းအောင်းရင်း အရင်လိုစာအုပ်လေးတွေ ပြန်ငှားနိုင်ဖို့ စောင့်မျှော်နေကြပါတယ်ကွယ် 😅
လက်ရှိကာလမှာ စာအုပ်တွေပြန်ငှားဖို့မင်မင်တို့မီတင်ထိုင်ကြပေမယ့် တစ်ဦးဆီကတစ်ဦး နေရာအနှံ့ရောက်နေတော့ စာအုပ်တွေကတဆင့် ကူးစက်မှု့တွေ မတော်တဆဖြစ်ခဲ့ရင်ဆိုတဲ့အချက်နဲ့ပဲ စာဖတ်ပရိတ်သတ်အားလုံးရဲ့ ကျန်းမာရေးအတွက် မင်မင်တို့စာအုပ်အငှားလေးကိုတော့ ဆက်လက်ရပ်တန့်ထားပါဦးမယ် 😌
ဒါပေမယ့် မင်မင်မမကတော့ စာအုပ်လေးတွေဖတ်ရင်း အဆာပြေစားဖို့ မုန့်လေးတစ်ခုဖန်တီးပေးဖို့ ပိတ်ထားတဲ့ကာလတွေမှာ Online classတွေတက်နေလေရဲ့😄
လက်ရှိမှာတော့ လူအများဆီရောက်နေမယ့် စာအုပ်လေးတွေပြန်မငှားဖြစ်သေးပေမယ့် တစ်ယောက်တည်းတဆိမ့်ဆိမ့်စားချင်နေမယ့် မုန့်လေးကိုတော့ ပို့ဆောင်ပေးဖို့ မင်မင်တို့ ကြိုးစားနေပါတယ် ☺️
ဒါနဲ့မင်မင်မမ ရောင်းပေးမယ့်မုန့်လေးက ဘာများဖြစ်မလဲနော်🤔
ရန်ကုန်မြို့တွင်းက အဖြေမှန်တဲ့ ၃ဦးကို မင်မင်မမကိုယ်တိုင် မုန့်လေးတွေလာပို့ပေးမှာမို့ အပျင်းပြေဝင်ဖြေသွားပေးကြပါဦး 🤩
နယ်ကသူလေးတွေပါလာခဲ့ရင်တော့ 2,000တန် Phone billလေးပဲဖြည့်ပေးမယ်နော်😁
အော် ဒါနဲ့မင်မင်တို့ Pageရဲ့ အဓိကလုပ်ဆောင်ချက်က Onlineစာအုပ်အငှားဆိုင်လေးပါပဲ
Covidပြန်လည်ငြိမ်သက်သွားတာနဲ့အမျှ နိုင်ငံတော်ကချမှတ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စာအုပ်အငှားလေးကိုပဲဦးစားပေးလုပ်ဆောင်သွားမှာပါလို့
Book_warmပရိတ်သတ်အပေါင်းတို့ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ😇
01/09/2020
Book_warmရဲ့စာဖတ်ပရိတ်သတ်လေးတို့ နေကောင်းကျန်းမာကြရဲ့လား
Covid-19က ဒုတိယလှိုင်းပြန်ဖြစ်လာတဲ့အတွက်
လက်ရှိကာလမှာ Book_warmရဲ့ Onlineစာအုပ်အငှားဆိုင်လေးကို ယာယီရပ်နားထားကြောင်း သတင်းလေးလာပို့တာပါ 😞😞
မင်မင်တို့လည်း busတွေစီးပြီး လာပို့ပေးရတာမို့ ရောဂါပိုးတွေသယ်ဆောင်သူဖြစ်နေမှာစိုးရိမ်လို့ပါနော် 😅😅
(မင်မင်တို့မှာ ဝူးဝူးကြီးသာအပိုင်ရှိရင် ဒီကာလလည်းပို့ပေးပါတယ် 😁😁)
ပထမအကြိမ်ပိုးတွေ့လူနာတွေ မြန်မာနိုင်ငံမှာစတွေ့ပြီဆိုတုန်းက သိပ်ကြောက်ခဲ့ရတယ်ဟုတ် ???
အခုကအဲ့အချိန်တွေကထက် ပိုမိုကူးစက်ပျံ့နှံ့လာတာမို့
လက်ခနခနဆေးကြပါ
အိမ်ကနေ အပြင်ဘယ်နားလေးပဲသွားသွား မတ်တပ်သွားကြနော် (နှာခေါင်းစီး Maskကို ပြောပါတယ် 😁😁)
ပြီးတော့
မင်မင်တို့ရဲ့ ချစ်လှစွာသော စာဖတ်ပရိတ်သတ်လေးတို့လည်းကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု့တွေအတိုင်း အိမ်မှာပဲနေပြီး မင်မင်တို့နဲ့အတူ ကိုယ်အလေးချိန်တိုးရင်း ကပ်ဆိုးကြီးကို အတူကျော်လွှားကြမယ်နော်💪💪
ရောဂါအခြေအနေပြန်လည်တည်ငြိမ်သွားရင်တော့ စာအုပ်အသစ်လေးတွေနဲ့အတူ ကျွန်တော်ခဏနေ ပြန်လာခဲ့ပါမယ်
(မီးတော့ခဏလေးမှ မမှိတ်ဘူးနော် 😂
မင်မင်တို့Pageလေးကတော့ အမြဲactiveဖြစ်နေမှာမို့ ဖတ်ချင်တဲ့စာအုပ်လေးတွေနဲ့
ဖတ်ဖူးတဲ့စာအုပ်လေးတွေအကြောင်း အပျင်းပြေလာပြောပြလို့ရတယ်နော်) 🤗
စာအုပ်အသစ်လေးတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေအတွက် ဒီကာလမှာကြိုးစားနေမှာဖြစ်လို့ Book_warmလေးရဲ့ ချစ်စရာမင်မင်လေးတွေကို မျှော်နေပေးနော် 😁😁
စာဖတ်ပရိသတ်အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့သစ်လေးတွေရရှိပိုင်ဆိုင်ကြပါစေ 😍
Click here to claim your Sponsored Listing.
Category
Website
Address
Yangon