Min Thant

Min Thant

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min Thant, Writer, Yangon.

05/11/2023

"ပထမကို ဦးစားပေးပါ"

လူတိုင်းလိုလိုက ကမ္ဘာကြီးကိုတော့
ကယ်တင်ချင်ကြတယ်
ဒါပေမယ့် အမေပန်းကန်ဆေးနေတာကို
ဝိုင်းကူဖို့ မစဉ်းစားကြဘူး။

လူတစ်ချို့က ပရဟိတတော့
လုပ်ချင်နေကြတယ်
အိမ်က အဖေ ထင်းခွဲနေတာကိုတော့
ကူလုပ်မယ်လို့ မစဉ်းစားကြဘူး။

လူတစ်ချို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ
ငိုနေတာကိုတော့ သနားပီးခံစားနေကြတယ်
အိမ်က မိဘတွေရဲ့ ရင်ထဲကဒဏ်ရာတွေကိုတော့
မြင်အောင်မကြည့်ကြဘူး။

ပထမရဲ့ တန်ဖိုးကိုမသိဘဲ ဒုတိယရဲ့ တန်ဖိုးကို
မက်မောနေသမျှ ပထမနဲ့ ဝေးကွားနေရအုံးမှာပါ။

Crd

05/11/2023

တကယ်တော့ ....

facebook ဆိုတာကို

စိတ်ထား ညံ့သူ ..
သဘောထား သေးသိမ်သူ ..
အသိညာဏ် နိမ့်ပါးသူ ...
မနာလိုစိတ် ကြီးသူ ....
ဒီလို လူတွေ မသုံးသင့်တဲ့ အရာပါ။
ခြုံပြီးပြောရရင်....
facebook ဆိုတာ Social Network
လူမူရေး ဝဒ်ဆိုဒ် တစ်ခုပါ။

လူမှုရေး ဝဒ်ဆိုဒ် တစ်ခုဖြစ်လို့ ..
သူ့ Accမှာ .... သူ့ ဓာတ်ပုံ တင်တင်"
အချစ်ရေးပဲ တင်တင်"ရယ်စရာပဲ တင်တင်" စီးပွားရေးလုပ်ငန်း
အကြောင်းပဲတင်တင်"ချမ်းသာကြောင်းပဲ ကြွားကြွား"
သူ့ facebook မှာ သူ"ဘာတင်တင်"

အဓိက .. ဘာသာရေး"လူမျိုးရေး"
ပုဂ္ဂိုလ်ရေး ထိခိုက်စော်ကားမှု
မဟုတ်ခဲ့ရင် အနေသာကြီးပါ။

ကိုယ်"မကြည့်ချင်လျှင်ကျော်သွား"
ဒီထက် မကြည့်ချင်ရင်...
Unfriends လုပ်ပစ်"
ဒီထက်မကြည့်ချင်ရင်...
Block လုပ်ပစ်"
ဒီလိုမှ့ မဟုတ်ပဲ ...
ကိုယ်"စိတ်ထားမမှန်ကြောင်း
ပြသသည့် Comment မျိုး"

မနာလိုစိတ် အားကြီးနေကြောင်း
ပေါ်လွင်သည့် Comment မျိုး

အသိညဏ် မမှီသည့် Comment မျိုး"

စိတ်ဓာတ် နိမ့်ကျကြောင်း
ပေါ်လွင်နေသည့် Commentမျိုး

ကိုယ့်"ထက်သာ အလကား ဟုသည့်
အောက်တန်းစား Comment မျိုး

ဒါတွေကို သတိထားနိုင်မှ့ ..
မိမိ သိက္ခာ"မိမိ အဆင့်အတန်းကို
ထိန်းသိမ်းနိုင်မှာပါ။

Credit ✍️မူရင်းစာရေးသူကိုCrdပေးပါသည် SanDarHlaထားဝယ်

05/11/2023

ဆရာမ ဂျူး ပြောတာ - အရမ်းမှန်တယ် ။

❤️ သူတောင်းစားနဲ့ ညားညား

ရှင်ဘုရင်နဲ့ ညားညား

ပျော်တဲ့ မိန်းမက ပျော်တာပဲ ...။

❤️ ဆိုက်ကားပဲ နင်းနင်း

သမ္မတပဲ လုပ်လုပ်

စိတ်ကောင်းရှိတဲ့သူကို လူတွေချစ်တာပဲ ...။

❤️ အမေရိကားမှာပဲ မွေးမွေး

တောမှာပဲ မွေးမွေး

ကြိုးစားတဲ့သူက ထူးချွန်မှာပဲ ...။

❤️ ဘုရားနားမှာ နေနေ

သင်္ချိုင်းနားမှာ နေနေ

သေချင်တဲ့လူက အရင်သေမှာပဲ ... ။

ဘ၀မှာ ...

ပျော်ရွှင်မှုတွေဟာ

အကြောင်းပြချက်မလိုဘူး ...။

စိတ်ကောင်းနှလုံးကောင်းဟာ

အလုပ်အကိုင်နဲ့ မဆိုင်ဘူး ...။

အောင်မြင်ထူးချွန်မှုဟာ

နေရာဒေသနဲ့ မဆိုင်ဘူး ...။

သေခြင်းတရားဟာလည်း

ဘယ်သူ့ကိုမှ ခွဲခြားပြီး

နံပါတ်စဉ်တပ်မထားဘူး ...။

ထို့ကြောင့်

#ပျော်ရွှင်အောင်နေပါ။
#စိတ်ထားကောင်းကောင်းထားပါ။
#ကျန်းမာရေးဂရုစိုက်ပါ ။

𝓙𝓾𝓾-ဂျူး-❤️❤️💕

05/11/2023

ခေါင်းဆောင်တစ်ယောက်အတွက် ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူး လို့ ဖွင့်ဟပြောဆိုခြင်း ဖြစ်ပါတယ်။

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ
အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွှဲမှားနေပါတယ်။
တကယ်တော့ ခေါင်းဆောင်ဆိုတာ နေရာအလိုက်
တတ်ကျွမ်းသူတွေကို စနစ်တကျ ပေါင်းစည်းပြီး
သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေ ရွေးထုတ်နိုင်စွမ်း
ရှိရမှာဖြစ်သလို မတတ်ကျွမ်းသေးသူတွေကို
တတ်ကျွမ်းလာအောင်
လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာမရှိဘူး ငယ်သားကို
လူမှန်နေရာမှန် အသုံးမချတတ်တဲ့
ခေါင်းဆောင်ပဲ ရှိပါတယ်။
ခေါင်းဆောင်တယောက်အတွက် ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ
သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။
အဲဒီလိုပြောတဲ့သူတွေကို ကျနော် အထင်လုံးဝ
မကြီးပါဘူး။

သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က
ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။
လက်အောက်ကလူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။
လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို
ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းကဘယ်လောက်သိလို့လဲ'' ဆိုတဲ့စကားကိုပြောတဲ့ခေါင်းဆောင်ဟာ မကြာခင်ကျဆုံးတော့မဲ့
ခေါင်းဆောင်ဖြစ်ပါတယ်။
သဘောကောင်းတယ်လို့ အပြောခံရရင်
အဲဒီ့သူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး''
လို့ ပြောကြတာကိုလည်း
ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင် မိသားစုအတွင်းမှာဆို
အမိန့်တွေနဲ့ အလုပ်လုပ်နေတာမဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့
နေထိုင်ကြတာဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို
တစ်ယောက်ကမလုပ်တာ/တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က လုပ်ပေးတာတွေဟာ
ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာ
ဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိူင်စရာအကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တစ်ယောက်ဟာ
သဘောကောင်းကောင်းနဲ့ အလုပ်လုပ်လို့ရပါတယ်။

တစ်ခုသတိပြုရမှာကတော့ ယုံကြည်မှုတိုင်းဟာ
အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။
ကိုယ်ကသူ့ကိုယုံမှ သူကလဲကိုယ့်ကို ယုံပါလိမ့်မယ်။

21/10/2023

မိဘတွေကိုထောက်ပံ့တဲ့နေရာမှာ
အဆင်မပြေတာတွေကို အကြောင်းမပြပါနဲ့၊

မိဘတွေကလည်း
အဆင်မပြေမှုကြားထဲက
သားသမီးတွေကိုကျွေးမွေးစောင့်ရှောက်လာတာပါ ။

21/10/2023

ခင်ဗျားမှာ
ကိုယ်ရည်ကိုယ်သွေး ကောင်းရှိမယ်။
ကိုယ်ကျင့် ကောင်းရှိမယ်။
ကောင်းစွာအသက်မွေး မြူ မယ်
ခင်ဗျားကိုယ်တိုင်က
မိတ်ကောင်း ဆွေကောင်းဖြစ်တယ်ဆိုရင်
ခင်ဗျားကို ဝိုင်းပယ်ဖို့ကြိုးစားခြင်းကို
ထိန်လန့်နေစရာလို လို့လား..?

ခင်ဗျားကို
ဝိုင်းပယ်ဖို့ တိုက်တွန်းကြသူတွေ
အဲသလိုတိုက်တွန်းလို့
ခင်ဗျားက ကောင်းထားရက်နဲ့
ဝိုင်းပယ်ကြသူတွေက
ခင်ဗျားအတွက် တန်ဖိုးရှိလို့လား...?
ခင်ဗျား အရည်အချင်းကိုပဲ ဖြည့်တင်းသင့်တယ်။

ကိုယ့်ဘဝကိုယ်ပိုင်တာ။
ကိုယ်ပဲထူထောင်ရတာ။
ကိုယ်ပဲဖြတ် သန်း ရတာ။
ခင်ဗျားကိုနာမည်ဖျက် လို့ ရတာ
ခင်ဗျားကိုယ်တိုင်ပဲ။
ခင်ဗျားမ ကောင်းရင်
ခင်ဗျားနာမည်ပျက်မယ်။
ခင်ဗျားကို
အကြောင်းမဲ့ နာမည်ဖျက်ကြရင်
ဖျက်တဲ့သူတွေသာတန်ဖိုးကျ လိမ့်မယ်။
ခင်ဗျားက အလုံးမလျော့ အရပ်မလျော့။

ခင်ဗျားက ကိုယ့်အလုပ်ကိုယ်လုပ်နေလို့
ကိုယ့်ဘဝကိုယ်ကျောင်းနေလို့
ခင်ဗျားကိုဝိုင်းပယ်ကြရင်
ခင်ဗျားအတွက်အမြတ်အကြီးကြီးရလိမ့်မယ်။

မိတ်ဆွေစစ်တွေပဲ
အနားမှာကျန်ခဲ့ပြီး
အတုတွေ လွင့်စင်သွားတဲ့အခါ
ခင်ဗျားဘဝ တန်ဖိုးတက် လာရုံ
အနှစ်သာရပိုပြည့်လာရုံထက်မပို။

လူတစ်ယောက် ကို နားလည်ဖို့
စာနာထောက်ထားဖို့အသိဉာဏ်မရှိတဲ့လူတွေ
မရှိတဲ့ ဘဝဟာ
ဘာမှ ဆုတ်ယုတ်စရာအကြောင်းမရှိ။

တိုးတက် လာ ဖို့ပဲရှိတယ်။
ပိုပျော်စရာကောင်းလာဖို့ပဲရှိတယ်။
ပိုအောင်မြင်လာဖို့ပဲရှိတယ်။
လောကမှာ
ကိုယ့်အားကိုယ်ကိုးဝံ့သူတွေသာ အောင်မြင်ကြတယ်။

18/10/2023

* လူသားဆန်တဲ့ အိမ်ထောင်ဖက် *
-----------------------------------------------------
မိန်းကလေးအများစုက
ကိုယ့်ထက် အသက်ကြီးသူကို
ပိုင်ဆိုင်ခွင့်ရရင် အစ်ကိုလို အဖေလို
ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်။

ကိုယ့်ထက် ပညာတတ်သူကို ရရင်
အဖက်ဖက်က ကိုယ့်ကို
လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။

ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင်
ပေါပေါများများ သုံးရမယ်
စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်။

ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင်
အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ
တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်။

တကယ်တော့
ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး
စိတ်ရောလူပါ အေးချမ်းစေဖို့ရာ
တစ်ဘဝစာ အတွက် လက်တွဲဖို့ရာမှာ
အသက်ကြီးခြင်း ငယ်ခြင်း
ပညာတတ်ခြင်းမတတ်ခြင်း
ရာထူးရှိခြင်း မရှိခြင်း
ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး။

ယောက်ျားတစ်ယောက်ဟာ
ကိုယ်ပိုင် အရည်အချင်းရှိရမယ်။
ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး
ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက်
အသုံးချတတ်ရမယ်။
စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်။

အဓိက
အမေ နှမချင်း ကိုယ်ချင်းစာစိတ်
အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို
မင်းဟာကံကောင်းသူပါပဲ

လောကမှာ အိမ်ထောင်ရေး ကံကောင်းဖို့ဆိုတာ
ပိုက်ဆံရှိမှ ရာထူးဂုဏ်ရှိမှ မဟုတ်ပါဘူး
လူသားဆန်တဲ့ အိမ်ထောင်ဖက်ကို ရထားမှ
ကံကောင်းတာပါခင်ဗျာ ။

Credit - အောင်ဆွေဝင်း (စာပေ ပရဟိတ)

17/10/2023

စာဖတ်ခြင်းရဲ့ ရလာဒ်
=============================

တကယ်တော့စာဖတ်တယ်ဆိုတာ
ကိုယ်မသိတာ သိလာတယ်
ကိုယ်မတတ်တာ တတ်လာတယ်
ကိုယ်မကြားဖူးတာတွေ ကြားလာတယ်။။

စာဖတ်တယ်ဆိုတာ
တကယ်တော့ စာတတ်ရင်
ကမ္ဘာပတ်စရာမလိုဘူးဆိုတဲ့
စကားတခွန်းက သိပ်မှန်တာဘဲ။။

စာဖတ်အားပိုမိုမြင့်တက်လာလေ
အသိညာဏ်ပညာနဲ့
ဗဟု သုတ ရသ ကဗျာတွေ
ကိုယ့်ရဲ့အသိညာဏ်ထဲမှာ
ပိုပြီးတိုးပွားလာစေပါတယ်။။

စာပေ ဗဟု သုတ ကဗျာ ရသ များစွာကို
လိုက်စားတဲ့လူတယောက်သည်
ဆင်ချင်ထုံတရားတွေနဲ့လည်းပြည့်စုံပါတယ်။။

ကိုယ်တိုင်လည်းပြည့်စုံလာသလို
တပါးသူတွေကိုလည်း
ကိုယ်ချင်းစာတရားတွေနဲ့လည်း
ကူညီလေ့ရှိကျပါတယ်။။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon