Plus Equal
{Get ready to code, create, and conquer Java with confidence!}
24/08/2023
ဒီနေ့ ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ java code တွေကို ဘယ်လိုပုံစံရေးရမလဲဆိုတာရယ် နောက်ပြီး သူတို့ဘယ်လိုအလုပ်လုပ်တယ် ဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ java က OOP ကို support လုပ်ပေးနိုင်တဲ့ language တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ OOP concept တွေအကုန်လုံးပြန်ပြီး အသုံးချရမှာဖြစ်ပါတယ်။
OOPဆိုတာကိုပြန်ပြောရရင်တော့ Objectတွေ ဖြစ်အောင် ဖန်တီးတာပေါ့ဗျာ၊ Objectတွေကို အခြေခံတာလို့လဲပြောလို့ရပါတယ်။
အက်လို Object တွေဖြစ်အောင် Class တွေကနေတစ်ဆင့် coding ရေးသားပြီး ဖန်းတီးရပါတယ်။
ဒါဆိုရင်ကျွန်တော်တို့က coding ရေးဖို့ Class တွေအကြောင်း နားလည်ဖို့ လိုလာပါပြိီ ။ Example အနေနဲ့ အောက်မှာ Java Class Program တစ်ခုရေးပြထားပါတယ်။ ဒီ Class မှာဆိုရင်တော့ testJava ဆိုတာ Class name
တစ်ခု ဖြစ်ပါတယ်။ Public static void main(String []args) ဆိုတာကတော့ main method ဖြစ်ပါတယ်။ မှတ်သားရမှာကတော့ class တွေကို run တဲ့ခါ main method ထဲကလုပ်ငန်းတွေကို အရင်အလုပ်လုပ်ပါတယ်။ System.out.println("Hello!"); ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Screen မှာ Output မြင်ချင်ရင်သုံးရမယ့် method ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးကြီးတာကတော့ Hello ဆိုတဲ့စာသားကို double quotes (" ") အထဲမှာရေး ပေးရမှာ ဖြစ်ပြီး စာကြောင်း ဆုံးသွားရင်တော့ semicolon ; လေးနဲ့ဆုံးပေးရမှာဖြစ်ပါတယ်။
ဒီလိုလေးရေးပြီး Run လိုက်ရင်တော့ ကျွန်တော်တို့ရဲ့ JDK (Java Development Kit) က Program ကို Compile လုပ်သွားမှာ ဖြစ်ပါတယ်။ JDK အကြောင်း နောက်ထပ် Content မှာအသေးစိတ် ပြောပြပေးပါမယ်ခင်ဗျာ။ မြင်သာအောင်ပြောရရင် Program ကို Run တဲ့အချိန် main method ကအရင်
အလုပ်လုပ်ပြီး သူ့ထဲမှာ print methodနဲ့ output ထုတ်ထားတဲ့ Hello! ဆိုတဲ့စာသားလေးကို Console မှာလာထုတ်ပေးမှာပဲ ဖြစ်ပါတယ်။
ဒါကတော့ Java class program တစ်ပုဒ်က ဘယ်လို အလုပ်လုပ်သွားလဲဆိုတာကို ပြောပြသွားတာဖြစ်ပါတယ်။နောက်ထပ်လဲ Java programming language နဲ့ပတ်သက်တဲ့ အကြောင်းရာလေးတွေကို Beginner Level ကိုဦးတည်ပြီး ပြောပြပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့
Plus Equal page လေးကို Like & Follow လုပ်ထားဖို့မျှော်လင့်ပါတယ်ခင်ဗျာ။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။
How to create a new project in eclipse?
Edit သည်းခံ😁
21/08/2023
Javaဟာ High level programming language တစ်ခုဖြစ်ပြီးတော့ Platform အမျိုးမျိုး (Windows, Linux, MacOS, Android) မှာ အသုံးပြုနိုင်ပါတယ်။ Java ဟာ object-oriented programming အမျိုးအစားဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ Programming language တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် IT ကုမ္ပဏီကြီးများက Java ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေပြီးတော့ Javaကိုအသုံးပြုနေတဲ့ developer ပေါင်းဟာလဲ 3 Billionကျော်ရှိနေပါပြီ။ Java ရဲ့ ကြီးမားတဲ့ အားသာချက်ကတော့ ဘယ် platform ပေါ်မှာမဆို အလုပ်လုပ်တာဖြစ်ပါတယ်။
Java ကို Sun Microsystems (ယခု Oracle) ကုမ္ပဏီကနေ ၁၉၅၅ ခုနှစ်မှာ စတင် တီထွင်ခဲ့တာဖြစ်ပါတယ်။ Java ကို စတင် ထုတ်လုပ်တဲ့ အချိန်တုန်းက Oak လို့ နာမည်ပေးခဲ့ပေမယ့် Oak နဲ့ နာမည်ဆင်တူ ကုမ္ပဏီရှိနေခဲ့တာကြောင့် Oak ကနေ Java လို့ပြောင်းလဲပေးခဲ့ပါတယ်။
Java ကို အသုံးပြုပြီးတော့ Desktop Application တွေ ဥပမာ Media Player, Antivirus Software, Point of Sale System၊ Web Applicationတွေ၊ Mobile Appတွေ၊ Gameတွေကို ရေးဆွဲလို့ရပါတယ်။
Javaမှာ အဓိက Edition ၄ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့
Java SE (Java Standard Edition)
Java EE (Java Enterprise Edition)
Java ME (Java Micro Edition) (mobile
application)
JavaFX တို့ဖြစ်ကြပါတယ်။
Java Code တွေကို ရေးဖို့ အကောင်းဆုံး IDE ကတော့ Eclipse ဖြစ်ပါတယ်။ Eclipse ကို download လုပ်ချင်တယ်ဆိုရင် အောက်ကလင့်မှာ ဝင်ရောက် Download လုပ်နိုင်ပါတယ်။
https://www.eclipse.org/downloads/download.php?file=/oomph/epp/2023-06/R/eclipse-inst-jre-win64.exe
What is OOP?
19/08/2023
မင်္ဂလာပါခင်ဗျာ...
ကျွန်တော်တို့ PlusEqual Pageကနေ ကြိုဆိုလိုက်ပါတယ်။
Java Programming languageနှင့်အခြားProgramming languageများကို အခြေခံကနေစပြီး ကုန်ကျစရိတ်နည်းနည်းဖြင့် တတ်မြောက်လိုသူတေ့အတွက်ရည်ရွယ်ပြီး ဒီpageလေးကနေ Online classများ၊ Knowledge sharing postများကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
မကြာခင်မှာလဲ Java Programming class လေးဖွင့်လှစ်ပေးသွားမှာမို့လို့ စောင့်မျှော်ပေးကြပါဦးနော်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon