ZELL

ZELL

Share

For work ✅ 09697133375၊ ✅ (Viber - 095033375)

10/06/2026

⚠️ဒီ သားလေး.. ရေကန်ထဲ Thet ခံထားရပြီး..ဆုံးသွားပြီ
ကျွန်တော်တို့ ဒီရက်ပိုင်း သတင်းတွေတော်တော်မကောင်းဘူး
အားလုံအရင်ထက်ပိုပြီး ဂရုစိုက်ကြပါ🙏
(ရက်စက်လိုက်ကြတာ.. အရမ်းကြောက်စရာတကယ်ကောင်းနေပါပြီ)

" #လူပျောက်ရှာဖွေခြင်း
ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ခါမှ ရုတ်တရက် အစအနမရ ပျောက်သွားတဲ့ (၁၃) နှစ်အရွယ် သားလေး 😭 (တစ်ညလုံး မအိပ်ဘဲ ရူးမတတ် လိုက်ရှာနေရတဲ့ မိခင်အတွက် တစ်ချက်လောက် ဝိုင်းရှယ်ပေးကြပါဦး)"

သားသမီးရှိတဲ့ မိဘတိုင်း ကိုယ်ချင်းစာပြီး ရင်ကွဲရမယ့် သနားစရာ လူပျောက်သတင်းလေးတစ်ခုကို အရေးတကြီး ကူညီ မျှဝေပေးလိုက်ပါတယ်။ မျက်စိအောက်ကနေ ရုတ်တရက် အစအနမရ ပျောက်ဆုံးသွားတဲ့ သားငယ်လေးအတွက် မိခင်ဖြစ်သူခမျာ သောကမီးဝိုင်းပြီး နေရာအနှံ့ တစ်ညလုံး လိုက်လံရှာဖွေနေရရှာပါတယ်။

😭 ကျောင်းဆင်းပြီး အိမ်ကထွက်သွားရာမှ ပျောက်ဆုံးသွားခြင်း
အခုလို အားလုံးက ဝိုင်းဝန်းကူညီ ရှာဖွေပေးဖို့ လိုအပ်နေတဲ့ ကျောင်းသားလေးရဲ့ နာမည်ကတော့ "မောင်မင်းခန့်ဇော်" ပဲ ဖြစ်ပြီး၊ အသက်ကတော့ (၁၃) နှစ် (Grade - 6) အရွယ်ပဲ ရှိပါသေးတယ်။ ဖြစ်စဉ်ကတော့ မနေ့က ဇွန်လ (၈) ရက်နေ့ ညနေပိုင်းမှာ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ပြီးနောက်... ညနေ (၄) နာရီခွဲခန့်မှာ အိမ်ကနေ ရုတ်တရက် ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

💔 ဖုန်းမပါသွားလို့ ဆက်သွယ်မရဘဲ ရင်ကွဲနေရတဲ့ မိခင်
အိမ်ကနေ ထွက်သွားပြီး ညအထိ ပြန်ရောက်မလာတော့တဲ့အတွက် မိသားစုဝင်တွေခမျာ သူသွားတတ်တဲ့ နေရာတွေအနှံ့ တစ်ညလုံး မျက်ရည်နဲ့မျက်ခွက် လိုက်လံရှာဖွေခဲ့ကြပေမယ့် အခုထက်ထိ ဘာသတင်းအစအနမှ မရသေးပါဘူး။ အဆိုးဆုံးကတော့ သားလေးမှာ ဖုန်းပါမသွားတဲ့အတွက် ဘယ်လိုမှ ဆက်သွယ်လို့မရဘဲ အပြင်မှာ ဘာအခက်အခဲတွေများ ကြုံနေရမလဲဆိုတာ တွေးပြီး မိခင်ဖြစ်သူဟာ ရူးမတတ် ခံစားနေရပါပြီ။

📝 ပျောက်ဆုံးသူ သားငယ်လေး၏ အချက်အလက်များ

အမည် - မောင်မင်းခန့်ဇော်

အသက်/အတန်း - ၁၃ နှစ် / Grade - 6 (G-6)

မိဘအမည် - (အဖ) ဦးစိုင်းဝဏ္ဏ၊ (အမိ) ဒေါ်ချောစုဝင်း

နေရပ်လိပ်စာ - မြောက်ဒဂုံ၊ (၃၉/A) ရပ်ကွက်၊ သစ္စာ (၄) လမ်း၊ အိမ်အမှတ် (၁၁)။

☎️ ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါသည်
ဒါကြောင့် ဒီပိုစ့်လေးကို တွေ့မြင်ရတဲ့ ပြည်သူတွေအနေနဲ့ လမ်းသွားလမ်းလာရင်းပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာပဲဖြစ်ဖြစ် ပုံပါ သားငယ်လေးကို တွေ့ရှိခဲ့ရင်၊ ဒါမှမဟုတ် သဲလွန်စ တစ်စုံတစ်ရာ သိရှိခဲ့ရင်... အောက်ပါ ဖုန်းနံပါတ်ကို အချိန်မရွေး ချက်ချင်း ဆက်သွယ် အကြောင်းကြားပေးကြဖို့ အထူးပဲ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

📞 09 793 033 781

သားငယ်လေး ဘေးကင်းကင်းနဲ့ မိခင်ရင်ခွင်ဆီ အမြန်ဆုံး ပြန်လည်ရောက်ရှိလာအောင်... အားလုံးပဲ ဖုန်းလေးပွတ်ရင်း တစ်ယောက် တစ်ချက်စီ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကုသိုလ်ယူ ကူညီရှာဖွေပေးသွားကြပါဦးခင်ဗျာ🙏

Edit သေဆုံးလျက်ပြန်တွေ့ပါပြီ မိဘတွေနဲ့အတူစိတ်မကောင်းဖြစ်ရပါတယ်ဗျာ

06/06/2026

ချစ်လိူက်တာ🥰🥰

Photos from ZELL's post 29/05/2026

Just a human being ❤️

Photos from ZELL's post 23/05/2026

Mandalay ကိုလည်း ကျွန်တော်တို့ #ဆယ်လီစိုက်ပျိုးရေး “Fan Meet Up Tour” လေး အတွက် ၆ လပိုင်း ထဲ မှာ လာခဲ့ ရပါဦးမည် ..(အခုပွဲက ရန်ကုန်ပွဲပါ)
Mandalay မှာ ရှိနေမယ့်သူတွေကိုလည်းကျွန်တော်တို့နဲ့အတူ “ဆယ်လီစိုက်ပျိုးရေးထဲက game တွေလာကစားကြဖို့ဖိတ်ကြားပါတယ်နော်(တူတူပျော်ရွှင်စွာတွေ့ဆုံကြဖို့မျှော်လင့်ပါတယ်..see you 🥰🥰

21/05/2026

ငယ်ဘဝ ကို လွမ်းဆွတ်စေ တဲ့ “Rapping လေးပေါ့

ဘာသီချင်းလဲ သိလား? 😆😆
(အစီစဉ်မရှိပဲ မေမြိို့က ဆိုင်လေးမှာ ခနတာအပျော်လေးပါ)

Photos from ZELL's post 16/05/2026

✅ကျေဇူးတင်လွှာ,

Director Steel ရိုက်ကူးပြီးစီးခဲ့တဲ့ “single mother lady tiger”

ကျွန်တော်နှင့်အတူ သရုပ်ဆောင်ခဲ့ ကြတဲ့ မေမီကိုကို၊ရှင်မွေလ၊တေဇလင်းရောင်၊ ဝါရင့်အနုပညာရှင်များစွာ နှင့် Director Steel တို့ ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ
အားလုံးတူတူ ပင်ပန်းခံပြီး ကြိုးစားခဲ့တဲ့ ဒီဇတ်ကားလေးအောင်မြင်ပါစေခင်ဗျ

(ကိုSteel ကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ🙏)

08/05/2026

✅ကျွန်တော် ကြိုက်လို့ သိမ်းထားတဲ့ ကားလေး တွေ ကို..
Interview ပေးလိူ့ ကျေးဇူးပါ❤️
(ကားဝါသနာ ရှင်အနေနဲ့ပဲမြင်ပေးပါ)

30/04/2026

အလုပ််မလုပ်ချင်တော့လို့ ပါ 😅

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon