Arsenal Gunner Myanmar
Arsenal အသင်းရဲ့ နေ့စဉ် Update သတင်းတွေ နဲ့ အသင်းရဲ့အကြောင်းအရာ တွေကို လေ့လာပြီး တင်ဆက်ပေးသွားမှာပါ။
19/04/2026
အသင်းရှုံးလို့ ဘူနေပါတယ် ဆို မှ ဪ တစ်ခါတစ်လေ လေး အသင်းနည်းပြ နဲ့ ကစားသမား တွေ ကို သောက်ပြစ်မပြောချင်လို့ အောက်ပုံထဲကလို ရေးလိုက်တာ ကို
ငါ့ကို အာတီတာ ⚽️မ လား ဘာလား ညာလား လာလုပ်နေကြတယ်။
ငါ ဒီ ပွဲပြီးသုံးသပ်ချက် မှာ အာတီတာ ကို သောက်ပြစ်ပြောနေလည်း အာတီတာ ⚽️မ တွေ က ဆဲကြဦးမယ်။
ဟော အခု သောက်ပြစ်မပြောတော့လည်း ငါ့ကို အာတီတာ ⚽️မ လား လို့ မေးပြီး ဆဲကြပြန်ရော။
နေပါဦး အဲ့တော့ ငါက အာတီတာ ကို ဆက်ဆဲရမှာလား?အာတီတာ ⚽️ကို မ ရ မှာလား?
ADMIN SYZ
အသင်း မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ကစားသမားတွေလိုကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးပေမယ့်
ARSENAL ဘာ ရလဒ်ထွက်ထွက် ကျေနပ်တဲ့လူအုပ်ကြီး က
"ဘောလုံးဆိုတာ တစ်ယောက်ချင်းစီကစားရတာမဟုတ်ကြောင်း အသင်းအဖွဲ့နဲ့ကစားရတာဖြစ်ကြောင်း" မဲ့ကာ ရွဲ့ကာ နဲ့ ကျတော့်ကို ပြန်ပြောလေ့ရှိပါတယ်။
အဲ့လူတွေ အားလုံးလည်း ဒီပွဲကို ကြည့်ဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်။
တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားတွေရှိတဲ့ အသင်း က ဘယ်လိုတွေကစားလို့ ရလဲ ဆိုတာ Man City အသင်း ဟာ ၂၀၁၀ ကနေ စလို့ ယနေ့အထိ အကြိမ်ကြိမ်သက်သေပြနေခဲ့တာပါ။
ဒါကိုမှ လက်မခံနိုင်သေးဘူးဆိုရင်လည်း သဘောရှိအတိုင်းပါခင်ဗျာ။
ဒါနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားဘယ်လောက်များများ ချာတီတာ လို နည်းပြရှိနေသမျှကာလပတ်လုံးတော့ ဘာမှထူးလာမှာ မဟုတ်ပါ။
ADMIN SYZ
man city 2-1 ARSENAL (FT)
EPL မှာ ၃နှစ်ဝန်းကျင် ၂ပွဲဆက် မရှုံးဆိုတဲ့ စံချိန်ကျိုးပျက်သွားခဲ့တာတစ်ခုကတော့ စိတ်မကောင်းစရာဖြစ်ပြီး ရလဒ် က တော့ ကြိုထင်ပြီးသားမို့လို့ ရင်ထဲမှာ ခံစားစရာတော့မဖြစ်ခဲ့ပါ။
ØDE ရဲ့ ပိတ်သွင်းမှု ထက်စာလျှင် EZE ရဲ့ ဧရိယာထိပ်အပြင်းကန်ချက် မဝင်ထဲက ဒီပွဲ ကံတရား က ကိုယ့်ဖက်မှာ မရှိတော့ဘူးဆိုတာ သိလိုက်ရသလို HAVERTZ ရဲ့ ခေါင်းတိုက်ချက်လည်း တော်တော်နှမြောစရာပါ။
ဂိုးလိုချိန် O Reilly ကို Half Space တက်ပြီးကစားခိုင်းခဲ့တဲ့ နည်းပြ နဲ့ တစ်ဖက်အသင်း ကစားသမားတွေ
ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေ က ကိုယ့်အသင်းရဲ့ ကစားသမားအချို့ နဲ့ ဘာမှ မသက်ဆိုင်ခဲ့တာ တွေ က ပဲ ဒီနေ့
ပွဲစဉ် ကို အဆုံးအဖြတ်ပေးသွားတာပါ။
ကဲ ၁ပတ်လုံးစိတ်ပူနေရတဲ့ ကိစ္စကြီး ကို လွှတ်ချလိုက်လို့ရပါပြီ။ပွဲလည်းပြီးသွားပါပြီ။
ကျန်တာကတော့ ကံတရားကိုသာ ပုံအပ်ထားလိုက်ပါ။
ADMIN SYZ
၈၅မိနစ် ARSENAL လူစား လဲ
ZUBIMENDI ထွက်
GYÖKERES ဝင်
ADMIN SYZ
၇၃မိနစ် ARSENAL လူစား လဲ
MOSQUERA / EZE ထွက်
WHITE / TROSSARD ဝင်
ADMIN SYZ
O Reilly ကို မျက်ခြေမပြတ်မှရမယ်။သူ့ကိုခေါင်းတက်တိုက်ခိုင်းတဲ့အကွက်သုံးနေပြီ
ဒုတိယပိုင်းအစ ARSENAL လူစား လဲ
MADUEKE ထွက်
MARTINELLI ဝင်
Doku ကို တားနေရတဲ့ MOSQUERA ကို ကူဖို့ Martinelli ကို ထည့်တာဖြစ်ပါတယ်။
ADMIN SYZ
19/04/2026
man city 1-1 ARSENAL (HT)
ပွဲအစ၃မိနစ် မှာ RAYA အမှားစကျူးလွန်ခဲ့ပြီး RAYA ပဲ ပြန်လည်ရှင်းထုတ်နိုင်ခဲ့သလို ပွဲချိန်၄မိနစ် မှာ အိမ်ရှင်ကန်ချက်ဂိုးဝင်သွားပြီထင်ရလောက်တဲ့အခြေအနေကနေပဲ တိုင်ထိထွက်သွားခဲ့ပါတယ်။
ကျတော်အမြဲပြောခဲ့လို ဒီရာသီ ARSENAL ကစားသမားတွေရဲ့ တစ်ဖက်အသင်းသားတွေဆီကနေဘောလုံးလုပုံအားနည်းချက်ကိုဒီပွဲစဉ် မှာ အကြိမ်ပေါင်းများစွာထပ်တွေ့ခဲ့ရပြီး ပေးလိုက်ရတဲ့ဂိုးကလည်း ၄ယောက်လောက်လိုက်လုနေရင်း ကနေပေးလိုက်ရသလို တစ်ခြားအချိန်တွေမှာလည်း Madueke Havertz ၂ယောက်ပေါင်းလုတာတောင် O Reilly ဆီကနေဘောလုံးမရခဲ့ပါ။
ဂိုးပေးလိုက်ရပြီး ၁မိနစ်ကျော်အကြာမှာပဲ လက်ပစ်ဘောကနေ Donnarumma ရပြီး ကန်ခါနီးဘောလုံးကို KAI HAVERTZ press လုပ်ပြီး ဝင်ပိတ်သွားခဲ့လို့ ၁မိနစ်ကျော်လေးမှာပဲ ချေပဂိုးပြန်ရခဲ့ပါတယ်။
၁-၁ ဖြစ်ပြီးနောက် ၂သင်းလုံးပွဲထိန်းသွားခဲ့ပေမယ့် အခွင့်အရေးတွေပိုရခဲ့တာက အိမ်ရှင်ဖြစ်ပြီး SALIBA / HINCAPIE တို့ ရှင်းလင်းနေခဲ့လို့ ဂိုးတွေထပ်ပြီးခွင့်မပြုခဲ့ရတာပါ။
လောလောဆယ် အခြေအနေကောင်းနေပါတယ်။ဒီအခြေအနေ ကို ဒုတိယပိုင်းဆက်လက်ထိန်းနိုင်ဖို့လိုအပ်ပါတယ်။
ဒုတိယပိုင်းကိုဆက်လက်အားပေးကြတာပေါ့ဗျာ။
ADMIN SYZ
GOALLLLLLLLLL ⚽️ KAI HAVERTZ
mc 1-1 ARSENAL (17’)
Donnarumma ကန်ခါနီး KAI HAVERTZ ဝင်ပိတ် ကာ ၁မိနစ်ကျော်အတွင်း ချေပဂိုးပြန်လည်ရယူပေးခဲ့
19/04/2026
ဘာတွေပဲဖြစ်ဖြစ် မိနစ် ၉၀ လုံး ဒီအသင်း နဲ့ အတူတူရှိနေပါမယ်။
FIGHTING GUNNERS 💪
ADMIN SYZ
19/04/2026
လူစာရင်းထွက်ပါပြီ ::: 🛑🛑🛑
နံနက် ည ၁၀:၀၀ နာရီ မှာ ကန်မယ့် man city vs ARSENAL ပွဲစဉ်အတွက် Arsenalအသင်းရဲ့ ပွဲထွက်လူစာရင်း ရပါပြီ။
ဘယ်တောင်ပံတိုက်စစ် မှာ EZE နဲ့ အထောင်တိုက်စစ် မှာ HAVERTZ တို့ ပွဲထွက်လာပါတယ်။
Arsenal Official
15/04/2026
ARSENAL 0-0 sporting (FT)
(AGG ARSENAL 1-0 sporting)
Semi Final ကို တက်လှမ်းသွားပြီဖြစ်ပြီး Atletico Madrid အသင်း နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပွဲကြည့်ခဲ့တဲ့လူတွေအနေ နဲ့ အသင်းရဲ့ခြေစွမ်းကတော့ တနင်္ဂနွေ မှာ ကန်မယ့် ပွဲ ကို မကြည့်ရင်တောင် အဖြေကြိုသိနေကြမယ်ထင်ပါတယ်။
ADMIN SYZ
Click here to claim your Sponsored Listing.
Category
Address
Yangon