Mee Panyar

Mee Panyar

Share

Social enterprise building the future solar workforce in Myanmar

05/06/2026

[English translation in the comment]

ကမ္ဘာကြီးကတော့ အချက်ပြနေပါပြီ။ ရာသီဥတုတွေဖောက်ပြန်လာတယ်။ အပူချိန်တွေ တရိပ်ရိပ်နဲ့ပိုတက်လာတယ်။ သစ်တောတွေပြုန်းတီးကုန်တယ်။ ဒါတွေကိုဖြေရှင်းဖို့ အချိန်တွေက သိပ်မကျန်တော့ပါဘူး။

ဒီ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေထဲက ဆိုလာစွမ်းအင်ကို အစားထိုးသုံးစွဲခြင်းဟာ လက်လှမ်းအမှီဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဆိုလာစွမ်းအင်စနစ်တစ်ခုဟာ ပတ်ဝန်းကျင်အပေါ်ကို အကျိုးသက်ရောက်မှုများစွာရှိပါတယ်။

-လောင်စာမလို၊ ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိ၊ ဆူညံသံမပါဘဲ လျှပ်စစ်ဓာတ်အားရရှိနိုင်တယ်။
-ဒီဇယ်မီးစက်တွေကို အစားထိုးနိုင်တယ်။
-လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မီးခိုးတွေကို လျှော့ချနိုင်တယ်။
-အိမ်တွင်းလေညစ်ညမ်းမှုလျော့ပါးသွားစေတယ်။
-လျှပ်စစ်မီးမရတဲ့ ဝေလံခေါင်ဖျားဒေသတွေမှာ မီးအလင်းနဲ့ -လျှပ်စစ်ဓာတ်အားရရှိဖို့ ထင်း၊ မီးသွေးလိုအပ်မှုတွေကို နည်းပါးအောင်ကူညီပေးနိုင်တယ််။​ တစ်နည်းအားဖြင့် သစ်တောပြုန်းတီးမှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်တယ်။
-နှစ်ပေါင်းများစွာ နေအလင်းရောင်ရှိရုံနဲ့ ရေရှည်လျှပ်စစ်မီးလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တယ်။​

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမရရှိတဲ့ ဒေသအများစုဟာ ဒီဇယ် ဓာတ်ဆီသုံး မီးစက်တွေကို မှီခိုနေရဆဲပါပဲ။ ဆိုလာစွမ်းအင်ပြောင်းလဲမှုဟာ ရေရှည်မှာကုန်ကျစရိတ်များစွာသက်သာစေမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်မှာဖြစ်ပါတယ်​။​

၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မီးပညာဟာ ဆိုလာစွမ်းအင် ပညာရှင် အယောက် ၈၀၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး လူ ၇၅၀၀ ကျော်အတွက် ဆိုလာစွမ်းအင်အခြေခံတဲ့ လျှပ်စစ်မီးရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစနစ်တွေ ရေရှည်မပျက်မစီးဘဲ ဆက်လက်လည်ပတ်နိုင်ဖို့ ဒေသခံတွေကို လေ့ကျင့်ပေးခြင်းနဲ့ နည်းပညာစွမ်းရည်ခြင်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒီနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် အထိမ်းအမှတ်နေ့မှာ မီးပညာအနေနဲ့ ဆိုလာစွမ်းအင်ကို လက်လှမ်းမီရရှိနိုင်ဖို့ ရေရှည်ထိန်းသိမ်းပေးနိုင်တဲ့ ပညာရှင်တွေကို လေ့ကျင့်ပေးဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ထပ်မံဆန္ဒပြုလိုပါတယ်။​

03/06/2026

[English translation in the comment]

RE:Build project လေးကို မှတ်မိကြသေးရဲ့လား။

RE:Build project လေးဟာ ငလျင်ဘေးသင့်ဒေသတွေမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းငယ်တွေအတွက် solar energy sytems တွေကို တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီ project လေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပဲခူးတိုင်း တောင်ငူမြို့အခြေစိုက် Show Your Kindness (SYK) အတွက် solar energy စနစ်တစ်ခုအောင်အောင်မြင်မြင်နဲ့ တပ်ဆင်ပြီးဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးချင်ပါတယ်။

ဒီ solar စနစ်ဟာ Show Your Kindness အဖွဲ့အစည်းက ဦးစီးတည်ထောင်ထားတဲ့ Community learning center ကို အဓိက မီးပေးနိုင်မှာဖြစ်ပါတယ်။ လူငယ်တွေ အဓိက ဦးစီးတဲ့ သင်တန်းကျောင်းလေးဟာ ကလေး၊ လူငယ်၊ အမျိုးသမီးတွေအတွက် ဒစ်ဂျစ်တယ်တတ်မြောက်ရေး (digital literacy), ခေါင်းဆောင်မှုစွမ်းရည် (leadership skills), အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း (life skills) တွေအပြင် ငလျင်ဒဏ်ကြောင့် အသက်မွေးဝမ်းကြောင်း ထိခိုက်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက်ပါ အသေးစားစီးပွားရေးစီမံခန့်ခွဲမှုသင်တန်းတွေကိုပါ ပို့ချပေးနေပါတယ်။

လျှပ်စစ်မီးမှန်မှန်ရရှိတာဟာ Show Your kindness သင်တန်းကျောင်းအတွက် အကျိုးအများကြီးရှိပါတယ်။ အချိန်ဇယားအတိုင်း သင်တန်းတွေပို့ချနိုင်မယ်၊ ကွန်ပျူတာ၊ ပရိုဂျက်တာစတဲ့ သင်ထောက်ကူပစ္စည်းတွေကိုလည်း အပြည့်အဝ အသုံးချနိုင်မှာပါ။ မီးစက်မှာ ထည့်သွင်းရတဲ့ ဒီဇယ်ဆီစရိတ်ကိုလည်း ၃၀-၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်တာကြောင့် ပိုလျှံလာတဲ့ငွေကြေးတွေကို တကယ်လိုအပ်တဲ့ နေရာတွေမှာ ပိုပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လျှပ်စစ်မီးပုံမှန်ရရှိတာကြောင့် SYK ရဲ့နေ့စဥ်လုပ်ငန်းချိန် ၂ နာရီခန့်၊ သင်တန်းချိန် ၄၀% နဲ့ သင်တန်းသား ဦးရေ ၂၀-၃၀% ခန့် တိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။

Solar energy စနစ်ကတော့ တစ်ခုတည်းပါ။ ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ဖြစ်ပါတယ်။

RE:Build project ရဲ့ နောက်ဆက်တွဲ project area တွေအကြောင်းကိုလည်း ဆက်လက်ဝေမျှသွားပါဦးမယ်။

16/05/2026

မီးပညာ means "knowledge of light." Looking back, when we were trying to come up with a name for our organization, မီးပညာ felt perfect because our whole goal was to bring light and electricity to communities through knowledge/ပညာ, which meant, in our case, training the next generation of solar technicians.
So far, မီးပညာ has trained over 800 solar technicians from rural and conflict-affected areas, who will use their knowledge/ပညာ to go on to power homes, schools, and small businesses — and who will train others in turn. Most of them came from places where electricity was unreliable at best and non-existent at worst, so they understand the struggle firsthand. And that's exactly why they can continue to build and sustain that knowledge within their own communities.

With Myanmar being a country where access to light and electricity is still a daily uncertainty for millions, knowledge is indeed power and for some communities, knowledge is access to electricity.

Today on 16 May, မီးပညာ would like to join UNESCO in celebrating the International Day of Light, for light itself, as a driver of science, education, and sustainable development, and the solar technicians across Myanmar who are making it possible.

မီးပညာမဖြစ်လာခင် အဖွဲ့အစည်းအတွက် နာမည်ရှာနေခဲ့တုန်းက မီးပညာ ဆိုတဲ့နာမည်ဟာ အကိုက်ညီဆုံးပဲလို့ ခံစားမိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပညာ/knowledge ကိုအသုံးပြုပြီး လူထုဆီ အလင်းရောင်နဲ့ လျှပ်စစ်မီး ရောက်ရှိစေဖို့ကို ကျွန်မတို့ အဓိကရည်မှန်းထားခဲ့တာမို့ပါ။

အခုချိန်မှာ မီးပညာဟာ ကျေးလက်ဒေသနဲ့ ပဋိပက္ခဒဏ်ခံရတဲ့ဒေသတွေမှာရှိတဲ့ solar techician ၈၀၀ ကျော်ကို သင်တန်းပေးခဲ့ပြီးဖြစ်တယ်။ သင်တန်းဆင်းပြီးသူတွေဟာ သူတို့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး သူတို့နေထိုင်ရာဒေသတွေအတွက် လျှပ်စစ်မီးရရှိစေဖို့ ကူညီပေးမှာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်ပညာတွေကို နောက်ပိုင်းမှာ လက်ဆင့်ကမ်းသွားနိုင်စေဖို့အတွက် မျှော်လင့်ထားပါတယ်။​

မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ လျှပ်စစ်မီးနဲ့ အလှမ်းဝေးနေဆဲပါ။ လျှပ်စစ်မီးရရှိဖို့အတွက် သင်တန်းပညာတွေ၊ ပညာရှင်တွေအဓိကလိုအပ်နေပါသေးတယ်။

ဒီနေ့ မေလ ၁၆ ရက်နေ့ဟာ နိုင်ငံတကာအလင်းရောင်နေ့ (International Day of the Light) ဖြစ်ပါတယ်။ မီးပညာအနေနဲ့ သိပ္ပံ၊ ပညာရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်တဲ့ အလင်းရောင်ကို လူတိုင်းလက်လှမ်းမှီစေနိုင်ဖို့ ဆန္ဒပြုရင်း လျှပ်စစ်မီးရရှိဖို့ ကြိုးစားလုပ်ဆောင်နေကြတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက solar technicians တွေအားလုံးကို ဂုဏ်ပြုလိုပါတယ်။

12/05/2026

ပတ်ဝန်းကျင်မှာ ဆိုလာအခြေခံတဲ့ စက်ပစ္စည်းတွေ၊ အင်ဗာတာတွေ၊ နေအိမ်တွေမှာ မီးရဖို့ အသေးစားဆိုလာစနစ်တွေ တပ်ဆင်လာကြတာကို ကြားဖူးမြင်ဖူးကြမှာပါ။

ဒီလိုဆိုလာစွမ်းအင်နယ်ပယ်ကျယ်ပြန့်လာတာနဲ့ ဆိုလာကျွမ်းကျင်ပညာရှင်တွေလည်း ပိုပြီးလိုအပ်လာတာပေါ့။

သင်က ဆိုလာနယ်ပယ်အကြောင်းစိတ်ဝင်စားတယ်၊ အခြေခံကစပြီးသင်ယူချင်တယ်၊ ဒါမဲ့ ဆိုလာနယ်ပယ်မှာ ဘယ်လိုအလုပ်အကိုင်အခွင့်အရေးတွေရှိမလဲ စဥ်းစားနေတဲ့သူဆိုရင် ဒီစာလေးကို ဆက်ဖတ်ကြည့်ပေးပါဦး။

Solar technician: ဆိုလာနည်းပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် solar panel တွေတပ်ဆင်တာ၊ household wiring ပြေးတာ၊ inverter ချိတ်တာ၊ commissioning လုပ်တာ (battery နဲ့ inverter ကြားချိတ်ဆက်တဲ့ communication settings တွေချိန်ညှိခြင်း) စသဖြင့် လက်တွေ့ field ဆင်းရတဲ့ အလုပ်တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုချိန် မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးနေရာဆိုရင်လည်း မမှားပါဘူး။

O&M Technician: Operation and maintenance ပြုပြင်ထိန်းသိမ်းရေး techician ဆိုတာ ဆိုလာစနစ်တွေ တပ်ဆင်ပြီးတဲ့နောက်မှာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်မျိုးပေါ့။ Panel တွေသန့်ရှင်းရေးလုပ်တာမျိုး၊ performance စစ်ဆေးပေးတာမျိုး၊ residential (နေအိမ်သုံး)၊ commercial (စီးပွားရေးသုံး) solar စနစ်တပ်ဆင်ထားတဲ့နေရာတွေမှာ လိုအပ်နေတဲ့ ရာထူးတစ်ခုပါ။

Solar Sales Assistant: သင်က ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ဦးဖြစ်ရင်တော့ sales assistant ရာထူးကလည်း သင့်တော်နိုင်ပါတယ်။ ဆိုလာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတရှိပြီဆိုရင် Customer တွေကို စနစ်တွေအကြောင်းရှင်းပြပေးတာ၊ စနစ်တပ်ဆင်တဲ့အခါ ကုန်ကျနိုင်တဲ့စျေးနှုန်း (quotation) တွေ တွက်ချက်ပေးတာမျိုးတွေလုပ်ရတာပါ။ နည်းပညာပိုင်ဆိုင်ရာဗဟုသုတနဲ့ ပေါင်းသင်းဆက်ဆံရေး ၂ မျိုးလုံး အသုံးချရတဲ့အလုပ်မျိုးပေါ့။

Junior Drafter: ဒီအလုပ်လေးကတော့ solar project တွေကို ဒီဇိုင်းဆွဲရတာပါ။ အိမ်ဆောက်ရင် ဒီဇိုင်းဆွဲသလိုပဲ solar mounting structure တွေဆွဲတာ၊ breaker ဘယ်မှာထားမလဲ၊ ဘက်ထရီကိုဘယ်မှာထားမလဲ၊ ကြိုးတွေကို ဘယ်လိုပြေးမလဲဆိုတာတွေကို software နဲ့ဆွဲရတဲ့အလုပ်မျိုးဖြစ်ပါတယ်။

Solar Electrician: သင်ကတော့ လျှပ်စစ်ပညာအခြေခံရှိပြီးသားဆိုရင်တော့ DC/AC Wiring, Grounding, Circuit protection တွေသင်ယူပြီးတော့ solar electrician တစ်ဦးအနေနဲ့လည်း ရပ်တည်လို့ရပါတယ်။

ဒီလို အလုပ်အကိုင်အခွင့်အလမ်းကို စိတ်ဝင်စားတယ်ဆိုရင် လာမယ့်လတွေမှာ Solar Technician အခြေခံသင်တန်းတွေဖွင့်လှစ်သွားဖို့ရှိပါတယ်။​

သင်တန်းတက်ဖို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အောက်က google form link လေးမှာ ဖောင်လေးဖြည့်ပေးသွားပါ။ (ဖောင်ဖြည့်ချိန် - ၂ မိနစ်) အသေးစိတ်ကိုတော့ သင်တန်းကာလနီးကပ်လာရင် ထပ်မံကြေငြာပေးသွားမှာဖြစ်ပါတယ်။

https://forms.gle/shayKMUippZ3Q7oB7

form ဖြည့်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ messenger ကနေတဆင့် နာမည်၊ ဖုန်းနံပါတ်၊ နေထိုင်ရာနေရာကို ပေးပို့ထားနိုင်ပါတယ်။​

Photos from Mee Panyar's post 26/04/2026

[မတ်လ ၂၀၂၅ ငလျင် အရေးပေါ်တုံ့ပြန်မှုတွေကနေ ရရှိခဲ့တဲ့ သင်ခန်းစာ ၃ ခု]

မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အပြင်းထန်ဆုံးငလျင်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ၂၀၂၅ မတ်လ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။

မိတ်ဖက်အဖွဲ့အစည်းတွေ၊ မီးပညာသင်တန်းသားဟောင်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မီးပညာအနေနဲ့လည်း မြေပြင်မှာလိုအပ်နေတဲ့သူတွေအတွက် အကူအညီပေးနိုင်ခဲ့ပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးတဝိုက်က ယာယီစခန်းတွေမှာ အသေးစား ဆိုလာစနစ်တွေတပ်ဆင်ပေးနိုင်ခဲ့ပြီး လူပေါင်း ၇၀၀၀ ကျော်အတွက် ညဘက်မီးအလင်းရောင်နဲ့ ဖုန်းတွေအားသွင်းဖို့အတွက် ကူညီပေးနိုင်ခဲ့တယ်။ ဒါ့အပြင် မြေပြင်မှာ အကူအညီပေးနေတဲ့ အဖွဲ့အစည်း ၃ ခုအတွက်လည်း သူတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေ ချောမွေ့စေဖို့ မီးပညာက တပ်ဆင်ထားခဲ့တဲ့ ဆိုလာစနစ်တွေက အထောက်အကူဖြစ်စေခဲ့ပါတယ်။

မီးပညာအတွက် ဒီလိုခက်ခဲပြီး ကြီးမားတဲ့ အရေးပေါ်အခြေအနေမှာ တုံ့ပြန်ခဲ့တာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အခက်အခဲတွေ၊ သင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။ ဒီလို အတွေ့အကြုံကနေ ရခဲ့တဲ့ သင်ခန်းစာတွေဟာ မီးပညာနောက်လုပ်ဆောင်မယ့် project အသစ်တွေကို ပုံသွင်းပေးနိုင်ခဲ့ပါတယ်။​

(ပုံတစ်ပုံချင်းထောက်ပြီး ဖတ်ရှုပေးပါ။)

ဆောင်းပါးအပြည့်အစုံကို အောက်ပါlink မှာ ဖတ်ရှုနိုင်ပါတယ်။
https://shorturl.at/4CK3S

13/04/2026

မင်္ဂလာသင်္ကြန်အခါသမယမှာ ဘေးဘယာကင်းကွာ ကျန်းမာရွှင်လန်းပါစေကြောင်း Mee Panyar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Mee Panyar wishes you a healthy and prosperous Thingyan holidays.

01/04/2026

[English translation in the comment]

Solar energy နယ်ပယ်မှာ အမျိုးသမီးတွေအတွက်နေရာရရဲ့လားဆိုတဲ့ မေးခွန်းကို ဒီနယ်ပယ်ထဲ စတင်ခြေချချင်သူတိုင်း မေးမိကြမယ်ထင်ပါတယ်။​

မြန်မာနိုင်ငံမှာ တဖြည်းဖြည်း တိုးတက်လာနေတဲ့ solar energy နယ်ပယ် ထဲမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အင်ဂျင်နီယာဖြစ်မှမဟုတ်ဘဲ အခွင့်အလမ်းကောင်းတွေအများကြီးရှိလာပါတယ်။

ရန်ကုန်အခြေစိုက် solar installation လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မမေသက်မွန်က ဒီ solar energy knowledge နဲ့ပတ်သက်ပြီး အခြေခံနားလည်တဲ့သူ သင်ယူချင်စိတ်ရှိသူ ဘယ်သူမဆို ဒီနယ်ပယ်ထဲ ဝင်ရောက်လုပ်ကိုင်နိုင်တယ်လို့ ပြောပြပါတယ်။

“Engineer ဖြစ်မှ solar energy sector ထဲဝင်လို့ရတာမဟုတ်ဘူးနော်။ အမတို့ company မှာဆိုရင် အခြေခံရှိတယ်ဆိုရင်ကို ခန့်ဖြစ်တယ်။

သူမကိုယ်တိုင်လည်း အင်ဂျင်နီယာ မဟုတ်ပေမယ့် လက်တွေ့အလုပ်လုပ်ရင်းနဲ့ သင်ယူခဲ့တာပါ။

နည်းပညာပိုင်းမှာ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေအတွက် installation တစ်ခုတည်းမဟုတ်ဘဲ maintenance၊ troubleshooting လုပ်တာတွေ၊ freelance အလုပ်အကိုင်တွေအထိ အခွင့်အလမ်းတွေရှိနေပါတယ်။

“Maintenance ဘက်မှာ error ဖြစ်တဲ့အခါ solutions ရှာပေးတာတွေ လုပ်လို့ရတယ်။ Company တစ်ခုမှာ အလုပ်လုပ်တာမျိုးမဟုတ်ဘဲ freelance တွေလည်းလုပ်လို့ရတယ်။”

Mee Panyar ကပေးတဲ့ solar energy နယ်ပယ်တဲ့စတင်ဝင်ရောက်သူတွေအတွက် အခြေခံသင်တန်းတွေ၊ online learning တွေကနေ စတင်ပြီး error code တွေကိုနားလည်လာတာနဲ့အမျှ အခွင့်အလမ်းတွေ ပိုပြီးရှိလာနိုင်ပါတယ်။

“Mee Panyar ကပေးတဲ့ အခြေခံ knowledge နဲ့ online learning တွေကနေ စတင်လို့ရတယ်။ တဖြည်းဖြည်းနားလည်လာပြီးတော့ တကယ်ကောင်းတဲ့အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ်။”

မမေသက်မွန်ကတော့ renewable energy နယ်ပယ်ထဲ စတင်ဝင်ရောက်မယ့် အမျိုးသမီးတွေအတွက် အကြံဥာဏ်ပေးထားပါတယ်။

“မိန်းကလေးတွေ နေရာပိုရချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် လုပ်နိုင်တာကို ပြနိုင်ဖို့လိုတယ်။”

26/03/2026

[English translation in the comment]

ဒီနေ့အတွက် Meet Women in Solar Energy ကဏ္ဍမှာ Multicultural energy organization တစ်ခုရဲ့ Business Development Manager တစ်ဦးဖြစ်တဲ့ မဇင်မီနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဇင်မီက ၂၀၁၇ ထဲက solar energy ကဏ္ဍထဲမှာ အလုပ်လုပ်နေပြီးတော့ ၉ နှစ်ကြာ experience ရှိသူတစ်ဦးဖြစ်ပါတယ်။

“အကျိုးအမြတ်တစ်ခုထဲအတွက်မဟုတ်ဘဲ ပတ်ဝန်းကျင်အတွက်ပါကောင်းတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အလုပ်လုပ်တာ ပိုအားတက်ရပါတယ်။”

အမ ဒီ လမ်းကြောင်းကို စဝင်လာတဲ့ လွန်ခဲ့တဲ့ ၉ နှစ်၊ ၂၀၁၇ တုန်းကဆို solar energy ဆိုတာ မြန်မာနိုင်ငံမှာ new technology လို့တောင် ပြောလို့ရတယ်။ အမကျောင်းပြီးခဲ့တဲ့ Materials Science major က မြန်မာနိုင်ငံမှာ career option အများကြီးမရှိတဲ့အတွက် ဒီလမ်းကြောင်းကို ဘာမှသိပ်မသိသေးပဲ စဝင်ခဲ့တာပေါ့နော်။

အမ စစချင်းတွေ့ခဲ့ရတဲ့ boss ကအများကြီးလက်တွဲခေါ်တယ်။ Support လဲကောင်းကောင်းရခဲ့တယ်။ အကျိုးအမြတ်တစ်ခုထဲအတွက် အလုပ်လုပ်ရတာမျိုးမဟုတ်ဘဲ ကိုယ်လုပ်တဲ့အလုပ်က ပတ်ဝန်းကျင်အတွက်လည်း အများကြီး အကျိုးပြုတာကို မြင်ရတော့ အလုပ်ကိုပိုပြီးစိတ်ဝင်စားလာရင်းကနေပဲ ဆက်လုပ်ဖြစ်ခဲ့တာပါ။

---

“အမျိုးသမီးတွေပေးတဲ့ feedback နဲ့ယှဥ်ရင် အမျိုးသားတွေပေးတဲ့ feedback က ပိုအလေးထားခံရတာမျိုးလည်းကြုံဖူးတယ်။”

အမကိုယ်တိုင်ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေကို ဝေမျှပေးရမယ်ဆိုရင် Customer တွေနဲ့ first meeting တွေကို တစ်ယောက်တည်းသွားတဲ့အခါ မေးတဲ့မေးခွန်းတွေကို ဖြေနိုင်ပါ့မလား၊ technical knowledge တကယ်ရှိပါ့မလား၊ convince လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိတယ်။

Design ပိုင်းနဲ့ပတ်သက်ပြီး အကြံဉာဏ် တွေပေးရင်လည်း မိန်းကလေးတယောက်မို့ သိပ်အလေးမထားတာလည်း ကြုံဖူးပါတယ်။

ဒါမျိုးက ဒီ sector မှာ လုပ်နေတဲ့ တခြား အမျိုးသမီးတွေလည်း ကြုံရမှာပါ။ အရင်တုန်းကဆို traditional ဖြစ်တဲ့ စက်ရုံပိုင်ရှင်တွေက မိန်းကလေးတွေကို ခေါင်မိုးပေါ်မတက်စေချင်ကြမျိုးတောင်ကြုံခဲ့ဖူးတယ်။ အဓိကတော့ မိန်းကလေးဖြစ်တဲ့အတွက် technical skills နဲ့ပတ်သက်ပြီး အမတို့ပြောတာကို သိပ်မယုံတာမျိုး၊ နောက်ပြီးတော့ အမျိုးသားတွေပေးတဲ့ feedback ကိုပိုပြီး အလေးထားတာမျိုးပေါ့နော်။

---

“ကိုယ်တကယ်ဖြစ်ချင်တာကိုပဲ ဦးတည်ထားပါ။”

ဒီအလုပ်ကို စလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် Social norms တွေကို သိပ်ဂရုမစိုက်ဖို့ပေါ့နော်။ ကိုယ်က installation ပိုင်း လုပ်ချင်တာလား၊ project engineer ဖြစ်ချင်တာလား၊ sales engineer လား၊ design and solution ပေးချင်တာလားဆိုတာ ကိုယ်တိုင်သတ်မှတ်ပြီး အဲ့ဒါကိုပဲ တစိုက်မတ်မတ်လုပ်ပါ။

လူတိုင်းရဲ့အတွေးအမြင်တွေကို လိုက်ပြောင်းပေးလို့မရတဲ့အတွက် ကိုယ့်လမ်းကြောင်းကိုပဲ အဓိက focus ထားပါလို့ပြောချင်ပါတယ်။

17/03/2026

ဆိုလာသင်တန်းတွေကနေတစ်ဆင့် လက်တွေ့ ဆိုလာတပ်ဆင်ရေးနေရာတွေအထိ renewable energy sector မှာ အမျိုးသမီးတွေနေရာရလာကြပါပြီ။
မီးပညာရဲ့ ဆိုလာသင်တန်းတွေမှာ တက်ရောက်ခဲ့တဲ့ အမျိုးသမီးသင်တန်းဟောင်းတွေဟာ သူတို့ရဲ့ solar energy ကဏ္ဍကိုစတင်ဝင်ရောက်လာခဲ့ပုံ ခရီးလမ်းလေးတွေနဲ့ ဝင်ရောက်လာပြီးတဲ့နောက်မှာ ရရှိလာတဲ့ အတွေ့အကြုံတွေအကြောင်းကို အောက်ကဗီဒီယိုလေးမှာ ဝေမျှပေးထားပါတယ်။

မီးပညာဟာ မြန်မာနိုင်ငံဆိုလာစွမ်းအင်ကဏ္ဍမှ အမျိုးသမီးတွေ ပိုမိုပါဝင်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းနေလိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးအင်ဂျင်နီယာတစ်ယောက်ကနေ စတင်တည်ထောင်ခဲ့တာပါ။ မီးပညာအနေနဲ့ renewable energy ကဏ္ဍမှာတင်မကပဲ​ ကျန်တဲ့အလုပ်ခွင်တွေမှာပါ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်ဖို့အတွက် ဆက်လက်အားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်။

From training rooms to solar sites, women are claiming their place in Myanmar’s energy sector. In celebration of the week of International Women's Day, female alumni from Mee Panyar share their heartfelt journeys: from gaining essential skills in the renewable energy sector to creating real impact with what they’ve learned.

Founded by a female engineer, Mee Panyar is working to increase women’s participation in Myanmar’s solar industry equipping women with essential skills and opening doors to meaningful job opportunities.
We continue to celebrate women’s roles in renewable energy and beyond.
🤝What you believe, you become🤝

08/03/2026

အရည်အချင်းရှိခြင်းမရှိခြင်းဟာ အမျိုးသား အမျိုးသမီးဆိုပြီး ကွာခြားတာမျိုးမရှိပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ ကျား/မ ခွဲခြားမှုတွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းဆိုတာ ကဏ္ဍတစ်ခုထဲကို ဝင်ရောက်ဖို့ သင်တန်းတွေဖွင့်ပေးတာမျိုးတင်မဟုတ်ဘဲ နည်းပညာဆိုင်ရာ အခန်းကဏ္ဍတွေမှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့၊ အောင်မြင်စွာ ပါဝင်နိုင်ဖို့အတွက်ပါ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ယနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ International Women’s Day 2026 အထိမ်းအမှတ်အနေနဲ့ မီးပညာ (Mee Panyar) ကို တည်ထောင်သူ Natasha Allen နဲ့ အတူ မီးပညာကို စတင်တည်ထောင်ဖို့ ဖြစ်စေခဲ့တဲ့ ကြောင်းရင်းတွေ၊ renewable energy ကဏ္ဍမှာ အမျိုးသမီးတွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

Q: Renewable energy ကဏ္ဍမှာ အမျိုးသမီးတွေအတွက် သင်တန်းတွေကို မီးပညာက ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကိုပြောပြပေးပါ။
A: အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းကတော့ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့အတွေ့အကြုံတွေကြောင့်ပါ။ အမျိုးသမီးအင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဆက်လက်သင်ယူဖို့လမ်းကြောင်းတွေမှာ ပတ်ဝန်းကျင်က ဘယ်လောက်အရေးပါလဲဆိုတာကို ကိုယ်တိုင်သိခဲ့ရလို့ပါ။ တခြား အမျိုးသမီးတွေအတွက်လည်း supportive ဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးချင်တာကြောင့်လည်းပါပါတယ်။
အမျိုးသမီးတွေက နည်းပညာနဲ့ဆိုင်တဲ့အလုပ်အကိုင်တွေကို စိတ်ဝင်စားကြပေမယ့် သင်တန်းတွေ၊ mentorship တွေ လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေရရှိဖို့ အခွင့်အလမ်းတွေ နည်းပါးနေသေးတယ်လို့ ထင်ပါတယ်။ မီးပညာအနေနဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဒီလို အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် တစ်ဆင့်ချင်း ကြိုးစားနေပါတယ်။ သင်တန်းတက်ပြီး energy sector ထဲ ဝင်ရောက်လာဖို့တင်မဟုတ်ဘဲ လက်တွေ့အတွေ့အကြုံတွေ ရရှိနိုင်ဖို့၊ အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးဖို့၊ နောက်ပိုင်းမှာ supervisory နဲ့ leadership ရာထူးတွေအထိပါရောက်ရှိဖို့အတွက် လိုအပ်တဲ့ support တွေဆက်ပေးသွားနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။​

Q: Solar workforce ထဲမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ဘာကြောင့် အရေးကြီးတယ်လို့ ထင်ပါသလဲ?
A: စွမ်းအင်ပြောင်းလဲမှု (energy transition) ဆိုတာ လူတွေကပဲပြုလုပ်ရတာပါ။ လူတွေနဲ့ပဲဆိုင်ပါတယ်။ ဒီစနစ်တွေကို ဘယ်သူတွေ တည်ဆောက်မလဲ၊ ဘယ်သူတွေ ထိန်းသိမ်းမလဲ၊ ကဏ္ဍတိုးတက်မှုကို ဘယ်သူတွေ ပုံဖော်မလဲဆိုတာတွေပါ။
အရည်အချင်းရှိခြင်းမရှိခြင်းဟာ အမျိုးသား အမျိုးသမီးဆိုပြီး ကွာခြားတာမျိုးမရှိပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ ကျား/မ ခွဲခြားမှုတွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းဆိုတာ ကဏ္ဍတစ်ခုထဲကို ဝင်ရောက်ဖို့ သင်တန်းတွေဖွင့်ပေးတာမျိုးတင်မဟုတ်ဘဲ နည်းပညာဆိုင်ရာ အခန်းကဏ္ဍတွေမှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့၊ အောင်မြင်စွာ ပါဝင်နိုင်ဖို့အတွက်ပါ အားပေးကူညီနိုင်ဖို့လိုပါတယ်။
အမျိုးသမီးတွေ technician၊ engineer သို့မဟုတ် supervisor အဖြစ် ရာထူးတစ်ခုရရှိလာတဲ့အခါ energy sector အားကောင်းမှုတွေဖြစ်လာပါတယ်။ ဒီလိုအလုပ်တွေကို လုပ်ဖို့ စဥ်းတောင်မစဥ်းစားဖူးတဲ့ အမျိုးသမီးတွအတွက်ပါ ကောင်းမွန်တဲ့ စံပြဥပမာတွေဖြစ်လာနိုင်ပါတယ်။

Q: Solar energy ကဏ္ဍမှာ အလုပ်လုပ်ဖို့ စဉ်းစားနေတဲ့ အမျိုးသမီးတွေအတွက် ဘာစကားမျှဝေချင်ပါသလဲ?
A: ဘယ်သူမှ အစကတည်းက အရာအားလုံးကို သိပြီး စတင်တာ မဟုတ်ပါဘူး။ လေ့ကျင့်ခြင်းကတစ်ဆင့်၊ စူးစမ်းလိုစိတ်နဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေကနေ အချိန်ကြာလာတာနဲ့အမျှ ရလာတာပါ။ လုပ်ကြည့်ဖို့စိတ်ဝင်စားနေပြီဆိုရင် ပထမခြေလှမ်းတစ်လှမ်းသာစလှမ်းလိုက်ပါ။ Renewable energyကဏ္ဍမှာ လုပ်ငန်းနဲ့အတူ ဆက်စပ်နေတဲ့ community တွေကို အကျိုးပြုမယ့်သူတွေကိုပိုပြီးလိုအပ်နေပါတယ်။ အခုအချိန်မှာလည်း အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ ပိုများလာနေပြီဖြစ်ပါတယ်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon