Ming Go Lar Bar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ming Go Lar Bar, Business service, Yangon.
02/10/2024
ချို့တဲ့ခြင်းတွေ အတွက်လည်း
စိတ်မပျက်ပါဘူး ၊
ပြည့်စုံနေလိုလည်း
မာန်မတတ်ဘူး.
အမှန်တရားပေါ်ကနေ
တည့်တည့်မတ်မတ်ပဲ လျှောက်တယ် ၊
လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် လာတာ ။
ချိုတလည့် ခါးတလှည့် လောကကြီးမှာ
ဘာအတွက်နဲ့မှ စိတ်ခံစားချက်
မထား ''
စိတ်ကို ပေါ့ပါးစွာပဲ လွှတ်ထားတယ် ၊
ဖြစ်ချင်တိုင်း ဖြစ် ပျက်ချင်တိုင်း ပျက်တဲ့
လောကမှာ ၊
ကိုယ့်လမ်း ကိုယ်ပဲ
တည့်တည့်မတ်မတ် လျှောက်တယ် ။
ဘယ်လိုလွှမ်းမိုးမှုအောက်မှာမှ
ငါမရှိဘူး ၊
ကမ္ဘာမြေဟာ
သူ့ဟာနဲ့သူ လည်နေဦးမှာဘဲ ။
22/08/2024
ကဲ့ ခပ်ပြောင်ပြောင်ဘဲနော် 😅😅😅
19/08/2024
သူငယ်ချင်းဖြစ်ဖြစ်
ညီကိုမောင်နှမဖြစ်ဖြစ်
ငါကတော့ဒီလိုနေတယ်
နင်ဒီလိုနေဆိုတာမဖြစ်သင့်ဘူး
လက်တောင်အတိုရှည်မညီ
အခြေနေချင်းလည်းမတူ
ပတ်ဝန်းကျင်လည်းမတူ
စိတ်ခံစားချက်လည်းမတူတာ
ကိုယ်ကြိုက်တာကိုယ်လုပ်မှာပဲ
feelချင်လည်းfeelမယ်
ငိုချင်လည်းငိုမယ်
ဟာသတင်ချင်လည်းတင်မယ်
ကိုယ်ကြိုက်တာကိုယ်လုပ်မယ်
သူများကိုကြည့်ပြီးလိုက်ပြော
နေရအောင်ခေါင်းထဲမထည့်နိုင်ဘူး
ကိုယ့်ဘာသာကိုယ်တာခေါင်းထဲ
ထည့်စရာတစ်ပုံကြီး
ခံယူချက်ချင်းမတူလို့
တစ်ယောက်ကိုတစ်ယောက်
ဘလိန်းစရာမလိုဘူး
သေရင်တောင်တစ်ယောက်ထဲသွားရတာ
ကိုယ်စိတိတိုင်းကျကိုယ်ပိုက်ဆံနဲ့
ကိုယ်လိုင်းသုံးတာ
နင်ကဘယ်လိုနေငါကဘယ်လိုနေ
သွားလုပ်မရဘူး
ကိုယ်ခံယူချက်နဲ့ကိုယ်ပဲ
မုန်းလည်းဂရုမစိုက်ဘူး
သူတို့မုန်းအောင်ကိုယ်မနေထားဘူး
ကိုယ်ပျော်ရွင်မူဖြစ်ဖြစ်
ဝမ်းနည်းမူဖြစ်ဖြစ်
သူများကိုမထိခိုက်ရင်ကိုယ်မှန်တယ်
စိတ်မပါရင်ဟန်ဆောင်ပြီးတောင်
မပေါင်းသင်းတက်တဲ့လူမျိုးမို့
လူမုန်းများတယ် ရင်ထဲမပါရင်
မန့်တစ်ကြောင်းတောင်
ဟန်ဆောင်မရေးဘူး
24/12/2023
" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "
၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။
၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။
၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။
၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။
၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။
၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။
၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။
၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။
၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။
၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။
၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။
၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။
၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။
၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။
၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။
၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။
၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။
Credit
24/12/2023
ကားအသေးကမြန်မာနိုင်ငံမှာအရင်ထဲကခေတ်စားခဲ့တာပါ။ ၁၉၇၀ - ၈၀ အထိရန်ကင်းသူဌေးအချို့ Morris Minor နဲ့ VW လိပ်ခုံးကားစီးကြတာ မြင်ဖူးတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒပြောင်းလဲပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဂျပန်ကားဟောင်း အစုအပြုံလိုက်ဝင်လာခဲ့တယ်။ အများအားဖြင့်အင်ဂျင်ပါဝါသေးတဲ့ FIT, VITZ, SWIFT ကားအသေးများပါတယ်။
အနောက်နိုင်ငံထုတ်တဲ့ Counsel, Hillman, Vauxhall, Land Rover ကားကြီးကြားထဲမှာလိပ်ခုံးခေါ်တဲ့ Volkswagen Beetle ကားလေး အရင်က အရမ်းစတိုင်ကျခဲ့ပါတယ်။ ရန်ကင်းကျနော်တို့အိမ်နားက လေယာဉ်ကပ္ပတိန်တယောက် ရဲ့ Mini Minor ကားလိမ္မော်ရောင်အရမ်းလှလို့ ကလေးဘဝက ကားကိုခဏခဏသွားချောင်းကြည့်ဖူးတယ်။ ၁၉၆၅-၇၀ နောက်ပိုင်းဂျပန်နိုင်ငံကလေးဘီးခေါ်တဲ့ Mazda B360 ကားလေးရန်ကုန်မြို့လမ်းမပေါ်ရောက်လာပြီးနောက်ပိုင်းအနောက်နိုင်ငံထုတ် အင်ဂျင်ပါဝါသေးတဲ့ ကားလေးစျေးကွက်အခြေအနေပြောင်းလဲသွားခဲ့တယ်။
မဆလခေတ်မှာလုပ်ငန်းအကုန် မဆလစစ်အာဏာရှင်အကုန်ချုပ်ကိုင်ခဲ့တယ်။ ငံပြာရည် စက်ရုံလည်း အစိုးရပိုင်၊ စက္ကူမီးခြစ်စက်ရုံလည်းအစိုးရပိုင်၊ တက္ကစီဆွဲလုပ်ငန်းလည်းအစိုးရပိုင်။ ဒါပေမဲ့ ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ၈ မိုင်လမ်းဆုံက မြိုင်ဟေဝန်ပန်းခြံနေရာမှာ RTC (Road Transport Corp) ခေါ်တဲ့ မဆလအစိုးရကားအငှားလုပ်ငန်းကြီးရဲ့တက္ကစီကားထားတဲ့ကားဝန်းရှိခဲ့ပါတယ်။
မဆလအစိုးရ တက္ကစီဆိုတာ လေးဘီးနဲ့ဘိုးဘိုးအောင်ခေါ်တဲ့ မဇဒါဖယ်မလီယာ (Mazda Familia) ကားနဲ့ဆွဲတာပါ။ ကားအပြာရောင်မှာ ပန်းရောင်အစင်းကြားဆင်တူ။ လေးဘီးကားခေါ်တဲ့ MAZDA B360 B600 ဟာ မြန်မာ့ကားလောကမှာနှစ်သုံးဆယ်ကျော် အဓိကမင်းသားနေရာမှာရှိခဲ့တယ်။ B600 လေးဘီးကားကိုမြန်မာနိုင်ငံမှာ မဆလခေတ်စက်မှု (၂) နဲ့ ပေါင်းပြီး ၁၉၉၀ အထိထုတ်လုပ်ခဲ့တယ်လို့ မာဇဒါကားကုမ္ပဏီစာရင်းမှာဖေါ်ပြထားတယ်။
MAZDA D1500, E2000 E800 Light Truck ကို ၁၉၆၃ ခုနှစ်ကမြန်မာနိုင်ငံမှာ စတင်ထုတ်လုပ်ခဲ့တယ်။ အထူးသဖြင့်အစိုးရရုံး မဆလပါတီနဲ့စစ်တပ်အတွက်ပါ။ မဇဒါလေးဘီး B360 ကိုဂျပန်စျေးကွက်အတွက် ၁၉၆၁ မှာမဇဒါကားကုမ္ပဏီကထုတ်လုပ်ခဲ့တယ်။ ပထမ Mazda R360 ခေါ်တယ်။
Mazda B360 အချက်အလက်အချို့
- 356 cc
- Air Cooled
- Two Cylinder
- OHC 4 stroke
- Petrol Engine
- 13HP
- 4 speed manual gear
နောက်မိုဒယ်အသစ် လေးဘီးမှာ အင်ဂျင် 358 cc, water cooled, 20HP ဖြစ်ပါတယ်။ ၁၉၉၀ wkef;က လေးဘီးဗင်တစ်စီးသုံးသောင်းနဲ့ဝယ်ခဲ့ဖူးတယ်။ ဗိုလ်ချုပ်စျေးမှာကားစက်သံမမှန်လို့ စက်ဖုံးဖွင့်ကြည့်တော့ပလပ် ၂ လုံးလုံးအပြင်ကိုပြုတ်ထွက်နေတယ်။ ပစ္စတင်စလစ် (Piston Sleeve) ပြန်ရိုက်ထားတာ မသပ်ရပ်တဲ့လေးဘီးဝယ်မိတာပါ။ မနည်းပြန်ရောင်းရတယ်။
လေးဘီးကားက ကျနော်တို့ဘဝတစိတ်တပိုင်းမက ဖြစ်ခဲ့ဖူးတယ်။ အရင်ကအိမ်မှာ နံပတ်အနီပစ်ကပ်လေးဘီးလေးရှိတော့ အဖေ့အလစ်ညပိုင်း ခဏခဏခိုးမောင်းဘူးတယ်။ လေးဘီးအင်ဂျင်သံကိုနားထဲ ခုထိစွဲနေတယ်။ ဟမ်းဂီယာညာမောင်း။ ညသန်းခေါင်မှကားကိုတိတ်တိတ်လေး သူ့နေရာသူပြန်ထား၊ ရန်ကင်းရဲစခန်းဟောင်းရှေ့"ငြိမ်းချမ်းရေး" လက်ဖက်ရည်ဆိုင်တဝိုက် ရပ်စရာနေရာအများကြီး ခုလိုမဟုတ်။ အဲ့တုန်းက ကားခိုးမောင်းတာအဖေကသိပေမယ့် မသိချင်ယောင်ဆောင်ခဲ့မှန်း ကြီးမှသိရတာ။
ည ၉ နာရီ ၁၀ နာရီ ရန်ကင်းလမ်းမပေါ် လူရောကားရော မရှိတော့ဘူး။ တစ်ခါတလေနာရီဝက်ခြားမှရောက်လာတတ်တဲ့ မထသဘတ်စ် (၃၆)ပဲရှိတယ်။ ညဉ့်နက်ရင်ကီလီသွားတဲ့စျေးကားဒေါ့ဂျစ်ပဲရှိတယ်။ လေးဘီးကိုရ န်ကင်းကျောက်ကုန်းလမ်းကြိုလမ်းကြားလျှောက်မောင်းခဲ့တယ်။ ကျိက္ကဆံကွင်းပြည်ထောင်စုပွဲ၊ ရန်ကင်းရွာဘုရားမိုးကောင်းဘုရားပွဲ၊ ဟိုနားဒီနား ကောင်မလေးအိမ်နားအစုံပါပဲ။
ရေးသားသူ - လွင်ဦး (ရန်ကင်း)
24/12/2023
ကျနော်တို့ ငယ်စဉ်တုံးက ရပ်ကွက်သူ ရပ်ကွက်သား
အိမ်နားနီးခြင်းများဟာ တစ်ဦးနဲ့ တစ်ယောက်
ယုံကြည် ရင်းနှီးမှုနဲ့ အတူတကွ နေထိုင်ခဲ့ကြပါတယ်
ခြံစည်းရိုးလေးတောင် ကာမထားခဲ့ကြပါ
မသကာ ပုန်နရိပ်အပင်လေးတွေနဲ့သာနယ်နမိတ်
သတ်မှတ်ခဲ့ကြပါလေတယ်
တံခါးတွေက ဟောင်းလောင်း
သော့မခတ်
သို့ပေတည့် အပျောက်အရှမရှိ
မယ်တင့်ရေ ခရမ်းချင်သီး နှစ်လုံးလောက် ခဏချေးအေ
စျေးပြန်မေ့ခဲ့လို့ ဆီတစ်ပုလင်းလောက် မျှပေးစမ်းပါ့
မစိန်လုံးရေ
(ဂရိုက်မစ်ချာ ပုလင်းနဲ့)
ငရုပ်သီးမှုန့် တစ်ခပ်စာလောက် ပေးစမ်းပါ
ကိုတင်အေးရေ
ဧည့်သည်လာလို့ ကြွေပုဂံနှစ်ချပ် ပေးစမ်းပါဦး
အမေကြိုင်ရေ
ဟင်း ဆီသပ်ခါနီး အော်ကြသေး
'' ညှော်ကြမယ်ဗျို့ ''
မလွင်ရေ ငါ ပြည့်သူ့ဆိုင် ဆန်သွားထုတ်မလို့
အိမ်ဖက်တစ်ချက် ကြည့်ပေးစမ်းပါ
မိတိုး ရေ နင့်သား ဗန်ဒါပင်ပေါ် တက်ဆော့နေလို့
ငါ ငေါက်ခဲ့တယ်
မိစန်း ညီးသမီး စျေးပိုင်းက ပြာကလပ်စိန်တွေနဲ့
ရောနေတယ်နော ပြောထားလိုက်ဦး
ရပ်ဆွေ ရပ်မျိုး ဆိုတာ ဒါမျိုးပေါ့ဗျာ
အခြင်းခြင်း တစ်အူတုံဆင်းတွေလို
ထိမ်းကြောင်းတည့်မတ် မှုတွေနဲ့
အခုများတော့
ဘေးအိမ်ကလူ ဘယ်သူမှန်းမသိ
အိမ်သော့တွေ အထပ်ထပ်ခတ်လို့ရယ်
စိုးထိတ်ဗျာဘာဒ တွေနဲ့ ရှင်သန်နေထိုင်နေကြရ
လွမ်းမိပါသေး ငယ်ဘဝလေး။
06/12/2023
03/12/2023
ကျုပ်တို့တောမှာ စပါးထည့်ဖို့အတွက် ပုတ်ကို အဲဒီလို
နောက်ချေး(နွားချေး)သုတ်ရတယ်ဗျို့ 🤗
03/12/2023
သိပ်ကိုကောင်းတဲ့ ဥပမာ
ကိုယ်က ဘယ်လောက်ဖြောင့်ဖြောင့်
ကိုယ့်ကို လက်ခံမယ့် မျက်နှာပြင်က
ကောက်နေမယ်ဆိုရင်.....
အဖြောင့်ရဲ့ပုံရိပ်က
အကောက်ပဲထင်ပါတယ်
ဒါကြောင့်တခါတလေ ကိုယ်က
အကောင်းပြောပေမယ့်
ကိုယ့်အပေါ်တမျိုးထင်လျှင်...
လက်ခံတဲ့မျက်နှာပြင် က
ကောက်နေတယ် လို့ ပဲမှတ်လိုက်ပါ ။
29/11/2023
😂😂😂
ဒေါသကို မဟာဗျူဟာကျကျ ကိုင်တွယ် အသုံးချပါ။
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•
-ယမ်းပုံမီးကျ ဒေါသထွက်ခြင်းသည်လည်း မကောင်း။
-ဒေါသကို ဇွတ်အတင်းမျိုသိပ်ပစ်ရင်လည်း မကောင်း။
-ကိုယ်ကို ငတုံး၊ ငအ၊ အသုံးမကျတဲ့အကောင်လို့ ဆဲဆို
နေတာကို စိတ်မဆိုးရင်လည်း စိတ်ကျန်းမာရေးနဲမညီ။
-အလုပ်မှာဒေါသမထိမ်းရင်လည်း အန္တရာယ်ရှိ။
-ဒေါသကိုမျိုသိပ်ရတာများရင်လည် ခေါင်းကိုက်၊ ခါးနာ၊
ဇက်လေး၊ အလိုမပြည့်၊ စိတ်ကျ၊ အိပ်မပျော်။
-မမျှမတဆက်ဆံ ခံရမှုတိုင်းကိုလည်း ယမ်းပုံမီးကျ
ပေါက်ကွဲခြင်း မပြုဖို့ အကြံပြုလို။
- စိတ်ဆိုးခဏခဏရန်ဖြစ်တဲ့လင်မယား ပြန်ပြန်ချစ်တတ်။အန္တရယ်ရှိတဲ့အပြုအမူများမည်သို့ကိုင်တွယ်ရမည်ကို၄င်းတို့သိ။
-နာတာရှည် ဒေါသထွက်၊ စိုးရိမ်၊ စ်ိတ်ပျက်ဖြစ်နေခြင်း
ယင်းဖြစ်ရပ်များကို တနှုံ့နှုံ့တွေးနေခြင်းသည် စိတ်ကျန်းမာရေးအတွက် မကောင်း။
•ဒေါသကို မဟာဗျူဟာ ကျကျဖော်ပြပါ
++++++++++++++++++++++++
ဒေါသထွက်စရာ ဖြစ်ရပ်များကြုံမယ်ဆိုပါက အောက်ပါ
မေးခွန်းများ သင့်ကိုသင်မေးပါ။
-ငါ ဒီလောက်ယမ်းပုံမီးကျ ဒေါသဖြစ်ဖို့လိုလို့လား။
-ငါဒေါသထွက်ခြင်းဟာ လျော်ကန် ထိုင်တန်ရဲ့လား။
-ဒီလိုဒေါသထွက်လို့ ငါ့အတွက် ဘာထူးခြားလာမှာမို့လဲ။
ဒီမေးခွန်းတွေရဲ့ အဖြေဟာ No လို့ဖြစ်ခဲ့ရင်
-စိတ်ကိုလျော့ချလိုက်ပါ။
-မျက်လုံးမှိတ်၊ နှာသီးဖျားက ဝင်လေထွက်လေမှတ်ပါ။
-စိတ်ပြေလက်ပျောက်လမ်းလျောက်ထွက်ပါ။
-သူငယ်ချင်း၊ ချစ်သူ၊ နားထောင်ပေးမည့်သူထံရင်ဖွင့်ပါ။
•ဒေါသတို့ကို မျိုချမပစ်ပါနှင့်။
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon