Pulse & Purpose
Pulsing with the Purpose of Medical and Life Sciences
ကလေးငယ်လေးတွေရဲ့ (Emotional IQ) မြင့်မားအောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်း(၇) ချက် 💕
23/06/2026
Placenta လို့ခေါ်တဲ့ အချင်းက မိခင်နဲ့ကလေးကို ဆက်သွယ်ပေးထားတယ်ဆိုတာ ဟုတ်လား မဟုတ်လား ဆိုတဲ့ အဖြေမှန်လေးကိုသိရင် ဖြေကြည့်ခဲ့ကြဦးနော် မေမေတို့ရေ……🤰💕
21/06/2026
𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐠𝐚 𝐃𝐚𝐲🩵✨
ဇွန်လ (၂၁) ရက်နေ့ “International Yoga Day” မှာ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကြားကနေ ခဏတာအနားယူပြီး စိတ်ရော ကိုယ်ပါ Balance ဖြစ်စေဖို့ အချိန်ပေးလိုက်ရအောင်….🫶🏻🍃
ယောဂလေ့ကျင့်ခြင်းက
🧘 ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေခြင်း
🧘 စိတ်ဖိစီးမှုများ လျှော့ချပေးခြင်း
🧘 စိတ်တည်ငြိမ်အေးချမ်းစေခြင်း
🧘 Healthy Lifestyle တစ်ခု ဖန်တီးပေးခြင်းတို့အတွက် အထောက်အကူပြုနိုင်ပါတယ်။
စိတ်ရော ကိုယ်ပါ ကျန်းမာနုပျိုတဲ့ Healthy Lifestyle ကို အတူတူ ဖန်တီးကြရအောင်…..✨
21/06/2026
“အဖေများနေ့”❤️✨
အဖေဆိုတာ သားသမီးတွေရဲ့ လိုအင်ဆန္ဒတွေကို နောက်ကွယ်ကနေ အမြဲဖြည့်ဆည်းပေးတဲ့သူတွေ ဖြစ်ပေမယ့် ကျေးဇူးတင်ဖို့အတွက် မေ့လျော့ခံရတဲ့သူတွေပါ…
ဒါကြောင့် ဒီနေ့ကျရောက်တဲ့ “အဖေများနေ့” ကစပြီးတော့ အဖေ့ရဲ့ကျေးဇူးတွေကို အမြဲသတိရပြီး ချစ်ခင်ဂရုစိုက်ကြဖို့ မမေ့ကြပါနဲ့နော်…
ကမ္ဘာပေါ်မှာရှိတဲ့ အဖေများအားလုံးလည်း မိသားစုနဲ့အတူ သက်ရှည်ကျန်းမာစွာနေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်….
18/06/2026
ကလေးငယ်လေးရဲ့ ကမ္ဘာကြီး အရောင်တွေခြယ်လာတဲ့နေ့ 🩵🩷❤️🧡💚
=====================================
မေမေတွေအနေနဲ့ ကိုယ့်ရဲ့ ဘေဘီလေးက ဘယ်အချိန်မှာ သေချာမြင်နိုင်ပြီလဲ၊ မှတ်မိနိုင်ပြီလဲဆိုတာကို သိချင်ကြမှာပေါ့နော်။ မွေးကင်းစကလေးငယ်လေးတွေက မွေးဖွားပြီးခါစမှာတင် မြင်နိုင်တယ်ဆိုပေမယ့် အမြင်အာရုံက အတော်လေး ဝါးနေတတ်ကြပါသေးတယ်။ သန္ဓေသားဘဝ ကိုယ်ဝန် ၂၇ ပတ်အရွယ်ကတည်းက မျက်လုံးစဖွင့်နိုင်ပြီး အလင်းရောင်တွေကို စတင်တုံ့ပြန်နိုင်နေပြီ ဖြစ်ပါတယ်။
🫶🏻ကလေးငယ်တွေ ဘယ်အချိန်မှာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး အရောင်တွေကို မှတ်မိနိုင်လဲ?
မွေးကင်းစကလေးငယ်တွေကတော့ ရှင်းရှင်းလင်းလင်း မမြင်ရသေးပေမယ့် အလင်း၊ လူမျက်နှာတွေ၊ ကြီးမားတဲ့ အသွင်သဏ္ဍာန်တွေနဲ့ လှုပ်ရှားမှုတို့ကိုတော့ မှတ်မိနိုင်ပါတယ်။ မွေးစမှာ မြင်နိုင်စွမ်းရှိပေမယ့် ဦးနှောက်ကတော့ အမြင်နဲ့ ဆိုင်တဲ့အချက်အလက်တွေကို အပြည့်အဝလုပ်ဆောင်ဖို့ အသင့်မဖြစ်နေသေးပါဘူး။ အသက် ၈ လအရွယ်မှာတော့ အတော်အသင့် ရှင်းရှင်းလင်းလင်း မြင်နိုင်လာပါလိမ့်မယ်။
🫶🏻မွေးကင်းစကလေးငယ်တွေက ဘယ်လောက်အကွာအဝေးထိ မြင်နိုင်လဲ?
မွေးကင်းစကလေးငယ်တွေက ၈ လက်မကနေ ၁၂ လက်မအကွာအထိပဲ အကောင်းဆုံး မြင်နိုင်ပါတယ်။ ဒါက သူတို့ကို ပွေ့ချီပြီး နို့တိုက်နေချိန် မေမေ့ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်တဲ့ အကွာအဝေးလောက်ပါပဲ။ ကိုယ့်မျက်နှာက ကလေးအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးအရာဖြစ်တဲ့အတွက် မျက်နှာချင်းဆိုင် အချိန်များများ ပေးသင့်ပါတယ်။
▪️အသက် ၁ လအရွယ် ဒီအရွယ်မှာဆိုရင်တော့ ကလေးက ၈ လက်မကနေ ၁၂ လက်မအကွာအထိ မြင်နိုင်ပါတယ်။ တစ်ခါတလေမှာ အကြည့်တွေက စွေနေတာမျိုးလေးတွေ ဖြစ်နေနိုင်သေးပေမယ့် ဖြည်းညှင်းစွာ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေကိုတော့ စတင်ကြည့်နိုင်စွမ်း (tracking) ရှိနေပါပြီ။
▪️အသက် ၂ လအရွယ် ၁၈ လက်မအကွာအထိ လူတွေနဲ့ အရာဝတ္ထုတွေကို မြင်နိုင်ပြီး လှုပ်ရှားမှုတွေကို လိုက်ကြည့်နိုင်ပါပြီ။ ဒီအရွယ်မှာ လက်နဲ့မျက်လုံး ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်း (hand-eye coordination) စတင်ပေါ်ပေါက်လာတာကြောင့် အရာဝတ္ထုတွေဆီကိုတောင် လက်လှမ်းမှီတတ်လာပါပြီ။အမြင်အာရုံ ဖွံ့ဖြိုးမှု ဆက်လက် တိုးတက်လာတာနဲ့အမျှ ကလေးရဲ့ မျက်လုံးက တစ်ဖက်ကို စွေနေတာမျိုးဖြစ်နေနိုင်ပေမယ့် ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် မျက်လုံးတစ်လုံးက အမြဲတမ်း အတွင်းဘက် သို့မဟုတ် အပြင်ဘက်ကို အမြဲစူးနေစွေနေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ မျက်လုံးကြွက်သားထိန်းချုပ်မှုဆိုင်ရာ ပြဿနာဖြစ်နိုင်တာကြောင့် ကလေးအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။
▪️အသက် ၃ လမှ ၄ လအရွယ် ဒီအရွယ်မှာဆို ကလေးက အရောင်ကို စတင်ခွဲခြားလာနိုင်ပြီး သေးငယ်တဲ့ အရာဝတ္ထုတွေကို အာရုံစိုက်နိုင်လာပါပြီ။ အသက် ၄ လမှာ အနီးအဝေး အာရုံခံစွမ်းရည် (depth perception) စတင်ဖွံ့ဖြိုးလာပါတယ်။ ကလေးငယ်က သူအကျွမ်းတဝင်ရှိတဲ့သူ၊ မြင်နေကြသူတွေနဲ့ အရာဝတ္ထုတွေကို မှတ်မိလာနိုင်ပါတယ်။ တောက်ပတဲ့ အခြေခံအရောင်တွေ (primary colors) နဲ့ ပိုမိုအသေးစိတ်ကျတဲ့ ဒီဇိုင်းတွေကို နှစ်သက်လာတတ်ပါတယ်။
🫶🏻ကလေးငယ်တွေ အရောင်တွေကို ဘယ်အချိန်မှာ မြင်နိုင်လဲ?
ကိုယ်ဝန် ၃၄ပတ် ဝန်းကျင်ခန့်လောက်မှာ သန္ဓေသားလေးက (သားအိမ်အတွင်းနံရံရဲ့ အရောင်ဖြစ်တဲ့) ပထမဆုံး အနီရောင်ကို စတင်သိမြင်လာပါတယ်။ အသက် ၂ လကနေ ၃ လခန့်လောက်မှာတော့ အမြင်အာရုံက အရောင်တွေကို ခွဲခြားနိုင်လောက်အောင် ကောင်းမွန်လာပြီး အထူးသဖြင့် အနီရောင်နဲ့ အစိမ်းရောင်တို့ကို သေချာခွဲခြားလာနိုင်ပါပြီ။ ဆင်တူတဲ့အရောင်တွေ (သို့) အရောင်ဖျော့ဖျော့တွေကိုတော့ မခွဲခြားနိုင်သေးပါဘူး။ အသက် ၅ လကနေ ၈ လခန့်လောက်မှာဆိုရင်တော့ ကလေးက အရောင်ဖျော့တာလေးတွေထက် အရောင်တောက်တောက်လေးတွေကို ပိုပြီးကြိုက်လာတတ်သလို အရောင်အသွေးတွေကိုလည်း ကောင်းမွန်စွာ ခွဲခြားနိုင်နေပါပြီ။
🫶🏻ကလေးငယ်တွေ ဘယ်အချိန်မှာ အာရုံစိုက်နိုင်ပြီး အရာဝတ္ထုတွေကို လိုက်ကြည့်နိုင်လဲ ?
▪️အသက် ၁ လမှာ ၈ လက်မ မှ ၁၂ လက်မ အကွာအဝေးအတွင်းက အရာဝတ္ထုတွေကို အာရုံစိုက်နိုင်ပြီး ဖြည်းညှင်းစွာ ရွေ့လျားနေတဲ့အရာတွေကို စတင်လိုက်ကြည့်နိုင်ပါတယ်။
▪️အသက် ၃ လမှာ အာရုံစိုက်နိုင်ခြင်း၊ လိုက်ကြည့်နိုင်ခြင်း၊ လက်နဲ့ မျက်လုံး ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်းကို အသုံးပြုပြီး အရာဝတ္ထုတွေဆီကို လက်လှမ်းမှီဖို့အတွက် ကြိုးစားနိုင်လာပါပြီ။
▪️အသက် ၅ လကနေ ၈ လခန့်လောက်မှာတော့ အနီးအဝေး အာရုံခံစွမ်းရည် (depth perception) အပြည့်အဝဖွံ့ဖြိုးလာပြီး အာရုံစိုက်ခြင်း၊ လိုက်ကြည့်ခြင်းတို့က လက်နဲ့မျက်လုံး ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်းနဲ့ ပေါင်းစည်းသွားကာ အရာဝတ္ထုတွေကို သေသေချာချာ လှမ်းကိုင်နိုင်လာပါပြီ။
📌သတိပြုရန်
တကယ်လို့ မိမိရဲ့ကလေးက အသက် ၄ လအရွယ်မှာ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေကို လိုက်မကြည့်တာ၊ မျက်လုံးတစ်လုံး (သို့မဟုတ်) မျက်စိတစ်စုံလုံးက ရွှေ့ဖို့ အခက်အခဲရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အခုဆိုရင်တော့ မေမေတို့အနေနဲ့ ကိုယ့်ရဲ့ ဘေဘီလေးက ဘယ်အချိန်မှာ သေချာမြင်နိုင်ပြီလဲ၊ မှတ်မိနိုင်ပြီလဲဆိုတာကို သိသွားလောက်ပြီလို့ ထင်ပါတယ်။
နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…
📌 Reference:
https://www.babycenter.com/baby/newborn-baby/when-will-my-baby-see-clearly_1368493
𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖိုအတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE
🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon
🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/
💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦
#ကလေးငယ်အမြင်အာရုံ #ကိုယ်ဝန်ဆောင်ကျန်းမာရေး
16/06/2026
ကိုယ်ဝန်ဆောင်စဉ် “မိန်းမကိုယ်နာကျင်မှု” က ဘေးကင်းရဲ့လား ?🤔🤰
ကိုယ်ဝန်ဆောင်ခြင်းဟာ မေမေတို့အတွက် ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်တစ်ခုဖြစ်သလို၊ တစ်ခါတရံမှာ မထင်မှတ်တဲ့ ဝေဒနာတွေကိုပါ ယူဆောင်လာတတ်ပါတယ်။ အထူးသဖြင့် မိန်းမကိုယ်တစ်ဝိုက်မှာ ဖြစ်ပေါ်လာတဲ့ ဖိအားများခြင်း၊ ညောင်းညာမှုနဲ့ နာကျင်ကိုက်ခဲမှုတွေဟာ စိုးရိမ်ပူပန်မှုတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။
“ဒါက ပုံမှန်ပဲလား... ဒါမှမဟုတ် တစ်ခုခု မှားယွင်းနေပြီလား” ဆိုတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။ တကယ်တော့ ဒီလက္ခဏာဟာ ကိုယ်ဝန်ဆောင်မိခင် တော်တော်များများ ကြုံတွေ့ရတတ်ပြီး အများစုက ပူပန်စရာ မလိုပါဘူး။ ဘယ်အရာတွေက ဒီဝေဒနာကို ဖြစ်စေလဲ၊ အိမ်မှာကိုယ်တိုင် ဘယ်လိုသက်သာအောင် လုပ်လို့ရလဲ၊ နောက်ပြီး ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်နော်။
💫ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်တစ်ဝိုက် ဘာကြောင့် နာကျင်ရတာလဲ?
ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်တစ်ဝိုက်မှာ ဖိညှစ်ခံရသလို ညောင်းညာကိုက်ခဲတာဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ကလေးကြီးထွားလာမှုနဲ့အတူ ခန္ဓာကိုယ်က နေရာချဲ့ရင်း အရွတ်တွေ၊ ကြွက်သားတွေ ဆန့်ထွက်ရတဲ့ သဘာဝအလျောက်ဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။
💫အဖြစ်များတဲ့ အကြောင်းရင်းများ
▪️သားအိမ်တွဲဆက်အရွတ် နာကျင်ခြင်း (Round Ligament Pain): ဒုတိယသုံးလပတ် (Second Trimester) မှာ အဖြစ်များပြီး ဝမ်းဗိုက်ဘေးမှ ပေါင်ရင်းအထိ ဆူးချွန်နဲ့ထိုးသလို (သို့မဟုတ်) ဆွဲဆန့်ခံရသလို ခံစားရတတ်ပါတယ်။
▪️တင်ပါးဆုံအဆစ် ချောင်ခြင်း/နာကျင်ခြင်း (SPD – Symphysis P***s Dysfunction)
▪️မိန်းမကိုယ် ပိုးဝင်ခြင်း နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (STDs) ကြောင့် နာကျင်ခြင်း
▪️သားအိမ်အသားပို (Fibroids): ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းပြောင်းလဲမှုကြောင့် သားအိမ်နဲ့အတူ အသားပိုများ ကြီးထွားလာပြီး နာကျင်မှုဖြစ်စေခြင်း
💫ဘယ်အချိန်မှာ အဖြစ်များလဲ?
များသောအားဖြင့် ဒုတိယသုံးလပတ်နှောင်းပိုင်း (သို့မဟုတ်) တတိယသုံးလပတ်အစောပိုင်းတွေမှာ အဖြစ်များတတ်ပါတယ်။ သားဦးကိုယ်ဝန်မဟုတ်တဲ့ မေမေတွေမှာဆိုရင်တော့ ဒီနာကျင်မှုကို ပိုပြီး စောစောစီးစီး ခံစားရနိုင်ပါတယ်။
💫သက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းများ
အောက်ပါနည်းလမ်းလေးတွေကို ပြုလုပ်ပေးမယ်ဆိုရင် မိန်းမကိုယ်တစ်ဝိုက် နာကျင်ညောင်းညာတာကို သက်သာစေနိုင်ပါတယ် -
▪️ကိုယ်ဝန်ဆောင်ခါးပတ် (Maternity Support Belt) ဝတ်ဆင်ခြင်း
▪️ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ စိမ်ချိုးခြင်း
▪️ပေါ့ပါးသော လေ့ကျင့်ခန်းလုပ်ပေးခြင်း (ဥပမာ - ၁၅ မိနစ်မှ မိနစ် ၃၀ အထိ လမ်းလျှောက်ပေးခြင်း)
▪️ယောဂနှင့် အကြောဆန့်လေ့ကျင့်ခန်း (Yoga & Stretching) များ ပြုလုပ်ခြင်း
▪️ကာယကုထုံးခံယူခြင်း (Physical Therapy) နှင့် ▪️ကိုယ်ဝန်ဆောင် အထူးပြု ကျောရိုးကုထုံး (Prenatal Chiropractic Care) ပြသခြင်း
▪️ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်း (Prenatal Massage) - ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးလေ့ကျင့်ထားသော ကျွမ်းကျင်သူထံမှ ညင်သာသော နှိပ်နယ်မှုခံယူခြင်း
💫ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ?
ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်နာကျင်မှုဟာ များသောအားဖြင့် ပုံမှန်ဖြစ်စဉ်တစ်ခုဆိုပေမယ့် အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေဖြစ်တဲ့ -
▪️ပုံမှန်မဟုတ်တဲ့ အရည်ကြည်များ ဆင်းခြင်း သို့မဟုတ် ရာသီသွေးဆင်းသလို သွေးဆင်းခြင်း၊
▪️အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊
▪️ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ စတာတွေ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ် “မိန်းမကိုယ်နာကျင်မှု” က ဘေးကင်းရဲ့လား ဆိုတာကို သေချာသိသွားလောက်ပြီလို့ ထင်ပါတယ်။ ဖော်ပြပါ သက်သာစေမယ့် နည်းလမ်းတွေကို လိုက်နာခြင်းဖြင့် မေမေတို့ ကျန်းမာသန်စွမ်းတဲ့ ရင်သွေးလေးတွေ မွေးဖွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။
နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…
📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.thebump.com/a/vaginal-pain-during-pregnancy
𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE
🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon
🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/
💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦
#မိန်းမကိုယ်နာကျင်မှု #ကိုယ်ဝန်ဆောင်မိခင်
ကိုယ်ဝန်ဆောင်ချိန်မှာ ယားယံတာ ဘာကပုံမှန်လဲ၊ ဘာက ပုံမှန်မဟုတ်တာလဲ?🤔👋🏻
14/06/2026
𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲 🩸
၂၀၂၆ခုနှစ်၊ ဇွန်လ(၁၄) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့သွေးလှူရှင်များနေ့” မှာ အသက်ပေါင်းများစွာကို ကယ်တင်ပေးနေကြသော သွေးလှူရှင်များအား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်ရှင့်…❤️
“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့စာလေးအတိုင်း သွေးလှူဒါန်းခြင်းဟာ လူနာတွေရဲ့ အသက်တွေကို ကယ်တင်နိုင်တာကြောင့် မွန်မြတ်သောအလှူဒါန တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့် မိမိရဲ့ မွန်မြတ်သန့်စင်သော သွေးဖြင့် အသက်ပေါင်းများစွာကို ကူညီကယ်တင်ပေးကြပါစို့…..
#သွေးလှူဒါန်းခြင်း
13/06/2026
မီးဖွားပြီးနောက် ကိုယ်အလေးချိန် မကျဘဲ တက်လာခြင်းအကြောင်း သိကောင်းစရာ 🩵✨
====================================
ကိုယ်အလေးချိန်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်ပေမယ့် မေမေတို့အနေနဲ့ ကလေးမွေးပြီးချိန်မှာ အရင်လို သွယ်လျကျန်းမာတဲ့ ခန္ဓာကိုယ်လေးကို ပြန်လည်ပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ။ ပျမ်းမျှအားဖြင့် ကလေးမွေးပြီးချိန်မှာ (ကလေး၊ အချင်းနဲ့ ရေမြွှာရည် အလေးချိန်များကြောင့်) ၁၃ ပေါင်ခန့် ချက်ချင်း လျော့ကျသွားတတ်ပေမယ့် ကိုယ်ဝန်မဆောင်ခင်က ကိုယ်အလေးချိန်ကို ပြန်ရောက်ဖို့ကတော့ ၆ လကနေ ၁ နှစ်အထိ အချိန်ယူရတတ်ပါတယ်။
💫ကိုယ်အလေးချိန် ချက်ချင်းမကျတာ ပုံမှန်ပဲလား?
ပုံမှန်ပါပဲ။ ကလေးမွေးပြီး ၆ လအကြာမှာ မိခင်အများစုဟာ ကိုယ်ဝန်မဆောင်ခင်ကထက် ပျမ်းမျှ ၁၁.၈ ပေါင်ခန့် ပိုနေတတ်ပါတယ်။ မိခင်တစ်ဝက်လောက်က ၁၀ ပေါင်ကျော် ပိုနေတတ်ပြီး၊ လေးပုံတစ်ပုံလောက်ကတော့ ပေါင် ၂၀ လောက်အထိ ပိုကျန်နေတတ်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်က ကိုယ်အလေးချိန်ဟာ တဖြည်းဖြည်း ကျမသွားဘဲ ပုံမှန်ထက် ဆက်တိုက် တက်လာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။
💫ဘာတွေကြောင့် ကိုယ်အလေးချိန် ဆက်တက်နေနိုင်လဲ?
▪️မီးဖွားပြီးနောက် သိုင်းရွိုက်ရောင်ရမ်းခြင်း (Postpartum Thyroiditis): မိခင် ၃% မှ ၈% ခန့်မှာ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အားနည်းခြင်း (Hypothyroidism) ကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းချုပ်တာ၊ ဓမ္မတာမမှန်တာ၊ ကြွက်သားနာကျင်တာနဲ့ အအေးဒဏ်မခံနိုင်တာ စတဲ့ လက္ခဏာတွေ တွဲဖြစ်တတ်ပါတယ်။
▪️မီးဖွားပြီးနောက် စိတ်ကျရောဂါ (Postpartum Depression - PPD): စိတ်ကျရောဂါ ခံစားရချိန်မှာ အစားစားချင်စိတ် ပျောက်တာ (သို့မဟုတ်) အစားအလွန်အကျွံ စားမိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ အလွန်အမင်း စိတ်တိုတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါတယ်။
▪️ဆီးချိုရောဂါ (Diabetes): နဂိုဆီးချိုရှိဖူးသူတွေ၊ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူတွေအနေနဲ့ ကိုယ်အလေးချိန်တက်တာကို ပိုပြီးသတိထားရပါမယ်။ ဆီးချိုထိန်းဆေးများ (သို့မဟုတ်) အင်ဆူလင် အသုံးပြုနေရပါက ဘေးထွက်ဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။
▪️သားဥအိမ်အရည်အိတ်တည်ခြင်း (PCOS or PMOS): အမျိုးသမီး ၅% မှ ၁၀% အထိ ဖြစ်လေ့ရှိပါတယ်။ PCOS ရှိရင် ဓမ္မတာမမှန်တာ၊ ဝက်ခြံထွက်တာ၊ အမွှေးအမျှင်ပိုထွက်လာတာ စတာတွေအပြင် "အင်ဆူလင်ခုခံနိုင်စွမ်း (Insulin Resistance)" ကြောင့် အခြားသူတွေထက် ကိုယ်အလေးချိန် ပိုတက်လွယ်ပြီး ကျဖို့လည်း ပိုခက်ခဲတတ်ပါတယ်။
💫အခြားဖြစ်စေနိုင်သော အချက်များ
▪️ကိုယ်ဝန်ဆောင်စဉ် အကြံပြုထားတာထက် ကိုယ်အလေးချိန် အလွန်အမင်း ပိုတက်ခဲ့ခြင်း (ဥပမာ - ပုံမှန်ထက် ၂ ဆ ပိုများခြင်း)
▪️တစ်ညလျှင် အိပ်ချိန် ၅ နာရီ (သို့မဟုတ်) ၅ နာရီထက် နည်းပါးခြင်း
▪️ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်ဖြတ်လိုက်ပြီးနောက် အစားပိုစားမိခြင်း
💫ဘယ်လို စောင့်ရှောက်နေထိုင်ကြမလဲ?
ကိုယ်အလေးချိန်တက်လာတာအပြင် ဝမ်းချုပ်တာ၊ စိတ်ဓာတ်ကျတာ၊ အမွှေးအမျှင်ပိုထွက်တာ စတဲ့ လက္ခဏာတွေပါ ခံစားရရင် သိုင်းရွိုက်၊ စိတ်ကျရောဂါနဲ့ PCOS တို့အတွက် ဆရာဝန်နဲ့ သေချာပြသစစ်ဆေးပါ။ နို့တိုက်မိခင်တွေအနေနဲ့ အစားအသောက် အလွန်အမင်း လျှော့ချတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာမျိုးကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ မလုပ်သင့်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးဖို့လည်း မမေ့ပါနဲ့။ မိခင်တိုင်းရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေက မတူညီတဲ့အတွက် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ကိုယ်ဝန်မဆောင်ခင်က အဝတ်အစားတွေကို မဝတ်နိုင်တော့လို့ စိတ်မညစ်ပါနဲ့။ လက်ရှိ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားလေးတွေကို ယုံကြည်မှုရှိရှိ ရွေးချယ်ဝတ်ဆင်ပါ။ ဆံပင်ညှပ်တာ၊ မျက်နှာပေါင်းတင်တာစတဲ့ မိမိကိုယ်ကို ဂရုစိုက်တဲ့ (Self-care) အလေ့အထလေးတွေကလည်း မေမေတို့ရဲ့ စိတ်ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။
အခုဆိုရင် မီးဖွားပြီးနောက် ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းရင်းတွေကို သိသွားလောက်ပြီ ထင်ပါတယ်နော်။ လိုအပ်ရင် ဆရာဝန်အကူအညီယူပြီး ဖြည်းဖြည်းနဲ့ မှန်မှန်လျှောက်လှမ်းရင်း ကျန်းမာလှပတဲ့ မေမေများ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….
📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/baby/postpartum-health/the-new-mom-body-survey-7-000-women-tell-it-like-it-is_3653252
𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE
🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon
🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/
💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦
#ကိုယ်အလေးချိန်တက်ခြင်း #ကိုယ်ဝန်ဆောင်မိခင်
12/06/2026
𝐋𝐚𝐛 𝐄𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 တွေကို ဘာကြောင့် 𝐂𝐚𝐥𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 ပုံမှန်လုပ်ပေးဖို့ လိုတာလဲ ?
ဓာတ်ခွဲစမ်းသပ်မှုတွေမှာ ရလဒ်တိကျမှန်ကန်စေဖို့အတွက် 𝐂𝐚𝐥𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 က အရေးပါတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။
𝐂𝐚𝐥𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 ဆိုတာဘာလဲ ?
Calibration ဆိုတာ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုတဲ့ စက်ကိရိယာများကို စံသတ်မှတ်ချက်အတိုင်း တိုင်းတာချိန်ညှိပေးတာ ဖြစ်ပါတယ်။
မိမိရဲ့ စက်ပစ္စည်းပေါ်မူတည်ပြီး အနည်းဆုံး ၆လတစ်ကြိမ် (သို့) ၁နှစ်တစ်ကြိမ် Calibration လုပ်ပေးသင့်ပါတယ်။
ဒါမှသာ စမ်းသပ်မှုရလဒ်တွေမှာ တိကျမှန်ကန်တဲ့ ရလဒ်တွေ ရရှိမှာဖြစ်ပြီးတော့ စက်ပစ္စည်းတွေကိုလည်း ရေရှည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ 𝐂𝐚𝐥𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 လုပ်ဖို့ လိုအပ်လဲ ?
🔹စက်အသစ်ဝယ်ယူပြီး စတင်အသုံးမပြုခင်အချိန်၊
🔹စက်ကို တစ်နေရာမှ တစ်နေရာ အပြောင်းအရွှေ့လုပ်ပြီးချိန်၊
🔹ရလဒ် တိကျမှန်ကန်မှု မရှိတော့တဲ့အချိန်၊
🔹မိမိစက်အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့အချိန်တွေမှာ Calibration လုပ်ပေးဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ 𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ဟာဆိုရင် Lab Equipment တွေကို ဖြန့်ဖြူးရောင်းချရုံသာမက After-sales Service အနေနဲ့ General Maintenance, Calibration နဲ့ Annual Certification တို့အတွက်ပါ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ ဆေးရုံဆေးခန်း၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများအတွက် Calibration ဝန်ဆောင်မှု ရယူလိုပါက 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 - 𝟎𝟗 𝟗𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐 ( သို့ ) 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော် …
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE
🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡 : 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon
🏢 𝐊𝐚𝐛𝐚𝐫 𝐀𝐲𝐞 𝐁𝐫𝐚𝐧𝐜𝐡 : No 56 Ground Floor, Room No 106, Maha Land Business Centre , Yankin Township ,Yangon.
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟗𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
#10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township
Yangon
11182