DECO PLUS

DECO PLUS

Share

One-Stop Decoration Service (Residential,Healthcare Center and Corporate office decoration solutions)

09/06/2025

အိမ်ဆိုတဲ့အရာဟာ နေထိုင်ခိုလှုံရာတစ်ခုထက် ပိုပါတယ်။

ခိုင်မာရမယ်၊ လုံခြုံရမယ်၊ နွေးထွေးရမယ်၊ ပျော်ရွှင်ဖွယ်ကောင်းရမယ်။

နောက်ပြီး

နေချင့်စဖွယ်ဖြစ်လောက်အောင်လည်း လှပနေရပါမှ အိမ်ပြန်လာရခြင်းရဲ့ အရသာကို ပြည့်ပြည့်ဝဝခံစားရရှိမှာပါ 🥰

မိမိတတ်နိုင်တဲ့ဘက်ဂျက်အပေါ်မူတည်ပြီး အတွင်းပိုင်း၊ အပြင်ပိုင်း အလှဆင်တာတွေ၊ မီးအလင်းအမှောင်၊ ပရိဘောဂပစ္စည်း၊ ခေတ်မီအသုံးအဆောင်နဲ့ အနုပညာလက်ရာတွေ ဆင်ယင်ကြတာကလည်း ဒီအချက်ကြောင့်ဆိုတာ ငြင်းမရပါဘူး 💯

ဆိုတော့

လူကြီးမင်းတို့က စိတ်ကူးပါ။ ကျွန်တော်တို့ Deco+ က အကောင်အထည်ဖော်ပေးပါမယ်။

✳️ မော်ဒန်အပြင်အဆင်တွေနဲ့ ခေတ်မီလှပသေသပ်တဲ့ ဧည့်ခန်းလား ❓

✳️ ကျစ်လစ်ပြီး စနစ်ကျသေသပ်လှပတဲ့ အိပ်ခန်းလား ❓

✳️ သန့်ရှင်းသပ်ရပ်ပြီး မြင်လိုက်တာနဲ့ မျက်စိအေးစေမယ့် Kitchen လား ❓

✳️ စမတ်ကျ လှပပြီး၊ ခေတ်မီ Accessories တွေ၊ ပရိဘောဂတွေနဲ့ လိုက်ဖက်တင့်တယ်နေတဲ့ Bathroom လား ❓

Deco+ ရဲ့ လက်ထဲရောက်သွားရင် မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားဖို့ အာမခံနိုင်ပါတယ်။

✅ အခန်းအတွင်းအပြင်ကို အလိုက်ဖက်ဆုံးကာလာတွေနဲ့ ဆင်ယင်ပေးမယ့် Painting
✅ စနစ်ကျပြီး အရည်အသွေးမြင့် Appliance တွေနဲ့ လင်းလက်လှပနေမယ့် Electrical Work
✅ ကြာရှည်ခံပြီး နှစ်ပေါင်းများစွာကြာသွားသည့်တိုင် အဆင်ပြေချောမွေ့နေစေမယ့် Plumbing Work
✅ အိမ်ကို ဧည့်သည်လာတိုင်း မငေးမောပဲ မနေနိုင်အောင် လှပတင့်တယ်နေမယ့် Furniture Installation
✅ အရည်အသွေးကောင်းပြီး Quality ပြည့်မီတဲ့ပစ္စည်းတွေနဲ့ချည်း ဆင်ယင်ပေးမယ့် Interior Design

စတဲ့ လူကြီးမင်းတို့ စိတ်ကူးထဲက အိမ်လေးရဲ့ အတွင်းအပြင်အလှအပပိုင်းဆိုင်ရာနဲ့ Decoration အပိုင်း Installation အပိုင်းတွေအားလုံးကို တစ်နေရာထဲမှာ One Stop ရရှိနိုင်အောင် ဖန်တီးပေးထားမှာမို့

စိတ်ကူးယဥ်ထဲကအရာတွေကို လက်တွေ့လောကထဲ Deco+ နဲ့အတူ ခေါ်ဆောင်လိုက်ကြရအောင်နော်။

For More Information

Please contact us - 0943135462

04/06/2025

ကျွန်တော်တို့ မြန်မာစကားပုံတစ်ခုရှိတယ် “တောင်းမှာအကွပ် လူမှာအ၀တ်” တဲ့။တကယ်တမ်းစဉ်းစားကြည့်လိုက်ရင် ဘာမှမဟုတ်တဲ့တောင်းရဲ့အကွပ်တွေ၊ အ၀တ်အထည်ရွေးချယ်တာတောင် ဒီလောက်အရေးကြီးတယ်ဆိုရင် ကျွန်တော့်တို့ရဲ့ အဓိကငွေ၀င်လမ်းကြောင်း ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာရော အပြင်အဆင်က ပိုလို့တောင် အရေးမကြီးဘူးလား 🤔💭

ဒါကြောင့်ကျွန်တော်တို့ Deco plus ကမိတ်ဆွေတို့ ရဲ့ငွေတွင်းကြီးကို ဘယ်လို Decorations လုပ်သင့်တယ်ဆိုတာကိုအကြံပေးပါရစေ

တကယ်လို့ ကိုယ့်ရဲ့ Business ကို Decoration လုပ်တော့မယ်ဆိုရင်

➤Brand Image နဲ့သက်ဆိုင်တဲ့ အပြင်အဆင်ကို ဂရုတစိုက်ရွေးချယ်ပါ

လုပ်ငန်းတစ်ခုရဲ့ Brand ဆိုတာအရာရာမလို့ brand နဲ့သက်ဆိုင်တဲ့အရောင်တွေ၊ကာလာတွေ အပြင်အဆင်တွေကို သုံးပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ကိုယ့်ရဲ့ brand ကိုတန်းမြင်လာအောင်လုပ်သင့်ပါတယ်။

➤ရောင်းကုန်နေရာချထားမှုကိုဂရုစိုက်ပါ

ကိုယ့်လူရဲ့ business က အတိုင်းအတာတစ်ခုထိလူသိများတယ်၊ ရောင်းချတဲ့ပစ္စည်းကလည်း quality ပြည့်၀တယ်။ထင်သလောက်ကရောင်းမထွက်ဘူ ၊ Next stepကိုတက်ဖို့အခက်အခဲရှိနေတယ်ဆိုရင်‌တော့ နေရာချထားတဲ့ Decoration လိုအပ်နေလို့ပါ။

➤Lighting တွေကိုဂရုစိုက်ပါ

Lighting ဆိုတဲ့မီးထိုးခြင်းအနုပညာက အလင်းအမှောင်သဘာ၀ကို ကောင်းကောင်းအသုံးပြုပြီး ရောင်းအားအများဆုံးပစ္စည်းတွေကို ထင်သာမြင်သာ ဖြစ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

တကယ်လို့ ဒီလို Decoration တွေအတွက်ဦးနှောက်ရှုပ်တာမခံချင်ဘူး၊တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီမှာအပ်နှံချင်ဆိုတော့ 0943135462 ကို 24 hoursမရွေး ‘Hello’ လိုက်ဖို့ပဲလိုပါတယ်နော် 🤙🤙🤙

04/06/2025

ရှိတုန်း တန်ဖိုးထားပါ

ကျွန်တော်တို့တွေဟာ တစ်ခါတစ်လေမှာ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားဖို့မေ့နေတတ်ပါကြတယ်။တန်ဖိုးထားသင့်တဲ့အရာတွေထဲမှာ ကိုယ်နေထိုင်တဲ့အိမ်ကလည်း မပါမဖြစ်ပါပဲ။

ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ ကိုယ့်အိမ်ကိုကိုယ်တန်ဖိုးထားတယ်ဆိုရင်တော့ Decorationsလုပ်ဖို့တိုက်တွန်းပါရစေ။ဘာကြောင့် ကိုယ့်အိမ်ကို Decorations လုပ်သင့်တာလဲဆိုရင်တော့

➤ မျက်စိပဿာဒဖြစ်စေနိုင်လို့ပါ 😉
ပညာရှင်တွေရဲ့လေ့လာချက်အရ ကျွန်တော်တို့က ရှင်းလင်း နေရာမှာဆို နေရတာ ပိုပြီးပျော်ရွှင်စေပါတယ်။အိမ်ပြန်ရောက်လာချိန်တိုင်းမှာ ကိုယ့်အိမ်လေးက ရှင်းလင်းသပ်ရပ်နေမယ့်အပြင် ကြည့်ရတာကလည်းစိတ်ချမ်းသာစေမှာအသေချာပါပဲ။

➤ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုဖော်ပြနိုင်လို့ပါ 👤
ကိုယ်က ဂုဏ်သိက္ခာကြီးမားတဲ့လူလား၊ အေးချမ်းပြီးသဘာ၀ကိုမြတ်နိုးတဲ့လူလား၊ခေတ်ဆန်ဆန်နေတတ်ပြီး စီးပွားရေးအမြင်ရှိတဲ့လူလားဆိုတာကို ကိုယ့်အိမ်ရဲ့အပြင်အဆင်၊ သုံးထားတဲ့အရောင်တွေကိုကြည့်ရုံနဲ့ကိုသိနိုင်လောက်တဲ့အထိ Decoration ကဖော်ပြပေးနိုင်ပါတယ်။

➤ လှပတဲ့ ရေလိုင်း၊မီးလိုင်းတွေကို ဘေးအန္တရာယ်ကင်းအောင်စီမံပေးနိုင်လို့ပါ 💡
ကျွန်တော် Deco plus ရဲ့အားသာချက်တွေထဲက အထူးခြားဆုံးတစ်ခုကတော့ အတွေ့အကြုံရင့်ပြီးကျွမ်းကျင်တဲ့ပညာရှင်တွေ ဦးဆောင်တဲ့ အဖွဲ့တစ်ခုဖြစ်တာကြောင့် လှပသေသပ်ပြီး အန္တရာယ်လည်းကင်းတဲ့ ရေပိုက်လိုင်းတွေ၊မီးလိုင်းတွေကိုလည်းစီမံပေးနိုင်ပါတယ်။

➤ နေရာကျဉ်းမှာကိုစိတ်ပူစရာမလိုလို့ပါ 🤔
Decoration လုပ်ထားတဲ့ အိမ်မှာဆိုရင်တော့ အခန်းဘယ်လောက်ကျဉ်းကျဉ်း ပစ္စည်းတွေကိုစနစ်တကျ နေရာချထားပေးနိုင်တာမလို့ စိတ်ပူစရာလုံး၀ (လုံးဝ) မလိုတာတော့အာမခံပေးနိုင်ပါတယ်။

ဒါလေးကတော့ ကိုယ့်အိမ်ကို Decoration လုပ်ဖြစ်ခဲ့ရင် ရရှိနိုင်မယ့် များပြားလှတဲ့
အကျိုးကျေးဇူးတွေထဲကအနည်းငယ်ပဲဖြစ်ပါတယ်။

သင်ရော သင့်မိသားစုရော ပျော်ရွှင်နိုင်ဖို့ ကိုယ့်အိမ်လေးကိုရှိတုန်းတန်ဖိုးထားချင်တယ်‌ဆိုရင်တော့ Deco plus page ရဲ့ messenger ကို 24 နာရီမရွေးစာပို့‌ပြီး အသေးစိတ်မေးမြန်းနိုင်ပါကြောင်း သတင်းစကား ဆောင်ပါရစေခင်ဗျာ🙋

Photos from DECO PLUS's post 04/05/2025

Scope of work
In Progress

1) Painting work
2) Electrical work
3) Plumbing work

Clothing shop

Photos from DECO PLUS's post 04/04/2025

35th Street…
Scope of work
1) Interior Design
2) Ceiling Installation
3) Electrical Installation
4) Painting
5) Furniture Installation

Category

Telephone

Website

Address


No. 71 , Room 6B , Upper Pazundaung Road , Pazundaung Tsp
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when DECO PLUS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.