JK Insurance Advisor

JK Insurance Advisor

Share

I'm Theresa Ja Hkawng, 4 times in roll MDRT qualifier from AIA Myanmar. Since 2019.

Photos from JK Insurance Advisor's post 21/07/2026

# 13 case မြောက် အလုံးစုံကျန်းမာရေးအာမခံ claim အောင်မြင်ခြင်း #

မြစ်ကြီးနားမြို့မှ ကျမရဲ့ client အသက် 17 နှစ်အရွယ် ကောင်လေး ဗိုက်ခဏခဏနာလို့ ဆရာဝန်သွားပြဒါ အစာအိမ်မှန်ပြောင်းကြည့်လိုက်ရတယ်
ရင်စိန်ဆေးရုံမှာ မှန်ပြောင်းကြည့်ကုသခဲ့ပါတယ်

အလုံးစုံကျန်းမာရေးအာမခံသွင်းငွေ တစ်နှစ်လျှင် 144,000 ကျပ်

အစာအိမ်မှန်ပြောင်းကြည့်ခြင်းအတွက် လျော်ကြေးရငွေ 659,680 ကျပ်

ကြိုတင်စီမံခြင်းရဲ့အကျိုးပါ ✅

Photos from JK Insurance Advisor's post 24/02/2026

ကျမလုပ်ချင်သောအလုပ်ပုံစံ

၁။ သမာအာဇီဝအလုပ်ဖြစ်ရမယ်
၂။ကိုယ့်ရဲ့ကြိုးစားမှုအတိုင်းအကန့်အသတ်မရှိရတဲ့ဝင်ငွေဖြစ်ရမယ်
၃။အများအကျိုးပြုဖြစ်ရမယ်
၄။ကိုယ်တိုင်စီမံလို့ရမယ် အလုပ်ချိန်ဖြစ်ရမယ်
၅။ကိုယ့်ရဲ့ကြိုးစားမှုတိုင်းကိုထိုက်တန်စွာအသိအမှတ်ပြုတဲ့အလုပ်ဖြစ်ရမယ်
၆။နေရာဒေသမရွေး အချိန်မရွေး အကန့်အသတ်မရှိလုပ်လို့ရတဲ့အလုပ်ဖြစ်ရမယ်
၇။work life balance ဖြစ်ရမယ်
၈။ အလုပ်လုပ်ရင်းကမ္ဘာပတ်နိုင်ရမယ်
၉။ အချင်းချင်းတွဲခေါ် support ပေးတဲ့ လုပ်ငန်းခွင်ဖြစ်ရမယ်
၁၀။ အသက်အရွယ်မရွေးလုပ်နိုင်ရမယ်

ဒီအချက်တွေအားလုံးနဲ့ကိုက်ညီတဲ့အလုပ်မျိုး ကျမတစ်
ကယ်ပဲလုပ်နေရပါတယ်😍😍💸💷💶

💚ပညာအရည်အချင်း ဘွဲ့ရ သို့မဟုတ် အထက်တန်းအောင် ထားပြီး မဆုတ်မနစ်ကြိုးစားချင်တဲ့သူ။
💚ကျမနဲ့ ရည်ရွယ်ချက်တူတဲ့ မည်သူမဆို
အတူလက်တွဲလုပ်ဖို့ဖိတ်ခေါ်ပါတယ်
💚လုပ်ငန်းရှင်များလည်း ကိုယ့်ရဲ့စီးပွါးရေနဲ့ ဒီအလုပ်ကို parallel တွဲလုပ်လို့ရပါတယ်နော်

Photos from JK Insurance Advisor's post 25/11/2025

ကျမရဲ့ Client တွေရဲ့ claim case ၁၁ ကြိမ်မြောက် အလုံးစုံကျန်းမာရေးအာမခံ လျော်ကြေးငွေတောင်းခံခြင်းအောင်မြင်မှု✅✅✅

အာမခံအမျိုးအစား - အလုံးစုံကျန်းမာရေးအာမခံ
အသက် - 41 မှ 45 နှစ်ကြား
နှစ်စဉ် အာမခံကြေး - 740,000kyat
နှစ်စဉ်ဆေးကုသခွင့် - 30,000,000 kyat
Cashless claim
မြန်မာပြည်တွင်းမှဆေးရုံများသာမက နိုင်ငံခြားမှအဆင့်မြင့်ဆေးရုံများတွင်လည်းကုသခွင့်ရှိ
အသက် ၁ လ မှ ၆၀ နှစ်အတွင်းလူများဝယ်ယူခွင့်ရှိ
အသက် ၈၀ နှစ်အထိသက်တမ်းတိုးနိုင်
စည်းကမ်းချက်ပါအတိုင်းအကုန်လျော်ပေးပါတယ်

ကျမclientsတွေအတွက်အကောင်းဆုံးရှေ့နေတစ်ယောက်
အနေနဲ့ထိရောက်စွာ claim ဝန်ဆောင်မှုပေးနေပါတယ်
သိချင်သူများ chat boxမှတစ်ဆင့်အသေးစိပ်မေးနိုင်ပါတယ်

20/11/2025

💰 အသက်အာမခံ (Life Insurance) နှင့် ပိုင်ဆိုင်မှု ခွဲဝေဖြန့်ကြက်ထားခြင်း(Asset Distribution) ဆက်စပ်ပုံလေး မျှဝေချင်ပါတယ်💰

လူတော်တော်များများကငွေရှာနည်းမျိုးစုံနဲ့ စီးပွါးရှာတော်ကြပါတယ်။ ပိုင်ဆိုင်မှုတွေကိုခွဲဝေနေရာချတဲ့အခါမှာကြတော့ အသက်အာမခံနဲ့နေရာချဖို့တော်တော်များများနားမလည်ကြသေးလို့အားနည်းနေပါသေးတယ်။ လူအများနားလည်ထားဒါက
👉👉လုပ်ငန်းမျိုးစုံမှာရင်းနှီးမြှပ်နှံခြင်း
👉👉အိမ်ခြံမြေမှာရင်းနှီးမြှပ်နှံခြင်း
👉👉ရွှေစုခြင်း

ဒီလောက်ဆိုပြည့်စုံပြီလို့သတ်မှတ်နေကြပါတယ်။ ဒါလည်းမမှားပါဘူး တစ်ကယ်ကိုလုပ်ရမယ့်အရာတွေပါ။ နောက်ထပ်မဖြစ်မနေရင်းနှီးမြှပ်နှံရမှာက

👉👉အသက်အာမခံမှာပါ။

အသက်အာမခံဆိုဒါ အမွေဆက်ခံမှု စီမံခန့်ခွဲရေး (Estate Planning) ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်

၁။ အသုံးစရိတ်နှင့် အခွန်များအတွက် ချက်ချင်းငွေသားရရှိစေခြင်း (Liquidity)💯

အသက်အာမခံမှ ရရှိတဲ့အကျိုးခံစားခွင့် ငွေသားကိုကွယ်လွန်သူ၏ အမွေပစ္စည်းများ (Estate) အား စီမံခန့်ခွဲရန် လိုအပ်သော ကုန်ကျစရိတ်များကို ချက်ချင်းပေးချေရန်အတွက် အသုံးပြုနိုင်ပါတယ်

✅ငွေဖြစ်လွယ်မှုနည်းသော ပိုင်ဆိုင်မှုများကို ကာကွယ်ခြင်း (Protects Illiquid Assets):

အိမ်ခြံမြေ၊ မိသားစုလုပ်ငန်း သို့မဟုတ် စုဆောင်းထားသော ရတနာပစ္စည်းများကဲ့သို့သော ငွေသားချက်ချင်းထုတ်ယူရန် မလွယ်ကူသည့် ပိုင်ဆိုင်မှုများ (Illiquid Assets) များသည် အခွန်အခနှင့် အကြွေးများ ပေးချေရန်အတွက် အလျင်စလို ရောင်းချရန် မလိုတော့ဘဲ၊ မူလအတိုင်း ထိန်းသိမ်းထားနိုင်ပါတယ်

✅အမွေထိန်းသိမ်းခြင်း (Estate Preservation):

အာမခံငွေကို အသုံးပြု၍ အကြွေးများ ပေးချေခြင်းဖြင့် အမွေဆက်ခံသူများအတွက် ရည်ရွယ်ထားသော အဓိကပိုင်ဆိုင်မှုများ၏ တန်ဖိုးကို ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်

၂။ အမွေဆက်ခံမှု တန်းတူညီမျှဖြစ်စေရန် (Equalizing Inheritances)💯

ခွဲဝေရန် ခက်ခဲသော ပိုင်ဆိုင်မှုများရှိသည့်အခါ သားသမီး သို့မဟုတ် အမွေခံများအကြား တန်းတူညီမျှမှုရှိစေရန် အသက်အာမခံကို အသုံးပြုပါတယ်
• ဥပမာ- စီးပွားရေးလုပ်ငန်း/အိမ်ခြံမြေ: မိသားစုစီးပွားရေးလုပ်ငန်း သို့မဟုတ် အဓိက အိမ်ရာတစ်ခုကို ထိုလုပ်ငန်းတွင် ပါဝင်သည့် သားသမီးတစ်ဦးအား လွှဲပြောင်းပေးအပ်ပါက၊ ကျန်သားသမီးများအား တန်ဖိုးညီမျှသော ငွေသားပမာဏ ကို အသက်အာမခံမှနေ၍ ပေးအပ်ခြင်းဖြင့် အမွေအား မျှတစွာ ခွဲဝေပေးနိုင်ပါတယ်

၃။ ကိုယ်ရေးကိုယ်တာနှင့် လျင်မြန်သော လွှဲပြောင်းမှု (Private and Efficient Transfer)💯

အသက်အာမခံမှ ရရှိသောငွေကို အကျိုးခံစားခွင့်ရှိသူ (Beneficiary) အမည်တပ်ထားပါက အမွေပုံစံအတိုင်း ခွဲဝေသည်ထက် ပိုမိုမြန်ဆန်ပြီး ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် ထိန်းသိမ်းကာ လွှဲပြောင်းပေးနိုင်ပါတယ်

✅စစ်ဆေးမှု ကင်းလွတ်ခြင်း (Bypasses Probate):

ပိုင်ဆိုင်မှုအများစုဟာ ဥပဒေလုပ်ထုံးလုပ်နည်းအရ အချိန်ကြာမြင့်စွာ စစ်ဆေးမှုများ လိုအပ်သော်လည်း အသက်အာမခံ အကျိုးခံစားခွင့်မှရရှိတဲ့ငွေဟာထိုလုပ်ငန်းစဉ်ကို ဖြတ်ကျော်ပြီး အမည်တပ်ထားသူထံသို့ တိုက်ရိုက် ရောက်ရှိစေပါတယ်

၄။ အခွန်သက်သာသော ဝင်ငွေ (Tax Efficiency)💯

အသက်အာမခံ၏ သေဆုံးမှု အကျိုးခံစားခွင့် (Death Benefit) သည် အကျိုးခံစားခွင့်ရှိသူများ လက်ခံရရှိသည့်အခါ ဝင်ငွေခွန် ကင်းလွတ်လေ့ ရှိပါတယ်။ ၎င်းသည် ပုံမှန်ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အခြားပိုင်ဆိုင်မှုများမှ ရရှိသော ဝင်ငွေများထက် အမွေကို ပိုမိုထိရောက်စွာ လွှဲပြောင်းနိုင်စေပါတယ်

အချုပ်အားဖြင့်ပြောရရင်
အသက်အာမခံဆိုဒါချစ်ခင်ရသူများအတွက် ငွေသားအရန်ပမာဏ ကို အာမခံပေးထားခြင်း ဖြစ်တဲ့အတွက်ကြောင့်၊ သင့်၏ အခြားသော အဖိုးတန် ပိုင်ဆိုင်မှုများကို ဖိအားများနှင့် ချက်ချင်းရောင်းချခြင်းမရှိစေဘဲ၊ သင့်ရဲ့ရည်ရွယ်ထားသည့် စီမံကိန်းအတိုင်း ဆက်လက်ထားရှိကာ စနစ်တကျ ခွဲဝေပေးနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်






#

Photos from JK Insurance Advisor's post 12/10/2025

ကျမ Client တွေထဲက ၉ ယောက်မြောက် medical claim အောင်မြင်စွာလုပ်ဆောင်နိုင်မှု✅
ဖြစ်စဉ်
လမ်းလျှောက်နေရင်းခြေခေါက်သွားဒါ အရွတ်ပါပြဲသွားလို့ ခြေမျက်စိမှာ အရည်တွေစုလာလို့ စုပ်ထုတ်လိုက်ရတဲ့ case ပါ။ ကျမကိုယ်တိုင် client နဲ့အတူဆေးရုံလိုက်သွားပြီး ဝန်ဆောင်မှုပေးခွင့်ရခဲ့ပါတယ်
ကုန်ကျစရိတ်တွေ တစ်ပြားမကျန် AIA က ပြန်ပေးလို့ client ကျေနပ်တော့ ကျမလည်း ပီတိဖြစ်ရပါတယ်

ခုလိုအောင်မြင်စွာဝန်ဆောင်မှုပေးခွင့်ရဒါနဲ့တင် ပျော်နေသူပါ

26/08/2025
06/07/2025

4 နှစ် ဆက်တိုက်မြောက် MDRT Member



2023,2024,2025,2026

18/06/2025

ဒီကနေ့ခေတ်လို ကမ္ဘာတလွှားမှာအပြောင်းအလဲမြန်ပြီးမတည်မြဲဒါတွေများလာတဲ့အခါ စီးပွားရှာနည်း ငွေကြေးစီမံဒါတွေ လည်းလိုက်ပြောင်းလဲဖို့လိုလာပါပြီ

လူတစ်ဦးချင်းသို့မဟုတ်မိသားစုတွေရဲ့ Asset structuring ပိုင်ဆိုင်မှု ဖွဲ့စည်းပုံတွေကို တိုးချဲ့သင့်နေပါပြီ

လူအများစုလုပ်နေကြဖြစ်တဲ့

၁. ရင်းနှီးမြှုပ်နှံပြီးစီးပွားရှာခြင်း
၂. တိုက်ခန်း ခြံမြေကွက်တွေ ပိုင်ဆိုင်ခြင်း
၃. ရွှေ ငွေ အိမ် ကား ပိုင်ဆိုင်ခြင်း

ဒီပိုင်ဆိုင်မှုတွေအပြင် ကိုယ့်ဝင်ငွေ လမ်းကြောင်းကိုထိခိုက်စေမယ့်အရာတွေကို ကာကွယ်ပေးမယ့် Income protection plan ဆိုဒါ မရှိမဖြစ်အရေးကြီးလာပါတယ်

အဲဒါကတော့ အာမခံပါပဲ
မြန်မာနိုင်ငံသားတော်တော်များက အာမခံလို့ပြောလိုက်
ရင် Objections ကန့်ကွက်ချက်တွေများပါတယ်

ကျမရဲ့ Insurance လုပ်သက် ၅နှစ်အတွင်းမှာ မကြာခဏကြုံရတဲ့ objection တွေကတော့

-အာမခံထားဖို့ငွေပိုမရှိဘူး
-အာမခံဆိုဒါ ငွေပေါတဲ့သူတွေထားကြဒါ
-အယုံအကြည်မရှိဘူး
-သေမှရမှာဆိုတော့ စိတ်မဝင်စားဘူး
-တကယ်ကောလျော်မှာလား
-မလိုအပ်ဘူး
-စိတ်မဝင်စားဘူး
-မြန်မာပြည်ကနိုင်ငံရေးမတည်ငြိမ်တော့ မထားချင်ဘူး
စသဖြင့်ပေါ့

ဥပမာတစ်ခုပြချင်ပါတယ် နှလုံးသားနဲ့ခံစားပြီးဖတ်ပေးကြပါရှင်

နောက်ဆုံးပေါ်ကားအသစ်စက်စက်နော် ဒါပေမယ့် seatbelt မပါဘူး airbags မပါဘူး shock absorber မပါဘူး spare wheels မပါဘူး အဲလိုကားမျိုးဆိုရင်မိတ်ဆွေ ဝယ်စီးမလား

အဲလိုကားမျိုးစီးပြီးကိုယ့်ချစ်ရတဲ့မိသားစုကိုခရီးဝေးခေါ်ထွက်မလား

accident ကဖြစ်ချင်မှဖြစ်မှာလေ .. အပေါ်မှာပြောတဲ့ function တွေမပါဒါကလွဲလို့ ကားက brand new 0 kilo နော် ..

အဲလိုပါပဲမိတ်ဆွေ တကယ်တော့ Insurance ဆိုဒါ လူ့ဘဝ ရဲ့ Seatbelt, Airbag, Shock absorber, Spare wheel ပါပဲ
မနက်ဖြန်ဘာဖြစ်မလဲဆိုဒါ ကြိုတင်ခန့်မှန်းလို့ မရတဲ့လောကကြီးမှာ တတ်နိုင်သလောက် ကြိုတင် အကာအကွယ်ယူထားရမှာပဲ

သင်ရုတ်တရက်လောကကြီးထဲကနေထွက်ခွာသွားရချိန် သင်ချစ်ရတဲ့မိသားစုတွေ ကို အကြွေးတစ်ပုံကြီးနဲ့ ထားခဲ့မှာလား ဆွေမျိုး သားသမီးတွေကြား ပိုင်ဆိုင်မှုအငြင်းပွားခြင်း ပြဿနာတစ်လှေကြီးနဲ့ ရှုပ်ယှက်ခတ်နေအောင် ထားခဲ့ မှာလား

ဒါတွေအားလုံးကို အသက်ရှင်စဥ်မှာအာမခံနဲ့ သေချာစီမံထားလို့ရပါတယ်

အာမခံဆိုဒါ မိတ်ဆွေချစ်နှစ်သက်တဲ့အရာတွေကို ကာကွယ်ပေးဖို့ အစီအမံတစ်ခုပါ

သင့်လုပ်ငန်းကို သင်နှစ်သက်ပါက သင့်လုပ်ငန်းကို ကျွန်ုပ်တို့ ကာကွယ်ပါတယ် ..

သင့်မိသားစုကိုချစ်ရင် သင့်မိသားစုကို ကာကွယ်ပေးတယ်။
ကိုယ့်ကိုယ်ကို ချစ်ရင် ကျွနု်ပ်တို့က မင်းကို ကာကွယ်ပေးပါတယ်
မိတ်ဆွေဘယ်သူကိုချစ်လဲပဲပြော၊ အာမခံကကာကွယ်ပေးတယ်။ ဒါ အာမခံရဲ့ စွမ်းအားပါပဲ
အာမခံက မိတ်ဆွေချစ်သမျှကို ကာကွယ်ပေးတယ်။

ဥပမာ မိတ်ဆွေကBank လုပ်ငန်းရှင်.. ဘဏ်ကို ချစ်ရင် ကျွန်ုပ်တို့က မိတ်ဆွေဘဏ်ကို ကာကွယ်ပေးတယ်။
အဲဒါကို mortgage insurance လို့ခေါ်တယ်။

မိတ်ဆွေက ကားကိုချစ်ရင် သင့်ကားကိုကာကွယ်ပေးတယ်အဲဒါ ကားအာမခံပါ။

ခရီးသွားရတာ ဝါသနာပါရင် သင့်ရဲ့ ခရီးသွားခြင်းကို ကာကွယ်ပေးတယ်။ ခရီသွားအာမခံ

စကားမစပ်၊ မိတ်ဆွေ ကိုယ့်ကိုကိုယ်ချစ်ရင် ကျမကမိတ်ဆွေတို့ကို ဒီအစီအမံ၂ ခုရှိထားဖို့ လေးလေးနက်
နက်အကြံပြုချင်ပါတယ်..
၁. ကောင်းမွန်တဲ့ အငြိမ်းစားအစီအစဉ်နဲ့ (Universal Life insurance
၂. ကောင်းမွန်တဲ့ ဝင်ငွေကာကွယ်မှုအစီအစဉ် (Critical illness care)

ဘာကြောင့် ဆိုတော့ သင်ဖျားနာတဲ့အခါ အကောင်းဆုံးဘဝပုံစံကို ဆက်လက်ရရှိဖို့ သေချာစေချင်ပြီး

အသက်ကြီးလာတဲ့အခါ အလုပ်မလုပ်တော့ဘဲ ဝင်ငွေမရှိတဲ့အခါမျိုးမှာ သင့်မှာ ဝင်ငွေအမြဲတမ်းရှိပြီး သင်အမြဲမက်ခဲ့တဲ့ ပုံစံအတိုင်း နေထိုင်ဖို့ သေချာစေချင်လို့ပါ

ဆက်ပြီးအသေးစိပ်သိချင်ဒါတွေအတွက် အချိန်မရွေးမေးနိုင်ပါတယ်

Theresa Ja Hkawng
Financial Service Manager
MDRT
Premier Club Member

AIA Myanmar ( Head office)
22nd floor, Junction City Tower,
Bogyoke Aung San Road, Yangon
T, Viber, WhatsApp, Line (+959 )976064226
E [email protected]

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


1079 Kone Baung 11 St. Thitsa Road. South Oakkalapa
Yangon