CB Life Insurance

CB Life Insurance

Share

သင့်မိသားစုရဲ့ အနာဂတ်ဘဝ လုံခြုံစိတ်ချရစေဖို့အတွက် CB Life Insurance က တာဝန်ယူပါရစေ Depend on product

27/08/2026

🔳 မနက်ဖြန်တွေအတွက် ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း မိသားစုရဲ့ အနာဂတ်ကို ခိုင်မာတဲ့ အကာအကွယ်တွေနဲ့ ပုံဖော်ချင်ပါသလား❓

🔳 ငွေကြေးစုဆောင်းမှု တိုးတက်စေရုံတင်မကဘဲ စိတ်အေးချမ်းမှုနဲ့ လုံခြုံရေးကိုပါ တစ်ပြိုင်နက်တည်း ရရှိစေမယ့် Smart Saving Plus 5/3 အသက်အာမခံ ရှိနေပါပြီ။
🔳
CB Life ရဲ့ Smart Saving Plus 5/3 ဟာ သင့်ရဲ့ ငွေကြေးပန်းတိုင်တွေကို အောင်မြင်စွာ ရောက်ရှိစေဖို့နဲ့ မိသားစုရဲ့ အနာဂတ်ကို စိတ်ချလက်ချ အကာအကွယ်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။

> ငွေကြေးတိုးတက်မှုနှင့် အကာအကွယ် - စုဆောင်းငွေကို အကျိုးအမြတ် တိုးပွားစေရုံတင်မကဘဲ စိတ်ချရတဲ့ အာမခံအကာအကွယ်ကိုပါ ရရှိစေမှာပါ။

> မြင့်မားသော အကျိုးခံစားခွင့် - မမျှော်လင့်ထားတဲ့ အခြေအနေ ကြုံလာပါက ကနဦး အာမခံထားငွေ၏ အများဆုံး (၅၀၀%) အထိ ရရှိနိုင်မည့်အပြင် နှစ်စေ့ အကျိုးခံစားခွင့်အနေဖြင့် အများဆုံး (၃၂၃%) အထိ ခစားခွင့် ရရှိဦးမှာဖြစ်ပါတယ်။

> နှစ်စဉ် ပြန်လည်ရရှိမည့် Cash Back - နှစ်စဉ် အကျိုးခံစားခွင့်အနေဖြင့် Annual Cash Back (coupon) ကို အာမခံထားငွေ၏ (၅%) မှ (၁၅%) အထိ အချိုးကျ ရရှိမှာဖြစ်ပါတယ်။

> ကျန်းမာရေးစစ်ဆေးရန် မလိုခြင်း - အသက်အရွယ်မရွေး ကျန်းမာရေး စစ်ဆေးစရာမလိုဘဲ အထက်ပါ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

🔳 ငွေကြေးတိုးတက်မှုနဲ့ အကာအကွယ် ၂ မျိုးလုံးကို တစ်ပြိုင်နက် ပေးစွမ်းနိုင်တဲ့ Smart Saving Plus 5/3 နဲ့ မိသားစုအနာဂတ်ကို စိတ်အေးချမ်းစွာ ပုံဖော်လိုက်ပါ။

အသေးစိတ် သိရှိလိုပါက CB Life Insurance Page Messenger သို့မဟုတ် Hot Line - 09 770770009 သို့ အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

25/08/2026

🔔 CB life Insurance ကုမ္ပဏီနှင့် The Force Health & Fitness Club (MDY) တို့၏ Prestige Merchant Partnership တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အသိပေးခြင်း။

☁ CB Life Insurance ကုမ္ပဏီနှင့် The Force Health & Fitness Club (MDY) တို့သည် Prestige Merchant Partnership အဖြစ်အောင်မြင်စွာ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသောကြောင့် Prestige Club Member များအနေဖြင့် The Force Health & Fitness Club (MDY) တွင် Special Discounts များရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

☁ Prestige Club Member အကြောင်း အသေးစိတ်သိရှိလိုပါက စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီလီမိတက် page Messenger (သို့မဟုတ်) Hot Line - 09 770770009" သို့ ယခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

“Enjoy The Benefits, Only for Our Prestige Customers”

24/08/2026

"စုဆောင်းထားသမျှ ငွေကြေးတွေဟာ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတစ်ခုကြောင့် လျော့ပါးသွားဖူးပါသလား..."

ဘဝမှာ ဘာပဲဖြစ်လာလာ ကြိုတင်ပြင်ဆင်ထားမှုရှိသူတွေအတွက်တော့ အခက်အခဲဆိုတာ ခေတ္တမျှသာပါပဲ။
CB Life Insurance ဟာ သင့်ဘဝရဲ့ အရေးကြီးသော အခိုက်အတန့်တိုင်းမှာ ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာမှုနှင့် စိတ်အေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

CB Life ကနေ ဘယ်လို အကာအကွယ်တွေ ပေးနိုင်လဲဆိုရင် -

▪️ ငွေလည်းစုချင်တယ်၊ မိသားစုအတွက်လည်း စိတ်အေးချမ်းချမ်း အကာအကွယ်ယူထားချင်သူတွေအတွက် အဆင်ပြေဆုံး နည်းလမ်းဖြစ်တဲ့ စုဆောင်းရေး အသက်အာမခံများ...

▪️ မမျှော်လင့်ဘဲ ဆေးရုံတက်ရတာ၊ ဆေးကုသစရိတ်တွေ အဆမတန် ကုန်ကျတာမျိုး ကြုံလာရင် မိသားစု စုဆောင်းငွေ မထိခိုက်အောင် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ကျန်းမာရေးနဲ့ မတော်တဆထိခိုက်မှု အာမခံများ..

▪️ ရ၍်သွေးငယ်တွေရဲ့ အနာဂတ်ပညာရေးလမ်းကြောင်း မပြတ်တောက်သွားအောင် ပံ့ပိုးပေးထားနိုင်တဲ့ ပညာရေးအသက်အာမခံတို့ပဲဖြစ်ပါတယ်

အနာဂတ်အတွက် ရင်ထဲက ဝန်တွေကို လျှော့ချပြီး စိတ်အေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ CB Life က အမြဲ အနားမှာ ရှိနေပေးမှာပါ။

24/08/2026

အနာဂတ်အတွက် တကယ်ရော စိတ်အေးလက်အေး ရှိရဲ့လား❓

မနက်ဖြန်အတွက် အစီအစဉ်တွေ အများကြီး ပြင်ဆင်ထားနိုင်ပေမဲ့ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေ ရောက်လာရင်ရော တကယ်ရော အသင့်ဖြစ်ရဲ့လား❓ ကျန်းမာရေးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရနိုင်တာမို့ ပူပန်စိတ်တွေက အမြဲတမ်း ဒွန်တွဲနေတတ်ပါတယ်။

▪️ မမျှော်လင့်ဘဲ ရောက်လာမယ့် ကျန်းမာရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား❓

▪️ မိသားစုဝင်တွေ နာမကျန်းဖြစ်ရင် ငွေကြေးအတွက် မပူရဘဲ အကောင်းဆုံး ဆေးကုသမှု ပေးနိုင်ရဲ့လား❓

▪️ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှ ဆေးရုံစရိတ်ကြောင့် ခဏလေးနဲ့ ကုန်လွန်မသွားအောင် ကာကွယ်ထားပြီးပြီလား❓

ဒီစိုးရိမ်စိတ်တွေထဲက အနည်းဆုံး ၂ ချက်လောက်က မိမိတကယ် ရင်ဆိုင်နေရတာဆိုရင်တော့…

ဒီပူပန်မှုတွေကို စိတ်အေးချမ်းမှုအဖြစ် ပြောင်းလဲပေးမယ့် အစီအစဉ်သစ်တစ်ခုနဲ့ CB Life Insurance က ရောက်ရှိလာတော့မှာပါ။ ချစ်ရသူတွေအတွက် ဘယ်လိုစိတ်ချရတဲ့ အကာအကွယ်မျိုး ယူဆောင်လာမလဲဆိုတာ Stay Tuned လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်။

22/08/2026

✅ ငွေစုတယ်ဆိုတာ အရမ်းခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ နည်းလမ်းမှန်ရင် ဘယ်သူမဆို လွယ်လွယ်ကူကူ စုဆောင်းနိုင်ပါတယ်။

✅ ဒီနေ့ပဲ စတင်လိုက်လို့ရတဲ့ အရမ်းရိုးရှင်းတဲ့ နည်းလမ်း ၄ ခုကတော့ -
▪️ဝင်ငွေရတာနဲ့ အရင်ဖယ်စုပါ။
ငွေဝင်လာရင် သုံးပြီးမှ ကျန်တာကို စုတာမဟုတ်ဘဲ စုမယ့်ငွေကို အရင်ဖယ်ထားပြီးမှ ကျန်တာကို သုံးပါ။

▪️မလိုအပ်တာတွေ နည်းနည်းလျှော့ပါ။
နေ့စဉ် မလိုအပ်ဘဲ ထွက်နေတဲ့ စရိတ်သေးသေးလေးတွေကို လျှော့လိုက်ရုံနဲ့ တစ်လဆိုရင် သိသိသာသာ ငွေပိုကျန်လာပါလိမ့်မယ်။

▪️စုငွေအတွက် ပန်းတိုင်ထားပါ။
ဘာအတွက် စုနေတာလဲဆိုတဲ့ ပန်းတိုင် (ဥပမာ - ခရီးသွားဖို့၊ ပစ္စည်းတစ်ခုဝယ်ဖို့) တိတိကျကျရှိရင် ငွေစုရတာ ပိုပျော်စရာကောင်းလာပါတယ်။

▪️အရေးပေါ်သုံးဖို့ သီးသန့်ဖယ်ထားပါ။
လိုအပ်လာရင် ချက်ချင်းထုတ်သုံးနိုင်အောင် အရေးပေါ်သုံးငွေအဖြစ် သီးသန့်လေး နည်းနည်းစီ စုပေးထားပါ။
ငွေစုတာက အနာဂတ်အတွက် ကောင်းမွန်တဲ့ စတင်ခြင်းဖြစ်ပေမဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ၊ ကျန်းမာရေး အခက်အခဲတွေ ကြုံလာရတဲ့အခါ စုထားသမျှ ငွေကြေးတွေ ကုန်ဆုံးသွားနိုင်ပါတယ်။

✅ ဒါကြောင့် မိမိရဲ့ စုဆောင်းငွေတွေကို မထိခိုက်စေဘဲ အနာဂတ်အတွက် ခိုင်မာတဲ့ ဘဏ္ဍာရေး အကာအကွယ် (Protection Plan) တစ်ခု ရှိနေဖို့ CB Life Insurance ရဲ့ အသက်အာမခံ အစီအစဉ်များနဲ့အတူ ဖြတ်သန်းလိုက်ပါ။

20/08/2026

✅ မိသားစုကို စောင့်ရှောက်ချင်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာက အရာရာကို လွှမ်းခြုံနိုင်လောက်အောင် ကြီးမားလှပါတယ်။ မိသားစုဝင်တွေ စိတ်အေးချမ်းစွာ ပြုံးပျော်နိုင်ဖို့အတွက် နေ့စဉ်ရုန်းကန်နေရတာဟာ အိမ်ထောင်ဦးစီးတိုင်းရဲ့ ဂုဏ်ယူစရာ တာဝန်တစ်ခုပါပဲ။

✅ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကုန်ဈေးနှုန်းတွေနဲ့ စီးပွားရေးအခြေအနေကြောင့် မိသားစုအနာဂတ်အတွက် သီးသန့်ငွေဖယ်စုဖို့ အခက်တွေ့နေရပါသလား❓

✅ သားသမီးတွေရဲ့ ပညာရေးအိပ်မက်တွေနဲ့ ရုတ်တရက် အရေးပေါ် လိုအပ်ချက်တွေအတွက် ပူပန်စရာမလိုတော့အောင် CB Life Insurance ရဲ့ "နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ" က ကူညီပေးနိုင်ပါတယ်။

✅ ငွေစုရုံတင်မကဘဲ မိသားစုပါ စိတ်အေးရစေမယ့် အားသာချက် (၃) ချက်ကတော့ -
▪️ မိမိနိုင်သလောက် စုဆောင်းနိုင်ခြင်း - ကျပ် (၁၀) သိန်းမှ အများဆုံး ကျပ်သိန်း (၅၀၀) အထိ မိမိလက်ရှိ ငွေကြေးအခြေအနေနဲ့ အဆင်ပြေမယ့် ပမာဏကို လွတ်လပ်စွာ သတ်မှတ်နိုင်ပါတယ်။
▪️ လိုသလို သက်တမ်းရွေးချယ်နိုင်ခြင်း - မိသားစုရဲ့ ရေရှည်ရည်မှန်းချက်တွေအလိုက် သက်တမ်းကို (၅) နှစ် သို့မဟုတ် (၁၀) နှစ် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
▪️ အရစ်ကျ ပုံမှန်စုသွားနိုင်ခြင်း - ငွေအလုံးအရင်း မလိုဘဲ လစဉ် ပုံမှန်လေး ဖယ်စုသွားရုံနဲ့ စနစ်တကျ ငွေစုမိပြီးသား ဖြစ်သွားစေပါတယ်။

✅ စုထားတဲ့ ငွေကြေးအပေါ် တိုးပွားမှုရရှိမယ့်အပြင် မမျှော်လင့်ထားတဲ့ ဘဝရဲ့ အပြောင်းအလဲတွေကြုံလာရင်လည်း မိသားစုအတွက် ခိုင်မာတဲ့ အကာအကွယ်အဖြစ် ရပ်တည်ပေးမှာပါ။

✅ အသေးစိတ် သိရှိလိုပါက CB Life Insurance Page Messenger သို့မဟုတ် Hot Line - 09 770770009 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

#နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

18/08/2026

🔔 CB life Insurance ကုမ္ပဏီနှင့် Technoland တို့၏ Prestige Merchant Partnership တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အသိပေးခြင်း။

▪️ CB Life Insurance ကုမ္ပဏီနှင့် Technoland တို့သည် Prestige Merchant Partnership အဖြစ်အောင်မြင်စွာ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသောကြောင့် CB Life Insurance ၏ Prestige Club Member များအနေဖြင့် Technoland ရှိ Treatments များကို Special Discounts များရရှိမှာဖြစ်တဲ့အပြင် Promotion Packages များမှာလည်း ထပ်ဆောင်း Discounts များရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

▪️ Prestige Club Member အကြောင်း အသေးစိတ်သိရှိလိုပါက စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီလီမိတက် page Messenger (သို့မဟုတ်) Hot Line - 09 770770009" သို့ ယခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

“Enjoy The Benefits, Only for Our Prestige Customers”

17/08/2026

✅ မနက်ဖြန်တွေအတွက် စိတ်အေးချမ်းမှုနဲ့အတူ မိသားစုအိပ်မက်တွေကို ဆက်လက်ရှင်သန်စေချင်ပါသလား❓

✅ ဘယ်လိုနေ့ရက်မျိုးနဲ့ပဲ ကြုံတွေ့ရပါစေ... ချစ်ရတဲ့ မိသားစုဝင်တွေအတွက် အကောင်းဆုံး သက်တမ်းတစ်လျှောက် လက်ဆောင်မွန်ကတော့ 'ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်း' ပဲ ဖြစ်ပါတယ်။

✅ 'ကျန်းမာ ပျော်ရွှင်ခြင်း' တွေကို အမြဲမပြတ် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ခိုင်မာပြီး စိတ်ချရတဲ့ ငွေကြေးအကာအကွယ်ကောင်းတစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။

✅ အာမခံထားရှိခြင်းဆိုတာ အပိုကုန်ကျစရိတ်တစ်ခု မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုတွေကို ရေရှည်စုဆောင်းခြင်း (Savings) နဲ့ မနက်ဖြန်တွေအတွက် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု (Wealth Accumulation) တာဝန်ယူပေးခြင်း ဖြစ်ပါတယ်။

✅ CB Life က သင်ချစ်ရတဲ့ မိသားစုဝင်တိုင်းရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို အမြဲတမ်း နွေးနွေးထွေးထွေး ဂရုစိုက်ပေးထားပါတယ်။
ဒါ့အပြင် ရင်သွေးငယ်တို့ရဲ့ အနာဂတ် ပညာရေးအိပ်မက်တွေမပျောက်ပျက်ဘဲ ဆုံးခန်းတိုင် ရောက်ရှိနိုင်ဖို့အတွက်လည်း အပြည့်အဝ အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။

✅ မမျှော်လင့်ဘဲ ရောက်လာတတ်တဲ့ ခက်ခဲတဲ့နေ့ရက်တွေ ဘယ်လိုပဲရှိပါစေ... ဒီနေ့ပဲ CB Life နဲ့အတူ လက်တွဲပြီး မိသားစုရဲ့ အနာဂတ်အိပ်မက်တွေကို အလှပဆုံး ဆက်လက်ရှင်သန်လိုက်ရအောင်နော်။

17/08/2026

ဘဝမှာ မနက်ဖြန်အတွက် အစီအစဉ်တွေ အများကြီးဆွဲထားကြပေမဲ့ မထင်မှတ်ထားတဲ့ ကျန်းမာရေးပြဿနာတွေ ရောက်လာရင်ရော တကယ်ရော အဆင်သင့်ဖြစ်ရဲ့လား❓

ကျန်းမာရေးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရနိုင်တာမို့ စိုးရိမ်စိတ်တွေက အမြဲတမ်း ဒွန်တွဲနေတတ်ပါတယ်။

​▪️ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေအတွက် အဆင်သင့်ဖြစ်ပြီလား❓

▪️ မိသားစု နာမကျန်းဖြစ်ရင် ငွေကြေးပူပန်မှုမရှိဘဲ ကုသပေးနိုင်ရဲ့လား❓

▪️ စုဆောင်းငွေတွေ ဆေးကုသစရိတ်ကြောင့် လွင့်မသွားအောင် ကာကွယ်ထားပြီးပြီလား❓

​ဒီအချက်တွေထဲက အနည်းဆုံး ၂ ချက်လောက်က မိမိတကယ် စိုးရိမ်နေရတဲ့အရာတွေ ဖြစ်နေပြီဆိုရင်တော့...

​ဒီပူပန်မှုတွေကို စိတ်အေးချမ်းမှုအဖြစ် ပြောင်းလဲပေးဖို့ CB Life Insurance က အထူးပြင်ဆင်နေပါပြီ။ ချစ်ရသူတွေအတွက် ဘယ်လိုစိတ်ချရတဲ့ အကာအကွယ်မျိုး မကြာခင် ရောက်လာမလဲဆိုတာ Stay Tuned လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်။

15/08/2026

✅ အခုတစ်လော ရာသီဥတုနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ကာလဝမ်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားမှု များနေပါတယ်။

✅ မိသားစုဝင်တစ်ယောက်ယောက်မှာ ဒီလိုလက္ခဏာတွေ ခံစားရပါက ကူးစက်မှု မရှိအောင်နဲ့ အသက်အန္တရာယ် မစိုးရိမ်ရအောင် အိမ်မှာတင် ချက်ချင်း စနစ်တကျ ပြုစုပေးဖို့ လိုအပ်ပါတယ်။

✅ CB Life မှ မိသားစုတိုင်း ဘေးကင်းကျန်းမာ စေရေးအတွက် သိထားသင့်သည့် အဓိက ဆောင်ရန်/ရှောင်ရန် အချက်များကို မျှဝေပေးလိုက်ပါတယ်။

💧ရေဓာတ် မခန်းခြောက်အောင် ချက်ချင်း ဖြည့်တင်းပါ...
ဝမ်းလျှောခြင်း၊ အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးသွားသော ရေဓာတ်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးရပါမည်။

> ဓာတ်ဆားရည် သောက်သုံးပါ: သန့်ရှင်းသော ရေသန့်ဖြင့် ဖျော်ထားသည့် ဓာတ်ဆားရည်ကို တိုက်ပေးပါ။

> အိမ်တွင်းနည်းဖြင့် ဓာတ်ဆားရည် ဖျော်စပ်နည်း: ဓာတ်ဆားထုတ် မရှိပါက အောက်ပါအတိုင်း အလွယ်တကူ ဖျော်စပ်နိုင်ပါသည်-

- သန့်ရှင်းသော သောက်ရေ ၁ လီတာ

- ဆား လက်ဖက်ရည်ဇွန်း ဝက် (၁/၂ ဇွန်း)

- သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်း (သေချာစွာ ဖျော်စပ်ပြီး ၂၄ နာရီအတွင်း အကုန်သောက်သုံးပေးပါ)

> အခြား အာဟာရ အရည်များ တိုက်ပေးပါ: ဆားနှင့် သကြား အလွယ်တကူ မရှိပါက ဟင်းချို၊ ဖျော်ရည်၊ ဆိုင်ဒါ၊ အုန်းနို့ရည် စသည်တို့ကို အာဟာရရရှိစေရန် သောက်သုံးစေနိုင်ပါသည်။

🧼 မိသားစုအတွင်း ကူးစက်မှုမရှိအောင် ကာကွယ်ပါ...

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် အလွယ်တကူ ကူးစက်နိုင်သောကြောင့် ပြုစုစောင့်ရှောက်သူ အနေဖြင့် အောက်ပါအတိုင်း ဂရုစိုက်ရပါမည်။

> လက်ကို သေချာဆေးပါ: လူနာနှင့် ထိတွေ့ပြီးတိုင်း၊ စားသောက်ဖွယ်ရာများ မကိုင်တွယ်မီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သန့်ရှင်းသောရေ အသုံးပြု၍ သေချာစွာ ဆေးကြောပါ။

> အသုံးအဆောင်များ ခွဲခြားပါ: လူနာအသုံးပြုသော အသုံးအဆောင်များနှင့် စားသောက်ခွက်များကို သီးသန့်ခွဲခြားထားပေးပါ။

🚨 အရေးပေါ် ဆေးကုသမှု ခံယူရမည့် လက္ခဏာများ...

အောက်ပါ လက္ခဏာများ တွေ့ရှိရပါက အိမ်၌ပင် အချိန်မဆွဲဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံး သွားရောက် အကူအညီတောင်းခံရပါမည်-

> အန်ခြင်း၊ အလွန်အမင်း အရည်ဝမ်းသွားခြင်းကြောင့် ရေဓာတ် အလွန်အမင်း ခန်းခြောက်ပြီး ရေပြန်မသောက်နိုင်ခြင်း

> ကယောင်ကယမ်းဖြစ်ခြင်း၊ အာရုံမလန်းဆန်းခြင်း သို့မဟုတ် ခေါင်းမကြည်လင်ခြင်း

> ခြေလက်များ ကြွက်တက်ခြင်း

> အလွန်အမင်း အားနည်းခြင်း (အမှီမပါဘဲ မထိုင်နိုင်တော့ခြင်း)

> မတ်တပ်ရပ်ရခက်အောင် မူးဝေ ရိမ်းယိုင်လာခြင်း

ဒီလို စိုးရိမ်ရတဲ့ လက္ခဏာတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးပေါ် အချက်ပြမှုတွေဖြစ်လို့ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ချက်ချင်း ပြသကုသမှု ခံယူကြပါနော်။

ချစ်ရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က မိတ်ဆွေများ ဘေးကင်းကျန်းမာစေဖို့ ယခုလိုအသုံးဝင်စေမယ် အသိပညာပေး အချက်အလက်လေးတွေကို Share လုပ်ပြီး မျှဝေပေးလိုက်ကြရအောင်နော်။

CB Life - Always with you for your family's safety and well-being.

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


02-10, Union Financial Center, Corner Of Mahabandula Road & Thein Phyu Road, Botahtaung Township
Yangon
11161

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30