Breakthrough Publishing House

Breakthrough Publishing House

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Breakthrough Publishing House, Publisher, No. 24/26, Race Course Condo, South Race Course Street, Tamwe Township, Yangon.

05/06/2026

စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ရတယ်ဆိုတာ တစ်ခါတလေကျရင် ပင်လယ်ပြင်ကျယ်ကြီးထဲမှာ လှေတစ်စင်းတည်းနဲ့ ခရီးနှင်နေရသလိုပါပဲ။ လူအများစုကတော့ အောင်မြင်မှုရဲ့ ပန်းတိုင်ကိုပဲ လှမ်းမျှော်ကြည့်တတ်ကြပေမဲ့ တကယ်တမ်း လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်အတွက်ကတော့ နေ့စဉ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက မနည်းလှပါဘူး။ 😓

ကိုယ်သွားနေတဲ့ လမ်းကြောင်းက ရော မှန်ရဲ့လား၊ ငါ့လုပ်ငန်းက အမြတ်တကယ် ထွက်နေရဲ့လား၊ ဒါမှမဟုတ် တခြားသူတွေလိုပဲ တစ်နေ့မှာ လဲပြိုသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေက လုပ်ငန်းဦးဆောင်သူတစ်ယောက်စိတ်ထဲ အမြဲပြည့်နှက်နေတတ်ပါတယ်။ 🤷🏻‍♂️

တကယ်တော့ စီးပွားရေးလောကထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ အရင်းအနှီးတွေ အများကြီး ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့ အမြော်အမြင်နဲ့ မဟာဗျူဟာ ရှိဖို့ အလွန်အရေးကြီးပါတယ်။ 🙌

အမြတ်အစွန်းတွေ ဆနဲ့ချီ တိုးတက်လာအောင် လုပ်ဆောင်နိုင်မယ့် မဟာဗျူဟာတွေကို ရှာဖွေသိရှိထားဖို့ လိုသလို၊ တခြားလုပ်ငန်းတွေ ဘာကြောင့် ကျရှုံးသွားရသလဲဆိုတဲ့ အမှားတွေကိုလည်း ကိုယ့်ဘက်က ကြိုတင် သင်ခန်းစာယူ ထိန်းကျောင်းနိုင်ရပါမယ်။ အဲဒါအပြင် ဘယ်လို အကျပ်အတည်းမျိုးပဲ ကြုံလာပါစေ ဝန်ထမ်းတွေကို လမ်းမှန်ပြပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ့် ခေါင်းဆောင်မှု အရည်အချင်းကလည်း အသက်တမျှ အရေးကြီးပါတယ်။ 🎯

ဒီနေ့မှာတော့ စွန့်ဦးတီထွင်သူတွေနဲ့ လုပ်ငန်းရှင်တွေအားလုံးအတွက် ဒီလို လိုအပ်ချက်တွေကို တစ်နေရာတည်းမှာ ဖြည့်ဆည်းပေးမယ့် အဖိုးတန် စာအုပ်ကောင်း (၃) အုပ် နဲ့မိတ်ဆက်ပေးပါရစေ။ 📚

💁🏻 “အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများစာအုပ်
⚜️ စျေးနှုန်း - ၂၂,၅၀၀ ကျပ်

💁🏻 “စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် ကျရှုံးရတာလဲ” စာအုပ်
⚜️ ဈေးနှုန်း - ၂၂,၅၀၀ ကျပ်

💁🏻 "အကျပ်အတည်းဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စေမည့် စီးပွားရေးခေါင်းဆောင်မှု အကြံပြုချက်များ" စာအုပ်
⚜️ စျေးနှုန်း - ၁၉,၅၀၀ ကျပ်

🔰 ဒီစာအုပ်အားလုံးကို ရေးသားထားတဲ့ စာရေးသူ ဦးနိုင်ဝင်းအောင်ဟာ Breakthrough Coaching, Training & Consulting ရဲ့ CEO & Founder ဖြစ်သလို Professional Business Coaches Alliance (PBCA Myanmar) ရဲ့ President လည်း ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link နဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။
📌 m.me/BTPublishingHouse
▄▄▄▄▄▄▄▄▄▄▄▄▄

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691

04/06/2026

“စာအုပ်ဖတ်ရတာနှစ်သက်တဲ့ သူတွေဆိုရင် ဒီစာအုပ်တွေကို တစ်ခါလောက်တော့ ဖတ်ဖူးရမယ်။”

🔰 စီးပွားရေးအတွက်ဆို ဒီစာအုပ် (၃) အုပ်
🫱🏻 "အကျပ်အတည်းဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စေမည့် စီးပွားရေးခေါင်းဆောင်မှု” စာအုပ် - ၁၉,၅၀၀ ကျပ်
🫱🏻 “အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ” စာအုပ်- ၂၂,၅၀၀ ကျပ်
🫱🏻 “စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် ကျရှုံးရတာလဲ” စာအုပ် - ၂၂,၅၀၀ ကျပ်

🔰 ဦးဆောင်မှုအတွက်ဆို ဒီစာအုပ် (၃) အုပ်
🫱🏻 “မိမိကိုယ်ကို ဦးဆောင်ခြင်း” စာအုပ် - ၂၉,၅၀၀ ကျပ်
🫱🏻 “ခေါင်းဆောင်မှုခရီးစဉ်” စာအုပ် - ၂၂,၅၀၀ ကျပ်
🫱🏻 “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ် - ၃၅,၀၀၀ ကျပ်

🔰 လူမှုဆက်ဆံရေးနဲ့ ဘဝအောင်မြင်မှုအတွက် ဒီစာအုပ် (၃) အုပ်
🫱🏻 “NLP ပညာဖြင့် စီးပွားရေး ဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း” စာအုပ် - ၃၉,၅၀၀ ကျပ်
🫱🏻 “NLP ပညာဖြင့် စိတ်ချမ်းသာပျော်ရွှင်သော စုံတွဲဆက်ဆံရေး တည်ဆောက်ခြင်း” စာအုပ် - ၃၅,၀၀၀ ကျပ်
🫱🏻 “NLP ပညာဖြင့် စိတ်ငြိမ်းချမ်းပျော်ရွှင်စွာ ကြီးပွားတိုးတက်ခြင်း” စာအုပ် - ၄၅,၀၀၀ ကျပ်

🔰 အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့
🫱🏻 “Business Executive Quarterly Planning System” စာအုပ် - ၃၂,၀၀၀ ကျပ်

🔰 သင့်အဖွဲ့သားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်မယ့်
🫱🏻 “The Professional Business Coach” စာအုပ် - ၂၉,၅၀၀ ကျပ်

🔰 Breakthrough က စာအုပ်အားလုံးကို ရေးသားထားတဲ့ စာရေးသူ ဦးနိုင်ဝင်းအောင်ဟာ Breakthrough Coaching, Training & Consulting ရဲ့ CEO & Founder ဖြစ်သလို Professional Business Coaches Alliance (PBCA Myanmar) ရဲ့ President လည်း ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link နဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။

📌 m.me/BTPublishingHouse
▄▄▄▄▄▄▄▄▄▄▄▄▄

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691,
☎️ 09 760 331 692,
☎️ 09 760 331 695

03/06/2026

ဘဝတစ်ခု တိုးတက်ပြောင်းလဲဖို့ဆိုတာ တစ်ခါတလေမှာ အသစ်အသစ်သောအရာတွေကို ထပ်ဖြည့်နေဖို့ပဲ မဟုတ်ပါဘူး။ ကိုယ်လက်ရှိလုပ်နေတဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်သလို အပေးအယူလုပ်တတ်ဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် သင့်ဘဝနဲ့ သင့်လုပ်ငန်းကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိစေဖို့အတွက် ဒီမေးခွန်း (၄) ခုကို မဖြစ်မနေ သင့်ကိုယ်သင်ပြန်မေးပါ။
၁။ ဘာတွေကို စတင်လုပ်ဆောင်သင့်လဲ…❓
၂။ ဘာတွေကို လျှော့သင့်လဲ…❓
၃။ ဘာတွေကို ဆက်လုပ်သင့်လဲ…❓
၄။ ဘာတွေကို ရပ်သင့်လဲ…❓

ဒီမေးခွန်း (၄) ခုရဲ့ အဖြေကို သိနေရုံနဲ့ မလုံလောက်ပါဘူး။ အဖြေကို ရှာပြီးရင် လက်တွေ့လုပ်ဆောင်ဖို့လည်းလိုပါတယ်။

“ဦးနိုင်ဝင်းအောင် (CEO Coach)” ရေးသားသော “အကျပ်အတည်းဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စေမည့် စီးပွားရေးခေါင်းဆောင်မှုအကြံပြုချက်များ” စာအုပ်မှ ကောက်နုတ်မှီငြမ်းဖော်ပြထားပါသည်။

02/06/2026

“တစ်စုံတစ်ခုကိုလုပ်ဆောင်ပြီးတိုင်း
ပြန်လည်သုံးသပ်တတ်တဲ့
အလေ့အကျင့်ကို ပျိုးထောင်ပါ။”

“ဦးနိုင်ဝင်းအောင် (CEO Coach)” ရေးသားသော “မိမိကိုယ်ကို ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်ချက်။

Photos from Breakthrough Publishing House's post 01/06/2026

❗"သင့်လုပ်ငန်းရဲ့ မနက်ဖြန်ဟာ ဒီနေ့ သင်ဖတ်မယ့် စာအုပ်တွေပေါ်မှာ မူတည်နေပါတယ်။"❗
သင်ဟာ အခုမှ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်သူ ဒါမှမဟုတ် သင့်မှာရှိပြီးသားလုပ်ငန်းကို လက်ရှိထက်ပိုပြီး ချဲ့ထွင်ချင်တဲ့သူတစ်ယောက်ဆိုရင် ဒီစာအုပ် (၁၁) အုပ်ကို မဖြစ်မနေ ဖတ်ရှုဖို့အတွက် အကြံပေးချင်ပါတယ်။

စီးပွားရေးလောကဆိုတာ စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ ရှင်သန်လို့ရတဲ့ နေရာမဟုတ်ပါဘူး။ ခိုင်မာတဲ့ မဟာဗျူဟာ၊ မှန်ကန်တဲ့ ခေါင်းဆောင်မှုနဲ့ မယိုင်လဲတဲ့ စိတ်ဓာတ်ခွန်အားတွေ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။
ဒါတွေကို ကိုယ်တိုင် အမှားအယွင်းခံ၊ အရှုံးခံပြီး အချိန်ကုန်ခံ သင်ယူနေမဲ့အစား၊ နိုင်ငံတကာအဆင့်မီ Certified Professional Master Business Coach နှင့် NLP Master Trainer ကိုယ်တိုင်ရဲ့ များစွာသော အတွေ့အကြုံတွေကို ဒီစာအုပ်တွေကနေတစ်ဆင့် အလွယ်တကူ ရယူနိုင်ပါတယ်။

🔰 စီးပွားရေးအတွက်ဆို ဒီစာအုပ် (၃) အုပ်
🫱🏻 "အကျပ်အတည်းဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စေမည့် စီးပွားရေးခေါင်းဆောင်မှု” စာအုပ် - ၁၉,၅၀၀ ကျပ်
🫱🏻 “အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ” စာအုပ်- ၂၂,၅၀၀ ကျပ်
🫱🏻 “စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် ကျရှုံးရတာလဲ” စာအုပ် - ၂၂,၅၀၀ ကျပ်

🔰 ဦးဆောင်မှုအတွက်ဆို ဒီစာအုပ် (၃) အုပ်
🫱🏻 “မိမိကိုယ်ကို ဦးဆောင်ခြင်း” စာအုပ် - ၂၉,၅၀၀ ကျပ်
🫱🏻 “ခေါင်းဆောင်မှုခရီးစဉ်” စာအုပ် - ၂၂,၅၀၀ ကျပ်
🫱🏻 “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ် - ၃၅,၀၀၀ ကျပ်

🔰 လူမှုဆက်ဆံရေးနဲ့ ဘဝအောင်မြင်မှုအတွက် ဒီစာအုပ် (၃) အုပ်
🫱🏻 “NLP ပညာဖြင့် စီးပွားရေး ဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း” စာအုပ် - ၃၉,၅၀၀ ကျပ်
🫱🏻 “NLP ပညာဖြင့် စိတ်ချမ်းသာပျော်ရွှင်သော စုံတွဲဆက်ဆံရေး တည်ဆောက်ခြင်း” စာအုပ် - ၃၅,၀၀၀ ကျပ်
🫱🏻 “NLP ပညာဖြင့် စိတ်ငြိမ်းချမ်းပျော်ရွှင်စွာ ကြီးပွားတိုးတက်ခြင်း” စာအုပ် - ၄၅,၀၀၀ ကျပ်

🔰 အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့
🫱🏻 “Business Executive Quarterly Planning System” စာအုပ် - ၃၂,၀၀၀ ကျပ်

🔰 သင့်အဖွဲ့သားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်မယ့်
🫱🏻 “The Professional Business Coach” စာအုပ် - ၂၉,၅၀၀ ကျပ်

🔰 Breakthrough က စာအုပ်အားလုံးကို ရေးသားထားတဲ့ စာရေးသူ ဦးနိုင်ဝင်းအောင်ဟာ Breakthrough Coaching, Training & Consulting ရဲ့ CEO & Founder ဖြစ်သလို Professional Business Coaches Alliance (PBCA Myanmar) ရဲ့ President လည်း ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link နဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။

📌 m.me/BTPublishingHouse
▄▄▄▄▄▄▄▄▄▄▄▄▄

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691,
☎️ 09 760 331 692,
☎️ 09 760 331 695

31/05/2026

“ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ
ပြုပြင်သင့်တာတွေကို
ပြုပြင်မယ်ဆိုရင်
အနာဂတ်လုပ်ငန်း၊
အသက်မွေးဝမ်းကျောင်းနဲ့ ဘဝတိုးတက်ဖို့အတွက်
အလွန်အားကောင်းတဲ့
အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။”

Naing Win Aung (CEO Coach)

29/05/2026

အလုပ်တွေ အလွန်အမင်း များနေတာထက် အလုပ်တွေ ဘယ်လောက်အထိ ထိထိရောက်ရောက် ပြီးမြောက်သွားသလဲဆိုတဲ့ "ရလဒ်" ကသာ အဓိကကျပါတယ်။ တစ်ရက် ဒါမှမဟုတ် တစ်လမှာ အချိန်ဘယ်လောက်ပေးပြီး အလုပ်လုပ်သလဲဆိုတာထက် ဘာတွေပြီးသွားသလဲဆိုတာက ပိုအရေးကြီးတာပါ။

လုပ်ငန်းခွင်မှာ အလုပ်တွေ အရမ်းများနေတယ်လို့ ယူဆရပေမဲ့ တကယ်တမ်း ဘာပြီးသွားလဲလို့ မေးကြည့်ရင် ဘာမှမယ်မယ်ရရ မရှိတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အလုပ်များနေရုံနဲ့ အားမရဘဲ အမှန်တကယ် အလုပ်ပြီးမြောက်ဖို့ကိုသာ အာရုံစိုက်သင့်ပါတယ်။

အလုပ်ပြီးမြောက်ဖို့အတွက် ဦးဆောင်သူတွေအနေနဲ့ မိမိတို့လိုချင်တဲ့ ရလဒ်တွေကို တစ်နှစ်စာ၊ သုံးလစာကနေ တစ်ပတ်စာအထိ အတိအကျ စာရင်းပြုစုဖို့ လိုအပ်ပါတယ်။ ထို့နောက် အလုပ်တွေထဲကမှ ဘယ်အလုပ်က အရေးအကြီးဆုံးလဲ၊ လုပ်ငန်းအတွက် အကျိုးအများဆုံး ဖြစ်မလဲဆိုတာကို ခွဲခြားပြီး ဦးစားပေးအစီအစဉ် (Priority) သတ်မှတ်ရပါမယ်။ "ငါးပေါင်ဆံ့တဲ့အိတ်ထဲ ဆယ်ပေါင်ထည့်လို့မရသလို" အချိန်ကာလတစ်ခုတည်းမှာ အလုပ်တွေအကုန်လုံး လျှောက်လုပ်ချင်နေလို့ မရတဲ့အတွက် အရေးကြီးတဲ့အရာကိုပဲ ရွေးချယ်ပြီး အာရုံစိုက်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုချင်းစီအတွက် ခန့်မှန်းခြေ ကြာချိန်ကို ချရေးပြီး ပြက္ခဒိန်ထဲမှာ အချိန်အပိုင်းအခြားလေးတွေနဲ့ ခွဲဝေထည့်သွင်းရပါမယ်။ အလုပ်တစ်ခုကို ရှစ်နာရီဆက်တိုက် လုပ်တာထက် နှစ်နာရီစီခွဲပြီး ရက်အလိုက် ခွဲလုပ်တာကလည်း ပိုပြီးထိရောက်နိုင်ပါတယ်။

အဲဒါအပြင် သင်ကိုယ်တိုင် မဖြစ်မနေ လုပ်စရာမလိုတဲ့ အလုပ်တွေကို တာဝန်ခွဲဝေပေးရန် (Delegate) လိုအပ်သလို၊ သင်မကျွမ်းကျင်တဲ့ အရာတွေအတွက်လည်း ကျွမ်းကျင်သူကို ငှားရမ်းခြင်း ဒါမှမဟုတ် အပြင်ကို အပ်နှံခြင်း (Outsource) နည်းလမ်းများဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချကာ ရလဒ်ကောင်းများ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။

“ဦးနိုင်ဝင်းအောင်” (CEO Coach) ရေးသားသော “သင့်ကိုယ်ထဲက ကြီးမြတ်တဲ့ ခေါင်းဆောင်ကို လှုပ်နှိုးလိုက်ပါ ” စာအုပ်မှ ကောက်နုတ်ချက်။

29/05/2026

“နေ့စဉ်မှန်မှန်လုပ်ဆောင်သွားတဲ့
အလုပ်သေးသေးလေးတွေက
စုပေါင်းပြီး
အချိန်တန်တဲ့အခါ
ကြီးမားတဲ့အောင်မြင်မှုတစ်ခုအဖြစ်
ပြောင်းလဲသွားမှာ ဖြစ်တယ်။”

“ဦးနိုင်ဝင်းအောင်”(CEO Coach) နှင့် “Breakthrough မှ Coach များ” ရေးသားသော “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်ချက်။

28/05/2026

ယနေ့ မေလ (၂၈) ရက်နေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့အီဒွလ်အဿွဟာ (ကုရ်ဘာနီ အီးဒ်နေ့) ဖြစ်ပါတယ်။ ✨

ကုရ်ဘာနီ အီးဒ်နေ့မှာ မိသားစုဝင်တိုင်း ကျန်းမာပျော်ရွှင်ရပါစေ၊ မိတ်ဆွေအပေါင်းအသင်းတွေနှင့် ချစ်ခင်ရသူတိုင်း ပျော်ရွှင်ချမ်းမြေ့ပြီး ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း Breakthrough Publishing House မိသားစုမှ ဆန္ဒပြုအပ်ပါတယ်။ 🕌🌙

27/05/2026

သင့်ရဲ့ အသက်အပိုင်းအခြားကို သုံးပုံ ပုံကြည့်လိုက်ပါ။ ပထမဆုံးအပိုင်းအခြားမှာ ဘာတွေထူးခြားခဲ့လဲ။ ပြီးရင် ဒုတိယအပိုင်းမှာ ကိုယ်ဘာတွေကို အားသန်ခဲ့လဲ။ တတိယအပိုင်း အခုအချိန်မှာရော ကိုယ့်အနေနဲ့ ဘာတွေကိုအလေးထားနေလဲ။
အဲဒီလို စဉ်းစားကြည့်မယ်ဆိုရင် သင့်ရဲ့ပြောင်းလဲလာမှုကို ပိုပြီးတော့သိနိုင်တယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ပင်ကိုစရိုက်လက္ခဏာတွေရှိနိုင်သလို မကောင်းတဲ့ပင်ကိုစရိုက် လက္ခဏာတွေလည်းရှိနိုင်တယ်။

ကောင်းတာပဲသဘောကျနေပြီး မကောင်းတာတွေကို မသိချင်ယောင်ဆောင်နေလို့တော့မရဘူး။ ကိုယ့်ရဲ့ တချို့ပင်ကိုစရိုက်လက္ခဏာတွေက တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဆင်ပြေတယ်၊ တချို့သော စရိုက်လက္ခဏာတွေကတော့ လူတွေနဲ့အလုပ်လုပ်တဲ့အခါ ပြဿနာတက်စေနိုင်တယ်။

ပုံမှန်အားဖြင့် လူတွေက ဘယ်လိုလူမျိုးတွေကိုဆွဲဆောင်ကြလဲဆိုရင် ကိုယ်နဲ့ဆင်တူတဲ့ ပင်ကိုစရိုက်ရှိတဲ့လူတွေကို ဆွဲဆောင်တယ်။ တကယ်လို့ ကျွန်တော်တို့မှာ မကောင်းတဲ့စရိုက်လက္ခဏာတွေများနေရင် ကိုယ့်ဆီကိုလည်း မကောင်းတဲ့စရိုက် လက္ခဏာရှိတဲ့သူတွေကို ဆွဲဆောင်သလိုဖြစ်နေနိုင်ပြီး ဘဝကလည်း အလားအလာရှိသလောက် မတိုးတက်နိုင်ဘူး။

ကိုယ့်မှာ ကောင်းတာတွေများတယ်၊ ကောင်းတာတွေကိုလည်း လူတွေသိကြတယ်ဆိုရင်တော့ ကိုယ်နဲ့စရိုက်လက္ခဏာတူတဲ့သူတွေကို ဆွဲဆောင်နိုင်တာက ကိုယ့်အလုပ်အကိုင်နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

“ဦးနိုင်ဝင်းအောင်” (CEO Coach) ရေးသားသော “မိမိကိုယ်ကို ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်မှီငြမ်းဖော်ပြချက်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 24/26, Race Course Condo, South Race Course Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 05:30
Tuesday 09:00 - 05:30
Wednesday 09:00 - 05:30
Thursday 09:00 - 05:30
Friday 09:00 - 05:30
Saturday 09:00 - 05:30