Toe Toe Potato Chips

Toe Toe Potato Chips

Share

Since 1990

16/06/2026

🥃 ပုလင်းချည်းပဲဝယ်မနေနဲ့ အမြည်းလေးပါတွဲဝယ်နော် 😜

သောက်စရာဝယ်ဖို့ Million Mart သွားတဲ့အခါ...
အမြည်းကောင်းကောင်းအတွက်အဝေးကြီးရှာနေစရာ မလိုတော့ပါဘူး! 😎

🎉 Toe Toe Natural Potato Chips ကို အခုဆိုရင် Million Mart ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီ။

သူငယ်ချင်းတွေနဲ့ Chill Night လုပ်လုပ်၊ မိသားစုနဲ့ အနားယူချိန် Snack စားစား၊ သောက်စရာနဲ့ တွဲဖက်မြည်းမြည်း — Toe Toe ရဲ့ အရသာစုံကို တစ်နေရာတည်းမှာ အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

🥔 ကြွပ်ရွပြီး အရသာပြည့်ဝတဲ့ Toe Toe ကို Million Mart မှာ တွေ့တာနဲ့ ဆွဲထားလိုက်တော့နော်!

📍 Available Now at Million Mart
#တိုးတိုး
#အာလူးကြော်

13/06/2026

မိုးကလည်းတဖွဲဖွဲ၊ ရာသီဥတုကလည်း အေးစိမ့်စိမ့်နဲ့ဆိုတော့ အပြင်မထွက်ဘဲ မိုးအေးအေးနဲ့ တစ်ခုခုကို တကြွပ်ကြွပ်ဝါးနေချင်တယ်မလား😉

ဒါကိုသိတဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 က ဒီရာသီမှာ ခံတွင်းလိုက်စေမယ့် Spicy Trio ကို recommend ပေးလိုက်ပြီနော် 😋

🌶️ ရိုးရာမပျက်၊ အစပ်မှအစပ် ဆိုတဲ့သူတွေအတွက် ပွင့်ထွက်သွားစေမယ့် မူလလက်ဟောင်းအရသာ "𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐂𝐡𝐢𝐥𝐢" ကတော့ 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့အစပ်အကြောင်းပြောရင် လုံးဝကိုမပါမဖြစ်ပေါ့။

♨️ အချမ်းပြေရုံ အလွမ်းပြေရုံ စပ်တာလေး စားချင်ပါတယ်ဆိုရင်တော့ 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့ "𝐌𝐢𝐧𝐢 𝐒𝐩𝐢𝐜𝐲" လေးက ရွေးကို ရွေးသင့်တဲ့အရသာပဲလေ။

🍲 အရသာအားလုံးထဲမှာ အသစ်စက်စက် နောက်ဆုံးမှထွက်ထားတဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့ "𝐌𝐚𝐥𝐚" အရသာကတော့ မိုးအေးတာနဲ့ ဟော့ပေါ့စားချင်ပြီ ဆိုတဲ့သူတွေအတွက် အာသာပြေစေမယ့် အရသာလေးပဲလေ။

ကဲ ဒီတော့ မိုးရွာတာနဲ့ ဘာဝါးရမလဲ တွေးမနေတော့ဘဲနဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 က recommend ပေးထားတဲ့ Spicy Trio လေးကိုသာပြေးဝယ်ပြီး ဆောင်ထားလိုက်တော့နော် 🤗

#တိုးတိုး
#အာလူးကြော်

08/06/2026

𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့𝐓𝐨𝐩 𝐅𝐚𝐧 အစစ်ဟုတ်ရဲ့လားဆိုတာကိုစမ်းသပ်ဖို့ မေးခွန်းလေးတစ်ခုလာပြီနော် 🤩

𝑸𝒖𝒆𝒔𝒕𝒊𝒐𝒏: "𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့ အရသာ (၆) မျိုးထဲမှာ ဘယ်အရသာက အဝယ်အများဆုံးလဲ"

တကြွပ်ကြွပ်နဲ့ လူကြီး၊လူငယ်မရွေးကြိုက်တဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 မှာ ဘယ်အရသာကို အဝယ်များကြမယ်ထင်လဲ ဒါမှမဟုတ် ကိုယ်တိုင်ရော ဘယ်အရသာကို အဝယ်အများဆုံးလဲပေါ့ 😉

နောက်လာမယ့်အစီအစဉ်အတွက် ဒီမေးခွန်းလေးကအရေးကြီးတာမို့ အဖြေလေးတွေကို Comment မှာဖြေပေးခဲ့ကြပါဦးနော် 💬

#တိုးတိုး
#အာလူးကြော်

05/06/2026

ကျောင်းတွေလည်း ပြန်ဖွင့်ပြီဆိုတော့ ကျောင်းသား/သူတိုင်းကြိုက်ကြတဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 အာလူးကြော်လေးတွေ ဆိုင်မှာတင်ထားပြီးပြီလား 📢

👦🏻 "အန်တီရေ အသစ်ထွက်တဲ့ Mala အရသာလေးရှိသေးလား"
👧🏻 "အန်တီရေ Original Chili တစ်ထုပ်ယူမယ်"
🧒🏻 "ဦးလေး သားကို Mini Spicy တစ်ထုပ်ပေးပါ"
ဒီလိုတွေမှာကြတိုင်း "အယ် အဲ့အရသာလေးကကုန်နေတယ်ကွယ်" ဆိုပြီး ငြင်းလိုက်ရတာမျိုးမဖြစ်အောင် 𝐓𝐨𝐞 𝐓𝐨𝐞 က အရသာစုံ (၆)မျိုးလုံး Stock ပြန်ဖြည့်ပေးထားပြီနော် 😉

လူငယ်တွေတင်မက လူကြီးတွေပါကြိုက်ကြတဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 ကို ဆိုင်မှာမတင်လိုက်ရလို့ ဖောက်သည်တွေလွတ်သွားပါတယ် ဆိုတာမျိုး အဖြစ်ခံတော့မှာလား 🤔

ဖောက်သည်တွေ လက်လွှတ်ရတာမျိုးမဖြစ်ဖို့ အခုပဲ အပြေးဝယ်ပြီး တင်ထားလိုက်တော့နော် 🤗

#တိုးတိုး
#အာလူးကြော်

26/05/2026

ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာဆိုတော့ မေမေ၊ ဖေဖေတို့ သားသားမီးမီးတို့အတွက် ကျောင်းမုန့်ဖိုးနဲ့ မုန့်သေတ္တာထဲ Stock ဖြည့်ဖို့ ပြင်ဆင်နေကြပြီမလား?

ဒီပိတ်ရက် မိသားစုလိုက် စူပါမားကတ်မှာ ပျော်ပျော်ပါးပါး ဈေးဝယ်ထွက်တဲ့အခါ မုန့်တန်းဘက်ကို လှည့်ခဲ့ဖို့ 𝐓𝐨𝐞 𝐓𝐨𝐞 က ဖိတ်ခေါ်ပါတယ်နော် 🤗

စပ်စပ်လေးမှ အားရကျေနပ်မယ့် ဖေဖေတို့၊ မောင်လေးတို့အတွက် 𝐒𝐳𝐞𝐜𝐡𝐮𝐚𝐧 𝐌𝐚𝐥𝐚, 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐂𝐡𝐢𝐥𝐥𝐢, 𝐌𝐢𝐧𝐢 𝐒𝐩𝐢𝐜𝐲 နဲ့ 𝐓𝐨𝐦 𝐘𝐮𝐦 ရှိသလို၊ အနံ့မွှေးမွှေးလေးနဲ့ အဆာပြေချင်တဲ့ မေမေနဲ့ မမတို့အတွက်လည်း 𝐁𝐁𝐐 ကို အဆင်သင့် ပြင်ထားပေးပါတယ် 🥰

🧀 ဒါပေမဲ့... ဈေးဝယ်လှည်းတိုင်းထဲကို အိတ်သွန်ဖန်ပိတ်နဲ့ အများဆုံး ရောက်သွားတတ်တာကတော့ 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့ '𝐂𝐡𝐞𝐞𝐬𝐞' အရသာလေးပါပဲ။ ကျောင်းပြန်ဖွင့်ရင် သားသားမီးမီးတို့ သွားလေရာ သယ်သွားပြီး လွတ်လပ်ပျော်ရွှင်စွာ ဝါးလို့ရသလို၊ လူကြီးတွေပါ မငြင်းနိုင်ဘဲ ဆိမ့်ဆိမ့်လေးနဲ့ တစ်ထုပ်ပြီး တစ်ထုပ် နှိုက်စားမိတဲ့အထိ အသည်းစွဲဖြစ်လို့ပဲပေါ့ 😋

ဒါကြောင့် ဒီတစ်ခေါက် မိသားစု ဈေးဝယ်ထွက်တဲ့အခါ တစ်အိမ်လုံးရဲ့ အချစ်တော် ဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ရွတဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 𝐂𝐡𝐞𝐞𝐬𝐞 အရသာကိုတော့ ဈေးဝယ်လှည်းထဲ အများကြီး ပိုထည့်ထားဖို့ မမေ့နဲ့ဦးနော်!

ကဲ... အခုတော့ စင်ပေါ်မှာ ရွေးစရာ အရသာပြန်စုံတုန်း အမြန်လာခဲ့တော့နော်🏃‍♂️💨

#တိုးတိုး
#အာလူးကြော်

20/05/2026

လူတွေက ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက်၊ အချိန်တွေဘယ်လောက်ပဲ ပြောင်းလဲပါစေ၊ အမှတ်တရဖြစ်စေတဲ့ အနံ့၊ အရသာ၊ အခိုက်အတန့်မျိုး ကြုံတဲ့အခါ အတိတ်ကအမှတ်တရကို ပြန်ပြီး တမ်းတတတ်ကြတယ်တဲ့ 🩵

ဒီလိုပဲ ငယ်စဉ်ကအတူကစားခဲ့ကြတဲ့ သူငယ်ချင်းတွေ အရွယ်တွေရောက်လို့ ကိုယ့်ဘဝကိုယ်‌လျှောက်ရင်း တစ်နေရာစီ၊ တခြားစီဖြစ်သွားတဲ့အခါမှာလည်း အတူရှိခဲ့ကြတဲ့အချိန်တွေတုန်းက အရာတစ်ခုခုကို ပြန်ထိတွေ့မိတဲ့အခါ အမှတ်တရဖြစ်ခဲ့တဲ့ အခိုက်အတန့်လေးကို တစ်ခဏလောက်တော့ ပြန်ရောက်သွားကြတာပါပဲ ☺️

အရင်က,ကစားရင်း 𝐓𝐨𝐞 𝐓𝐨𝐞 အာလူးကြော်တစ်ထုပ်ကို အားလုံးအလုအယက်စားခဲ့ကြတဲ့အမှတ်တရကလည်း အခုချိန် 𝐓𝐨𝐞 𝐓𝐨𝐞 အာလူးကြော်ကို မြင်မိ၊ စားမိတိုင်း သတိရနေမယ့် မမေ့ရက်စရာ အမှတ်တရလှလှလေးတစ်ခုပဲပေါ့ 🥰

ကဲ... အခုစာဖတ်နေတဲ့သူရော 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့ဘယ်အရသာလေးက အမှတ်တရအဖြစ်ခဲ့ဆုံးလဲ? ဘယ်သူတွေကိုသတိရမိလဲ?

Comment မှာမျှဝေပေးခဲ့ကြပါဦးနော် 🤗

#တိုးတိုး
#အာလူးကြော်

16/05/2026

စာလုပ်ရင်ပဲဖြစ်ဖြစ်၊ ဂိမ်းဆော့ရင်ပဲဖြစ်ဖြစ် တစ်ခုခုကို တကြွပ်ကြွပ်ဝါးနေရမှ အားရကျေနပ်သူတွေ ရှိလား 🙋‍♂️❓

ဒါဆိုရင်တော့ High Quality Cheese Powder ရဲ့ဆိမ့်မွှေးတဲ့အရသာနဲ့ အကြွပ်ဆုံး feeling က တစ်ခါဝါးရင် တားမရအောင် စွဲလမ်းစေမှာပါ။ ကဲ..... ဆောင်ထားလိုက်၊ ဝါးလိုက်၊ အားလုံးအိုကေပဲ😎👌

14/05/2026

Toe Toe မာလာအရသာအသစ်ရဲ့ အတန်ဆုံးPromotion ‼️🥔🌶️

အရသာကလည်း ရှယ်၊ ကြွပ်ရွမှုကလည်း ရှယ်နဲ့ ရှူးရှူးရှဲရှဲ ဖြစ်စေမယ့် Toe Toe အာလူးကြော် ချစ်သူတွေအတွက် တကယ့်သတင်းကောင်းလေး လာပါပြီနော် 😋

အခုဆိုရင် City Mart, Ocean နဲ့ Market Place ဆိုင်ခွဲတိုင်းမှာ အထူးအစီအစဉ်အဖြစ် Buy 3 Get 1 ပရိုမိုးရှင်း ပေးနေပါပြီ 🔥

🔔 ပရိုမိုးရှင်းအသေးစိတ်
•Toe Toe ရဲ့ ၅၀ ဂရမ် (50g) အထုပ်ထဲက ကြိုက်နှစ်သက်ရာ အရသာ (၃) ထုပ် ဝယ်ယူလိုက်တာနဲ့...
•မွှေးမွှေးထုံထုံစပ်စပ်လေးနဲ့ အရသာရှိတဲ့ Mala အရသာ တစ်ထုပ်ကို လက်ဆောင် (Free) ရရှိမှာ ဖြစ်ပါတယ်။

📅 ပရိုမိုးရှင်းကာလ
မေလ (၁၄) ရက်နေ့ကနေ ဇွန်လ (၃) ရက်နေ့အထိ သာမို့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အနီးနားမှာရှိတဲ့ City Mart, Ocean, Market Place ဆိုင်တွေကို အမြန်ဆုံး သွားဝယ်လိုက်တော့နော်! 🏃‍♂️💨
#တိုးတိုး
#အာလူးကြော်

11/05/2026

ကဲ ကဲ ကဲ...
𝐓𝐨𝐞 𝐓𝐨𝐞 ကဟေ့! ဆိုတာနဲ့ အမြဲလိုလို ဘာတင်လဲဆိုတာ စောင့်ကြည့်ပြီးအားပေးကြတဲ့ 𝐓𝐨𝐩 𝐅𝐚𝐧 တို့အတွက် မကြာခင်မှာ အစီအစဉ်ကောင်းလေးတစ်ခုလာတော့မယ်နော် 🤭

လက်ဆောင်ပေးမလား၊ အထူးအခွင့်အရေးလား ဆိုတာကိုတော့ စောင့်ကြည့်ကြပေးကြပါပေါ့ 😁

အစီအစဉ်လေးက နည်းနည်းလိုသေးတယ်ဆိုတော့ အခုချိန်မှာ 𝐓𝐨𝐩 𝐅𝐚𝐧 ဖြစ်အောင်ကြိုးစားဖို့လည်း အချိန်မီသေးတာမို့ ခါတော်မီလေးဖြစ်အောင် Keep In Touch နော် မိတ်ဆွေတို့ 🤗

𝐓𝐨𝐩 𝐅𝐚𝐧 တို့အတွက် 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့အစီအစဉ်က ဘာလေးဖြစ်မလဲဆိုတာလည်း ခန့်မှန်းခဲ့ကြပါဦးနော် 🥰

#တိုးတိုး
#အာလူးကြော်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 2785, Pyi Daung Zu Road, South Dagon Industrial Zone (2), South Dagon
Yangon