Creative Design

Creative Design

Share

Graphic Design Team

Photos from Creative Design's post 12/03/2025

ယုံကြည်စွာ အပ်နှံပေးတဲ့ Angel ရေ စီးပွားလာဘ်လာဘ ဒီရေအလား တိုးတက်ပါစေနော်

LinkedIn 28/05/2024

Labour Laws & Regulations

အလုပ်သမားဝန်ကြီးဌာန (အလုပ်သမားရေးရာ) မှ
စီမံခန့်ခွဲသော ဥပဒေ၊ နည်းဥပဒေများကို
သိရှိမှတ်သားနိုင်ဖို့နဲ့ လိုအပ်လာနိုင်သော
အလုပ်သမားရေးရာများနှင့် ဆက်နွယ်ပတ်သက်သော ဥပဒေများ

(ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားဝင်စာမျက်နှာနှင့်
ချိတ်ဆက်ဖော်ပြထားခြင်းဖြစ်ပြီး
ဥပဒေများကို Update ရယူနိုင်ပါသည်။)

၁။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ
https://lnkd.in/gKz-UB2B

၂။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ*
https://lnkd.in/gMUurRkq

၃။အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေများ*
https://lnkd.in/gDx-m6gg
🔯
၄။ အလုပ်သမားအဖွဲ့အစည်းဥပဒေ*
https://lnkd.in/g-JKMezE

၅။ အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများ*
https://lnkd.in/gAmrNZdA
☯️
၆။ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ*
https://lnkd.in/gUmXBiyi
🚹
၇။ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ*
https://lnkd.in/gr3qnt3A
🚺
၈။ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေများ*
https://lnkd.in/gxJvNqVg
🔴
၉။၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ*
https://lnkd.in/gjWTkBMa
🔵
၁၀။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ*
https://lnkd.in/ga5S6cRi
🟤
၁၁။ လူမှုဖူလုံရေးနည်းဥပဒေများ*
https://lnkd.in/gZMagZDe
🟠
၁၂။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ*
https://lnkd.in/gazTrVPx
♻️
၁၃။ အနည်းဆုံးအခကြေးငွေနည်းဥပဒေများ*
https://lnkd.in/grVcHTSa

၁၄။ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ*
https://lnkd.in/gr3dDZdp
▶️
၁၅။ ဆိုင်များနှင့် အလုပ်ဌာနများ နည်းဥပဒေများ*
https://lnkd.in/gr7VibbJ
📶
၁၆။ ၂၀၁၆ ခုနှစ်၊အခကြေးငွေပေးချေရေးဥပဒေ*
https://lnkd.in/g__aRtXd

၁၇။ အခကြေးငွေပေးချေရေးနည်းဥပဒေများ
https://lnkd.in/gtq4NRBw
*️⃣
၁၈။ အလုပ်သမားလျော်ကြေးအက်ဥပဒေ*
https://lnkd.in/gqYGTGaM
🚸
၁၉။ ၁၉၂၄ ခုနှစ်၊ အလုပ်သမားလျော်ကြေးနည်းဥပဒေများ
https://lnkd.in/gNXKijMd
🛄
၂၀။ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ*
https://lnkd.in/gFUjKwnA

၂၁။ ၁၉၄၈ ခုနှစ်၊အလုပ်အကိုင်ဆိုင်ရာစာရင်းစစ်တမ်းယူခြင်းအက်ဥပဒေ*
https://lnkd.in/gtxdjmva

၂၂။ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေ*
https://lnkd.in/g5QEzGrU

Credit - Omega Consultancy

hashtag hashtag
hashtag #အလုပ်သမားဥပဒေ

LinkedIn This link will take you to a page that’s not on LinkedIn

26/10/2023
23/06/2021

ရွှေခြူးရေ ဘာလိုလိုနဲ့ ၁နှစ်တောင်ပြည့်ခဲ့ပြီနော်

30/12/2020

အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးလိုက်တယ်

30/10/2020

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင့်မိုပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

Photos from Creative Design's post 22/09/2020

ကိုဗစ်ကာလမှာ ယုံကြည်စိတ်ချစွာနဲ့အပ်နှံသော ညီလေး စိုင်းနေခရေ ကျေးဇူးအထူးပါနော် အလုပ်အကိုင်တွေလဲ ဆထက်တပိုး တိုးတက်ပါစေ
https://www.facebook.com/amazingbeauty.mdy/

Photos from Creative Design's post 24/07/2020

တစ်ခါတစ်လေမှာ ဘယ်အရောင်တွေကို ဘယ်နေရာမှာ သုံးရမလဲဆိုတာ ရွေးချယ်ရခက်နေတဲ့ ဒီဇိုင်နာတွေအတွက် အခက်အခဲတစ်ခုကို ပြေလည်လိမ့်မယ်လို့မေ ျှာ်လင့်ပါတယ်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Latha
Yangon
11131