BOLD GYM

BOLD GYM

Share

Change Your Body,Known Your Choice
My I Help You,Be Creative - Be Beautiful

14/06/2026

Bodybuilding & body transformation online coaching
ပြိုင်ပွဲဝင်များနှင့် workout form မှန်အောင်လေ့ကျင့်နိုင်ပြီးသားသူတွေပဲ ယူပါ၊အခုမှစဆော့တဲ့သူတွေ online coaching မယူပါနဲ့ခင်ဗျာ ဘာမှနားလည်မှာမဟုတ်ပါဘူး။(ဒဲ့ရေးပေးတာပါ မလိုအပ်ပဲ မကိုက်ညီပဲ ငွေကုန်မှာစိုးလို့ပါ)။
ခုမှစဆော့မည့်သူတွေဆိုရင်တော့ အပြင်မှာ One on one coaching လက်ခံပြပေးပါတယ်။(အခုတော့ အချိန်မအားသေးပါဘူးခင်ဗျာ ကြိုပြောထားပေးပါ)။အသေးစိတ်ကို ဖုန်းဆက်မေးလည်းရပါတယ်။စျေးနှုန်းတခါတည်းပြောထားပါမယ် သာမန်လေ့ကျင့်သူတွေဆိုရင် ၁၂ပတ်ကို ၆သိန်း၊ပြိုင်ပွဲဝင်ဖို့အတွက် ဆိုရင် ၁၂ပတ်ကို မြန်မာငွေ ၉သိန်းယူပါတယ်။online coaching (on paper)ပါ online pt ပြပေးတာမဟုတ်ပါဘူးခင်ဗျာ။

-ဘယ်လိုလူတွေယူသင့်လဲ?

အစားအသောက်/လေ့ကျင့်မှု့/အနားယူမှု့ပုံစံမှန်ကန်စွာဖြင့်မိမိခန္ဓာကိုယ်အား ကျန်းမာစွာဖြင့် natural body transformation လုပ်လိုသူများ။

Men Physique/Classic Physique/Bodybuilding ပြိုင်ပွဲဝင်ရန်အတွက် ပြင်ဆင်လိုသူများ။

နှစ်ကာလများစွာ GYM မှာလေ့ကျင့်နေပါသော်လည်း ပြောင်းလဲဖို့ အခက်တွေ့နေသူများ။

fitness healthy lifestyle ဖြစ်ဖို့ အလေ့အထကောင်းများ

-ဘာတွေcoaching ပေးမှာလဲ?

healthy meals plan အဟာရမျှတ တန်ဖိုးရှိစွာစားသောက်မှု့စနစ်

လေ့ကျင့်ခန်း တွဲဖက်မှု့စနစ်

လိုအပ်သော အထောက်အကူပြုဖြည့်စွက်စာစားသုံးမှု့စနစ်

အရေးကြီးသောအနားယူမှု့ပုံစံ

Balance diet/macro nutrient/micro nutrients အရေးကြီးပုံများ

ပြိုင်ပွဲဝင်ကစားသမားများအတွက် အရေးပါသော gear cycle guide(သာမန်လူများအတွက်မလိုအပ်ပါ)

-ဘယ်လိုပုံစံcoaching ပေးမှာလဲ
✅Training program
✅Meals Plan
✅supplement guide
✅gear cycle guide(ပြိုင်ပွဲဝင်များအတွက်သာ)
များကို ပေးပို့သွားမည်ဖြစ်ပါသည်။
✅အပတ်စဉ် Sunday မနက်တိုင်း check ins ဝင်ခြင်း
✅တစ်ပတ်တာ တိုးတက်မှု့တိုင်းတာခြင်း
✅လိုအပ်သည်ပေါ်မူတည်၍ weekly adjustments
✅လိုအပ်ပါကZoom meeting

အသေးစိတ်ကို Viber number သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်နိုင်ပါသည်။

04/06/2026

7.6.2026 ( Sunday )
Gym Maintenance ပြုလုပ်မည်ဖြစ်ပါသဖြင့်
Gym တစ်ရက်ပိတ်ပါမည်ခဗျာ

Photos from BOLD GYM's post 01/06/2026

လိမ္မာကြတဲ့ batch 29တို့ အောင်မြင်စွာသင်တန်းပြီးမြောက်ခဲ့ပါပြီ။
Batch 30စတင်နေပါပြီ။
Batch 31ကိုတော့ 3/8/2026 မှ 12/9/2026 အထိ ကြိုတင်အပ်နှံနိုင်ပါပြီ ၅ယောက်အပ်လို့ရပါသေးတယ်။

❗️training techniques သိစေရန် လေ့ကျင့်ရက်မှန်မှန် မလုပ်ချင်သူတွေလာမတက်ပါနဲ့❗️
✅မတတ်လျှင်သင်ပေးမည် လွယ်လွယ်လက်မှတ်ရပြီးရော သဘောနဲ့ တော့လာမတက်ပါနဲ့✅
❗️Trainer သင်တန်း ဘာသာရပ်တခု ဆိုတာထက်ပိုသာတဲ့လေ့လာမှု့တွေရရှိနိုင်မည့်အခွင့်အရေး❗️

Trainer ဖြစ်ချင်သူများသာမက စနစ်တကျကိုယ်တိုင်လေ့လာတတ်မြောက်ထားချင်သူများအတွက်
Batch 31 အတွက်Trainer သင်တန်း ကြိုတင်အပ်နှံနိုင်ပါပြီ👇

အသေးစိတ်ကို page ကမမေးပဲ ဖုန်းပဲဆက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

09775774826
09977973402

သင်တန်းမတက်ခင် ဒီအချက်လေးတွေသတိပြုပေးပါ🚫
-ပျင်းရိသူများ
-အချိန်မလေးစားသူများ
-မိမိအလုပ်အပေါ်တန်ဖိုးမထားသူများ
-အလွယ်လမ်းလိုက်လိုသူများ
-သေသေချာချာမလေ့လာချင်ပဲ လက်မှတ်ရလိုသူများ
(လုံးဝ၊လုံးဝ)လက်မခံပါ။
Technique မတတ်တာကိုတတ်အောင်သင်ပေးတာသင်တန်းပါ
Ethic ရှိစေရန် စည်းကမ်းတွေသင်ပြပေးတာပါ
ပျင်းတာ မလုပ်ချင်တာ စိတ်ဓါတ်မကောင်းတာ စတဲ့ဗီဇတွေကိုတော့မပြင်ပေးပါ။

GYM Trainer ဖြစ်ချင်သူများအတွက် သာမက
မိမိရဲ့ lifestyle အတွက်ပါ တစ်သက်တာ အရေးပါသော သင်တန်းတစ်ခု ကိုစတင်ခဲ့တာ ၄ နှစ်ရှိခဲ့ပါပြီ။



အသေးစိတ်စုံစမ်းနိုင်ရန်👇👇👇
09775774826
09977973402

Trainer သင်တန်းတက်ချင်လို့ပါဆိုပြီး မေးလာသော ညီငယ် ညီမငယ်များအတွက် သင်ကြားပေးလျှက်ရှိသော ဘာသာရပ်များ ကိုပြောပြပေးချင်ပါတယ်။
တက်ရောက်သင့်သောသူများ👇👇👇
GYM Trainer များ ၊GYM မှာလေ့ကျင့်ဖူးသူများ၊အနည်းငယ်နားလည်ထားပြီးသူများသာလျှင်ပိုအဆင်ပြေပါမယ်။Trainer တစ်ယောက်မှာ ရှိကိုရှိနေရမယ့် Personal Training Skill မျိုးကိုလေ့လာရမှာဖြစ်ပါတယ်။

လက်ရုံးရည်ရော နှလုံးရည်ပါ အရည်အချင်းပြည့်ဝသော သင်တန်းနည်းပြများ၊ GYMဖွင့်ရန်ရည်ရွယ်၍ မိမိကိုယ်တိုင် လေ့လာတတ်ကျွမ်းထားချင်ပါသော GYM owner များ၊မိမိကိုယ်တိုင်စနစ်တကျသိထားလိုသူများ အတွက် ရည်ရွယ်ပါတယ်။

အချိန်ကာလအားဖြင့် 6ပတ်ကြာမြင့်ပါမယ်

Duration of course 6weeks

Strength and Hypertrophy
Body transformations
Muscle guide & muscle science
Sport and fitness Supplement
Basic Nutritions & Diet
Stretching and Flexibility Methods
Layer of Core
Aerobic Science
Intro Sound Theory
Intro Functional training
Group Fitness & Gx training
Lecture and Practical
Basic yoga theory

ဤဖုန်းနံပါတ်များ သို့ဆက်သွယ်၍ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်👇👇👇
09977973402 / 09775774826

29/05/2026

fighting💪💪💪

28/05/2026

၃နှစ်ခွဲလေးရဲ့ Marketing

23/05/2026

GYM ဆော့မည့်သူတိုင်း ဒါလေးအရင်ကြည့်ပါဗျ❤️🙏

22/05/2026

အနာဂတ်လှသူတို့၏စကားသံ အပိုင်း(၄)

22/05/2026

6လပိုင်း7ရက်နေ့ပြိုင်ပွဲမှာ ကျွန်တော့်ဆီက True Novice ပြိုင်ပွဲဝင် 18ယောက်ကို ခပ်ကြမ်းကြမ်းလေးမြင်ရပါမယ်။ဒီvideoလေးကတော့ ကျွန်တော် ပြပေးရင်း ကင်မရာကိုင်ပြီး အကြမ်းထည် ကိုယ်တိုင်ရိုက် ကိုယ်တိုင် တည်းဖြတ် ပေးထားဖြစ်တာလေးတင်ပေးလိုက်ပါတယ်။နောက်ပိုင်း သေချာ ရိုက်ထားတာလေးတွေ လာပါမယ်ဗျ။

17/05/2026

ဒီပြဿနာက Fitness လောကမှာ တော်တော်လေး အငြင်းပွားရတဲ့ ခေါင်းစဉ်တစ်ခုပါ။ အချင်းချင်း "ဘလိန်း" နေကြတာက တကယ်တော့ တစ်ဖက်နဲ့တစ်ဖက် ပန်းတိုင်မတူလို့ အမြင်မကြည်ကြတာပါ။
အားလုံးအတွက် ရှင်းလင်းသွားအောင် Functional Training နဲ့ Hypertrophy Training ရဲ့ ကွာခြားချက်၊ ပြီးတော့ ဘာလို့ နှစ်ခုလုံးက လူတိုင်းကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးလဲ ဆိုတာကို အကျဉ်းချုံးပြောပြပေးပါမယ်
Functional Vs Hypertrophy ဘယ်သူက ဘာလဲ?
ကျွန်တော်တို့ ခန္ဓာကိုယ်ကို တည်ဆောက်တဲ့နေရာမှာ ချဉ်းကပ်ပုံ နှစ်မျိုးရှိပါတယ်။
၁။ Functional Training (နေ့စဉ်ဘဝလုပ်ဆောင်ချက်အသားပေး လေ့ကျင့်ခန်း)
ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု စွမ်းဆောင်ရည် ကောင်းမွန်ဖို့ (Mobility, Balance, Agility) နဲ့ နေ့စဉ်ဘဝမှာ ဒဏ်ရာမရအောင် ကာကွယ်ဖို့အခြေခံအုတ်မြစ်ပါပဲ။
လေ့ကျင့်ပုံစနစ်ကတော့ အဆစ်အမြစ်မျိုးစုံနဲ့ ကြွက်သားအုပ်စုအစုံကို တစ်ပြိုင်နက်သုံးရတဲ့ လှုပ်ရှားမှုတွေ လုပ်ရပါတယ် (ဥပမာ- Kettlebell swings, Box jumps, Pull-ups စသည်ဖြင့်ပေါ့ဗျာ)။သန်မာပြီး ပေါ့ပါးသွက်လက်တယ်၊ ခန္ဓာကိုယ်က တကယ်အသုံးဝင်တယ်"။
၂။ Hypertrophy Training (ကြွက်သားထုကြီးထွားရေး လေ့ကျင့်ခန်း)
ရည်ရွယ်ချက်က ကြွက်သားမျှင်တွေကို ဆုတ်ဖြဲပြီး ပိုမိုကြီးထွား၊ ထုထည်တက်လာစေဖို့ (Bodybuilding ပုံစံ)။ Aesthetics ခေါ်တဲ့ ကြည့်ကောင်းတဲ့ Body ရဖို့။ ကြွက်သားတစ်ခုချင်းစီကို အထူးပြုပြီး (Isolate လုပ်ပြီး) အလေးချိန်အများကြီးနဲ့ ပုံမှန်တွန်း/မ တာမျိုး လုပ်ရပါတယ် (ဥပမာ- Bicep curls, Bench press, Leg extensions)။ကြွက်သားထု တောင့်တင်းတယ်၊ ကြည့်ကောင်းတယ်၊ ခန္ဓာကိုယ်က အချိုးအစားကျတယ်"။

"ဗလကြီးတာ လွယ်ပါတယ်" နဲ့ "Mobility မကောင်းဘူး" ဆိုတဲ့ အငြင်းပွားမှုအပေါ် အမှန်တရားပြောပြမယ်

တချို့ Functional သမားတွေက Hypertrophy သမားတွေကို ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး အမှန်ကို ဖွင့်ဟရရင်တော့-
"ဗလကြီးတာ လွယ်ပါတယ်ကွာ" ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ကြွက်သားထု (Muscle Mass) တက်ဖို့ဆိုတာ စနစ်တကျ စားသောက်ရသလို၊ အိပ်စက်ရတယ်၊ ပြီးတော့ နှစ်နဲ့ချီပြီး မောပန်းနွမ်းနယ်အောင် အလေးမရတာမို့ လုံးဝမလွယ်ကူတဲ့ အလုပ်ပါ။"Mobility မကောင်းဘူး၊ တောင့်တောင့်ကြီး" ဆိုတာ တချို့ Bodybuilder တွေ Stretch မလုပ်လို့ Flexibility လျော့နည်းတာ ရှိနိုင်ပေမဲ့ Hypertrophy သမားတိုင်း Mobility မကောင်းတာ မဟုတ်ပါဘူး။ အလေးကို Full Range of Motion (အဆုံးထိ) ကစားတဲ့ Hypertrophy သမားတွေဟာ အဆစ်အမြစ် တော်တော်လေး သန်မာပြောင်းလဲလွယ်ကြပါတယ်။(သို့သော် ဒီနိုင်ငံမှာ လူနည်းစုပါပဲ)မချိမဆန့်ကြီးပြီး ယားလို့ကုတ်မရတာတွေနဲ့တော့မယှဉ်နဲ့ပေါ့ဗျာ။ခင်ဗျားတို့က အလေးမတယ်ဆိုရင် ဗလမောင်တွေပဲပြေးမြင်နေတတ်ကြတာကိုး။ရည်ရွယ်ချက်မတူတိုင်း အပြစ်မတင်ရဘူး။

ဘာလို့ နှစ်ခုလုံးက လူတိုင်းကျန်းမာရေးအတွက် "မရှိမဖြစ်" အရေးကြီးတာလဲ?
ကျန်းမာပြီး အသက်ရှည်ရှည် နေချင်တဲ့ လူတိုင်းအတွက် ဒီနှစ်ခုလုံးက ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ အပြန်အလှန် လိုအပ်ပါတယ်။ ဘယ်အရာကမှ ပိုအဆင့်မမြင့်ပါဘူး။အသက်ကြီးလာတဲ့အခါ functional training ကချော်လဲခြင်းမှ ကာကွယ်ပေးတယ်၊ လှုပ်ရှားရတာ ပေါ့ပါးစေတယ်။Hypertrophy training ကကြွက်သားဆုံးရှုံးမှု (Sarcopenia) ကို တားဆီးပေးတယ်၊ အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။

နေ့စဉ်ဘဝမှာ functional training ကပစ္စည်းမတာ၊ ကုန်းရုန်းလုပ်ရတာတွေမှာ ခါးမနာအောင် ကာကွယ်ပေးတယ်။Hypertrophy training ကခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို မြှင့်တင်ပေးလို့ အဆီကျလွယ်စေတယ်။ကျန်းမာရေးအရ functional training ကအဆစ်အမြစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်း (Joint Health) ကို ကောင်းမွန်စေတယ်။Hypertrophy ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာရေးကို ကောင်းမွန်စေတယ်။Hypertrophy က ခန္ဓာကိုယ်ရဲ့ အင်ဂျင် (Engine) ကို ပိုကြီး၊ ပိုသန်မာအောင် လုပ်ပေးတာဖြစ်ပြီး၊ Functional Training ကတော့ အဲ့ဒီအင်ဂျင်ကို လမ်းကြောင်းပေါ်မှာ ကျွမ်းကျင်စွာ မောင်းနှင်နိုင်အောင် (Handling) လုပ်ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူက ပိုတော်လဲ၊ ဘယ်လေ့ကျင့်ခန်းက ပိုကောင်းလဲဆိုပြီး အားပြိုင်နေစရာ မလိုပါဘူး။ တကယ့် အကောင်းဆုံးအဖြေကတော့ Hybrid (နှစ်မျိုးစပ်) ကစားတာပါပဲ။Workout Routine ထဲမှာ အလှအပနဲ့ ကြွက်သားသန်မာဖို့အတွက် Hypertrophyလေ့ကျင့်ခန်းတွေ ထည့်သွင်းသလို၊ ခန္ဓာကိုယ် ပေါ့ပါးသွက်လက်ပြီး ဒဏ်ရာကင်းဖို့ Functional နဲ့ Mobility လေ့ကျင့်ခန်းတွေကိုပါ ပေါင်းစပ်ကစားပေးခြင်းကသာ အကောင်းဆုံးနဲ့ အကျန်းမာဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

Min Khant Bodybuilding Coach

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No(104)/Sanchaung Garden Residence, Sanchaung Street, Shin Saw Pu Quarter, Sanchaung, Myanmar
Yangon
11111