CHID Bank
Promising Futures
01/06/2026
လူကြီးမင်းတို့လုပ်ငန်းအတွက် ငွေပေးချေမှုတိုင်းမှာ စိတ်ချသေချာစေဖို့ CHID Bank ရဲ့ Payment Order (PO) ဝန်ဆောင်မှုနဲ့ ဆောင်ရွက်လိုက်ပါ 🧾
အောင်မြင်ပြီးမြောက်ခဲ့သည့် တင်ဒါများ၊ အခွန်ပေးဆောင်ခြင်း၊ လေလံများနှင့် လုပ်ငန်းကြီးများအတွက် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်၊ လုပ်ငန်းအပ်နှံသူနှင့် ကန်ထရိုက်တာ (လုပ်ငန်းဆောင်ရွက်သူ) ကြား ယုံကြည်စိတ်ချစွာဖြင့် အချိန်တိုအတွင်း လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် CHID Bank မှ Payment Order (PO) များကို ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြင့် ကူညီပေးဖို့ အသင့်ရှိနေပါပြီ။ 🤝
လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်စေရန်အတွက် လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမည့် PO ဝန်ဆောင်မှုများကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ လျှောက်ထားရယူနိုင်ရန် CHID Bank မှ အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိတာကြောင့် အခုပဲ လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်အပ်ပါတယ်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မိမိတို့နှင့် နီးစပ်ရာ CHID ဘဏ်ခွဲများ သို့မဟုတ် CHID Bank ၏ Call Center ဖုန်းနံပါတ်များဖြစ်သော 09-401 010 810, 09-401 010 820 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
31/05/2026
အွန်လိုင်းပေါ်က အတိုးနှုန်း အလွန်သက်သာပြီး၊ လွယ်လွယ်ရနိုင်တဲ့ ချေးငွေတွေက ထောင်ချောက်တစ်ခုဖြစ်နေနိုင်ပါတယ်🚨
Facebook, Telegram နဲ့ Viber စတဲ့ လူမှုကွန်ရက်ပေါ်မှာ “ချေးငွေအမြန်ထုတ်ပေးမယ်” ဆိုကာ မက်လုံးပေး လိမ်လည်မှုတွေရှိနေတာကြောင့် ငွေကြေးအရေးပေါ်လိုအပ်နေချိန်တွေမှာ သေချာစဥ်းစားဆုံးဖြတ်နိုင်စွမ်းမရှိဘဲ မသမာသူတွေရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။
မသမာသူတွေအနေနဲ့
⚠️ ချေးငွေရရှိနိုင်ကြောင်း ပြောပြီး ချေးငွေမထုတ်ပေးမီ အာမခံကြေး၊ အခွန် သို့မဟုတ် ဝန်ဆောင်ခအဖြစ် အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေကြိုတင်လွှဲခိုင်းကာ မိမိငွေကြေးကို လိမ်လည်ရယူဖို့ကြိုးစားခြင်း
⚠️ ငွေထုတ်ချေးဖို့ အကြောင်းပြချက်ပေးကာ ချေးငွေ App တွေ အသုံးပြုခိုင်းပြီး မိမိဖုန်းထဲရှိ ကိုယ်ရေးအချက်အလက်တွေကို အလွယ်တကူကူးယူခြင်း စတဲ့ မသမာမှုတွေကို ကျူးလွန်ကြပါတယ်။
ဒါကြောင့် မိမိရဲ့ ငွေကြေးနဲ့ကိုယ်ရေးအချက်အလက်တွေ အလွယ်တကူမဆုံးရှုံးဖို့ ချေးငွေဝန်ဆောင်မှုတွေ ရယူတဲ့အခါ တရားဝင်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဟုတ်မဟုတ်ကို သေချာစစ်ဆေးသင့်ပြီး လူမှုကွန်ရက်ပေါ်မှ အမည်မသိ လူပုဂ္ဂိုလ်များ၊ စိစစ်မရနိုင်သော Application များမှတစ်ဆင့် ငွေချေးခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်‼️
လူမှုကွန်ရက်တွေအသုံးပြုတဲ့အခါမှာ နည်းလမ်းမျိုးစုံနဲ့ လိမ်လည်မှုတွေ ကြုံတွေ့နိုင်တာကြောင့် အမြဲသတိထား ဆင်ခြင်ကြဖို့ မမေ့ပါနဲ့နော်။
30/05/2026
🌕 နယုန်လပြည့် မဟာသမယအခါတော်နေ့ 🌕
နယုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင်မှ လူနတ်ဗြဟ္မာအပေါင်းတို့အား မဟာသမယသုတ္တန် တရားတော် ဟောကြားတော်မူခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ဤမင်္ဂလာရှိသော နယုန်လပြည့်နေ့အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကောင်းမှုကုသိုလ်များ တိုးပွားကြပါစေကြောင်း CHID Bank မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏
#နယုန်လပြည့် #မဟာသမယအခါတော်နေ့
29/05/2026
CHID Pay သုံးရင်း ရင်ခုန်ကံထူးနိုင်မဲ့ အစီအစဉ်ရှိနေပြီနော်🥳
CHID Bank ရဲ့ Monsoon Campaign အဖြစ် ဇွန်လ (၁) ရက်နေ့မှ စတင်ပြီး ဩဂုတ်လ (၃၁) ရက်နေ့အတွင်း (၃) လတိုင်တိုင် CHID Pay မှာ ဖုန်းဘေလ်ဖြည့်တာ၊ ငွေလွှဲတာ နဲ့ အခြား Wallet Transaction တွေပြုလုပ်တာနဲ့ ငွေသားဆုမဲတွေ ကံထူးနိုင်မှာပဲဖြစ်ပါတယ်။
🍀Campaign ကာလအတွင်း CHID Pay မှာ Wallet Transaction (၁) ကြိမ်ပြုလုပ်တိုင်း ကံစမ်းခွင့်လက်မှတ် (၁) စောင်ရရှိသွားမှာဖြစ်ပြီး ကံထူးရှင် အယောက် (၂၀) အထိရွေးချယ်ပေးသွားမှာမလို့ပါဝင်ကံစမ်းဖို့ ဖိတ်ခေါ်ပါတယ်။
ကံထူးရှင်ဖြစ်ဖို့အတွက် ကံစမ်းခွင့်လက်မှတ်များများရှိလေ အခွင့်အရေးပိုများလေ ဖြစ်တာကြောင့် CHID Pay နဲ့ လွယ်လွယ်လေးပေးပြီး ကံစမ်းခွင့်လက်မှတ်တွေစုထားလိုက်ရအောင်နော်။
✅စည်းကမ်းသတ်မှတ်ချက်များ
• Campaign ကာလအတွင်း CHID Pay မှ Wallet Transaction (၁) ကြိမ်ပြုလုပ်တိုင်း ကံစမ်းခွင့်လက်မှတ် (၁) စောင်ရရှိမည်ဖြစ်ပြီး Wallet Transaction များဖြစ်သည့် Wallet to Wallet, Wallet to Mobile Top-Up, Wallet to Bill Payment, Wallet Cash In/Out Transaction များသာ အကျုံးဝင်မည်ဖြစ်ပါသည်။ (CHID Bank account မှပြုလုပ်သော Transaction များအတွက် ကံစမ်းခွင့်လက်မှတ် ရရှိမည်မဟုတ်ပါ)
🎁ဆုလက်ဆောင်
• ပါဝင်သူများအနက်မှ ကံထူးရှင် (၂၀)ဦး အား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး (၁)ဦးလျှင် ဆုငွေကျပ် (၃၀,၀၀၀) ကို CHID Pay ထဲသို့ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
📌ပါဝင်ရမည့်ပုံစံ
• ဇွန်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အတွင်း CHID Pay မှာ “ Wallet Transaction များများလုပ် ကံစမ်းခွင့်လက်မှတ်များများစု”ပြီး ပါဝင်နိုင်မှာဖြစ်ပါတယ်။
📅Campaign ကာလ: 1st June 2026 to 31st August 2026
27/05/2026
ကိုယ်တိုင်ဖန်တီးရမယ့် အနာဂတ်ခရီးလမ်းကို အပူအပင်ကင်းကင်းနဲ့ လှပစွာ ဖြတ်ကျော်နိုင်ဖို့အတွက် ဒီနေ့ပဲ ငွေစတင်စုဆောင်းလိုက်ပါ ✨
လှပပြီး စိတ်အေးချမ်းရတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်တဲ့အခါ ငွေကြေးအရခိုင်မာမှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။
📌 အနာဂတ်မှာ မိသားစုနဲ့ ကိုယ်ချစ်ရသူတွေအတွက် အကောင်းဆုံးအရာတွေကိုပဲ ဖြည့်ဆည်းပေးချင်တဲ့အခါ၊ ပျော်ရွှင်စရာကောင်းတဲ့ ဘဝခရီးလမ်းကို စိုးရိမ်ပူပန်မှုမရှိဘဲ လျှောက်လှမ်းချင်တဲ့အခါ၊ လိုအပ်ချက်မှန်သမျှကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင်စုဆောင်းငွေရှိထားဖို့ လိုအပ်ပါတယ်။
🔒သင်ယနေ့ စတင်စုဆောင်းလိုက်တဲ့ ငွေပမာဏအနည်းငယ်ဟာ အနာဂတ်ကို တည်ဆောက် ဖန်တီးရာမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကောင်းကျိုးအသီးအပွင့်တွေ ခံစား ရနိုင်တာကြောင့် ကိုယ့်ရဲ့ ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲပြီး အချိန်မဆိုင်းဘဲ အခုပဲ စတင်စုဆောင်းလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ။
ငွေကြေးစုဆောင်းတဲ့အခါ ပိုမိုစနစ်တကျရှိပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခု အဖြစ် အချိန်နဲ့အမျှ တိုးပွားနေစေဖို့ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ CHID Bank မှာ လာရောက်စုဆောင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 𝐈𝐒𝐎 𝟗𝟎𝟎𝟏:𝟐𝟎𝟏𝟓 အသိအမှတ်ပြု လက်မှတ်ကို ထိုက်တန်စွာ ရရှိထားတဲ့ CHID Bank နဲ့ဆို Customer များ စိတ်ကျေနပ်မှုရရှိစေရန် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိနေတာကြောင့် ငွေစုရင်း နေ့ရက်တိုင်းကို စိတ်အေးချမ်းစွာ ကျော်ဖြတ်လိုက်ပါ။
"ကိုယ်တိုင်တည်ဆောက်မယ့် အနာဂတ်အတွက် စုဆောင်းမှုတိုင်းဟာ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု" ဖြစ်တာကြောင့် ဒီနေ့ပဲ CHID Bank မှာ ငွေစုလိုက်ပါ ✨
26/05/2026
ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း
၂၀၂၆ ခုနှစ်၊ မေလ၊ (၂၈) ရက် (ကြာသာပတေးနေ့) သည် “အီဒုလ်အဿွာဟာ(ကုရ်ဘာနီအီးဒ်)နေ့” အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသောကြောင့် CHID Bank ရုံးချုပ် နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ရုံးပိတ်ရက်အတွင်း CHID Bank ၏ ATM ဝန်ဆောင်မှုများနှင့် Mobile Banking ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း (၂၄) နာရီပတ်လုံး အသုံးပြုနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
ရုံးပိတ်ရက်များမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေအတွက် သိလိုသမျှ မေးမြန်းမှုများကို ဖြေဆိုပေးနိုင်ဖို့ CHID Bank ရဲ့ Call Centre ဖုန်းနံပါတ်များဖြစ်သော 09 401 010 810 , 09 401 010 820 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
25/05/2026
သင့်လုပ်ငန်းအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လစာငွေစီမံခန့်ခွဲခြင်းကို CHID Bank Payroll Service နဲ့အတူ အလွယ်ကူဆုံး လုပ်ဆောင်လိုက်ပါ။
လူကြီးမင်းတို့လုပ်ငန်းခွင်မှာ လစာငွေပေးချေဖို့ လစဉ် အချိန်ကုန်၊ခေါင်းရှုပ်ခံပြီး တွက်ချက်နေရတာ ပင်ပန်းနေပြီဆိုရင် CHID Bank Payroll Service ကကူညီပေးဖို့ အသင့်ရှိနေပါပြီ။
CHID Bank Payroll Service နဲ့ဆိုရင်
⌛ လစာငွေတွက်ချက်ရတဲ့အတွက် ကုန်ဆုံးနေတဲ့ အချိန်တွေကို လျှော့ချနိုင်ပြီး
✅ တိကျမှန်ကန်တဲ့ လစာငွေတွေကို
⏰ (24) နာရီလုံး အချိန်နေရာမရွေး အကောင်းဆုံးနဲ့အမြန်ဆုံး ပေးနိုင်ပါပြီ။
လုပ်ငန်းအတွက် အားထားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ပိုကောင်းတဲ့ CHID Payroll Service နဲ့ လွယ်ကူသက်သာ လစာငွေပေးချေလိုက်ပါ။
22/05/2026
ဖုန်းဘေလ်ဖြည့်တိုင်း Discount တွေရရှိမဲ့ CHID Pay 📲
ချစ်ခင်ရသူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်ဘဲ စကားပြောနိုင်ဖို့ဆိုရင် CHID Pay ရှိမှဖြစ်မယ်နော်။
အခုဆိုရင် CHID Pay ကနေ မည်သည့် Operator ကိုမဆို ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကစပြီး အချိန်မရွေး၊ နေရာမရွေး လွယ်လွယ်ကူကူ ဖုန်းဘေလ်ဖြည့်သွင်းနိုင်ပြီး ဖြည့်လိုက်တိုင်းမှာ Discount တွေရရှိမှာပါ။
CHID Pay နဲ့ မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ် ဖုန်းဘေလ်ဖြည့်ပေးပြီး Discount တွေ စဉ်ဆက်မပြတ်ရယူလိုက်ပါ။
ဖုန်းဘေလ်ဖြည့်မယ်ဆို CHID Pay နဲ့ လွယ်လွယ်လေးပေးလိုက်နော်။
Download CHID Pay ⬇️
Android ~ https://shorturl.at/JDqCm
IOS ~ https://shorturl.at/BTgAD
20/05/2026
လုပ်ငန်းနှစ်ဆတိုးချဲ့ပြီး ပိုမိုအောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ CHID Bank Commercial Loan
ရင်းနှီးမြုပ်နှံမှုအသစ်တွေနဲ့ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ဖို့ (သို့မဟုတ်) လုပ်ငန်းတွင်း ငွေကြေးလည်ပတ်မှုပိုမိုကောင်းစေဖို့အတွက် ငွေကြေးလိုအပ်ချက်များကို CHID Commercial Loan နဲ့အတူဖြေရှင်းလိုက်ပါ။
ပြိုင်ဆိုင်မှုများတဲ့ စီးပွါးရေးလောကမှာ မိမိလုပ်ငန်းကို တိုးချဲ့ဖို့အတွက်သာမက လုပ်ငန်းများလွယ်ကူစွာ စီမံဆောင်ရွက်ရင်း အောင်မြင်မှုလမ်းကြောင်းပေါ် တိုးချဲ့လျှောက်လှမ်းရန်အတွက် လိုအပ်သည့်ရင်းနှီးငွေများအတွက် အထောက်အကူဖြစ်စေရန် CHID Bank တွင် Commercial Loan ကို နီးစပ်ရာ CHID ဘဏ်ခွဲများမှာ အခုပဲလျှောက်ထားနိုင်ပါပြီ။
လူကြီးမင်းရဲ့ စီးပွါးရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ဖို့ CHID Bank ကအသင့်ရှိနေပါပြီ။
လိုအပ်သည့်စာရွက်စာတမ်းများနဲ့ အသေးစိတ်အချက်အလက်များအတွက် နီးစပ်ရာ CHID ဘဏ်ခွဲများတွင်လည်းကောင်း၊ Call Center No. 09 401 010 810, 09 401 010 820 သို့ လည်းကောင်း ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
19/05/2026
ပိုမိုအောင်မြင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းအဖြစ် တိုးချဲ့လုပ်ကိုင်ဖို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပြီလား?
CHID Bank မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ခိုင်မာ၊စိတ်ချရတဲ့ ဆောက်လုပ်ရေးချေးငွေ ဝန်ဆောင်မှုကို ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။
CHID Bank ရဲ့ Construction Loan ဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အထူးရည်ရွယ်ထားပြီး ဆောက်လုပ်ရေး Project ကြီးများ အချိန်တိုအတွင်း အစီအစဉ်တကျ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီတဲ့ ငွေကြေးထောက်ပံ့မှုကို ပံ့ပိုးပေးနိုင်တဲ့ ချေးငွေဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း အောင်မြင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းအဖြစ် အသွင်ပြောင်းဖို့ CHID Construction Loan ကိုအခုပဲလာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။
အသေးစိတ်မေးမြန်းစုံစမ်းလိုပါက နီးစပ်ရာ CHID ဘဏ်ခွဲများတွင်လည်းကောင်း၊ CHID Bank ၏ Call Center ဖုန်းနံပါတ်များဖြစ်သော 09 401 010 810, 09 401 010 820 သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 60, Shwedagon Pagoda Road, Yaw Min Gyi Quarter, Dagon Township
Yangon
11111
Opening Hours
| Monday | 09:30 - 15:00 |
| Tuesday | 09:30 - 15:00 |
| Wednesday | 09:30 - 15:00 |
| Thursday | 09:30 - 15:00 |
| Friday | 09:30 - 15:00 |