Boost Service For Small Business
Boost Service For Small Business
14/07/2023
Facebook ပေါ်မှာ Branding လုပ်သည်ဟုဆိုရာဝယ်...
SME လုပ်ငန်းများအတွက် Facebook ပေါ်မှာ ကိုယ့် Business ကို Branding လုပ်တော့မယ်ဆိုရင် ကိုယ့် Business နဲ့ Brand အကြောင်းတွေကြီးပဲ ထိုင်ပြောနေလို့ မရပါဘူး.. မင်းလုပ်ငန်းကို မင်းရဲ့ ပြိုင်ဘက်တွေကပဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာပါ တကယ့် Real Customer တွေက စိတ်မဝင်စားကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က မင်းပစ္စည်းကိုဝယ်ဖို့ Facebook သုံးနေကြတာမဟုတ်သလို မင်းအကြောင်းကိုသိချင်လို့ သုံးနေကြတာလဲမဟုတ်ပါဘူး။
သူတို့ဘာသာသူတို့ သူတို့ရည်ရွယ်နဲ့သူတို့ တည်ရှိနေကြတာပါ။ သူတို့ကိုအတင်းသွားထိုးရောင်းလို့လဲ မရသလို သူတို့ဆီက စိတ်ဝင်စားမှုကိုရဖို့အတင်းလုပ်ယူလို့လဲမရပါဘူး။ သူတို့ ကိုယ့် Business ကို ကိုယ့် Brand သတိပြုမိလာအောင် စိတ်ဝင်စားလာအောင်အရင်လုပ်ပြီး သူတို့ဆီက Trust ရလာပြီဆိုတော့မှ Sale ဘက်ကိုသွားရမှာပါ။ နောက်တစ်ခုရှိတာက လက်ဆုပ်လက်ကိုင်ပြပြီးရောင်းတဲ့ လုပ်ငန်းမျိုးတွေဆိုရင် ကိုယ့်လုပ်ငန်းကိုရဲ့ Product တွေကို Boost လုပ်ပြီး ရောင်းလို့တော့ ရပါတယ်။ ကိုယ့်လုပ်ငန်း ကိုယ့် Brand ကို သိသိမသိသိ ဒီပစ္စည်းက သူတို့အတွက် တကယ်အသုံးတည့်တယ်ဆိုရင် Sale ဖြစ်သွားဖို့က အပြင်ဆိုင်တွေမှာ ရောင်းနေတာထက် ပိုလွယ်ပါတယ်။ ဒါပေမယ့် လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ Online Service ပေးတဲ့ လုပ်ငန်းတွေ Online School တွေနဲ့ အခြား Service ပေးတဲ့ လုပ်ငန်းမျိုးတွေမှာဆိုရင်တော့ ကိုယ့် Business ကို သူတို့တွေ သိလာအောင် သတိပြုမိလာအောင် စိတ်ဝင်စားလာအောင် အရင်လုပ်ပြီးတော့မှ Sale ကိုနောက်တစ်ဆင့်တက်ရမှာပါ။ အဲတော့ Online ပေါ်က သူ့ဘာသာသူတို့ တည်ရှိနေတဲ့ Customer တွေ ကိုယ့် Brand ကိုသိလာေအောင် ကိုယ့် Business သူတို့စိတ်ဝင်စားလာအောင် သူတို့ ကိုယ့် Business ကို သတိပြုမိလာအောင် ဘယ်လိုလုပ်မလဲ? တစ်နည်းအားဖြင့် Awareness နဲ့ Engagement ရလာအောင်ပေါ့...
ဘယ်လိုလုပ်ရမလဲဆိုတော့ လုပ်ငန်းတစ်ခုနဲ့တစ်ခုက ချဉ်းကပ်ပုံချဉ်းကပ်နည်း တူညီနေမှာတော့မဟုတ်ပါဘူး။ Social Media မှာ အားအကောင်းဆုံး Content type က UGC (User Generated Content ) တွေက အားအကောင်းဆုံးပါပဲ။ ကိုယ့် Brand ကိုသုံးတဲ့ Customers တွေကိုယ်တိုင်
ကိုယ့် Brand နဲ့ပတ်သက်တဲ့ အတွေ့အကြုံ ခံစားမှုများကို အခြားသူတွေလဲသိအောင် Social Media ပေါ်မှာ မျှဝေထားတဲ့ Content တွေက အားအကောင်းဆုံးပါပဲ။
ကိုယ့် Brand ကို ကိုယ်ကိုယ်ကိုယ်တိုင်ကတော့ အကောင်းဆုံးလို့ မြင်ပေမယ့် တကယ့် Customer တွေရဲ့အမြင်မှာတော့ သင့် Brand က သူတို့အတွက် ဘာမှမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော် Crush လေးလိုပေါ့ 🥹 You are nothing for me ပဲ။ ကိုယ့်ကောင်းကြောင်း ကိုယ်ပြောထားတဲ့ Brand တွေရဲ့ စကားကို Customer တွေက အထင်မကြီးကြတော့ပါဘူး။ တစ်နည်းအားဖြင့် Customers တွေက Brand voice ကို ယုံကြည်မှုအားနည်းလာပါပြီ။ Brand Personality ကောင်းကောင်းတည်ဆောက်ထားတဲ့ လုပ်ငန်းတွေမှ အပ Brand image မကောင်းတဲ့ Product နဲ့ Services တွေရဲ့ ကတိစကားကြောငြာတွေကို Customers တွေက မယုံကြတော့ပါဘူး။ သူတို့ ယုံကြည်မှုရှိတာက သူတို့ မိသားစု၀င်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ချစ်သူများရဲ့ Brand အပေါ်ကို ပြောတဲ့စကားပါ။ နောက်ပြီးတော့ သက်ဆိုင်ရာနယ်ပယ်က influencer များရဲ့ Review များကလဲ Customers အပေါ်များစွာ သက်ရောက်မှုရှိလာပါတယ်။
ဆိုတော့ Facebook ပေါ်မှာ Branding လုပ်တော့မယ်ဆိုရင် အရင်ဆုံး Brand Awareness ရအောင် အရင်လုပ်ပါ။ Customer တွေဟာ Brand ကိုတွေ့ဖူးမြင်ဖူး သိထားခြင်းက ဝယ်ယူဖို့အတွက် ဆုံးဖြတ်ချက်ချရာမှာ ကိုယ့် Brand ကိုဝယ်ဖို့အခွင့်အလမ်းပိုများပါတယ်။ အမှတ်တံဆိပ်တစ်ခုကို ရင်းနှီးဖူး တွေ့ဖူးမြင်ဖူးတဲ့အခါမျိုးမှာ ဝယ်ယူဖို့အခွင့်အလမ်း ပိုများပါတယ်။ ရွေးချယ်စရာများပြားတဲ့ ခေတ်ကြီးမှာ Customers တွေက တန်ဖိုးချင်းမတူရင်တောင် ၀န်ဆောင်မှုကောင်းတာကိုပဲရွေးချယ်လေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ သူတို့တွေ စိတ်ချမ်းသာပြီး သူတို့ကို အလေးထားခံရတယ်ဆိုတဲ့ ခံစားမှုကြောင့်ပါ။ မိမိ Customers များရဲ့ လိုအပ်ချက်များကို Brand က ဖြည့်ဆည်းပေးဖို့ အရေးကြီးပြီး အားနည်းချက်များကို ပြုပြင်သင့်ပါတယ်။ After Sale Service ပါ ကောင်းမွန်ပါမှ Loyal Customers များကို ပါရှိနိုင်မှာဖြစ်ပါတယ္။
နိဂုံးချုပ်ရရင် Facebook ပေါ်မှာ Branding လုပ်တော့မယ်ဆိုရင်
- Consistent Branding ရှိပါ။
Logo, brand colors, brand identity တို့ကို လူတွေပိုမြင်ပိုမှတ်မိအောင် အပြောင်းအလဲမရှိပဲ တစ်သတ်မတ်တည်းထားပြီး လုပ်ဆောင်ပါ။
- Engaging ဖြစ်တဲ့ Content တွေနဲ့ ဆွဲဆောင်ပါ။
Branding မလုပ်ပဲ Sale post တွေပဲတင်ပြီး ထိုင် Boost လုပ်နေရင်တော့ သေချာပါတယ် ပိုက်ဆံကုန်တာပဲအဖတ်တင်မှာပါ။ Sale post လေးလဲ တစ်ခါတစ်လေ Boost လုပ်၊ ကိုယ့်လုပ်ငန်း Industry ထဲက အကြောင်းအရာတွေကို ကိုယ့် Target User တွေ Knowledge ရအောင် Moti ရအောင် သူတို့မသိတာတွေ သိလာအောင် ကူညီပေးတဲ့ Content တွေနဲ့ ဆွဲဆောင်ပါ။ နောက်ပြီးတော့ Trend တွေလဲ အသုံးချတတ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ Trend တွေက လူကြီးလူငယ်မရွေး စိတ်ဝင်စားကြပါတယ်။ အဲလို Trend ကို အသုံးချပြီး ကိုယ့် Brand ကို သတိပြုမိလာအောင် ကိုယ့်ရှိနေတာ သိသွားအောင်လဲ လုပ်လို့ရပါတယ်။
-Live Videos and Stories တွေအသုံးပြုပါ။
Facebook မှာ Live လွှင်ပြီးဆိုတာနဲ့ သူတို့တွေဆီမှာ Noti တက်လာပါတယ်၊ Post တင်ရင်တော့ Target user တွေရဲ့ New Feed မှာ post ပေါင်း သောင်းခြောင်ထောင်ကျော်နဲ့ ကိုယ့် post ကို သူတို့မြင်ဖို့ဆိုတာ မသေချာပါဘူး။ နောက်ပြီး Facebook Stories ကိုလဲ အသုံးချပါ၊ ဘာလို့လဲဆိုတော့ Facebook က သင့် Page ရဲ့ Audience တွေကို real-time ပြပေးလို့ပါပဲ။
- Influencer တွေနဲ့ Partnerships လုပ်ပါ။
Influencer တွေလို့ဆိုရာမှာ Facebook ပေါ်မှာ ပေါတောတောတွေလုပ်ပြီး နာမည်ကြီးတဲ့ သူတွေကိုဆိုလိုတာမဟုတ်ပါဘူး။ တကယ့် Professional အနေနဲ့ရပ်တည်နေတဲ့ Influencer တွေကိုဆိုလိုပါတယ်။ ဉပမာ - ကိုယ့်ဆေးဆိုင်ဖွင့်ထားတယ်ဆိုပါစို့... ဘယ်သူနဲ့တွေနဲ့ Partnerships လုပ်လို့ရမလဲဆိုရင် Facebook ပေါ်မှာ နာမည်ကောင်းနဲ့ ဆရာဝန်တွေနဲ့ Hello ဆရာဝန်တို့လို Website တွေနဲ့ Partnerships လုပ်ပြီး ကိုယ့်ဆေးဆိုင် Brand ကိုမြှင့်တင်နိုင်ပါတယ်။
- Facebook မှာ Ads Run ပါ။
Brand Awareness, Engagement, Sale တို့လို Campaign တွေ Run ပါ။
- Audience တွေရဲ့ စကားတွေကို Response လုပ်ပါ။
စိတ်ဝင်တစားမေးမြန်ထားတဲ့ Comments တွေ Messages တွေနဲ့ Reviews တွေကို မြန်ကန်မြန်ဆန်စွာ Response လုပ်ပါ။ အဲလိုလုပ်ခြင်းအားဖြင့် ကိုယ့် Brand တည်ဆောက်ရာမှာ Brand အပေါ်အကောင်းမြင်စိတ်နဲ့ ယုံကြည်စိတ်ရလာပါလိမ့်မယ်။
- page Insights Data တွေကို Analytics လုပ်ပါ။
Brand စလုပ်တော့မယ်ဆိုရင် လက်ရှိ ကိုယ့် Page ကို စိတ်ဝင်စားတာ ဘယ်သူတွေလဲ အသက်အရွယ် ဘယ်လောက်လဲ ယောကျင်္ားလေးများလား မိန်းကလေးများလား ဘယ်နိုင်ငံ ဘယ်မြို့နယ်မှာနေတဲ့ သူတွေလဲ ကိုယ့် Page မှာ တင်ထားတဲ့ Content တွေကရော ဘယ်သူတွေဆီက စိတ်ဝင်စားမှု အများဆုံးရလဲ ဘယ်ကလဲ အသက်ဘယ်အရွယ်လဲဆိုတာကို Analytics လုပ်ပါ။ ကိုယ်ရည်ရွယ်ထားတဲ့ Target Audience တွေရောက်ရဲ့လား သူတို့ကိုယ့်ကိုရော သတိထားမိသွားရဲ့လား Audience အသစ်တွေ ဒီထပ်ပိုပြီး ထပ်ရလာအောင် ဘာတွေပြင်ဆင်လုပ်ကိုင်ဆောင်ရွက်သွားရမလဲဆိုတာ ရရှိထားတဲ့ Data အချက်အလက်တွေပေါ်ကို အခြေခံပြီးတော့မှ ဘာဆက်လုပ်သင့်တယ်ဆိုတာ သိရှိလာမှာပဲဖြစ်ပါတယ်။
ဒါတွေက ကျွန်တော်လေ့လာသိရှိသလောက်ကို မျှဝေပေးခြင်းသာဖြစ်ပါတယ်... Branding လုပ်တယ်ဆိုတာ ဒီထက်မက ပိုပြီးကျယ်ပြန့်ပါတယ်...
01/06/2023
မှန်ကန်တဲ့ Campaign Type နဲ့ သင့်လျော်တဲ့ Campaign Period ကို ဘယ်လိုရွေးချယ်မလဲ
မှန်ကန်တဲ့ Campaign type ဆိုတာ ဘာကိုပြောတာလဲ ဘယ်လိုရွေးရမလဲဆိုတာနဲ့ Campaign type နဲ့သင့်လျော်တဲ့ Campaign Period ကိုဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်သင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပထမဆုံးပြောချင်တာက Facebook မှာ Campaign ဆောက်ပြီး Boost လုပ်တဲ့အခါ အကောင်းဆုံးနဲ့ အမှန်ဆုံးဆိုတာ မရှိပါဘူး။ Page က ဒီ Page ပဲဆိုပေမယ့် Page မှာ တင်ထားတဲ့ Content တွေ၊ Design တွေနဲ့ Content Goals တွေမတူကြတဲ့အခါ ဒီ Content နဲ့လိုက်ဖက်မယ့် Target Audience တွေကိုရွေးချယ်တတ်ဖို့လိုပါတယ်။ တစ်နည်းအားဖြင့် Boosting ပါးဝဖို့လိုပါတယ်။ Visa ကတ်လေးချိတ် Post အောက်က Boost Post လေးနိုပ်တတ်ရုံနဲ့ ကောင်းမွန်တဲ့ Result တစ်ခုရလာမှာမဟုတ်ပါဘူး။
Campaign Type (or) objective က ၆ မျိုးရှိပါတယ်။ အသေးစိတ် ရှင်းပြရင် ရှုပ်သွားမှာစိုးလို့ ဘာတွေလုပ်လို့ရလဲဆိုတာကိုပဲ ပြောပြသွားပါမယ်။ Campaign Type (or) objective က ၆ မျိုးကတော့ Awareness, Traffic, Engagement, Leads, App Promotion, Sales ဖြစ်ပါတယ်။
(၁) Awareness
Awareness နဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ Reach, Brand awareness, Video views, Store location awareness လုပ်လို့ရပါတယ်။
(၂) Traffic
Traffic နဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ Link clicks, Landing page views, Messenger and WhatsApp, Calls လုပ်လို့ရပါတယ်။
(၃) Engagement
Engagement နဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ Messenger, Instagram and WhatsApp, Video views, Post engagement, Conversions လုပ်လို့ရပါတယ်။
(၄) Leads
Leads နဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ Instant Forms, Messenger, Conversions, Calls လုပ်လို့ရပါတယ်။
(၅) App promotion
App promotion နဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ App installs, App events လုပ်လို့ရပါတယ်။
(၆) Sales
Sales နဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ Conversions, Catalogue sales, Messenger and WhatsApp, Calls လုပ်လို့ရပါတယ်။
ဥပမာအနေနဲ့ပြောရရင် အရောင်း Post ကို Boost လုပ်မယ်ဆိုပါစို့ Boost မလုပ်ခင်ကတည်းက Page ရဲ့ Reach ကောင်းမကောင်း , Engagement တက်မတက် အခြေအနေကို သုံးသပ်ပြီး campaign type ကိုရွေးသင့်ပါတယ်။ Boost မထိုးပဲ Page ရဲ့ Reach တွေကျနေတယ် Reach ပြန်တက်လာအောင် ဘယ်လို Content Post တွေ ဘယ်လို Design လေးတွေနဲ့ Reach ပြန်ရောက်အောင် လုပ်မလဲဆိုတာကတော့ နောက်တစ်ဆင့်ဖြစ်သွားပါပြီ။ Boost ထိုးပြီး လုပ်မယ်ဆိုရင်တော့ မှန်ကန်တဲ့ Campaign type ရွေးချယ်ပေးရမှာပါ။ Page ရဲ့ Reach မကောင်းဘူးဆိုရင် Sale Post ကို Engagement (or) Page Like & Follow နဲ့ တွဲ Run ပါ။ အဝတ်အထည်တို့ အလှကုန်တို့ စားသောက်ကုန်တို့လိုမျိုးဆိုရင် Message နဲ့ Run သင့်ပါတယ်။ Message နဲ့ boost ထိုးတဲ့အခါ ROI ကိုလည်း မြင်သာစေပါတယ်။
ဒီ Ad က အခြေအနေ ကောင်းလား မကောင်းဘူးလားဆိုတာ Message ဘယ်နှစ်စောင်ဝင်လဲဆိုတာကိုကြည့်ပြီးတွက်လို့ရပါတယ်။ ကျွန်တော်အမြင်ကတော့ 1$ ကို Message ၃ စောင်ပါ၊ တစ်ခါတစ်လေမှာ Product ပေါ်လဲ မူတည်ပါတယ်။ Products ကဈေးမ်ားတဲ့ Product မ်ဳိးဆိုရင္ လူတိုင္းဝယ်နိုင်တဲ့ Product မျိုးမဟုတ်ဘူးဆိုရင် Engagement လေး Run ပါ။ Message နဲ့ Sale ဖြစ်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။
လူတိုင်းလဲ ဝယ်သုံးနိုင်တယ်၊ ဈေးနူန်းလေးလဲ သင့်တယ်ဆိုရင်တော့ 1$ ကုန်သွားလို့ Message ၃ စောင် မဝင်သေးရင် ကိုယ်ရွေးချယ်ပေးထားတဲ့ Target Audience က အလွဲကြီးလွဲနေပြီး ပြန်ပြင်ဖို့လိုတယ်ဆိုတာပါပဲ...။ 1$ ကို Message ၂ စောင်ဝင်တယ်ဆိုရင်တော့ အခြေအနေ သိပ်မဆိုးပါဘူး၊ ကိုယ်ရဲ့ Budget တစ်ဝက်လောက်ဆိုရင် 1$ ကို Message ၃ စောင်နှုန်းနဲ့ ပြန်ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ Reach က ကိုယ် Target ထားတဲ့ သူတွေဆီကိုပဲ ရောက်သွားတာမလို့ပါ။
Campaign Type ရွေးပြီးပြီးဆိုရင်တော့ ဒီ Campaign ကို ဘယ်လောက်ကြာကြာ Run မှာလဲဆိုတဲ့ Campaign Period ကိုရွေးချယ်ပေးရပါမယ်။ Facebook က တစ်ရက်ကို 1$ အနည်းဆုံး သုံးပေးရပါတယ်။ 2$ 3$ ၁ ရက်ဆိုရင်လဲ မဆိုးပါဘူး။ Facebook ရဲ့ Recommend က 10$ ကို ၄ ရက် ၅ ရက် ပြောထားပါတယ်။ 10$ ကို ၂ ရက်ထားတဲ့ Result နဲ့ 10$ ကို ၄ ရက်ထားတဲ့ Result က ကွာပါလိမ့်မယ်။ ကိုယ်သုံးမယ့် Budget နဲ့ လိုက်ဖက်မယ့် Period ကိုရွေးချယ်တတ်ဖို့ဆိုတာကတော့ အခြေအနေကြည့်လုပ်တတ်ဖို့တော့လိုပါတယ်။
နောက်ဆုံးနိဂုံးချုပ်အနေနဲ့ပြောရရင် Boosting လုပ်တဲ့အခါမှာ ကျွန်တော်အပေါ်မှာပြောထားခဲ့သလိုပဲ အကောင်းဆုံး အမှန်ဆုံးဆိုတဲ့ နည်းလမ်းဆိုတာ မရှိပါဘူး။
သိချင်တာရှိရင် Cb ကနေ လာမေးလို့ရပါတယ်။ အခမဲ့ အကြံဉာဏ်နဲ့အကူအညီများပေးပါတယ်။
Digital Marketing For Myanmar SMEs
Click here to claim your Sponsored Listing.
Category
Website
Address
Yangon