EasyFix

EasyFix

Share

ကော်ဆိုရင် အကပ်ဆုံး EasyFix ကို သုံး

Adhesives, Coatings & DIY solutions

25/09/2026

🟡မှော်အစွမ်းတွေတောင် မမှီနိုင်တဲ့ EasyFix - TileBond 🟡

EasyFix TileBond ဟာ ကပ်အားဘယ်လောက်ထိကောင်းလဲဆိုရင် မှော်ပညာတွေသုံးပြီး ကြွေပြားတွေခွါရင်တောင်မှ လုံးဝပြန်ကွာမှာ မဟုတ်ပါဘူး။😎

✔ဒီလို စွဲကပ်အားကောင်းတဲ့ EasyFix TileBond က ဥရောပစံချိန်၊ စံညွှန်း (BS EN 12004) နှင့်အညီ ထုတ်လုပ်ထားတဲ့ C1 Grade ကြွေပြားကပ်ကော်ဖြစ်ပြီး သတ်မှတ်စံနှုန်းများနှင့်အညီ ဓာတ်ခွဲခန်းမှာလည်း စမ်းသပ်စစ်ဆေးထားတာကြောင့် အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

🟡ကြွေပြားတွေကို မှော်အစွမ်းတွေသုံးပြီး ခွါရင်တောင် ပြန်မကွာတဲ့ ကြွေပြားကပ်ကော်ကို ဝယ်ယူချင်ရင်တော့ EasyFix ကိုသာ သတိရလိုက်ပါ။

🟡ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး🟡

Call us - 09 882 880 940

23/09/2026

ဆရာတို့… ကြွေပြားကပ်တဲ့အခါ ကြွေပြားကပ်ကော် နဲ့ဘိလပ်မြေ ဘာကိုရွေးကြလဲ?
ကြွေပြားကပ်ကော်နဲ့ ဘိလပ်မြေမှာ မတူညီတဲ့ ကွာခြားချက်များစွာရှိပါတယ်။
တနည်းအားဖြင့် ဖျော်စပ်ပုံ၊ကပ်အား၊ အသုံးပြုတဲ့နေရာတွေက မတူပါဘူး။
ကြွေပြားကပ်ကော်က ကြွေပြားကပ်ဖို့အတွက် သီးသန့်ထုတ်ထားတာဖြစ်ပြီး
ကြွေပြားကပ်ကော်မှာဆို Cement အပြင် Polymer/chemical additives တွေ နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဘိလပ်မြေထက် ရေစိုဒဏ်၊ လှုပ်ရှားမှုဒဏ်တွေကို ခံနိုင်ပြီး ကပ်အားကလည်း ဘိလပ်မြေထက်
ပိုကြာကြာကပ်နိုင်ပါတယ်။
ဆရာတို့ကော ကြွေပြားကပ်တဲ့အခါ ဘယ်လိုမျိုး ရွေးချယ်အသုံးပြုကြလဲဆိုတာ ပြောပြခဲ့ပါအုံးနော်။
#ကြွေပြားကပ်ကော် #ကော်ဆိုရင်အကပ်ဆုံးeasyfixကိုသုံး
less

Photos from EasyFix's post 19/09/2026

🟡ဥရောပစံချိန် စံညွှန်း (BS EN Standard) နှင့် အညီထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် EasyFix ကြွေပြားကပ်ကော် TileBond နဲ့ TileBond PRO ကို အခုဆိုရင် အမြို့မြို့အနယ်နယ်မှာရှိတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ကြီးများမှာ ဝယ်ယူလို့ရနေပြီဖြစ်ကြောင်း သတင်ကောင်းပါးလိုက်ပါတယ်။👐

🟡ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး🟡

Call us - 09 882 880 940

17/09/2026

ကြွေပြားကပ်ဆရာကြီးတွေ ရွေးချယ်တဲ့ ကြွေပြားကပ်ကော်👍

EasyFix TileBond (C1 Grade ကြွေပြားကပ်ကော်)​ ဟာ ကော်သားဖြန့်တဲ့အချိန်မှာ ပျံ့နှံ့အားကောင်းပြီး အလုပ်လုပ်ရ လွယ်ကူခြင်း၊ အရည်အသွေးမှာ အမြဲမှန်ကန်ပြီး စွဲကပ်အားကောင်းတာကြောင့် ကြွေပြားကပ်ဆရာကြီးတွေ စိတ်ချစွာ အသုံးပြုနေကြတဲ့ ကြွေပြားကပ်ကော်ပဲဖြစ်ပါတယ်။

အဆောက်အဦအတွင်း၊ အပြင် ကြမ်းခင်း၊ နံရံ၊ မီးဖိုချောင်နဲ့ ရေချိုးခန်းလို နေရာတွေမှာ ၂ ပေအောက်နှင့် ၂ ပေပတ်လည်အရွယ်အစားရှိ ကြွေပြားများကပ်ရာတွင် EasyFix ကြွေပြားကပ်ကော် TileBond ကိုအသုံးပြုနိုင်ပါတယ်။

🟡ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး🟡

Call us - 09 882 880 940

15/09/2026

🟡ကြွေပြား၊ ကျောက်ပြားတွေအတွက် TileBond နဲ့ TileBond Pro ကို ဘယ်လိုရွေးမလဲ?

အသုံးပြုမယ့် အရွယ်အစားနှင့် အမျိုးအစားများပေါ်မူတည်ပြီး အသုံးပြုရတဲ့ ကြွေပြားကပ်ကော် Gradeအမျိုးအစားတွေလည်း ကွာခြားပါတယ်။

၂ပေအောက်နှင့် ၂ ပေပတ်လည် ကြွေပြားများကပ်ရာမှာ C1 Grade ရှိတဲ့ ကြွေပြားကပ်ကော်ကို အသုံးပြုနိုင်ပြီး ၂ ပေ အထက် ကြွေပြား၊ ကျောက်ပြား များကပ်ရာမှာ C2TE Grade ရှိတဲ့ ကြွေပြားကပ်ကော်ကို အသုံးပြုနိုင်ပါတယ်။

☑️EasyFix ကြွေပြားကပ်ကော်တွေဟာ ဥရောပ စံချိန်၊ စံညွှန်း BS EN 12004 နဲ့အညီ ထုတ်လုပ်ထားပြီး TileBond (C1 Grade) နဲ့ TileBond PRO (C2TE Grade) ဆိုပြီးနှစ်မျိုးရှိပါတယ်။

🟡C1 Grade ဖြစ်တဲ့ TileBond က ဘိလပ်မြေအခြေခံ ကြွေပြားကပ်ကော်ဖြစ်ပြီး သာမန်ကြွေပြားကပ်ကော်တွေ ထက်စွဲကပ်အား ပိုကောင်းတာကြောင့် ၂ပေပတ်လည်ကြွေပြားများကို ကြမ်းခင်းနဲ့ နံရံတွေမှာ ကပ်ဖို့ အသုံးပြုနိုင်ပါတယ်။

🔵C2TE Grade ဖြစ်တဲ့Tilebond Pro ကလည်း ဘိလပ်မြေအခြေခံကြွေပြားကပ်ကော်ဖြစ်ပြီး C1 Grade ထက် ပိုမို ကပ်အားကောင်းတဲ့ အပြင် နံရံတွေမှာ ကြွေပြားကပ်တဲ့အခါ ကြွေပြား လျှောကျမှုကို လျှော့ချနိုင်ပြီး ကြွေပြားများချိန်ညှိရာမှာလည်း အချိန်ပိုရစေတာကြောင့် အရွယ်အစားကြီးတဲ့ ကြွေပြား၊ ကျောက်ပြား၊ Marble၊ Granite စတာတွေကို အပြင်ဘက်နံရံများ၊ ရေစိုထိတွေ့မှုရှိတဲ့ ရေကူးကန်၊ရေကန်နေရာတွေနဲ့ ကြွေပြားဟောင်းပေါ် ကြွေပြားအသစ် ထပ်ကပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။

🟡ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး🟡

Call us - 09 882 880 940

12/09/2026

EasyFix ကြွေပြားကပ်ကော်က ကြွေပြားအဟောင်းပေါ် အသစ် ထပ်ကပ်လို့ရလား?

အိမ်မှာရှိတဲ့ ကြွေပြားအဟောင်းတွေကို မခွာဘဲ အဲ့ပေါ်မှာ ကြွေပြားအသစ် ထပ်ကပ်ချင်တယ်ဆိုရင်တော့ EasyFix Tilebod Pro(အပြာရောင်)ကို အသုံးပြုလို့ရပါတယ်။
ဒါပေမယ့် ထပ်ကပ်မဲ့ အောက်ခံံကြွေပြား အဟောင်းက သန့်ရှင်းခြောက်သွေ့ပြီး ကွာမနေဖို့တော့ လိုပါတယ်။ ဒါမှသာ ကြွေပြားအဟောင်းပေါ် အသစ်ထပ်ကပ်တဲ့အခါမှာ လေခိုတာမရှိဘဲ ရေရှည်ခိုင်ခံ့မှာဖြစ်ပါတယ်။

#ကော်ဆိုရင်အကပ်ဆုံးeasyfixကိုသုံး

10/09/2026

EasyFix ကြွေပြားကပ်ကော်ကို ဘာကြောင့် ရွေးချယ် အသုံးပြုသင့်တာလဲ?
EasyFix Tilebond နဲ့ Tilebond Pro ကြွေပြားကပ်ကော်က ဥရောပစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားပြီး Tilebond က C1 Grade ကြွေပြားကပ်ကော်ဖြစ်တာကြောင့် စွဲကပ်အားကောင်းပြီး အိမ်အတွင်း အပြင် (ကြမ်းခင်း၊ နံရံ၊ ဝရံတာ၊ ရေချိုးခန်း၊ မီးဖိုချောင်) ရှိ (၂)ပေ ပတ်လည် အထိ ကြွေပြားတွေမှာ အသုံးပြုနိုင်ပါတယ်။
Tilebond Pro ကတော့ C2TE Grade ကြွေပြားကပ်ကော်ဖြစ်ပြီး စွဲကပ်အား နှစ်ဆပိုကောင်းတာကြောင့် ရေထိတွေမှုအများဆုံးနေရာဖြစ်တဲ့ အိမ်အတွင်း အပြင် (ကြမ်းခင်း၊ နံရံ၊ ဝရံတာ၊ ရေကူးကန်) စတဲ့ နေရာတွေအပြင် နှစ်ပေအထက် ကြွေပြားဆိုဒ် ကြီး၊
ကြွေ (ceramic ၊​ porcelain)၊ ဂရင်းနိုက် (granite)၊ မာဘယ် (marble) စတဲ့ ကြွေပြားကပ်ရာတွင် အသုံးပြုနိုင်ပါတယ်။
✨ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး ✨
# #ကော်ဆိုရင်အကပ်ဆုံးeasyfixကိုသုံး

09/09/2026

💠အရွယ်အစားကြီးမားတဲ့ ကျောက်ပြားတွေ ကပ်မယ်ဆို TileBond Pro

ခေတ်မီ ဆန်းသစ်ပြီး ခမ်းနားတင့်တယ်သည့် အိမ်နှင့် အဆောက်အဦ အတွင်း၊ အပြင်တွေမှာ အရွယ်အစား အလွန်ကြီးတဲ့ ကျောက်ပြားများကို တပ်ဆင်လေ့ရှိပါတယ်။

အရွယ်အစားကြီးမားတဲ့ ကျောက်ပြားတွေကပ်ရာမှာ ပုံမှန် ကြွေပြားတွေထက် အချိန်ပိုယူရတာကြောင့် ကော်ဖျော်ပြီး အလွယ်တကူ မခဲဘဲ အလုပ်လုပ်ချိန် ပိုရရှိတဲ့ ကြွေပြားကပ်ကော်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

EasyFix အပြာရောင် Tilebond Pro က ကြွေပြားကပ်ကော်သုတ်ပြီးနောက် ကြမ်းခင်းနဲ့ နံရံမှာ ကပ်မဲ့အချိန် မိနစ် ၃၀ ထိအချိန်ရသလို၊ ကပ်ပြီးသား ကျောက်ပြားများ ပြန်ညှိရာတွင်လည်း မိနစ် ၂၀ အတွင်း ပြန်လည်ပြင်ဆင်နိုင်ချိန်ရှိတဲ့အတွက် အလုပ်လုပ်ချိန်ပိုမိုရရှိပါတယ်။

BS EN 12004 စံနှုန်းအရ ထုတ်လုပ်ထားတဲ့ Tilebond Pro က C2TE Grade ဖြစ်ပြီး Anti-Slip Formula ပါဝင်တဲ့ ပရီမီယမ်ကြွေပြားကပ်ကော်ဖြစ်တာကြောင့် ဒီလိုကျောက်ပြားအချပ်ကြီးတွေ ကပ်တဲ့အခါ အသုံးပြုသင့်တဲ့ ကြွေပြားကပ်ကော်ပဲဖြစ်ပါတယ်။

🟡ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး🟡

Call us - 09 882 880 940

05/09/2026

🟡ကြွေပြားကပ်ပြီး အချိန်တိုတိုနဲ့ ကွာကျမှာ မစိုးရိမ်ရအောင် EasyFix ကိုရွေးချယ်ပါ🟡

ကြွေပြားကပ်တဲ့အခါ အချိန်ခဏလေးနဲ့ကွာကျတာမျိုး မဖြစ်စေဖို့ ကြွေပြားကပ်ကော်ရဲ့ စွဲကပ်အားကောင်းမှုက အရေးကြီးပါတယ်။

EasyFix TileBond သည် C1 Grade ကြွေပြားကပ်ကော်ဖြစ်ပြီး ဥရောပစံချိန်စံညွှန်း BS EN 12004 နှင့်အညီ ထုတ်လုပ်ထားပါတယ်။

C1 ဆိုသည်မှာ ဘိလပ်မြေအခြေခံ ကြွေပြားကပ်ကော်များအတွက် EN 12004 စံနှုန်းအရ သတ်မှတ်ထားတဲ့ အမျိုးအစား ဖြစ်ပြီး သတ်မှတ်ထားသော စွဲကပ်အားစံနှုန်းကို ပြည့်မီရမည့် ကြွေပြားကပ်ကော်အမျိုးအစား ဖြစ်ပါတယ်။

ဒါကြောင့် ၂ပေပတ်လည်ကြွေပြားများကပ်တဲ့အခါ သာမန်ဘိလပ်မြေ၊ သဲတို့နဲ့ ကပ်တာထက် ကြွေပြားကပ်ရန် သီးသန့်ထုတ်လုပ်ထားတဲ့ EayFix C1 Grade ကြွေပြားကပ်ကော်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

ကော်ဆိုရင်အကပ်ဆုံး EasyFix ကိုသုံး

Call us - 09 882 880 940

Photos from Aung Pyitan's post 04/09/2026

တောင်ကြီးမြိုတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၏ နှစ်ပတ်လည်အခမ်းအနားတွင် EasyFix ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ပါတယ်။

လာရောက်လေ့လာအားပေးခဲ့ကြသူများအားလုံးကို EasyFix မှအထူးကျေးဇူးတင်ရှိပါတယ်။

Address


54A Thirimingalar 2nd Street, Kamayut Township
Yangon
11041