M2K Pharmacy Store
မြန်မာနှင့်အင်္ဂလိပ်ဆေးမျိုးစုံအရ?
21/04/2024
21/04/2024
အစာလဲဆေး...ဆေးလဲအစာ
ပြည်တော်သိမ်း ကနေ ပျဉ်းတော်သိမ်း မင်မင်အရမ်းကြိုက်တဲ့အရွက်လေးအကြောင်း
တစ်ပင်၂၀၀၀အိမ်တိုင်းစိုက်ထား
ရှေးရှေးတုန်းက... ဘုရင် တစ်ပါးဟာ တောကစား ထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေတဲ့ ရေအိုင်ထဲက ရေ ကို မလွှဲမရှောင်သာ သောက်လိုက်
မိပါတော့တယ်
လအနည်းငယ်ကြာတဲ့အခါမှာတော့
ဘုရင်ကြီးဟာ တစ်နေ့တစ်ခြားအစားပုပ်လာသတဲ့ ပွဲတော်တည်သမျှ အကုန်ကုန်အောင် စားပစ်ပြီး မကြာခဏ ဗိုက်ကလည်းဆာနေသတဲ့
သူ့ရဲ့ဝမ်းဗိုက်ဟာလည်းတစ်နေ့တစ်ခြား ပူဖောင်းလာပြီးကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ဗိုက်လိုဖြစ်လာပါတော့တယ်
နန်းတွင်းရှိသမားတော်တွေရော တစ်ခြားတိုင်းပြည်က သမားတော်တွေနဲ့ ကုသပေမဲ့လည်း ဘုရင်ကြီးရဲ့ဗိုက်ဟာ ပိန်မသွားပဲ ပိုပိုဖောင်းလာတာပေါ့ဗျာ
ဒီအကြောင်းကိုတိုင်းသူပြည်သားတွေသိတဲ့အခါ ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်တဲ့ဘုရင် တိုင်းပြည်မှာဘုရင်ဖြစ်နေတာရှက်စရာကောင်းတယ်ထွက်သွားလို့ ဟစ်တိုင်ကနေ နန်းတော်ကို ခဲ နဲ့ပေါက်ပြီး အော်ဟစ်ကြသတဲ့
ဘုရင်ကြီးဟာမတတ်သာတဲ့အဆုံး
မိဖုရားကြီးကိုခေါ်ပြီးမထင်ရှားတဲ့အသွင်အပြင်နဲ့ နန်းတော် က ထွက်ခဲ့ရပါတော့တယ်
လူသူမနီးတဲ့တောကြီးထဲမှာ သစ်သီး သစ်ဖုတွေ ရှာဖွေစားရင်းနဲ့ ချိူ့တဲ့စွာနေထိုင်ကြရတာပေါ့ဗျာ
တစ်နေ့တော့ဘုရင်ကြီးဟာ သစ်ပင်တစ်ပင်အောက်မှာစက်တော်ခေါ် နေပြီး မိဖုရားက မှက်ခြင် မနားအောင်ကိုယပ်ခတ်ပေးနေသတဲ့
ဒီအချိန်အနီးအနားမှာရှိတဲ့ တောင်ပို့တစ်ခုကနေ မြွေတွန်သံတစ်ခု ထွက်ပေါ်လာပါတယ်
ဘုရင်ကြီးရဲ့ မိဖုရားဟာ မာဂဓဘာသာစကားကိုနားလည်တယ်တဲ့
တောင်ပို့ထဲက မြွေက
" ဟယ် လောကမှာ ငါလို မြွေဘုရင် ရှိသေးရဲ့လား တောသုံးတော တောင်သုံးတောင် မှာ မြွေ၀တစ်ကာတို့ရဲ့ ဘုရင် ငါသည် မြွေမင်းဖြစ်ပါတော့တယ် "
လို့တွန်ကြူးလိုက်သတဲ့ ဒီအခါမှာ
ဘုရင်ကြီးရဲ့ဝမ်းဗိုက်ထဲကနေ တွန်သံတစ်ခု ထပ်ပြီးထွက်ပေါ်လာပါတယ်
" သယ် ဘယ်ကတောကြိုအုံကြားကမြွေက ဘုရင်လို့အော်နေသတုံး
ငါက တိုင်ပြည်အုပ်ချုပ်နေတဲ့ လူသားဘုရင်ရဲ့ဝမ်းဗိုက် ထဲမှာနေပြီး
ပွဲတော်အုပ်ကို နေ့တိုင်းစားလို့ ကြီးကျယ်ခမ်းနားစွာနေခဲ့ရတဲ့ မြွေဘုရင်ဖြစ်တယ် ငါဟာ အမိဝမ်းကကျွတ်တဲ့အချိန်မြွေပေါက်ကလေးဘဝထဲက
ဘုရင်ကြီးသောက်တဲ့ရေထဲကိုပါသွားပြီးသူ့ဝမ်းဗိုက်ထဲမှာ စည်းစိမ်ခံစားနေလာတာ ငါသာ မြွေဘုရင် ငါသာ မြွေတို့ရဲ့ အဓိပတိ" လို့ ကြွေးကြော်လိုက်သတဲ့
ဒီအခါမှာ တောင်ပို့ထဲကမြွေက
" ရာရာစစ မြွေကမြွေနေရာ မနေပဲ
လူသားဗိုက်ထဲဝင်နေတာသင့်အသက် သက်ဆိုးရှည် မယ် ထင်သလား
ဟောဒီ တောင်ပို့ဘေးကသစ်ပင်ရဲ့အရွက်တွေကို ခူးပြီး အရည်ကြို သောက်လိုက်ရင် သင်ဟာအပိုင်းပိုင်းပြတ်ပြီး ဇီဝိန်ချုပ်တယ်ဆိုတာဘုရင်မသိလို့ပဲ" လို့ပြောလိုက်သတဲ့
မြွေနှစ်ကောင်ရဲ့အပြန်အလှန်ပြောဆိုနေကြသံတွေကိုကြားလိုက်ရတဲ့မိဖုရားဟာ
တောင်ပို့ဘေးကသစ်ပင်ကအရွက်ကိုခူးပြီးအရည်ကြိုကာ ဘုရင်ကိုအကျိုးအကြောင်းပြောပြပြီး တိုက်လိုက်သတဲ့
ဆေးရည်သောက်ပြီးချိန်မှာဘုရင်ရဲ့ဗိုက်ထဲကမြွေဟာအပိုင်းပိုင်းပြတ်ပြီး
ဝမ်းသွားတဲ့အခါပါသွားပြီးဘုရင်ရဲ့ဗိုက်ဟာလည်းမူလအတိုင်းပြန်ဖြစ်လာသတဲ့
ဒီအခါဘုရင်ဟာဖိဖုရားကိုလက်ဆွဲပြီး ပြည်တော်ပြန်ဝင်ကာ စစ်သူကြီးလက်ကနေတိုင်းပြည်ကို ပြန်လွှဲယူသတဲ့
ဘုရင်ကြီးသောက်ခဲ့တဲ့ဆေးပင်ကိုလည်းတိုင်းပြည်ကိုပြန်သိမ်းခဲ့တဲ့အထိမ်းအမှတ်နဲ့
ပြည်တော်သိမ်းပင်ဟုခေါ်တွင်စေခဲ့သတဲ့
နောင်အခါ ကာလရွေ့လျောပြီး ပြည်တော်သိမ်းမှ ပြည်တော်သိမ်း
ပျဉ်းတော်သိမ်ပင်ဟု အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာကြပါတော့တယ်တဲ့
ပျဉ်းတော်သိမ်းပင်အကြောင်းပုံပြင်ပါဗျာ
အောက်မှာ ပျဉ်းတော်သိမ်းပင်ရဲ့အသုံးဝင်ပုံစိုက်ပျိုးပုံတွေဆက်ဖတ်ပါ
သွေးဖျဉ်း ရေဖျဉ်း လေဖျဉ်း မုချသက်သာပျောက်ကင်းသည့် ပျဉ်းတော်သိမ်ရွက်
အရွက်ကိုပြုတ်ပါ။ ၎င်းအရည်ကိုသောက်ပါ။ ပြုတ်ဖတ်ကိုဆုံနဲ့ထောင်းပြီး ညအိပ်ယာဝင် ချက်တိုင်ပတ်လည်မှာအုံပြီး အဝတ်စည်းအိပ်ပါ။တစ်ခါလုပ်ရုံနဲ့သိသိသာသာလျော့သွားပါမယ်။လေးငါးခါပြုလုပ်ပေးပါ။
မှတ်စု
နက္ခတ္တရောင်ခြည်မှ ဖတ်မိတာလေးပါ။
ပျဉ်းတော်သိမ်းအရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား?
ပျဉ်းတော်သိမ်းအရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊
သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်ဧ။် ။
ပျဉ်းတော်သိမ်းအရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှု
သတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။
ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့
ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။
ပျဉ်းတော်သိမ်းအရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကို
စားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။
( ဆေးဖက်အသုံး၀င်ပုံ )
(ဆီးချိုရောဂါ)ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ်
နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော
ပျဉ်းတော်သိမ်း(၁၀) ရွက် စားပါ ။(၃) လတိတိစားလျှင်
ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့်
ဆေးပမာဏကိုလည်း
ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။
ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊
သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင်
လုံး၀ ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။
(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက်
ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)
အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။( အစာမကြေခြင်း )အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရငျပူခွငျးကျို ပျောက်ကင်းစေပါဧ။် ။
(ဆံပင်ဖြူခြင်း )
အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထျိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။
(ခံတွင်းပျက်ခြင်း)
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်းရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊
မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား
အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို
ထမင်းဖြူ နဲ့ စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။
(စိတ်ပျံ့လွင့်ခြင်း)
အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။
(ဒူလာသွေး၀မ်း)
ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ
အတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။
(ဖျဉ်းဝေဒနာ)
ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။
ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍
ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။
ဤကား ကျနော်ပြောသောပုံပြင်နှင့်မူကွဲဟုမှတ်ပါ
(မြန်မာ့ဆေးကျမ်းများအရ)
ထိုပျဉ်းတော်သိမ်းအရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။
အရွက်နုကို အတို့အမြှပ်လုပ်စားပါ ။ဟင်းခါးချက်သောက်ပါ ။
နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူ၏နည်း)အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည် ။အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။
အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။
( ရည်ညွှန်းစာများ )
အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
ဆရာတော်မြင့် (ငှက်ဖျား)
နေပြည်တော်ကျော်ကျာ်စိုး
မြန်မာ့ဆေးဝါးပင်များ
ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်
ဆံနွယ်တွေရဲ့ အလှဟာ အမျိုးသမီးတွေ တန်ဖိုးထားမြတ်နိုးရတဲ့ အလှအပတစ်ခုဖြစ်ပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဆံသားပျက်ဆီးတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။
ဒီတော့ ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဟင်းတွေချက်ရာမှာ အညှီနှံ့မရအောင်ရယ် အနံ့မွှေးအောင်ရယ် ထည့်ချက်လေ့ရှိတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။
ပျဉ်းတော်သိမ်ရွက်ကိုဘယ်လိုသုံးမလဲ
ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာ
အုန်းဆီ တစ်ခွက်
ပြုလုပ်နည်း
အုန်းဆီကိုအပူပေးပြီး ပျဉ်းတော်သိမ်ရွက်ကို ထည့်ကာ
ပွက်ပွက်ဆူအောင်သည်ပါ။
ပြီးရင် ဆီကိုရေဆစ်လိုက်ပြီး ဖန်ပုလင်းထဲထည့်ပါ။
ပြီးရင် နွေးနွေးလေးဖြစ်နေချိန်မှာ လက်ဖဝါးပေါ်မှာတင်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ငြင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။
တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
ဒါဆို ဆံနွယ်တွေ တောက်ပြောင်သန်စွမ်းလာသည်ဟုသိရပါသည်။
Source
ပျဉ်းတော်သိမ်းရွက်အသုံးဝင်ပုံ
မင်မင်ကတော့အရမ်းကြိုက်တယ် ဝက်သားချက်လဲပါတယ်ကြော်လဲသုံးတယ်
စိုက်ပျိုးရေးဦးစီးဌာန၏fb postနှင့်
ကျီးသဲလေးထပ်ဆရာတော်၏၁၀၀၀ဆုရပုံပြင်များ
စာအုပ်တို့မှ ထုတ်နှုတ်တင်ပြပါသည်
🙏မင်္ဂလာပါ🙏
သာကေတ၊ဒေါပုံမြို့နယ်အတွင်း
💊ဆေးမှာသူများအတွက် Cash on delivery💰အိမ်ရောက်ငွေချေစနစ်ဖြင့်ဝန်ဆောင်မှုပေးနေပါသည်၊ဝန်ဆောင်မှုရယူလိုပါက မိမိလိုအပ်သောဆေးဝါးများကို ဆိုင်ဖုန်း☎️09690582420အားနံနက်၇:၃၀🕢မှညနေ၆:၃၀🕡နာရီအထိ(တနင်္ဂနွေဆိုင်ပိတ်ရက်မှအပ)၊ လက်ကိုင်ဖုန်း📱 09781139799အား နံနက်၇:၀၀နာရီ🕖မှည၉နာရီ🕘ထိ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
ဆိုင်တွင်လာရောက်အားပေးသူများအတွက်📲 Kpayဖြင့်ပေးချေခြင်းကိုပါလက်ခံဆောင်ရွက်ပေးနေပါပြီ။
ကျေးဇူးတင်ပါတယ်ရှင့်။🙏
13/04/2024
ဖုန်းဆက်မှာတဲ့သူတွေနဲ့ဆိုင်ကိုလူကြုံဝယ်ခိုင်းသူတွေနဲ့ကိုယ်တိုင်လာရောက်ဝယ်သူတွေနဲ့ ဆိုင်မှာ အရောင်းကောင်းဆုံးဆေးကတော့ရှင်ဘုရင်ပါ။ အားပေးသူတိုင်းကိုကျေးဇူးတင်လျက် မြန်မာအတာသင်္ကြန်အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ရှိကြပါစေကြောင်း M2K Pharmacy Store မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
13/04/2024
နေ့စဉ်ရောင်းအားကောင်းနေတာ ရှင်ဘုရင်ပါ။
13/04/2024
ဆိုင်ပိတ်ရက်ကြေငြာခြင်း
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်
အကြိုနေ့မှနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ၁၃ရက်မှ၁၇ရက်နေ့ထိဆိုင်ပိတ်ပါသည်။
နှစ်ဆန်း၂ရက် ဧပြီလ၁၈ရက်နေ့တွင်ပုံမှန်အချိန်အတိုင်းပြန်လည်ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ပါသည်။
လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်။
အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့် ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာကြီးမှာ တိုးတက်မှုတွေ များလာသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးရော လူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေ တိုးတက်လာတာကြောင့် နေ့စဉ် အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ရေ၊ လေနဲ့ အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။ ဒီတစ်ခေါက်တော့ လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လို သက်ရောက်နေလဲ ဆိုတာကို ပြောပြပေးမယ်နော်။
လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေး အပေါ်မှာ တော်တော်လေး သက်ရောက်မှု ရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါ။ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှု ကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါး ကျန်းမာရေး ထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။
ဒီအချက်တွေကြောင့်လေထုညစ်ညမ်းနိုင်ပါတယ်
မြို့ပြဒေသတွေမှာ လူနေ ထူထပ်လာမှုတွေ၊
စွမ်းအင်တွေ အမြောက်အမြား အသုံးပြုမှု၊
လေအေးပေးစက်၊ အနွေးပေးစက်တွေ အသုံးပြုမှု၊
သွားလာ ပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်တွေ အသုံးပြုမှု
ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု
တောမီးလောင်မှု
စက်ရုံ အလုပ်ရုံတွေက ထွက်ရှိလာတဲ့ အခိုးအငွေ့ တို့ကြောင့် လေထုညစ်ညမ်းမှုက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာပါတယ်။
လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်
လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး တော်တော်လေး ထိခိုက်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံး ခံစားရမယ့် လက္ခဏာတွေကတော့
အသက်ရှူကြပ်တာ
အသက်ရှူလမ်းကြောင်းမှာ မအီမသာဖြစ်တာ
မျက်လုံးတွေ ကျိန်းစပ်တာ
အသားအရေ ခြောက်သွေ့တာတွေ ခံစားရနိုင်ပါတယ်။
လေထုညစ်ညမ်း တဲ့အခါ လေထု ထဲမှာ ရှိနေတဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့ အရာတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကို ရောက်ရှိသွားနိုင်သလို အသက်ရှူလမ်းကြောင်းစနစ်၊ သွေးလည်ပတ်မှုစနစ်တွေထဲကို ရောက်ရှိပြီး အဆုတ်၊ နှလုံး နဲ့ ဦးနှောက်တို့ ထိခိုက်ပျက်စီးနိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
လေထုညစ်ညမ်းမှုကြောင့် –
နှလုံးသွေးကြောဆိုင်ရာရောဂါ
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
ခေါင်းကိုက်တာ
စိတ်ဖိစီးတာ
လည်ချောင်းတွေစပ်တာ
အဆုတ်ထိခိုက်တာ
မောပန်းလွယ်တာ
မအီမသာဖြစ်တာ
အသက်ရှူလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေ ပျက်စီးတာ ဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုကို ကာလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –
အဆုတ်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တာမျိုး ဖြစ်နိုင်တယ်
အဆုတ်ရောင်ရောဂါ ခံစားရနိုင်တယ်
ပန်းနာရင်ကြပ်ရောဂါ ခံစားရနိုင်တယ်
လေပြွန်ရောင်ခြင်း ဝေဒနာ ခံစားရနိုင်တယ်
အဆုတ်ကင်ဆာ ခံစားရနိုင်တယ်
အရွယ်မတိုင်ခင် သေဆုံးတာမျိုး ဖြစ်နိုင်တယ်
နှလုံး ထိခိုက်နိုင်တယ်
နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရနိုင်တယ်
အသည်းထိခိုက်တာ ခံစားရနိုင်တယ်
ပန်ကရိယ ထိခိုက်နိုင်တယ်
သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေ ဝင်ရောက်နိုင်တယ်
အာရုံကြောစနစ် ထိခိုက်နိုင်တယ်
ကိုယ်ခံအား နည်းတာကြောင့် ရောဂါဝင်လွယ်လာမယ်။
ဘယ်သူတွေကအထိခိုက်နိုင်ဆုံးလဲ
နှလုံးရောဂါ ရှိသူတွေ
ဆီးချို ရှိသူတွေ
ပန်းနာရင်ကျပ်ရောဂါ ရှိသူ
အဆုတ်ရောဂါ ရှိသူ
ကိုယ်ဝန်ဆောင်မိခင်တွေ
ပြင်ပမှာ အလုပ်လုပ်ရသူတွေ
အသက်အရွယ် ကြီးရင့်သူတွေ
ကလေးငယ်တွေ
အားကစားသမားတွေက လေထုညစ်ညမ်းမှုဒဏ်ကို အခြားသူတွေထက် ပိုခံစားရနိုင်ပါတယ်။
နေအိမ်ပြင်ပသို့ကိစ္စကြီးငယ်ရှိ၍အပြင်ထွက်သည့်အခါ Maskတပ်၍ကာကွယ်ပါ။
10/02/2023
သျှားဘုရင်အဝေးပြေးExpressလက်မှတ်အရောင်းဌာနခွဲ
နယ်ဝေးခရီးသွားရန်
အဝေးပြေးယာဥ်လိုင်း🚌🚍 အမျိုးမျိုးအတွက်ကြိုတင်(Booking)ကားလက်မှတ်များကို M2Kဆေးဆိုင်တွင် တနင်္ဂနွေပိတ်ရက်မှအပ နေ့စဥ်နံနက်၇နာရီ၃၀မိနစ်မှည၇နာရီထိ ရောင်းချပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
10/06/2022
Wow လှလိုက်တာနော်အသားလေးကဝင်းပြီးအရေးအကြောင်းကင်းတဲ့မျက်နှာလေး
ပိုပြီးamazingဖြစ်သွားစေတာကအသက်အရွယ်over 50တဲ့မအံ့သြဘဲမနေနိုင်
ဘယ်ရမလဲM2kကဆေးတင်ရောင်းတာမဟုတ် မမတွေညီမလေးတွေ အဟဲ ကိုယ်ကိုယ်တိုင်လဲလှချင်တယ်လေနောက်ဆုံးရတဲ့လျှို့ဝှက်ချက်ကလေးကတော့❤️❤️❤️Favourite collagenတဲ့လေ သဘာဝအသီးအနှံ၁၈မျိုးကနေထုတ်လုပ်ထားတဲ့collagenအမှုန့်လေးဘဲတရားခံက🥰🥰🥰သဘာဝအသီးအနှံ၁၈မျိုးကဆိုတော့ဘေးထွက်ဆိုးကျိုး100% noပါရှင့်အပြင်ပန်းလှဖို့လွယ်ပေမယ့်အသွေးအသားထဲကသန့်စင်ပြီးလှဖို့ဆိုတာမလွယ်ဘူးနော့်🥰🥰🥰
အဆီချချင်ရင်မနက်အစောအိပ်ယာထချိန်ရေအေးလေးနဲ့ရောပြီးသောက်👌👌👌
နေ့လည်သောက်ရင်တော့energy 280gပါလို့လူကိုလန်းဆန်းစေတယ်တဲ့နော်👌👌👌
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်ရင်အိပ်ယာမဝင်ခင်သောက်ပါတဲ့👌👌👌အာနိသင်လေးကတော့ကိုယ့်ရွေးချယ်မှုလေးပေါ့နော့်ပြောပြချင်တာပြောပြီးပြီဆိုတော့ကာကြော်ငြာလေးစဝင်ပါပြီရှင့်😘😘😘
အဲ့ဒီလျှို့ဝှက်ချက်များတဲ့Favouriteလေးကသာကေတအဝိုင်းထိပ်ကM2Kဆိုတဲ့pharmacyစတိုးလေးမှာရှိပါတယ်ရှင့်တပါကင်မှာဆယ်ထုပ်ပါပေမယ့်M2kရဲ့ဝန်ဆောင်မှုလေးအတိုင်းတထုပ်ချင်းစီလဲရောင်းပေးပါတယ်ရှင့်ဝယ်ယူအားပေးသူတိုင်းတယောက်ချင်းစီရည်ရွယ်လျှက်🙏🙏🙏
07/06/2022
Coffeeမသောက်ရလဲမနေနိုင်. ဝိတ်တွေတက်မှာလဲကြောက် မိုးကိုယ်တိုင်ခံစားနေရတဲ့ခံစားချက်ပေါ့နော်ခုတော့အေးဆေးဖြစ်သွားပြီTRUSLENလေးနဲ့မိုးအေးအေးမှာကော်ဖီပူလေးသောက်ရင်းဇိမ်ကျ🥰🥰🥰ဘယ်လောက်သောက်သောက်ရင်မတုန်ဘူးနော့်.👌👌👌suger free 😘low fat😘no cholesterolဆိုမှတော့ဘာလိုသေးလဲနော့်ကြော်ငြာလေးဝင်မယ်နော် M2Kမှာဝယ်ယူအားပေးနိုင်တယ်နော့်တပါကင်မှာ၁၅ထုပ်ပါတယ်နော့်M2Kရဲ့ဝန်ဆောင်မှုလေးကတော့ထုံးစံအတိုင်းတထုပ်ချင်းစီလဲရောင်းပေးတယ်နော်ဝယ်ယူအားပေးသူတိုင်း🙏🙏🙏
TRUSLEN အဆီချကော်ဖီ ရရှိနိုင်ပါပြီနော်။
07/06/2022
Common အဆီချဆေးလေးကအခုချိန်မှာတော်တော်များများရှင်းပြစရာမလိုအောင်သောက်သုံးတဲ့သူများလာလို့အရောင်းသွက်တဲ့ဆေးလေးလဲဖြစ်နေပါပြီဒါပေမယ့်M2Kမှာအားပေးမယ့်ချစ်ဆုံးလေးတွေအတွက်တော့ကိုယ်တိုင်သောက်သုံးနေလို့အမှန်တကယ်ရရှိတဲ့ခံစားချက်လေးတော့ဝေမျှချင်တာပေါ့နော်❤️❤️❤️အရမ်းဝနေတယ်လို့ထင်ရင်တနေ့နှစ်လုံးသောက်ပေါ့နော်တခြားအဆီချဆေးတွေလိုဝမ်းသွားပြီးအလုပ်အကိုင်ပျက်စေတာမျိုးမဖြစ်ဘူးနော်😘😘သာသာယာယာလေးအဆီလေးတွေပုံမှန်ဝမ်းသွားရင်းနဲ့ကျသွားတာမျိုးပါနော်ကိုယ်လိုချင်တဲ့ဝိတ်လေးရောက်လာရင်တော့တနေ့တလုံးသောက်ယုံနဲ့ဝိတ်လေးဆက်ထိန်းသွားလို့ရတယ်ချစ်တို့ရေစားချင်တာစားcommonနဲ့ဆိုအေးဆေးဘဲလို့သာမှတ်လိုက်တော့🥰🥰🥰တကယ်လှချင်ရင်M2Kကိုအပြေးလေးသာလှမ်းခဲ့တော့နော်သာကေတအဝိုင်းထိပ်မှာနော့်လှလဲလှချင်တယ်တဘူးလုံးလဲမဝယ်နိုင်တဲ့sisလေးတွေအားမငယ်နဲ့M2Kမှာအဆင်ပြေအောင်စီစဥ်ပေးတယ်နော်လှချင်ရင်လှမ်းခဲ့နော်❤️❤️❤️
Commonသဘာဝအဆီချဆေး ရရှိပါပြီ။
Click here to claim your Sponsored Listing.
Category
Website
Address
No. 1, Ayeyarwon Main Road, Tharketa A Wine
Yangon
Opening Hours
| Monday | 07:30 - 19:30 |
| Tuesday | 07:30 - 19:30 |
| Wednesday | 07:30 - 19:30 |
| Thursday | 07:30 - 19:30 |
| Friday | 07:30 - 19:30 |
| Saturday | 07:30 - 19:30 |