FTTx Knowledge Box
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FTTx Knowledge Box, Educational consultant, Yangon.
10/05/2024
FYI guys, this is great opportunity.
ကျောင်းမပြီးသေးလည်း လျောက်လို့ရတယ်တဲ့နော်
🚀 Ready to Launch Your Career?
If you're eager to embark on an exciting journey into the world of communication technology, look no further! Join us and transform your passion into expertise. Apply today and let's innovate together!
🚀 လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
သင်ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်သွယ်ရေးနည်းပညာလောက ခရီးစဉ်တစ်ခုကို စတင်ဖို့ စိတ်အားထက်သန်တယ်ဆိုရင် ဒီတိုင်းလေးကြည့်မနေပါနဲ့ ကျွန်ုပ်တို့နှင့်ပူးပေါင်းပြီး သင်၏ဝါသနာကို ကျွမ်းကျင်မှုအဖြစ် ပြောင်းလဲလိုက်ပါ။ ဒီနေ့ပဲ လျှောက်ထားပြီး အတူတကွ တီထွင်လိုက်ကြပါစို့။
𝑬𝒎𝒂𝒊𝒍: 𝙕𝙏𝙀.𝙈𝙮𝙖𝙣𝙢𝙖𝙧.𝙃𝙍@𝙯𝙩𝙚.𝙘𝙤𝙢.𝙘𝙣
𝑾𝒆𝒃𝒔𝒊𝒕𝒆 𝒕𝒐 𝒗𝒊𝒔𝒊𝒕 𝒇𝒐𝒓 𝒅𝒆𝒕𝒂𝒊𝒍𝒔: https://tasteful-shield-b86.notion.site/Start-Career-with-ZTE-7a119e0683d0461da5ce3993d4906041
07/05/2024
Position က ၃ ခုစာအတွက် ခေါ်ထားတာ
Check out this job at MPT: https://www.linkedin.com/jobs/view/3919580812
14/03/2024
တိုင်လို့ရတယ်တဲ့နော် 😁
အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု
-----------------
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးမှုများ ဆောင် ရွက်ခဲ့ရာ ပြေလည်မှုများ မရရှိခဲ့ကြသည့်အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဒုတိယအကြိမ် ထပ်မံခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ကုမ္ပဏီမှ တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင် ထားသည့်စက်အား ပြန်လည်ဖြုတ်သိမ်းသွားရန်နှင့် အင်တာနက်အသုံးပြုရန် (၃)လစာပေးဆောင်ထားသည့် ငွေကျပ် ၈၅,၅၀၀/-အား အပြည့်အဝ ပြန်လည်ပေးလျော်သွားရန် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို ချမှတ်ခဲ့ပါသည်။ ဌာနမှစီမံခန့်ခွဲရေးဆိုင်ရာအမိန့် ချမှတ်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန် တိုင်ကြားသူထံဆက်သွယ်၍ ညှိနှိုင်းပြောကြားခဲ့သော်လည်း တိုင်ကြားသူမှ လက်ခံခြင်းမရှိသဖြင့် ထပ်မံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီက တိုင်ကြားသူထံ တစ်နှစ်စာလျော်ကြေးငွေကျပ် ၃၄၂,၀၀၀/- အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်တာနက်စက်ကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
05/12/2023
FYI guys,
Freshers တွေ try ကြည့်သင့်တယ်
MPT’s Fresh Graduate Hiring Program 2023
MPT is committed to supporting youth development and invites applicants to seize the valuable opportunity of 'MPT's Fresh Graduate Hiring Program 2023' which provides career opportunities for Myanmar's youth in the telecom industry.
The program will select 60 youths for a 3-month internship starting January 2, 2024, focusing on gaining related job experiences in telecom understanding, business communication, and technical skills. The selection of the internship nominees will be completed on 29th December 2023 and after the 3-month internship, we will offer 36 interns to join MPT as a permanent employee and have an opportunity to work in IT, Telecom, Corporate Management and Marketing related positions.
Interested candidates are encouraged to apply through this (https://bit.ly/3T3kkCK) Application Form not later than 17th December 2023.
Wi-Fi Internet Service part -2 (3_Dec_2023)
〰️〰️〰️〰️〰️〰️〰️〰️〰️〰️
ဒီ Video လေးမှာ ပြောပြပေးသွားမဲ့ အကြောင်းအရာတွေကတော့ FTTH Service Providers ရွေးတဲ့နေရာမှာ အရွေးမှားပြီး စိတ်ညစ်ရတာမျိုး မဖြစ်ရအောင် ကျွန်တော့် အမြင်အရ အကြံပြုချက်လေးတွေကို ပြောပြပေးထားတာဖြစ်ပါတယ်။
အကယ်ဤ လိုအပ်ချက်တစ်စုံတရာရှိခဲ့ရင်လည်း comment မှာ sharing လုပ်ခဲ့ဖို့ တောင်းဆိုချင်ပါတယ်။
P.S - Video ထဲမှာ Date မှားတာ Noise ပါတာလေးတွေကိုတော့ သည်းခံပြီးကြည့်ပေးဖို့ တောင်းဆိုပါတယ်။
Part-1 မှာတော့ ဘယ်လို Wi-Fi Internet တွေရှိပြီး သူ့ရဲ့ အားသာချက် အားနည်းချက်တွေကို ပြောပြပေးထားပါတယ်။
https://fb.watch/oHDNIMkVOM/?mibextid=Nif5oz
#အင်တာနက်
Wi-fi Internet Service Part 2 ကို အခုလာမဲ့ Weekend မှာတင်ပေးမယ်နော် presentation file က ပြီးပြီ recording နဲ့ Video editing လုပ်ဖို့ကျန်နေလို့ ဒီ Video ပြီးရင်တော့ FTTH နဲ့ သက်ဆိုင်တာတွေပဲ knowledge sharing အဓိက လုပ်ပေးသွားပါမယ်
Part 1 နဲ့ 2 ကြားထဲ အချိန်ကြာသွားတဲ့အတွက်လည်း Sorry ပါဗျ
WiFi Internet Service part -1 (26_Dec_2022)
〰️〰️〰️〰️〰️〰️〰️〰️〰️〰️
Mobile data ဈေးကြီးလာသောကြောင့် လူတော်တော်များများက လစဉ်ကြေးပေးသုံးရတဲ့ WiFi Internet တွေကို အိမ်တိုင်းတပ်ဆင်လာကြပါတယ်။ အဲ့လိုတပ်ဆင်ကြသူများထဲမှာ အဆင်ပြေပြေနဲ့အသုံးပြုနေတဲ့သူတွေ ရှိသလို အဆင်မပြေကြလို့ Customer Service ပေးတဲ့ Call Center တွေနဲ့ နေ့စဉ် ရန်သတ်နေရတဲ့သူတွေလည်းရှိကြပါတယ်။
အခုလိုကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှ တစ်ချို့တစ်ဝက်ပြေလည်စေဖို့ ကျွန်တော်သိသလောက် ဝေမျှပေးဖို့ အစီအစဉ်ရှိတာက ကြာပါပြီ။ ဝေမျှတဲ့အခါ ကျွန်တော်ကိုယ်တိုင် စာဖတ်ပျင်းသူဖြစ်တာကြောင့် အလွယ်တကူနားထောင်လို့ရတဲ့ Video File လေးနဲ့ မျှဝေပေးဖို့ စိတ်ကူးမိရာက အချိန်တော်တော်ကြာသွားတာဖြစ်ပါတယ်။ အခု Video လေး အဆင်ပြေတယ်ဆိုရင် နောက်ထပ် Video တွေနဲ့ မျှဝေပေးဖို့ အစီအစဉ်လည်းရှိပါတယ်။
ဒီနေ့မျှဝေပေးမဲ့ အကြောင်းအရာတွေကတော့
ဘယ်လိုမျိုး WiFi Internet Service တွေ မြန်မာနိုင်ငံမှာရှိနေလဲ?🤔
WiFi Internet Service တွေရဲ့ အားသာချက် 💯 အားနည်းချက် 🙅 တွေက ဘာတွေလဲ?🤔
#အင်တာနက်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon