GGI Myanmar

GGI Myanmar

Share

GGI Myanmar is a Yangon based supplier and manufacturer of Burmese Teak, Black Walnut, Pyinkado and Furniture

15/08/2024

꧁ ခေတ်မီလှပတဲ့ ဒီဇိုင်းလက်ရာများနဲ့ အရည်အသွေးကောင်းမွန်တဲ့ ပရိဘောဂများကို အသုံးပြုကာ လူနေမှုအဆင့်အတန်းကို မြှင့်တင်လိုက်ပါ ꧂

ကိုယ့်ရဲ့နေအိမ်အတွက် ကုလားထိုင်၊ စာကြည့်စားပွဲ၊ ဗီရို၊ ကြမ်းခင်းနဲ့ အခြားသောပရိဘောဂများကို အသုံးပြုတဲ့အခါ သစ်သား၊ ကျွန်းသစ်၊ သစ်မာပရိဘောဂများရဲ့ ကြာရှည်ခိုင်ခံ့မှုက အရေးကြီးသလို နေအိမ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်း၊ အရောင်၊ Decorations တို့ကိုရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ ✨

သက်တောင့်သက်သာ ဖြစ်တဲ့ဆိုဖာ၊ ကုတင်တို့ကလည်း တနေ့တာပင်ပန်းမှုတွေကို ပြေပျောက်အောင် အနားယူအပန်းစေရာလေးတွေမို့လို့ အရည်အသွေးကောင်းမွန်တဲ့ ပရိဘောဂများကိုသာ သုံးသင့်ပါတယ်နော်။🛌

မိမိစိတ်ကြိုက် Customized ဒီဇိုင်းများကို ပရိဘောဂပညာရှင်များရဲ့ စိတ်ကူး Idea များနဲ့ ပေါင်းစပ်ကာ အကောင်းဆုံးဖန်တီးပုံဖော်ပေးဖို့လည်း ကျွန်တော်တို့ GGI Myanmar မှအမြဲအဆင်သင့် ရှိနေပါတယ်ခင်ဗျာ။ 🪵

ဒါကြောင့်သစ်သားပရိဘောဂများနဲ့ ပတ်သက်လာရင် လိုအပ်သမျှ Interior, Exterior Decoration မျိုးစုံကို GGI Myanmar နဲ့အတူဖန်တီးပုံဖော်ရင်း လူနေမှုအဆင့်အတန်းကို မြှင့်တင်လိုက်ပါနော်။💓

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

05/08/2024

꧁ နေအိမ်တစ်အိမ်ရဲ့ အခြေခိုင်ခံ့မှုနဲ့ ကျက်သရေရှိ တင့်တယ်လှပမှုကို ပေးစွမ်းမယ့် GGI Myanmar ရဲ့အကောင်းဆုံးကြမ်းခင်း ꧂

သဘာဝသစ်၊ သစ်မာ၊ ကျွန်းသစ်များကို အရည်အသွေးအကောင်းဆုံးနဲ့ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းလက်ရာများအဖြစ် ပုံဖော်ဖန်တီးပေးတာ GGI Myanmar ပါ။

ကြမ်းခင်းရွေးချယ်တဲ့အခါ အကြမ်းခံပြီး အရည်အသွေးနဲ့ ဒီဇိုင်းလက်ရာ သေသပ်လှပမှ ရေရှည်နေထိုင်တဲ့အခါ စိတ်ချမ်းသာပျော်ရွှင်ရမှာပါ။

ဒါကြောင့်လူကြီးမင်းတို့ရဲ့ နေအိမ်ကြမ်းခင်းများအတွက် သစ်သားပရိဘောဂများနဲ့ ပတ်သက်လာရင် အရည်အသွေးကောင်းတဲ့ Interior, Exterior Decoration မျိုးစုံကို အကောင်းဆုံးဖန်တီးပေးတဲ့ GGI Myanmar ကိုသာရွေးချယ်လိုက်ပါနော်။ 💓

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

GGI

30/07/2024

꧁ သင့်စိတ်ကူးအိပ်မက်ထဲကပုံစံအတိုင်း လက်တွေ့အကောင်အထည်ဖော် ဖန်တီးပေးမယ့် GGI Myanmar ꧂

ကိုယ်ပိုင်အခန်းလေးနဲ့နေရင် ဘယ်လိုပရိဘောဂလေးတွေနဲ့ အလှဆင်မယ်ဆိုပြီး စိတ်ကူးလေးတွေကိုယ်စီ လူတိုင်းမှာရှိတတ်ကြပါတယ်။ 🪑

ရေရှည်အသုံးပြုရမယ့် အိမ်တွင်းပရိဘောဂများကို အရည်အသွေးကောင်းပြီး လက်ရာဒီဇိုင်းလှပတဲ့ ပရိဘောဂများကိုသာ ရွေးချယ်သင့်ပါတယ်နော်။

ကိုယ့်ရဲ့စိတ်ကူးထဲက ပုံစံအတိုင်း ကုလားထိုင်၊ စားပွဲ၊ ဗီရို၊ စာကြည့်စားပွဲစတဲ့ ပရိဘောဂအမျိုးမျိုးကို သက်တောင့်သက်သာရှိပြီး ခေတ်မီတဲ့ဒီဇိုင်းအသွင် ပုံဖော်ဖန်တီးပေးဖို့အတွက် GGI Myanmar ရှိနေပါပြီခင်ဗျာ။ 🪵

ဒါကြောင့်သစ်သားပရိဘောဂများနဲ့ ပတ်သက်လာရင် အရည်အသွေးကောင်းပြီး လက်ရာသေသပ်လှပတဲ့ Interior, Exterior Decoration မျိုးစုံကို အလှဆုံးပုံဖော်ဖန်တီးပေးတဲ့ GGI Myanmar နဲ့အတူ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။ 💓

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

24/07/2024

꧁ GGI Myanmar နဲ့အတူသင့်နေအိမ်ကို အရည်အသွေးအကောင်းဆုံး ပရိဘောဂများဖြင့် ခမ်းနားတင့်တယ်စွာ အလှဆင်လိုက်ပါ ꧂

သဘာဝရဲ့အငွေ့အသက်များ ခံစားရရှိဖို့ သစ်ပရိဘောဂများ လိုအပ်နေပါသလား ❓

ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းလက်ရာနဲ့ ကျွန်းပရိဘောဂများကို ဝယ်ယူလိုပါသလား ❓

💁‍♂️ကျွန်တော်တို့ GGI Myanmar မှာနေအိမ်ကြမ်းခင်းများသာမက စားပွဲ၊ ကုလားထိုင်၊ တံခါး၊ ဗီရိုစတဲ့ နေအိမ်ပရိဘောဂများကို အရည်အသွေးအကောင်းဆုံး သစ်များကိုသာ ရွေးချယ်အသုံးပြုပြီး ရောင်းချပေးပါတယ်နော်။

ဒါ့အပြင်မိမိနေအိမ် Decorations နဲ့လိုက်ဖက်တဲ့ ပရိဘောဂဒီဇိုင်း၊ သုံးစွဲလိုတဲ့ Budgets ကိုပြောလိုက်ရုံနဲ့ GGI Myanmar ရဲ့အတွေ့အကြုံရှိ ဝါရင့်ပရိဘောဂပညာရှင်များမှ စိတ်ရှည်လက်ရှည်အကြံပေးကာ ဆွေးနွေးတိုင်ပင်ပေးပါတယ်။🪑🪵

မိမိနေအိမ်ကို ခမ်းနားလှပတဲ့ဒီဇိုင်းများဖြင့် အလှဆင်ရင်း စိတ်ချမ်းသာစွာ နေထိုင်ဖို့ GGI Myanmar မှာ Free Quotation ရယူနိုင်ပါပြီနော်။ 📣

➡ GGI Myanmar ရဲ့ Website ထဲကို ဝင်၊ Free Quote ကိုနှိပ်၊ လိုအပ်တဲ့ Data လေးတွေဖြည့်ပြီး Free Quotation ရယူလိုက်ပါခင်ဗျာ။

ဒါကြောင့်သစ်သားပရိဘောဂများနဲ့ ပတ်သက်လာရင် Interior, Exterior Decoration မျိုးစုံကို သင့်နေအိမ်အတွက် GGI Myanmar ရဲ့အတော်ဆုံးပရိဘောဂပညာရှင်များနဲ့ တိုင်ပင်ကာ အကောင်းဆုံးကိုသာ ရွေးချယ်လိုက်တော့နော်။ ✨

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

22/07/2024

တစ်နေရာတည်းမှာပဲ လူကြီးမင်းတို့စိတ်တိုင်းကျ Interior ,Exterior Furniture မျိုးစုံကို ကျွန်တော်တို့ GGI Myanmar မှခေတ်မီဆန်းသစ်တဲ့ဒီဇိုင်းများဖြင့် ဖန်တီးပေးလျက်ရှိပါတယ် 🪑

Dinning table, Coffee table, Chair , Decking တို့လိုပရိဘောဂများသာမက လုပ်ငန်း Project များအထိ စလယ်ဆုံးတာဝန်ယူ ပြီးမြောက်အောင် ဆောင်ရွက်ပေးကာ အရည်အသွေးအကောင်းဆုံး သစ်၊ သစ်မာ၊ ကျွန်းသစ်များဖြင့် ပရိဘောဂများကို ဖန်တီးပေးတာကြောင့် လူကြီးမင်းတို့စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမှာပါ။ 🌟

ဒါကြောင့် အိမ်တွင်းပရိဘောဂများနဲ့ ပတ်သက်လာရင် ခေတ်မီဆန်းသစ်တဲ့ Interior, Exterior Furniture ဒီဇိုင်းမျိုးစုံ ဖန်တီးပေးရာ GGI Myanmar ကိုသာဆက်သွယ်လိုက်ပါခင်ဗျာ။ ✨

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

20/07/2024

🪷 ဝါဆိုလပြည့် ဓမ္မာစင်္ကြာအခါတော်နေ့ 🪔

ထူးမြတ်တဲ့ဝါဆိုလပြည့်နေ့မှာ ကုသိုလ်အပေါင်း ထုံလွှမ်းပြီး ကောင်းခြင်းမင်္ဂလာတို့နဲ့ပြည့်စုံပါစေကြောင်း GGI Myanmar မှ ဆုမွန်ကောင်း တောင်းပါတယ်ခင်ဗျာ ..

#ဝါဆိုလပြည့်

19/07/2024

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ယနေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် အာဇာနည်နေ့ကို" GGI Myanmar "မိသားစုမှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါတယ်် 🌟

15/07/2024

အိမ်တွင်းပရိဘောဂအနေနဲ့ အရည်အသွေးမြင့်ခိုင်ခံ့တဲ့ “သစ်ပေါင်းသားပရိဘောဂ” များကို အသုံးပြုခြင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ 🪵

သစ်ပေါင်းသားဆိုတာ သစ်သားအထပ်တွေကို အလျား၊ အနံအထပ်ထပ် အလွှာလိုက်ပေါင်းကပ်ထားတဲ့ သစ်သားထုတ်ကုန်တစ်မျိုးပါ။သစ်သားအဖတ်များကို အချင်းချင်း ၉၀ ဒီဂရီလှည့်ကာ ပေါင်းစပ်ကပ်ထားလို့ အလွန်ခိုင်ခံ့ပါတယ်။

🪵 မူလသစ်အစိုများကို နေထိုင်ရာရေမြေဒေသပေါ်မူတည်ပြီး အကြမ်းခံနိုင်ဖို့ အစိုဓာတ်ရရှိသည်အထိ ပေါင်းစက်ထဲထည့်ကာ အစိုဓာတ်လျော့ပေးမှသာ အရည်အသွေးကောင်းတဲ့ သစ်ပေါင်းသားရရှိလာပါတယ်။

အိမ်တွင်းပရိဘောဂများ၊ ကြမ်းခင်းများအတွက် အတွင်းသုံးသစ်ပေါင်းသား၊ အိမ်အပြင်ဘက်ပရိဘောဂများအတွက် လေထုနဲ့ရေစို အကြမ်းခံနိုင်တဲ့ ရေစိုခံသစ်ပေါင်းသားဆိုပြီး သစ်ပေါင်းသားအမျိုးမျိုး ရှိပါသေးတယ်။

⭕အခြားသောသစ်တွေနဲ့မတူတဲ့ အားသာချက်တွေကတော့ သစ်ပေါင်းသားက သယ်ဆောင်ရလွယ်ပြီး ပေါ့ပါးကာခိုင်ခံ့၊ ကြာရှည်ခံတဲ့အပြင် သဘာဝသစ်သားတွေထက်လည်း ဈေးနှုန်းသက်သာပါတယ်။

🔸ဒါ့အပြင်အိမ်နံရံများ၊ ကြမ်းခင်းများမှာသာမက စားပွဲများ၊ စာအုပ်စင်များ၊ အိပ်ရာများနှင့် အိမ်တွင်းအလှဆင်ပရိဘောဂများမှာ သုံးဖို့အသင့်တော်ဆုံးပါပဲ။ သစ်ပေါင်းသားကို အချို့ပန်းပုအနုပညာ လက်ရာဖန်တီးမှုလုပ်ငန်းများနဲ့ ရုံးသုံးပရိဘောဂများမှာလည်း အသုံးပြုလာကြပါတယ်။

🔸သစ်ပေါင်းသားအသုံးပြုခြင်းက သစ်တောများကို ထိန်းသိမ်းနိုင်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေပါတယ်။ သစ်ပေါင်းသားက ခိုင်ခံ့ပြီးလှပတဲ့အတွက် အိမ်ဆောက်လုပ်ရေးနဲ့ ပရိဘောဂလုပ်ငန်းများ၊ အလှဆင်ပစ္စည်းများမှာ အသုံးပြုသင့်ပါတယ်နော်။

ဒီလောက်ဆိုရင်တော့ သစ်ပေါင်းသားအကြောင်း တစေ့တစောင်းသိရှိလောက်ပြီမလို့ ကိုယ့်ရဲ့နေအိမ်နဲ့ လိုက်ဖက်တဲ့ပရိဘောဂများကို ရွေးချယ်အသုံးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ 🏡

ကျွန်တော်တို့ GGI Myanmar မှာအရည်အသွေးမြင့်တဲ့ သစ်ပေါင်းသားပရိဘောဂများ၊ ကျွန်းသစ်နဲ့ သစ်သားပရိဘောဂများကိုသာ ထုတ်လုပ်ရောင်းချပေးနေလို့ နှစ်ရှည်အသုံးပြုလည်း အရောင်ကျခြင်း၊ ဆွေးခြင်းတို့ လုံးဝမဖြစ်စေပါဘူး။💯

ဒါ့ကြောင့် မိမိနေအိမ်အတွက်ဖြစ်စေ၊ ရုံးခန်းအတွက်ဖြစ်စေ အရည်အသွေးမြင့်ပြီး ကြာရှည်အသုံးခံတဲ့ သစ်ပေါင်းသားနဲ့ အိမ်တွင်းပရိဘောဂများကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ GGI Myanmar ကိုသာယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါနော်။ 💚

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

GGI

12/07/2024

ကမ္ဘာမြေကြီးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ရာ သစ်မာပရိဘောဂများကို တန်ဖိုးထားအသုံးပြုသင့်ပါတယ် 🪵

သစ်သားများ၊ သစ်မာများမှရရှိတဲ့ သစ်သားအပိုင်းအစများနဲ့ စွန့်ပစ်ပစ္စည်းတွေက သေချာမသိမ်းဆည်းတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ မြေဆီလွှာကို ထိခိုက်နိုင်ပါတယ်

သစ်မာများကို အိမ်တွင်းပရိဘောဂများအဖြစ် ကုလားထိုင်၊ ထမင်းစားပွဲ၊ ကော်ဖီစားပွဲ၊ စာကြည့်စားပွဲ၊ ဗီရို စတဲ့ပရိဘောဂများကို ဒီဇိုင်းအမျိုးမျိုးတီထွင် အသုံးပြုလာကြပြီး ကျွန်တော်တို့ GGI Myanmar မှာသစ်များကို အလေအလွင့်မဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်အောင် စနစ်တကျအသုံးပြုလျက်ရှိပါတယ်။ 🪑

ဒါကြောင့် လူကြီးမင်းတို့ရဲ့ နေအိမ်နဲ့ရုံးခန်းအတွက် အရည်အသွေးမြင့် သစ်မာပရိဘောဂများဖြင့် အလှဆင်ဖို့ရာ ဒီဇိုင်းလက်ရာအချို့ကို GGI Myanmar မှတင်ဆက် ပြသပေးလိုက်ပါတယ်ခင်ဗျာ။ ✨

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

10/07/2024

သဘာဝတရားကြီးကပေးတဲ့ အလှတရားကိုထိန်းသိမ်းရာမှာ သစ်များကို အလေအလွင့်မဖြစ်အောင် စောင့်ရှောက်ဖို့ကလည်း အရေးကြီးလှပါတယ် 🪵

သစ်ပင်များမှ အောက်ဆီဂျင်ထုတ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူပေးခြင်း၊ သက်ရှိသတ္တဝါလေးများနေထိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် တည်ရှိပေးခြင်းတို့ဖြင့် သဘာဝတရားကြီးကို အလှဆုံးဖန်တီးပေးပါတယ်။ 🌳

သစ်တောများနဲ့ လူသားတို့က အပြန်အလှန် အမှီသဟဲပြုနေထိုင်ကြရပြီး ပရိဘောဂပညာရှင်များကလည်း သစ်သားများကို ပုံစံအမျိုးမျိုးတီထွင်ကာ အိမ်တွင်းပရိဘောဂအဖြစ် အသုံးပြုလာကြပါတယ်။

🌳သစ်သားပရိဘောဂများရဲ့ ခိုင်ခံ့မှုကြောင့် ရေရှည်အသုံးပြုနိုင်ပြီး သစ်အရောင်အသွေးမျိုးစုံ၊ ဒီဇိုင်းအမျိုးမျိုးနဲ့ အိမ်တွင်းပရိဘောဂများကို အသုံးပြုလာကြပါတယ်။

🌳သစ်သားပရိဘောဂပြုလုပ်ပြီး ပိုလျှံနေတဲ့အပိုင်းအစ အကြွင်းအကျန်လေးတွေကိုလည်း ပြန်လည်အသုံးပြုနိုင်လို့ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါတယ်။ အချို့သစ်သားအမျိုးအစားတွေက တန်ဖိုးမြင့်ပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။

🌳သစ်သားရဲ့အေးမြမှုက အခန်းတွင်းအပူချိန်ရှိတဲ့နေရာနဲ့ သဘာဝအပူကိုမျှတစေလို့ နေအိမ်ပရိဘောဂအနေနဲ့ အသင့်တော်ဆုံးပါပဲ။

သစ်များပြန်လည်စိုက်ပျိုးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အလေအလွင့်မဖြစ်အောင် စနစ်တကျ အသုံးပြုခြင်းတို့ဖြင့် သစ်တောမပြုန်းတီးအောင် ထိန်းသိမ်းပေးဖို့လည်း လိုအပ်ပါတယ်နော်။

သဘာဝတရားကြီးကို အလှဆင်ပေးတဲ့ သစ်တောများကို မပျက်စီး၊ မပြုန်းတီးရအောင် လူသားတို့က ဂရုတစိုက်ထိန်းသိမ်းရင်း သစ်ပရိဘောဂများကို ဂုဏ်ယူစွာတန်ဖိုးထား အသုံးပြုကြဖို့ အကြံပြုလိုက်ပါရစေ။

သစ်သားပရိဘောဂများကို အသုံးပြုပြီး လူကြီးမင်းတို့ရဲ့ နေအိမ်နဲ့ ရုံးခန်းအတွက် စိတ်ကြိုက်အလှဆင်ဖို့ စဉ်းစားထားရင်တော့ ကျွန်တော်တို့ GGI Myanmar နဲ့လာရောက်တိုင်ပင်ရင်း အရည်အသွေးမြင့် ပရိဘောဂများကို သေသပ်လှပတဲ့ Interior, Exterior Decoration ဒီဇိုင်းမျိုးစုံကို ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။ ✨

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

08/07/2024

အေးအေးစိမ့်စိမ့် မိုးတွင်းကာလလေးက နေလို့ကောင်းပေမယ့် သစ်သားပရိဘောဂတွေကိုတော့ အစိုဓာတ်ကြောင့် မပျက်စီးအောင် စနစ်တကျထိန်းသိမ်းဖို့လိုမယ်နော် ❗

အထူးသဖြင့်မိုးတွင်းအချိန်မှာဆိုရင် သစ်ပရိဘောဂတွေက စိုထိုင်းဆများခြင်းကြောင့် မှိုစွဲပြီး ပျက်စီးခြင်း၊ အပူချိန်ပြောင်းလဲမှုကြောင့် အရောင်ပြယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီတော့စိုစွတ်တဲ့မိုးတွင်းမှာ တန်ဖိုးကြီးတဲ့ သစ်ပရိဘောဂတွေကို မပျက်စီးစေဘဲ ကြာရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းနည်းအချို့ကို GGI Myanmar မှ မျှဝေပေးလိုက်ပါတယ်။

🔸စိုထိုင်းဆနည်းအောင်ထိန်းပါ

မိုးမရွာတဲ့နေ့တွေမှာ သစ်ပရိဘောဂများရှိရာ အခန်းတွင်းလေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ဖွင့်ထားခြင်းဖြင့် စိုစွတ်မှုပမာဏကိုလည်း ထိန်းထားနိုင်ပါတယ်။

🔸ပရိဘောဂတွေကို နံရံနဲ့မကပ်အောင်ထားပါ

အစိုပြန်တဲ့နံရံကနေ နံရံနဲ့ကပ်ထားတဲ့ ပရိဘောဂတွေဆီ အစိုဓာတ်ကူးနိုင်လို့ ပရိဘောဂများကို နံရံနဲ့မကပ်အောင် မိုးရာသီမှာအထူး ဂရုစိုက်ဖို့လိုပါတယ်။ကိုယ့်အိမ်မှာ သစ်သားအဝတ်ဗီရို၊ မီးဖိုချောင်ဗီရိုတို့ကို နံရံနဲ့ကပ်ထားမိရင် အခုပဲနေရာလေးရွှေ့ဖို့ မမေ့ပါနဲ့နော်။

🔸ဖယောင်းနဲ့ အစိုခံနိုင်တဲ့ကော်ကို အသုံးပြုပေးပါ

သစ်ထည်ပရိဘောဂများကို ဖယောင်းနဲ့ပြောင်လက်အောင် တိုက်ပေးတဲ့နည်းကလည်း အစိုဓာတ်ကိုကာကွယ်ဖို့ မိုးရာသီမှာထိန်းသိမ်းသင့်တဲ့ နည်းတစ်မျိုးပါပဲ။ Modular cabinets နဲ့ပရိဘောဂတွေကိုတော့ အစိုခံနိုင်တဲ့ကော်ကိုသာ အသုံးပြုသင့်ပါတယ်။

🔸မှိုစွဲခြင်းမှကာကွယ်ပါ

အစိုဓာတ်ကိုစုပ်ယူနိုင်ဖို့ အံဆွဲများ၊ ဗီဒိုများမှာ Silica Gel အထုပ်များထားခြင်းနဲ့ ရေစိုစွတ်မှုရှိမရှိ အမြဲစစ်ဆေးကာ မှိုစွဲခြင်းမှကာကွယ်ပါ။ မိုးရေတိုက်ရိုက်မထိတွေ့ဖို့ သစ်သားပရိဘောဂများကို ဖွင့်ထားသော ပြတင်းပေါက်များ၊ တံခါးများနှင့် ဝေးဝေးမှာထားပါ။

🔸မကြာခဏသန့်ရှင်းရေးလုပ်ပေးပါ

အစိုဓာတ်ကိုကာကွယ်ဖို့ သစ်သား ပရိဘောဂမှာ ကပ်နေတတ်တဲ့ဖုန်မှုန့်များကို အဝတ်ခြောက်ဖြင့် မကြာခဏတိုက်ပေးပါ။ စိုစွတ်တဲ့အဝတ်ကို မသုံးမိဖို့တော့ သတိထားရပါမယ်နော်။

🔸သစ်သားအရောင်ပြောင်လက်နေဖို့ အရောင်တင်ဆီသုံးပေးပါ

သစ်သားပရိဘောဂတွေရဲ့ အရောင်အသွေးလှပဖို့နဲ့ ရေရှည်အကြမ်းခံနိုင်ဖို့ သစ်သားပရိဘောဂများအတွက် ထုတ်လုပ်ထားတဲ့ အရောင်တင်ဆီကို ခပ်ပါးပါးလိမ်းပေးပါ။

ကဲဒီနည်းလမ်းတွေနဲ့ဆိုရင်တော့ စိုစွတ်တဲ့မိုးတွင်းမှာလည်း သစ်ပရိဘောဂတွေကို မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

လူကြီးမင်းတို့နေ့အိမ်နဲ့ လုပ်ငန်းများအတွက် သစ်သားပရိဘောဂများ၊ ကျွန်းသစ်များနဲ့ အခြားသောသစ်မာများနဲ့ ပတ်သက်လို့ ပရိဘောဂပစ္စည်းများကို စိတ်တိုင်းကျ ဝယ်ယူချင်သူများအတွက်လည်း GGI Myanmar မှာအရည်အသွေးမြင့် ပရိဘောဂများကို သေသပ်လှပတဲ့ လက်ရာဒီဇိုင်းများဖြင့် Interior, Exterior Decoration မျိုးစုံကိုရရှိနိုင်ပါတယ်ခင်ဗျာ။ ✨

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797
Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

GGI

02/07/2024

🏤 အိမ်တစ်အိမ်ရဲ့ ကျက်သရေရှိ ခမ်းနားတင့်တယ်မှုကို အရည်အသွေးမြင့်ပရိဘောဂများဖြင့် အလှဆင်ထားပုံကို ကြည့်ရုံနဲ့သိနိုင်ပါတယ် ⚜️

အိမ်အဝင်ဝကျွန်းတံခါးကနေ Living Room တစ်ခန်းချင်းစီအထိ တစ်အိမ်လုံးနဲ့ လိုက်ဖက်တဲ့ ပရိဘောဂများကို အသုံးပြုထားတဲ့အခါ အိမ်ထဲဝင်လိုက်တာနဲ့ နေချင်စဖွယ်အိမ်လေးအဖြစ် ခံစားရစေပါတယ်။ 🏤

✅ အရည်အသွေးကောင်းမွန်တဲ့ Furniture

✅ ခေတ်မီလှပတဲ့ Decoration Design

များဖြင့် Dinning table, Chairs, Cabinet, Decking တို့နဲ့ Living Standard မြင့်မြင့်စိတ်ချမ်းချမ်းသာသာ နေထိုင်လိုသူများအတွက် အကောင်းတကာ့အကောင်းဆုံး ပရိဘောဂများ ဖန်တီးပေးရာ GGI Myanmar ကိုသာသတိရလိုက်ပါနော်။ 🌟

GGI Myanmar မှာအရည်အသွေးမြင့် ပရိဘောဂများကို သေသပ်လှပတဲ့ လက်ရာဒီဇိုင်းများဖြင့် Interior, Exterior Decoration မျိုးစုံကိုလူကြီးမင်းတို့ စိတ်တိုင်းကျဖန်တီး ဆောင်ရွက်ပေးလို့ အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ။ ✨

𝐆𝐆𝐈 𝐌𝐘𝐀𝐍𝐌𝐀𝐑
𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑨𝒓𝒕, 𝑻𝒐𝒖𝒄𝒉𝒆𝒅 𝒃𝒚 𝑯𝒆𝒂𝒓𝒕. 🤍

Phone ☎️ : 09 974147797

Address 🏠 : G- (40), Hnin Si St, Via Myittar Road, Yangon, Myanmar

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


G40 , Hinsi St. , Myittar Road , South Okkalapa
Yangon
11091

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00