ABSDF Column - 3
𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐢𝐬 𝐨𝐮𝐫 𝐬𝐜𝐡𝐨𝐨𝐥, 𝐨𝐮𝐫 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲.
23/04/2026
အကြမ်းဖက်စစ်တပ်က တိုင်းပြည်အခက်အခဲနှင့်အကျပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနှင့် အာသီသ မရှိ၍ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်မခံဟု ABSDF က ပယ်ချ
ရန်ကုန်၊ ဧပြီ ၂၁
အကြမ်းဖက်စစ်တပ်က တိုင်းပြည်၏အခက်အခဲနှင့် အကျပ်အတည်းများ ကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနှင့် အာသီသ မရှိ၍ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်မခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF က ပယ်ချတုံ့ပြန်လိုက်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် အပစ်ရပ်စာချုပ်NCA လက်မှတ်ရေးထိုးထားပြီး လွန်ခဲ့သော ၅ နှစ်အတွင်း တွေ့ဆုံခဲ့ခြင်းမရှိသည့် KNU ၊ CNF ၊ ABSDF တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF မှ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်ကျော်လင်းက အကြမ်းဖက် စစ်တပ်တွင် တိုင်းပြည်၏ အကျပ်အတည်းနှင့် အခက်အခဲကို ဖြေရှင်းရန် နိုင်ငံရေး ဆန္ဒနှင့် အာသီသ မရှိကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံနိုင်စရာ မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။
“လက်ခံနိုင်စရာ မရှိပါဘူး။ စစ်တပ်မှာ တိုင်းပြည်အခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းဖို့ နိုင်ငံ ရေး အာသီသရော၊ ဆန္ဒရော မရှိပါဘူး။ လိုအပ်ရင်တော့ ကျနော်တို့ ထုတ်ပြန်ချက်ထုတ်သွားပါ့မယ်” ဟု ABSDF တွဲဖက်အထွေ ထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်ကျော်လင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ABSDF သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်NCA ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်တွင်မူ စစ်တပ်ကို တော်လှန်ရေးတပ်များနှင့်အတူ ဦးဆောင်လက်တွဲပြီး ဆန့်ကျင်တိုက်ခိုက်လျက်ရှိသော ကျောင်းသားတပ်မတော်ဖြစ်သည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ပါဝင်ခဲ့သော ABSDF မှ တော်လှန်ရေးရဲဘော်များ။
29/03/2026
မင်းတို့နဲ့အတူ ငါတို့ရှိတယ်ဆိုတာ လက်တွေ့ပြသရမယ့်အချိန် 🛡️
ရဲဘော်တွေ ရှေ့တန်းမှာ အသက်ပေး တိုက်ပွဲဝင်နေချိန်မှာ ကျွန်တော်တို့ဘက်က ပံ့ပိုးမှုတွေ အားမနည်းသွားဖို့ လိုပါတယ်။ 'The Hunter' Campaign က အခုထိ ၂၅ ရာခိုင်နှုန်းပဲ ရရှိပါသေးတယ်။ ကျန်ရှိနေတဲ့ ၇၅ ရာခိုင်နှုန်းကို ရက်ထပ်တိုးထားတဲ့ ဒုတိယလ မေလ ၂ ရက်နေ့အတွင်း အရောက်လှမ်းနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။
ဒီည ၇ နာရီ Live Talk လေးကိုလည်း နားဆင်ပေးကြပါဦး။ ကိုယ်ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေကို ထိန်းသိမ်းဖို့နဲ့ ရှေ့ဆက်တိုးနိုင်ဖို့က ဒိုဒိုတို့ရဲ့ လက်ထဲမှာ ရှိပါတယ်။ တော်လှန်ရေးရဲဘော်တွေအတွက် ခိုင်မာတဲ့ ကျောထောက်နောက်ခံအဖြစ် အားလုံး ဝိုင်းဝန်းပါဝင်ပေးကြဖို့ တောင်းဆိုပါရစေ။
နိင်ငံတကာမှ FR များထံ campaign တွင် ပါဝင်လှူဒါန်းရန်
https://www.facebook.com/share/p/1DFPrLgfgy/
19/02/2026
🔥 The Hunter 🔥
✡️ The Hunter ဆိုတာဘာလဲ။
"The Hunter" ဆိုတာ OFP Fundraising Program နဲ့ ABSDF Column - 3 စစ်ကြောင်း တို့ ပူးတွဲဆောင်ရွက်မယ့် ထောက်ပို့ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။
✡️ ကမ်ပိန်းအမည် - The Hunter
✡️ အဖွဲ့အမည် - ABSDF Column 3
✡️ ကမ်ပိန်းတားဂတ်နဲ့ ကမ်ပိန်းကာလက ဘယ်လောက်ပါလဲ။
မျှော်မှန်းပမာဏ သိန်း (၂၀၀၀) ကျပ် ဖြစ်ပြီး၊ ကမ်ပိန်းကာလကိုတော့
19.02.2026 မှ 02.04.2026 ထိ သတ်မှတ်ထားပါတယ်။
✡️ ကမ်ပိန်းရည်ရွယ်ချက် က ဘာပါလဲ။
မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ ABSDF Column 3 အတွက် လိုအပ် နေတဲ့စနိုက်ပါ (၃) လက် ဝယ်ယူနိုင်ရန် ရည်ရွယ်ပါတယ်။
✡️ ABSDF Column 3 က ဘယ်နေရာမှာ ဘာတွေ လှုပ်ရှားနေပါလဲ။
ABSDF Column - 3 စစ်ကြောင်းက ဂန့်ဂေါ၊ ပုလဲ၊ ကမ္မ၊ ပခုက္ကူ နှင့် ကနီ ဒေသများတွင်နယ်မြေထိုးဖောက်ရေးလုပ်ကာ တိုက်ပွဲဝင်နေကြပါတယ်။ စတင်ဖွဲ့စည်းစဉ်မှစ၍ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၂) ကြိမ်အထိပေးနိုင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှစတင်၍ ယနေ့အထိ ဂန့်ဂေါ၊ ကလေးတောင်ပိုင်း၊ ပုလဲ၊ ကမ္မ၊ ပခုက္ကူဒေသများတွင် ပြောက်ကျားတိုက်ပွဲ၊ ပျူရွာသိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ ဒရုန်းစစ်ဆင်ရေး နှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ တိုက်ပွဲပေါင်း (၅၆) ပွဲထက်မနည်း တိုက်ပွဲဝင်ခဲ့ပြီး ဖြစ်ပါတယ်။ တိုက်ပွဲတွင်း မြင့်မြတ်စွာ ကျဆုံးရဲဘော် (၁၇) ဦး နဲ့ ထိခိုက်ဒဏ်ရာရ ရဲဘော် (၂၆) ဦးအထိ ရှိခဲ့ပြီး ဖြစ်ပါတယ်။
✡️ ဘာကြောင့် အခု ကမ်ပိန်းကို လုပ်ရတာလဲ။
ABSDF Column 3 အနေနဲ့ အခြေစိုက်နယ်မြေ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးများစွာ ဖော်ဆောင်ရပါတယ်။ ၂၀၂၆ ခုနှစ်ထဲမှာ စစ်ဆင်ရေးများ အရှိန်မြှင့်ရန် ရည်ရွယ်ထားပြီး ရှေ့တန်းတိုက်ခိုက်ရေးအဖွဲ့များအတွက် အရေးကြီးတဲ့ စနိုက်ပါ ၃ လက်ကို ဝယ်ယူနိုင်ရန် ရည်ရွယ်ထားပါတယ်။ စနိုက်ပါလက်ဖြောင့်ရဲဘော်များ ရှေ့တန်းတွင် အတူ လိုက်ပါနိုင်ခြင်းဖြင့် မြေပြင်ရဲဘော်များကို ခွန်အားရစေပြီး၊ ရန်သူရဲ့ High value Targets များကို ချေမှုန်းနိုင်ပါက တိုက်ပွဲကို အထိအခိုက်နည်းနည်း၊ ကြာချိန်နည်းနည်းနှင့် အပြီးသတ်နိုင်ရန် ဖြစ်ပါတယ်။
✡️ ဘယ်လိုပါဝင်နိုင်မလဲ။
ပမာဏသတ်မှတ်မထားပါ။ မိမိတတ်နိုင်သော ပမာဏကို နိုင်ငံတကာ OFP Fundraiser များမှတဆင့် နိုင်ငံအလိုက် သက်ဆိုင်ရာ Pay များ၊ Currency များနဲ့ ပါဝင်ထောက်ပို့နိုင်ပါတယ်။
✡️ ဘယ် OFP Fundraiser တွေကတဆင့် ပါဝင်ရမလဲ။
လူကြီးမင်းတို့ လွှဲလိုသည့် Currency ပေါ် မူတည်၍ သက်ဆိုင်ရာ နိုင်ငံအလိုက် တာဝန်ယူ ကောက်ခံပေးမယ့် နိုင်ငံတကာ OFP Fundraiser များမှတဆင့်လုံခြုံစိတ်ချစွာပါဝင်နိုင်ပါတယ်။
#နွေဦးစုဗူး
#နွေဦးအားမာန်
16/02/2026
15/02/2026
ယခုဖော်ပြပါ ABSDF Column 3 - Community Support Network page သည် မိမိတို့ ABSDF Column 3 ၏ တရားဝင် Fundraising Page တခုဖြစ်ပါသည်။
၎င်း page တွင် ABSDF Column 3 ၏ အညာမြေပြန့်ဒေသစစ်ဆင်ရေးများတွင် လိုအပ်လျက်ရှိသော စနိုက်ဘာ ၃ လက်ဖြည့်တင်းနိုင်ရန်အတွက် ကမ်ပိန်းတခု မကြာမီ စတင်ပြုလုပ်တော့မည်ဖြစ်ပါသည်။ တော်လှန်မိဘပြည်သူများအနေဖြင့် ယခု page ကို like & follow & share လုပ်ခြင်းဖြင့် ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/share/1B9HQ5P6Lu/
23/01/2026
ကျနော်တို့ " ဖက်ဆစ်တပ် အမြစ်ဖြတ်၊ ကျည်ကာဆင်ပါ ABSDF" ကမ်ပိန်းသည် ဇန်နဝါရီလ ၂၂ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပါသည်။ မိဘပြည်သူများ၏ ကူညီထောက်ပံ့ အားပေးမှုကြောင့် သတ်မှတ်ထားသည့် ပမာဏ သိန်း၅၀၀ကို ကျော်လွန်၍ ငါးရာခြောက်ဆယ့်နှစ်သိန်း (၅၆၁၂၁၈၅၅) နီးပါးရရှိခဲ့ပါသည်။ ထို့ကြောင့် ကမ်ပိန်းအားပါဝင် အားဖြည့်ပေးကြပါသော မိဘပြည်သူ ညီအစ်ကို မောင်နှမများ၊ ကမ်ပိန်းဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးပါသော SDB Teamမှ တာဝန်ရှိသူများ၊ အဖက်ဖက်မှ ကူညီပေးပါသော ညီအစ်ကို မောင်နှမများအား တပ်ဦးနှင့်တပ်မတော်မှ ကျေးဇူးအထူးတင်ရှိပါသည်။ ထပ်မံပြုလုပ်မည့် ကမ်ပိန်းများတွင်လည်း ပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
မကဒတရဲဘော်များ။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon