MyanBox
Digital Platform For AEC Industry Myanmar We work with government to develop sustainable approaches to urban area development.
Introduction about us
#Societal_Impact
We serve the public interest:
We provide assurance and offer solutions that advance business, reduce time, costs and encourage use of digital media. We promote ethical, inclusive practices:
We seek to level the playing field by removing barriers for the disadvantaged and mitigating the actions of bad actors. We ignite innovation:
We are part of an ecosystem t
17/10/2024
စိတ်၏ချမ်းသားခြင်း ၊ကိုယ်၏ကျန်းမာခြင်း
များနှင့် ပြည့်စုံကြပါစေလို့...
သီတင်းကျွတ်လပြည့်နေ့မှာ
MyanBox မိသားစုမှ...
ဆုမွန်ကောင်းတောင်းခြွေလိုက်ပါသည် ခမျာ ။
12/09/2024
ရှေးရောမလူမျိုးများ အိမ်သာ စတင်အသုံးပြုပုံ
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့် ရောမလူမျိုးတို့က အိမ်သာသုံးစွဲခြင်း ယဥ်ကျေးမှုကို ထွန်းကားခဲ့ကြပါတယ်။ ရောမလူမျိုးတို့က အိမ်သာသုံးစွဲခြင်း နည်းပညာကို ရှေးဂရိလူမျိုးတို့ရဲ့ နည်းပညာကို အတုယူသုံးစွဲခဲ့ကြပါတယ်။ ထိုရှေးအိမ်သာတွေက ရှည်လျားတဲ့ ခုံတန်းရှည်မှာ အပေါက်ငယ်လေးတွေပါရှိတဲ့ အများသုံးအိမ်သာကို သုံးစွဲခဲ့ကြပါတယ်။ ဒီအများသုံးအိမ်သာတစ်ခုချင်းစီရဲ့အောက်မှာ စီးဆင်းနေသောရေတွေရှိပါတယ်။ ရေအတိမ်အနက်ပေါ်မူတည်ပြီးတော့ စီးဆင်းနှုန်းကွာခြားနေသော်လည်း အပေါ်ထိုင်ခုံတွေက စီးဆင်းနေသော ရေလမ်းကြောင်းအထက်လမ်းကြောင်း အထက်မှာ ထိုင်ပြီးတော့အသုံးပြုကြပါတယ်။
ရှေးဂရိလူမျိုးကဲသို့ပင် ရောမလူမျိုးတို့ကလဲ အိမ်သာသုံးစက္ကူအစား ချောင်းတစ်ခုမှာ ကပ်ထားတဲ့ ရေမြုပ်ကို အသုံးပြုခဲ့ကြပါတယ်။ ထိုရေမြုပ်ကို ရေမှာ နစ်မြုပ်ပြီး ရေဆေးကာအသုံးပြုခဲ့ကြပါတယ်။ တချို့ကိစ္စတွေကို အသုံးပြုဖို့အတွက် ထိုရေမြုပ်ကို ရေငန်နဲ့ ရှာလကာရည်ထည့်ထားတဲ့ ပုံးထဲမှာ သိမ်းထားကြပါတယ်။
ထိုရေမြုပ်နည်းပညာ ခေါ် Tersorium ကို အထက်တန်းစား လူမျိုးတို့ အသုံးပြုကြပါတယ်။ အောက်ခြေလူတန်းစားတွေကတော့ ရှေးဂရိလူမျိုးများကဲ့သို့ပင် ကျောက်တုံးငယ်များကို အသုံးပြုခဲ့ကြပါတယ်။
Source: from google
-toilet
05/09/2024
အဆောက်အဦးပုံစံ (design) စတင်မဆွဲမီ ထည့်သွင်းစဥ်းစားသင့်သည့်အချက်များ
ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ယောက်က အဆောက်အဦးတစ်ခု ဒီဇိုင်းစတင်ရေးဆွဲတောမယ်ဆိုရင် ကိုယ်ကဘယ်လိုအဆောက်အဦးတွေကို တည်ဆောက်မှာလဲဆိုတာ အရင်ဆုံး သိထားသင့်ပါတယ်။
1. လူနေအဆောက်အဦး
2. ကုန်သွယ်မှုဆိုင်ရာ အဆောက်အဦး
3. ရုံးအဆောက်အဦးများ
4. တက္ကသိုလ်၊ ကောလိပ် အဆောက်အဦးများ
5. ဆေးရုံအဆောက်အဦးများ
6. ကျောင်းဆောင်အဆောက်အဦးများ
7. Hotel အဆောက်အဦးများ
8. အလုပ်ရုံ အဆောက်အဦးများ
9. စက်ရုံအဆောက်အဦးများ
ကိုယ်ကတည်ဆောက်ရမယ့် အဆောက်အဦးအမျိုးအစားတွေကို သိရှိပြီးရင်တော့ ဒီလိုအဆောက်အဦးတွေတည်ဆောက်တဲ့အခါမှာ တည်ဆောက်ရေးအစိတ်အပိုင်းများကတော့ အုတ်မြစ်များ၊ နံရံများ၊ အခန်းများ၊ ကြမ်းပြင်များ၊ အမိုးများ၊ ဝရန်တာများ၊ တံခါးများ၊ ပြတင်းများ၊ လှေကားများ၊ မီးဖိုဆောင်များ၊ ရေချိုးခန်းနဲ့ ရေအိမ်များ၊ ရင်တားများ (parapets) စတဲ့ အစိတ်အပိုင်းတွေကို ကြိုတင်ပြီး ထည့်သွင်းစဥ်းစားရပါ့မယ်။
နောက်ထပ်အဆောက်အဦးပုံစံ (design) မရေးဆွဲမီ ထည့်သွင်းစဥ်းစားရမည့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ့။
1. နံရံတွေရဲ့ အောက်ခြေတိုင်းမှာ အောက်ခံအုတ်မြစ်ရှိသင့်ပါတယ်။ နံရံရှိ အပေါက်ဝတိုင်းမှာ တံခါး/ ပြတင်းထုပ် (သို့) မုခ်ခုံးရှိသင့်ပါတယ်။
2. တံခါးနဲ့ ဝရန်တာ အပေါက်တွေမှာ ရေတားလွှာ ( D.P.C) ထည့်သွင်းရန် မလိုပါဘူး။
3. အုတ်မြစ်ရဲ့ အနက်ကို အနည်းဆုံး 80cm (၈၀ စင်တီမီတာ) ရှိသင့်ပါတယ်။
4. ဝရန်တာတိုင်များက တံခါး (သို့) ပြတင်းပေါက် အဖွင့်ရဲ့ရှေ့မှာ ရှိမနေသင့်ပါ။
5. အဆောက်အဦး ရဲ့ မျက်နှာစာကို မြောက် (သို့) အရှေ့မြောက်သို့ မျက်နှာမူပြီး ရှိသင့်ပါတယ်။
6. ပုံဆွဲရာမှာ သကေးကို 1 cm ကို 1 m လို့ ရေးသင့်ပါတယ်။ 1 m ကို 1 cm လို့ မရေးသင့်ပါ။
အထက်မှာကျွန်တော်ဖော်ပြပေးတဲ့ အချက်အလက်တွေအပြင် တခြားထည့်သွင်းစဥ်းစားရမယ့် အချက်တွေ ရှိသေးရင်လဲ ကျွန်တော်တို့ရဲ့ Myan Box page comment မှာ ဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ဗျာ့။
25/08/2024
ကျင်းတွက်နည်း
ကျင်းဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမြဲကြားနေကြပြီး သုံးနေကြတဲ့ အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။
ကျင်းတွက်နည်း (၂) နည်း ရှိပါတယ်။
1. ကုဗကျင်း နဲ့
2. စကွဲကျင်း ပဲ ဖြစ်ပါတယ်။
🔆 ကုဗကျင်း 🔆
၁ ကုဗကျင်းမှာ 100 cubic ft ရှိပါတယ်။
အလျား ၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁ ပေ ကို ကုဗကျင်း ၁ ကျင်းလို့ သတ်မှတ်ပါတယ်။ အဲမှာ အလျား၊ အနံ နဲ့ အမြင့် ၃ ခုမြှောက်လဒ်ကို 100 cft နဲ့ စားလို့ ၁ ထွက်မယ်ဆိုရင် ၁ ကျင်း၊ ၂ ထွက်မယ်ဆိုရင် ၂ ကျင်း၊ ၂ ဒသမ ၅ ထွက်မယ်ဆိုရင် ၂ကျင်းခွဲပါ။ ကုဗကျင်းတွေကို သဲ၊ ကျောက် တွေကို တွက်ချက်ရာမှာ အသုံးပြုပါတယ်။
🔆 စကွဲကျင်း (sq sud) 🔆
အလျား ၁၀ ပေ၊ အနံ ၁၀ ပေ (သို့) အလျား ၁၀ ပေ၊ အမြင့် ၁၀ ပေကို ၁ စကွဲကျင်းပါ။ စကွဲကျင်းကို Formwork လုပ်ငန်းတွေ၊ ၄ လက်မခွဲ အုတ်စီ လုပ်ငန်းတွေ၊ plastering အချောကိုင်လုပ်ငန်းတွေအပြင် အခြား ထုထည်သေးတဲ့ လုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။
ဥပမာ -
၄ လက်မခွဲ အုတ်တွေစီမယ်ဆိုရင်
အလျား ၁၀ ပေ × အနံ ၁၀ ပေ = ၁၀၀ စကွဲကျင်း = ၁ ကျင်း
ကျနော်တို့ရဲ့ Myan Box page က အသိပညာ ၊ ဗဟုသုတတွေကို နေ့စဥ် တင်ပြပေးသွားမှာ ဖြစ်လို့ like & share လုပ်ပေးသွားဖို့ တောင်းဆိုချင်ပါတယ်။
21/08/2024
အဆောက်အဦးတွေမှာ အသုံးပြုသော သဲတွေရဲ့ ဒိုင်ယာရီ
ကျွန်တော်တို့တွေ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါမှာ မပါမဖြစ် အဓိကပါဝင်သည့်အရာက သဲ (sand) ပဲ ဖြစ်ပါတယ်။
သဲဖြစ်ပေါ်လာပုံ
အဂ်တေတွေ ရောစပ်ရာမှာ အသုံးပြုတဲ့ သဲကတော့ သေးငယ်သောထောင့်လုံးပုံ ဆီလီကာ (SiO2) အပွင့်ငယ်လေးတွေ ပါဝင်ပါတယ်။ သဘာဝသဲကျောက်တွေကို (ရေ၊ လေ၊ နေ) တို့မှ တိုက်စားပြိုကွဲကာ သဲမှုန့်ငယ်လေးတွေ ရရှိလာပါတယ်။
သဲအမျိုးမျိုး
သဘာဝသဲနှင့် ဖန်တီးသဲဆိုပြီး ၂ မျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ သဘာဝသဲပဲ အသုံးပြုကြတာ များပါတယ်။ သဘာဝသဲတွေကို မြစ်သဲ၊ ပင်လယ်သဲ၊ ခြောက်သွေ့နေသော မြစ်အောက်ခြေသဲ (Nala sand) (သို့) ကျင်းသဲ (pit sand) ဆိုပြီး ရှိပါတယ်။ မြစ်သဲတွေ ရိုးရိုးသာမန်အဆောက်အဦးတွေမှာ အသုံးပြုလို့ရပေမဲ့ ရာသီဥတုဒဏ်ခံရမဲ့ နေရာတွေမှာ အသုံးမပြုသင့်ပေ။ ပင်လယ်သဲကတော့ ဆားပါဝင်မှုတွေကြောင့် ရေဆေးပြီးမှ အသုံးပြုသင့်ပါတယ်။ ဖန်တီးသဲတွေကတော့ သဲကျောက်တို့၊ ကျောက်စရစ်ခဲတို့ကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး သဲအဖြစ် အသုံးပြုကြပါတယ်။
သဲကောင်းလက္ခဏာများ
သန့်ရှင်းကောင်းမွန်သော သဲပုံစံတွေကတော့ စောင်းထက်သော ထောင့်ပုံ ပုံဆောင်ခဲ အပွင့်လေးတွေပဲဲဖြစ်ပါတယ်။ ဖုန်၊ ရွှံ၊ နွံ ကင်းစင်ရပါ့မယ်။ လက်နဲ့ ပွတ်ကြည့်လိုက်တဲ့အခါ စေးကပ်မနေရပါဘူး။ နောက်တချက်က တစ်လက်မအတွင်း အကွက်ပေါင်း ၄၀၀ ရှိသော ဆန်ခါတွေကို ဖြတ်သန်းစီးဆင်းနိုင်ရပါ့မယ်။
အားသာချက်
အဂ်တေမာချိန်မှာ ကွဲအက်ခြင်း၊ အလွန်အမင်းကျုံသွားခြင်းကို ကာကွယ်ပေးပါတယ်။ အဂ်တေ ခံနိုင်ရည်အားကို တိုးစေပြီး အဂ်တေ ကုန်ကျစရိတ်ကိုလည်း လျော့ကျစေပါတယ်။
20/08/2024
Gypsum board နဲ့ပက်သက်ပြီးတော့ မျှဝေပေးချင်ပါတယ်ဗျ☺️
🔷 Gypsum board ဟာခေတ်မီဆောက်လုပ်ရေးများတွင် အထူးသဖြင့် မျက်နှာကျက်များအတွက် အဓိကဖြစ်ပါတယ်
ဘာလို့လူကြိုက်များသော ရွေးချယ်မှုတစ်ခုဖြစ်စေတာလဲဆိုရင် ဘက်စုံအသုံးပြုနိုင်မှု၊ တပ်ဆင်ရလွယ်ကူမှုနှင့် အလှအပဆိုင်ရာ ဆွဲဆောင်မှုတို့ကြောင့်ဖြစ်ပါတယ်
Gypsum Board Ceilings ရဲ့အားသာချက်များ ✨
▫️ တပ်ဆင်ရ လွယ်ကူခြင်း
Gypsum board ဟာပေါ့ပါးသော သဘောသဘာဝနှင့် တပ်ဆင်မှုကို ရိုးရှင်းစေပြီး လုပ်အားအချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပါတယ်
▫️ ခန့်ညားလှပမှု
Gypsum board ရဲ့Smooth Surface ကြောင့် partition တွေရိုက်၊ကော်ပတ်စားစရာမလိုပဲ ဆေးတန်းသုတ်လို့ရနိုင်ပြီး အရမ်းချောမွေ့တဲ့ Surface ရှိတဲ့အတွက် အိမ်နံရံတွေမှာအလှဆင်တဲ့ အခါပိုလှပါတယ် (ဒါပေမယ့် partition ရိုက်တာတော့ပိုကောင်းပါတယ်)
▫️မီးခံနိုင်ရည်
Gypsum board ဟာမူလအားဖြင့် မီးဒဏ်ကိုခံနိုင်ရည်ရှိပြီး မီးကူးစက်မှုကို နှေးကွေးစေသောကြောင့် ဘေးကင်းသော ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ
▫️ အသံထိန်းချုပ်မှု
Gypsum board ဟာ ရုံးများ၊ ရုပ်ရှင်ရုံများနှင့် လူနေရပ်ကွက်များကဲ့သို့ ဆူညံသံလျှော့ချရန်အရေးကြီးသောနေရာများတွင် အသံပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးကာ ထိရောက်သော အသံထိန်းချုပ်မှုကိုလည်း ပံ့ပိုးပေးပါတယ်
▫️ဘက်စုံသုံးနိုင်မှု
Gypsum board သည်ဘက်စုံသုံးနိုင်သော မျက်နှာကျက်ဒီဇိုင်းများကိုဖန်တီးနိုင်ပြီး ဗိသုကာပညာရှင်များနှင့် Designer များက ဖန်တီးမှုများတွင်လိုက်လျောညီထွေဖြစ်စေရန် ဗိသုကာဆိုင်ရာအစိတ်အပိုင်းများကိုအလွယ်တကူ ဖြတ်တောက်ပုံဖော်နိုင်ပါတယ်
🔷 မြန်မာနိုင်ငံမှာအဓီက အသုံးများတဲ့ Gypsum board အမျိုးအစား (၃) မျိုး
1️⃣ Fire&Moisture Gypsum board
မီးဘေးကင်းရေးအတွက် မီးဒဏ်နှင့် ရေငွေ့ဒဏ်ကိုလည်း ခံနိုင်ပြီးအလွယ်တကူမပျက်စီးနိုင်တာမျိုးဖြစ်ပါတယ်
2️⃣ Sound Gypsum board
Sound board ကိုတော့ KTVတွေ / ရုပ်ရှင်ရုံတွေနဲ့ ဆူညံသံများတဲ့နေရာများအတွက် ဆူညံသံလျှော့ချရန် ၊ အသံထိန်းချုပ်ရန် နှင့် အဓိကအသံလုံဖို့အတွက် သုံးကြပါတယ်
3️⃣ Standard Gypsum board
Standard Gypsum board ဟာဆိုရင်အတွင်းနံရံများနဲ့မျက်နှာကျက်များအတွက် လူအသုံးများဆုံးဖြစ်ပြီး ဈေးကွက်ထဲမှာဆိုရင်လည်း အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ် ။
18/08/2024
ခုခေတ်က ဂရမ်တွေ ကီလိုတွေနဲ့ပြောရောင်းနေကြတော့ သိထားရအောင်ပါ။
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့
မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ ဆိုင်တွေမှာဝယ်ဖြစ်မယ်ဆိုရင်
1 ပိဿာ လိုချင်ရင် kg နဲ့ ဆို 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်
50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်
25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်
10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်
20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်
30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်
40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ်
1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်
17/08/2024
ပေါ်လစ်အကြောင်း တစ်စေ့တစ်စောင်း
__________ _________ _________
ကျွန်းပါကေး ခင်းပြီးရင်တော့ ပေါ်လစ်ဆေးသုတ်ပေးရပါတယ်✅️
(Polish)ပေါ်လစ်ပုံးတွေရဲ့အောက်ခြေမှာ စာတွေရေးထားတာကိုတွေ့ပါလိမ့်မယ်/အမျိုးအစားတူမှသာအသုံးပြုရတာ လွယ်ကူပြီ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
နိုင်ငံခြားပေါ်လစ်ဆေးတွေမှာတော့ လုပ်ငန်း(၃)ရပ်ရှိပါတယ်လို့လေ့လာမိပါတယ်✅️
သို့သော်လည်း ပထမဦးဆုံးအနေနဲ့ ပေါ်လစ်မသုတ်မှီ
(Easy Bleach) သစ်အရောင်ညှိဆေး သုတ်ပေးရပါတယ်
သစ်အရောင်ညှိဆေး ဆိုပေ့မယ် သစ်သားဂျေးချွတ်ဆေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
သူ့ကိုတော့ရေနဲ့ရောသုတ်ရပါတယ်။
သူမပါရင်တော့ ပေါလစ်အရောင်က မလှတော့ပါဘူး။
1️⃣ဖီလာ(Filler)
ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်များစွာရှိပါတယ် ကိုယ်လိုချင်တဲ့အရောင်အသုံးပြုနိုင်ပါတယ်/ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ(Tinner)နဲ့ဖျော်စပ်ရပါတယ်။
2️⃣ ဆီလာ(Sealer)
ဆီလာမှာလည်း အများကြီး သိဖို့တော့မလိုပါဘူး လေးမျိုးလောက်သိထားရင် အဆင်ပြေနေပါပြီ။
💥NC/ဆီလာနဲ့ PCဆီလာ
________ ________ _______
ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွာလှပါဘူး
NC/PC ၁ဆ+တင်နာ၂ဆဖျော်စပ်သုတ်ပေးရင်အဆင်ပြေပါတယ်။
သစ်ကြောပိတ်တာ မပိတ်တာကိုကြတော့ သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ
အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာပါဝင်ပါတယ်။
ACဆီလာ
_________
AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်တာကြောင့် ရုပ်ထွက်ကောင်းတယ် ကြည်လင်တယ်အလယ်လတ်တန်းစား ဆီးလာလို့သိထားရင် ရပါပြီ။
AC ဆီလာမှာတော့ (Hardener)ဟာဒနာ ပါဝင်လာပါတယ်
ဆီလာမှာတော့ သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်
ဒါပေမယ့် ဒီမှာ အချိုးစားအများကြီး မသုံးထားပါဘူး
ဆီလာ ၁၀ဆ+ဟာဒနာ ၁ဆ+တင်နာ ၅ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာအတွဲတွေပါ ပရိဘောဂတွေ ကြမ်းခင်းပိုင်းတွေ အတွက်အသုံးပြုရတာ ပိုအဆင်ပြေပါတယ်✅️
PUဆီလာ
_________
PU ဆီလာက သစ်ဆီးအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်
ဆီလာသားနည်းနည်းနောက်တယ်
အိတယ်
ချောမွေ့တယ်
ပြောင်တင်းတယ်
ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း
လှေခါးပိုင်းလို့ အနင်းပိုင်းတွေအတွက်အထူးသင့်တော်ပါတယ်။
စျေးလည်း မြင့်ပါတယ်။ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြုမှုပိုများလာပါတယ်။
PUဆီလာ ၁၀ဆ+PU ဟာဒနာ ၅ဆ+PUတင်နာ ၅ဆ
သုံးမျိုးပဲ ပေါင်းစပ်အသုံးပြုရပါတယ်။
3️⃣Lacquer နဲ့ Topcoat
တတိယ လုပ်ငန်းဖြစ်တဲ့... Lcaနဲ့ Topရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးပေါ့
Lacquer လိုက်ကာတွေဟာ NC/PC(ဆီလာ)နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။သူ့ကို တင်နာနဲ့ ပေါင်းစပ်ပြီး နှစ်မျိုးတည်း သုံးပါတယ်။
ဒါပေမယ့် 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UTလို့ရေးထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။
ခြောက်ချိန်နှေးမယ်၊ တင်နာအမျိုးစားရွေးတယ်၊ကြည်လင်တယ်၊ အသန့်ကြိုက်တယ်ပေါ့၊ရုပ်ထွက်အလွန်ကောင်းပါတယ်၊% ရာခိုင်နုန်းအနေနဲ့ပြောရရင် 90%လောက်ထိ ကြည်လင်ပြီ ပြောင်ပါတယ်။
T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ တင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိပါတယ်။
ဒီအမျိုးအစားတွေထဲမှာ အမှိန်တွေ လာလည်ပါတယ်
ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာအပိုင်းဖြစ်ပါတယ်။
♦️Topcoat ကိုတော့ ဆီလာတွေနဲ့ တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ နားလည်ထားပါတယ်။
NC/PC Topcoat
AC/ Topcoat
PU/ Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုးအစားအတိုင်း အသုံးပြုပေးရမှာ ဖြစ်ပါတယ်
နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ်အသုံးပြုလို့ ရပါတယ်ခင်ဗျာ
Crd
16/08/2024
How do you estimate the cost?
အိမ်ဆောက်ချင်တဲ့ အိမ်ရှင်တွေ မေးလေ့ရှိကြတာ…
- “ပေအကျယ် ဘယ်လောက် ဆောက်ချင်တာ
ဘယ်လောက်ကျမလဲ “ ဆိုတာမျိုးဗျ။
- ပထမဆုံး စဉ်းစားရမှာက “အကြမ်းထည် စရိတ်”ဗျ။
- ဥပမာ- ၂၀’x၄၀’ RC ၂ထပ် ဆောက်မယ် ဆိုပါတော့။
လက်ရှိ ကုန်ပစ္စည်း စျေးနှုန်းတွေနဲ့ အသေးစိတ်
တွက်ချက်မှု အရဆိုရင်….
PAE - ၄၂၀၀ နဲ့ ၄၅၀၀၀ ဝန်းကျင်မှာ ရှိနေတယ်။
PAE ဆိုတာ နားလည်လွယ်အောင် ပြောပြတာ
ဘယ်လိုတွက်လဲ ဆိုရင်
၂၀’x၄၀’ မြှောက်ရင် ၈၀၀ sq.ft ရမယ်
အဲ့ ရတဲ့ ၈၀၀ က ၁ထပ် အတွက် ကုန်ကျစရိတ်။
၂ထပ်ဆောက်မယ့် သူဆို ၂ နဲ့မြှောက် ။
၂၀’ ၄၀’ RC ၂ ထပ်ဆောက်မယ့်သူက
၂၀x၄၀x၂ = ၁၆၀၀ စတုရန်းပေ ရှိမယ်။
အဲ့ဒီ ၁၆၀၀ ကို PAE ၄၂၀၀၀ နဲ့ မြှောက်ကြည့်ရင်
၁၆၀၀ x ၄၂၀၀၀ = ၆၇၂ သိန်း ကျမယ်။
ဒါက အခြေခံ တန်ဖိုး တွက်ချက်မှုပဲ။
တည်ဆောက်မယ့်မြေ အနေအထား နဲ့
ဖောင်ဒေးရှင်း အပေါ်မူတည်ပီး
အခုထက် ပိုနိုင်သေးတယ်။
❗️နောက်တခုမှာ သာမန် အချောထည် ကုန်ကျစရိတ်က
အကြမ်းထည် ကုန်ကျစရိတ်ရဲ့ ၃ပုံ ၁ပုံ ရှိတတ်တယ်။
အဲ့ထက် ကျော်ရင်ပဲ ကျော်လိမ့်မယ်။
ဥပမာ - အကြမ်းထည် ၆၀၀ ကျရင်
အချောထည်က အနည်းဆုံး ၂၀၀ ရှိမှာပဲ။
❗️လက်ခကရော ဘယ်လောက်ကျမလဲ ❓
ယေဘူယျ ပြောရရင်...
- အကြမ်းထည် ကုန်ကျစရိတ် ၆၀၀မှာ …
လက်ခက ၂၀၀ လောက် ပါတယ်။
အဲ့တော့ အကြမ်းထည် ကုန်ကျစရိတ်ရဲ့ ၃ပုံ ၁ပုံက
ဆောက်လုပ်ခ အနေနဲ့ ခန့်မှန်းယူဆလို့ ရတယ်။
- အခုလို ရှင်းပြလိုက်တော့ အိမ်ရှင်တွေ အနေနဲ့
မိမိ ဆောက်ချင်တဲ့ ပေ အကျယ် ၊ အထပ် ၊
အမျိုးအစားအလိုက် ငွေဘယ်လောက်သုံးရမလဲ
အလွယ်တကူ ခန့်မှန်း နိုင်ပါပီ။
❗️Construction ကုမ္ပဏီရွေးတာကတော့….
စိတ်ချ ယုံကြည်ရပီး မိမိ ကြိုက်နှစ်သက်တဲ့
လက်ရာမျိုးရှ်တဲ့ ဆီ ရွေးချယ် နိုင်ပါတယ်။
‼️ မိတ်ဆွေတို့ နှစ်ရှည်လများနေထိုင်မယ့် အိမ်ကို
အရည်အသွေးကောင်းကောင်း ၊ နည်းစနစ်တကျ
တည်ဆောက်ပေးနိုင်မယ့် Constructionမျိုးကို
အထိုက်အလျောက် ကာလ တန်ကြေးအကုန်ခံပီး
တည်ဆောက်ကြဖို့ အကြံပြုချင်ပါတယ်။
‼️ ရှိသင့်ရှိထိုက်တဲ့ ပေါက်စျေးအောက် ချိုလွန်းနေရင်
မိတ်ဆွေတို့ အနေနဲ့ အသေအချာ စဉ်းစားကြဖို့
အကြံပြု တိုက်တွန်းပါရစေ။
☘️ အိမ်ဆောက်မယ့် မိတ်ဆွေများ…
လူလိမ်ရန်မှ ကင်းဝေးပီး …
☘️ လှပနွေးထွေးတဲ့ အိမ်လေးများကို အမြန်ဆုံး
ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။ 🙏🙏🙏
✍️
16/08/2024
"လောက်ယားနွယ်ပင်"
(မြန်မာအခေါ်)
ဒီနွယ်ပင်ကို စစ်ကား တွေမှာ တွေ့ဖူးကြလိမ့်မယ်ထင်တယ် ။
ရေငတ်တဲ့အချိန် မှာကယ်ဆယ်ပေးတဲ့ နွယ်ပင်မျိုး ပါ
တောထဲတောင်ထဲမှာ ရေဆာလာရင် ဒီနွယ်ပင်ကို ပိုင်းဖြတ်၍ ရေဝအောင်သောက်သုံး နိုင်ပါတယ်
မြန်မာတွေကတော့ ဒီနွယ်ပင်ကို
" လောက်ယားနွယ်ပင် " လို့ ခေါ်ကြပါသတဲ့
ဒေသ အခေါ်အဝေါ်တွေတော့ မတူညီနိုင်ဘူးပေါ့ ။
ဒီနွယ်ပင်က ထွက်တဲ့ရေကလည်းရေကောင်းရေသန့်ပါတဲ့ ....
တောထဲမှာဆို ရေငတ်ပြေသောက်တက်ကြလေ့ရှိကြတယ် ။
ဘယ်ဒေသတွေမှာ တွေ့ရတက်လဲဆိုတော့ ချင်းတောင်တန်း တို့
ကလေးဘက်ချမ်း က ဟိမန္တာတောင်တန်းတွေမှာ တွေ့ရလေ့ ရှိတက်ပါတယ် ။
15/08/2024
🙏အမြန်အေးချမ်းကျပါစေ🙏
ခုလိုချိန်မှာ...
ဖြစ်လာသမျှ ... အရာရာနဲ့
ကြုံတွေ့ရသမျှ.... အရာရာအတွက်
ကြံကြံခံနိုင်ဖို့သာ ကြိုးစားပါ။
အားမလျော့နဲ့....
အရှုံးမပေးနဲ့....
စိတ်ဓာတ်ကြံခိုင်နေသရွေ့....
အသက်ရှင်နေလိမ့်မယ်။
ဘာအတွက်ကြောင့်မှ စိတ်ကို လျော့မချလိုက်နဲ့။
အရာအားလုံး အဆင်မပြေတာ...
တကယ်တော့ သင်တစ်ယောက်တည်း
မဟုတ်ဘူး။
လောကဓံကို အံတုလို့....
ဖြစ်လာသမျှ....အကောင်းဆုံးသာ ရင်ဆိုင်ပါ။
တစ်ခုပဲ သိထားပါ။
သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ...
15/08/2024
မျောက်ကျောက်ရောဂါ‼(Mpox)ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေ ကြေညာ
***************************
အာဖရိကတိုက်က နေရာအချို့မှာဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါ (Monkeypox) ကူးစက်မှုဟာ နိုင်ငံတကာမှာစိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ကြေညာပါတယ်။
အရင်က မျောက်ကျောက်ရောဂါအဖြစ်သိကြတဲ့ ကူးစက်မှုမြင့်မားတဲ့ဒီရောဂါဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကနဦး ကူးစက်မှုတစ်ခုအတွင်း လူပေါင်း ၄၅၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
အခုတော့ ဒီရောဂါဟာ အာဖရိက အရှေ့ပိုင်းနဲ့ အလယ်ပိုင်းကနေရာအတော်များများမှာ ပျံ့နှံ့နေပြီး အခုမျိုးကွဲအသစ်ဟာ ဘယ်လောက်အထိ မြန်မြန် ပျံ့နှံ့နိုင်တယ်ဆိုတာနဲ့ ဘယ်လောက်အထိ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့နှုန်းကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ အာဖရိကတိုက်အတွင်း ပျံ့နှံ့နေတဲ့ ဒီရောဂါဟာ အာဖရိကတိုက်ကို ကျော်လွန်ပြီး ကူးစက်ပျံ့နှံ့နိုင်တဲ့ ''စိုးရိမ်စရာ အခြေအနေရှိတယ်'' လို့ ပြောပါတယ်။
''ဒီကူးစက်မှု ရပ်တန့်ဖို့နဲ့ လူ့အသက်တွေကို ကာကွယ်ဖို့ နိုင်ငံတကာအဆင့် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်တဲ့တုံ့ပြန်မှုလုပ်ဖို့ လိုအပ်တယ်'' လို့လည်း သူက ပြောပါတယ်။
မျောက်ကျောက်(Mpox) ဟာ လိင်ဆက်ဆံမှု၊ အသားအရည်ချင်းထိတွေ့မှု၊ ရောဂါရှိသူတစ်ဦးနဲ့ နီးနီးကပ်ကပ်စကားပြောတာ ဒါမှမဟုတ် အသက်ရှုတာလို အနီးကပ်ထိတွေ့မှုနဲ့ ကူးစက်ခံရနိုင်ခြေရှိပါတယ်။
တုတ်ကွေးလို ရောဂါ လက္ခဏာတွေ၊ အရေပြားကွဲအက်တာနဲ့ သေဆုံးတာအထိဖြစ်နိုင်ပြီး ကူးစက်မှု ၁၀၀ မှာ ၄ ခုဟာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကူးစက်မှုတွေကို ကာကွယ်ဆေးထိုးတာနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေးဟာ ရောဂါ ကူးစက်နိုင်တဲ့အန္တရာယ်ရှိတဲ့လူတွေ ဒါမှမဟုတ် ရောဂါ ကူးစက်ဖူးသူနဲ့ နီးနီးကပ်ကပ်ထိတွေ့ ဖူးသူတွေကိုသာ ရရှိနိုင်ပါသေးတယ်။
မျောက်ကျောက်မှာ ကလပ် ဝမ်းနဲ့ ကလပ် တူး အဖြစ် အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါတယ်။
မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေအဖြစ် ၂၀၂၂ ခုနှစ်မှာ ကြေညာခဲ့တုန်းကတော့ ရောဂါ အပြင်းစားမဟုတ်တဲ့ ကလပ် တူး အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်ကတော့ ပိုပြီး ပြင်းထန်တဲ့ ကလပ် ဝမ်း အမျိုးအစားဖြစ်ပါတယ်။ အခု တစ်ခေါက် ကူးစက်တဲ့ ရောဂါပိုး အမျိုးအစားဟာ အရင်က ကူးစက်မှုမှာ ကူးစက်ခံရဖူးတဲ့ လူပေါင်း ၁၀ ရာခိုင်နှုန်းနဲ့အထက်ကို သေဆုံးနိုင်တဲ့အထိဖြစ်စေသလို ကူးစက်မှုလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။
ရောဂါပိုးဆိုရင်လည်း မျိုးဗီဇပိုင်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကတည်းက အပြောင်းအလဲ ဖြစ်လာနေပါတယ်။ ပိုးရဲ့မျိုးဗီဇ သန္ဓေပြောင်းလဲမှုကြောင့်ပဲ ကလပ် ဝမ်း ဘီ လို့ခေါ်တဲ့ မျိုးပွားဖြစ်လာပြီး ကူးစက်မှုလည်း မြန်လာပါတယ်။ အခု ပိုးမျိုးစိတ်သစ်ကိုတော့ သိပ္ပံပညာရှင်တစ်ဦးကဆိုရင် ''အန္တရာယ်အကြီးဆုံး ပိုးမျိုးစိတ်တစ်ခု''အဖြစ် ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ်စတုန်းကတော့ ကွန်ဂိုသမ္မတနိုင်ငံမှာ မျောက်ကျောက်ကူးစက်မှုပေါင်း ၁၃,၇၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၅၀ ထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီကတည်းက ဘူရွန်ဒီ၊ ဗဟိုအလယ်အာဖရိကသမ္မတနိုင်ငံ၊ ကင်ညာနဲ့ ရဝမ်ဒါ အပါအဝင် နောက်ထပ် အာဖရိက နိုင်ငံတွေမှာပါ တွေ့လာရပါတယ်။
မျောက်ကျောက်ကို ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်တာကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး သုတေသန၊ ရန်ပုံငွေနဲ့ နောက်ထပ် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအစီအမံတွေ လည်း အရှိန်ရလာဖို့ မျှော်လင့်ရပါတယ်။
Wellcom Trust က ဒေါက်တာ ဂျိုဆီ ဂိုးလ်ဒင်းကတော့ ဒါဟာ ''အချက်ပေးလိုက်တာ'' ဖြစ်တယ်လို့ ပြီး အခု ကြေညာချက်ဟာ ''ဒီရောဂါအကျပ်အတည်းရဲ့အတိုင်းအဆကို ပေါ်လွင်သွားစေတယ်'' လို့ အမ်မရီ တက္ကသိုလ်က ဒေါက်တာ ဘိုဟုမား တီယန်ဂျီက ပြောပါတယ်။
အောက်စဖို့ တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေးကွန်ရက်ရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာ ထရူဒီ လန် ကတော့ အခုကြေညာချက်ဟာ ''အရေးပါပြီး အချိန်နဲ့တပြေးညီ'' ဖြစ်တယ်လို့ ပြောပေမဲ့ ပိုးမျိုးကွဲအသစ် ထွက်ပေါ်လာတာဟာ ''ဖြေရှင်းဖို့လိုတဲ့ အဖြေမသိသေးတဲ့အကြောင်းအရာတွေလည်း ထွက်ပေါ်'' လာတယ်လို့ ဆိုလိုရာ ရောက်တဲ့အကြောင်းပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ မျောက်ကျောက် ကလပ် တူး မျိုးကွဲဟာ ဥရောပနဲ့ အာရှနိုင်ငံအချို့အပါအဝင် နိုင်ငံပေါင်း ၁၀၀ နီးပါးကို ပျံ့နှံ့ခဲ့ပါတယ်။
မြန်မြန်ဆန်ဆန်ပျံ့နှံ့ခဲ့တာကြောင့် အဲဒီကူးစက်မှုအတွင်း ကူးစက်မှုပေါင်း ၈၇,၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှု ၁၄၀ ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ဘယ်သူမဆို မျောက်ကျောက်ရောဂါ ကူးစက်နိုင်တယ်လို့ဆိုပေမဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေကြားမှာ ကူးစက်မှု ခပ်စိပ်စိပ်တွေ့ခဲ့ရပါတယ်။
ဒီကူးစက်မှုကြောင့်ပဲ ရောဂါကူးစက်လွယ် အစုအဖွဲ့တွေကြားမှာ ရောဂါ ကာကွယ်ဆေးထိုးပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အင်္ဂါနေ့တုန်းကတော့ အာဖရိက ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက သိပ္ပံပညာရှင်တွေဟာ မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အဲဒီစင်တာအကြီးအကဲ ဂျင်း ကာဆဲယာကတော့ လက်ရှိ အခု ကူးစက်မှုဟာ မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်မှု မလုပ်နိုင်ဘူးဆိုရင် မထိန်းနိုင်တဲ့အခြေစိုက်နိုင်တယ်လို့ သတိပေးပါတယ်။
''ကျွန်မတို့အနေနဲ့ ဒီခြိမ်းခြောက်မှုကို အမြစ်ဖြတ်ပြီး ထိန်းသိမ်းနိုင်မယ့် အားထုတ်လုပ်ဆောင်မှုတွေကို အရေးတကြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်''
ဂျိမ်းစ် ဂါလန်ဂါ
ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာသတင်းထောက်
BBC
15-08-2024
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No3, Sayyone Street , Bouthtaw Yankin Township
Yangon
11081
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |