A Hnin
စာပေတွေရှာဖွေရင်းဗဟုသုတတွေစုဆောင်းပါ
08/11/2023
ရင့်ကျက်သင့်နေပါပြီ
၁။ တကယ်လို့ မင်းနှစ်သက်တဲ့
လူတစ်ယောက်ကိုမက်ဆေ့ခ်ျပို့လို့
တော်တော်ကြာကြာ စောင့်ပြီး
ပြန်မလာဘူးဆိုရင် ...
ထပ်မပို့ပါနဲ့တော့ သူ မင်းကို
ဂရုမစိုက်လို့ပါ အပင်ပန်းခံပြီး
မစောင့်ပါနဲ့တော့.....
၂။ တကယ်လို့တစ်ယောက်တည်း
၀မျးနညျးတဲ့အခါ အခန်းထောင့်
တစ်နေရာ (သို့မဟုတ်)
အိပ်ရာထဲမှာလှဲပြီး ငိုချလိုက်ပါ...
ကိုယ်ချင်းစာ သနားပေးမဲ့သူကို
လိုက်မရှာနေပါနဲ့ ငိုပြီးတာနဲ့
ပျော်ရွှင်စွာ အသက်ဆက်ရှင်ပါ.....
၃။ တကယ်လို့ လူတစ်ယောက်က
တဖြည်းဖြည်းနဲ့ မင်းကို
ဥပက္ခာပြုလျစ်လျူရှုလာတယ်ဆိုရင်
သူနဲ့ခွဲခွာဖို့ ပြင်ဆင်ပါ....
မင်းကို နားမလည်တဲ့
လူတစ်ယောက်ဟာ မင်းနဲ့
မလိုက်ဖက်ပါဘူး....
မင်းရဲ့အကြင်နာ မေတ္တာ၊ချစ်ခြင်းတွေကို
ဆက်လက် ပေးဆပ်ဖို့ မလိုပါဘူး....
ဘာလို့လဲ ဆိုတော့ အဆုံးသတ်
နာကျင်မှုဟာ မင်းကိုယ်တိုင် ဖြစ်နေလို့ပါပဲ
သူကတော့ ဘယ်တော့မှ မင်းအတွက်
၀မျးနညျးမှာ မဟုတ်ပါဘူး.....
၄။ ဆေးလိပ် မသောက်လို့
ရတယ်ဆိုရင် ဆေးလိပ်မသောက်ပါနဲ့.
အရက် မသောက်လို့ဖြစ်တယ်ဆိုရင်.
အရက် မသောက်ပါနဲ့....
ဒါတွေဟာ မင်းရဲ့ ကျန်းမာရေး
အန္တရာယ်တွေဖြစ်တယ်...
လူတစ်ယောက်အတွက်
ဒီလောက် တုံးအဖို့ မသင့်တော်ပါဘူး...
မင်းကို တကယ်ချစ်တဲ့သူဆိုရင်လဲ
မင်းကို နာကျင်အောင်
လုပ်မှာ မဟုတ်ဘူးလေ....
၅။ လူတွေ အလေးအနက်
ထားလွန်းကြတဲ့ တချို့အရာတွေကို
အသည်းအသန် အလေးမထားပါနဲ့
သဘာ၀အတိုင်း စိတ်ကို
တည်ငြိမ်စွာ ထားတတ်ပါစေ....
ဒီလောကမှာ မညီညာတဲ့
အခြေအနေတွေအများကြီးကြုံကြရမှာပါပဲ
ရုပ်ပိုင်း ၀တ်ထုတှကေို တန်ဖိုးထားလွန်းတဲ့
သူတွေဟာ မိမိရဲ့တန်ဖိုး
ကျဆင်းသွားတတ်ပါတယ်....
၆။ လူတစ်ယောက် ဒါမှမဟုတ်
အခြေအနေတစ်ခုကြောင့်
အရုပ်ကြိုးပြတ် စိတ်ဓာတ်ကျတာမျိုး
မဖြစ်စေနဲ့.... မစားနိုင် မအိပ်နိုင်....
မျက်ရည်လည်ရွဲကျတာ.မှိုင်တွေ ငေးမော
အထီးကျန်ဆန်တာ တွေဟာ
တုံးအသူတွေသာ လုပ်တတ်တဲ့
အပြုအမူမျိုးတွေပါ....
တခါတလေမှာ လိုအပ်ရင်တော့
တုံးအမှု နားမလည်မှုလေးတွေတော့
ရှိတတ်ပါတယ်...
လူဆိုတာ အမြဲ ထက်မြက်
ထူးချွန်နေဖို့မှ မလိုတာပဲ...ဒါပေမဲ့
သိရဲ့သားနဲ့တုံးအတာမျိုးတော့
မဖြစ်သင့်ပါဘူး....
၇။ အမုန်းမပွားနဲ့....လောဘမများနဲ့...
တခြားသူတွေကို မနာလိုမဖြစ်နဲ့....
မင်း သူများကို အားကျနေစဉ်မှာ
မင်းကို လေးစားသူတွေ အများကြီး
ရှိနိုင်တယ်ဆိုတာလဲ မမေ့နဲ့ဦးလေ..."
Credit
အနှင်း
08/11/2023
စိတ်ဓာတ်ကျတိုင်းဖတ်ဖို့
==================
မုန်တိုင်းပဲလာလာ လေပဲတိုက်တိုက် တစ်ပွင့်ထဲလည်း ပွင့်ရဲရမယ်။
တစ်ပွင့်ထဲဆိုပေမဲ့ လွင့်ကြဲသွားမယ် မထင်နဲ့။
ကိုယ်ရှင်မှ ကိုယ်သန်ရမဲ့ ခေတ်ကြီးမှာ ဘယ်သခင်မှ အားမကိုးဘူး။
ကိုယ်သာလျှင် သခင် ကိုယ်သာလျှင် ဘုရင်မို့ ကိုယ့်ကိုကိုယ်သာ အားထားရာပါ။
ဘဝဆိုတာ လိုချင်တာ အကုန်ရနေမှ ပျော်ရမယ်လို့ မဆိုလိုပါဘူး။
ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို နှစ်သက်တက်ရင် ပျော်စရာပဲ မဟုတ်လား။
ရှိတာလေးနဲ့ လှအောင်ဝတ် ရှိတာလေးနဲ့ ဝအောင်စား ရောင့်ရဲတက်ရင်လည်း ပျော်စရာပဲလေနော်။
ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီး ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။
ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီးပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။
သူများ ဘဝကိုအားကျနေရုံနဲ့တော့ မိမိဘဝ တောက်ပလာမှာ မဟုတ်ဘူးနော်။
သစ်ရွက်လေး ကြွေရုံနဲ့တော့ သစ်ပင်ကြီး သေမသွားပါဘူး။
ကြယ်လေးတွေ ကြွေရုံနဲ့တော့ ကောင်းကင်ကြီး မသေပါဘူး။
ပန်ပုတစ်ရုပ် လှဖို့ဆိုရင်တော့ထွင်းထုလိုက်ရတဲ့အသားစတွေ ရှိတက်စမြဲပဲလေ။
လဲလို့သာ ပြန်မထကျရင် လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်ကုန်မှာပေါ့ဗျာ အားမလျှော့ပါနဲ့။
မပြည့်စုံခွင့်တောင် ရှိသေးတာပဲကွယ် ကြိုးစားခွင့်လည်း ရှိပါသေးတယ်။
အနင်းခံမြက်တွေ တဖန် ရှင်သန်လာပြီဆိုရင် သာမန်မြက်တွေထက် ပိုမာတယ်ဆိုတာ သိထားပါ။
#အနှင်း
02/11/2023
စိတ်ပင်ပန်းတယ်လို့ ခံစားလာရတဲ့အခါတိုင်း
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် တစ်ခုကို
ပြေးပုန်းနေလိုက်တော့တာပါပဲ ။
အလင်းရောင် မှိန်မှိန်
သီချင်းသံ အေးအေးနဲ့
မိုးပေါက်လေးတွေ တစ်တောက်တောက်ကျသံက
ကိုယ့်ရဲ့ နှလုံးသားတွေကို အသက်ပြန်ဝင်စေတယ် ။
တစ်ခါတလေမှာ
မူမမှန်တဲ့ လက်တွေ့ကမ္ဘာကြီးက ပြေးထွက်ဖို့
ကိုယ့်ရဲ့ ကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခုတော့
လိုအပ်နေပြန်တယ် ။
#အနှင်း
01/11/2023
စိတ်ဓါတ်ကျတိုင်း
ကိုယ့်ကိုယ်ကိုယ် သုံးမရဘူးလို့ ထင်တဲ့အခါ ဖတ်ဖို့
ငါ့အတွက်ငါ စာတစ်စောင်ရေးထားတယ် ။
အခက်အခဲတွေ ရင်ဆိုင်လို့ အဆင်မပြေသေးတဲ့အခါ
ဟုတ်တယ် ငါကိုယ်က အသုံးမကျတာ ဆိုပြီး
နာနာကြည်းကြည်း အပြစ်တင်ခဲ့ဖူးတယ် ။
ဘယ်လောက်ပဲ အပြစ်တင်တင်နောက်ဆုံး
ငါအပြစ်တင်တဲ့ ငါ့ခန္ဓာကပဲဒီပြဿနာတော်တော်များများ ရင်ဆိုင်ဖြေရှင်းခဲ့တာပဲလေ........
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်......
လဲကျတိုင်း တကိုယ်တည်း ပြိုလဲတတ်ပေမဲ့
နောက်ဆုံး ပြန်ထလာပြီး ဒီနေ့အထိ ရည်ရွယ်ရာ တော်တော်များများခရီးဆုံးအထိ လျှောက်လှမ်းပေးခဲ့တယ် ။
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်......
အဆိုးမြင်ပတ်ဝန်းကျင်ကနေ ရုန်းထွက်ပြီး
အကောင်းမြင်စိတ်ထားလို့ ကြုံတွေ့လာသမျှ အခက်အခဲကို ပြဿနာလို့ မထင်ဘဲ ရင်ဆိုင်စရာ တစ်ခုအဖြစ် အကောင်းမြင်စိတ်မွေးပြီး ကျော်လွှားနိုင်ခဲ့တယ် ။
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်.......
တစ်ခါတရံမှာ အမှားလုပ်မိပေမဲ့အမှားလို့ မမြင်ဘဲ သင်ခန်းစာအဖြစ် မှတ်ယူပြီးပြန်လည်သုံးသပ်လို့ ကိုယ့်ကိုကိုယ် တိုးတက်အောင်ကြိုးစားခဲ့တယ် ။
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်......
ကိုယ်ခံစားနေရသမျှ ဂရုတစိုက်နားထောင်ပြီး
ငါ့အတွက် အဖော်ကောင်းတစ်ယောက်အဖြစ် ရှိနေပေးခဲ့တယ် ။
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်......
နောက်ဆုံး.....
ဘဝတိုတိုမှာ အရိုင်းနဲ့ အယဉ်ကွဲကွဲပြားပြား သိပြီး
သူတော်ကောင်းကြီး မဟုတ်ပေမဲ့ ကိုယ့်ကြောင့် ဘယ်တစ်ပါးသူမှ အကျိုးစီးပွါး မပျက်ပြားခဲ့ပါဘူး ။
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်......
နောက်ဆုံး.....
မိဘတွေက လူတစ်ယောက်အဖြစ်မွေးခဲ့တယ်
လူပီသဖို့တော့ ကိုယ်တိုင်ပဲ ကြိုးစားရမယ် အသိနဲ့
လူပီသအောင်နေပေးခဲ့တယ် ။
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်.......
အမေ့လျော့ခံ ငါလေးရေ......
တစ်နေ့ချင်း ခက်ခဲချင် ခက်ခဲပါစေ အကောင်းဆုံး ကျော်လွှားပေးခဲ့ပေမဲ့ အသိအမှတ်ပြုဖို့နေနေသာသာ
ကျေးဇူးတင် စကား ပြောဖို့ မေ့နေ့ခဲ့တယ် ။
စိတ်ချပါ နောက်နေ့တွေကစပြီး....
မနက်လင်းတဲ့အခါ
ဒီနေ့ အတွက် အကောင်းဆုံး ဖြတ်သန်းပေးပါ တောင်းဆိုမယ်.........
ညမအိပ်ခင်
ဒီတစ်နေ့တာ ဖြတ်သန်းနိုင်ခဲ့ခြင်းအတွက်
ကျေးဇူးတင်တယ် ဆိုတဲ့ စကား ပြောပေးပါ့မယ်.....
ငါမေ့နေတဲ့အခါငါ့ကို နားလည်ပေးပါ........
ဒီ့အတွက်လည်း ငါ့ကိုယ်ငါ ကျေးဇူးတင်နေမှာပါ.။
credit:အနှင်း
27/09/2023
မတူညီတဲ့မိန်းမ
အချို့ မိန်းမတွေဟာ
ရုပ်လှဖို့ကိုသာ ဦးစားပေးကြလေ့ရှိပြီး
အချို့ မိန်းမတွေကတော့ ဘဝမှာ
အသုံးကျအောင်မြင်ဖို့အတွက် ကြိုးစားနေကြတယ်။
အချို့ မိန်းမတွေဟာ
ဆိုရှယ်မီဒီယာ ပေါ်မှာ အရည်မရ အဖတ်မရ
တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေအကြားမှာ
ပျော်မွေ့နေပေမယ့်
အချို့ မိန်းမတွေကတော့
ဗဟုသုတနဲ့ အကျိုးပြုစာတွေကို ဖတ်ရှု့ပြီး
ပြုပြင်နေကြတယ်။
အချို့ မိန်းမတွေဟာ
တစိမ်းယောက်ျားတစ်ယောက်ယောက်
သူ့အပေါ် စိတ်ဝင်စားစေဖို့အတွက်
မူယာမာယာတွေနဲ့ အားနွဲ့ပြနေချိန်မှာ
အချို့ မိန်းမတွေက
ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့
သတ္တိရှိရှိ ခြေလှမ်းမှန်မှန်တက်နေကြတယ်။
အချို့ မိန်းမတွေက
ငွေကို ကိုယ်ပိုင်အရည်အချင်းနဲ့
မရှာဖွေနိုင်ပေမယ့် ရှိနေတဲ့ ငွေကြေး
မိဘ လက်ငုပ်လက်ရင်းတွေ နဲ့
ကြွားဝါ သုံးစွဲနေတတ်ကြချိန်မှာ
အချို့ မိန်းမတွေက ကိုယ်တိုင်
သမာအာဇီဝအလုပ်နဲ့ လုပ်ကိုင်ပြီး
ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့ဖို့
မိသားစုအတွက် တစ်ဖက်တစ်လမ်းက
အလုပ်ကြိုးစားပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတယ်။
အချို့မိန်းမတွေက ဘဝကို
ပေါ့ပျက်ပျက်နဲ့ ထူထောင်နေပြီး
ကိုယ့်ထူထောင်ပြီးသား ဘဝမှာ
ပျော်ရွှင်မှုမရှိတော့ပဲ အခြားမှာ
ဖောက်ပြန်သာယာဖို့ ကြိုးစားနေချိန်မှာ
အချို့မိန်းမတွေက ဘဝရှေ့ရေးအတွက်
ရည်ရွယ်ချက်တွေနဲ့ အချိန် ကုန်နေကြတယ်။
ဒီလိုနဲ့ ........
အချို့ မိန်းမတွေက
တန်ဖိုးမဲ့တဲ့ မိန်းမတွေအဖြစ် ရပ်တည်နေကြပြီး
အချို့ မိန်းမတွေက
တန်ဖိုးရှိတဲ့ မိန်းမတွေအဖြစ်
ပိုမိုတောက်ပြောင်အောင် ရပ်တည်ပြီး
အောင်မြင်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်
Creadit:အနှင်း
26/09/2023
"ကိုယ့်ဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပါပဲ"
ကြယ်စင်တွေလောက် မတောက်ပနိုင်လို့ဆိုပြီး
ပိုးစုန်းငယ်လေးတွေဟာ ရှက်လို့ သေမသွားပါဘူး။
ကိုယ့် ဖြစ်တည်မှုကို လက်မခံနိုင်တဲ့သူဟာ
ကိုယ်လက်လှမ်းမမှီတဲ့ အရာတွေနဲ့
စိတ်အားငယ်နေဖို့ မသင့်သလို
ကိုယ့်ထက် ရှေ့ရောက်နေတဲ့ သူတွေနဲ့လည်း
ဘ၀ကို ယှဉ်ထိုးနေဖို့ မသင့်ပါဘူး။
မြက်ပင်တစ်ပင်လို ရှင်သန်ရတဲ့အခါ
ထန်ပင်လေးတွေနဲ့ အမြင့်ချင်း ပြိုင်ချင်လို့
ဘယ်ဖြစ်ပါ့မလဲနော်.....
သူဟာလည်း သူ့ကောင်းကင်နဲ့သူ
ကိုယ်ဟာလည်း ကိုယ့်ကွင်းပြင်ကြီးနဲ့ ကိုယ် ဆိုပြီး
ကျေနပ်အောင် နေထိုင်တတ်ရတယ်မဟုတ်လား။
ရေကြည် ရေအေး ဖြစ်ရတဲ့အခါ
ကော်ဖီခွက်ကလေးတွေနဲ့ အနံ့ အရသာ
ပြိုင်မနေစမ်းပါနဲ့... သူလည်း သူ့အရသာနဲ့ သူ
ကိုယ်လည်း ကိုယ့်အေးမြမှုနဲ့ ကိုယ်ပဲ ဆိုပြီး
ကိုယ့်တန်ဖိုးနဲ့ကိုယ် ဖြစ်တည်နေလိုက်စမ်းပါ။
ကိုယ်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လို့
စံပယ်တွေက ရနံ့ချင်းပြိုင်လည်း မှု့နေစရာမလိုပါဘူး။
သူလည်း သူ့ရနံ့ သူ ကိုယ်လည်း ကိုယ်အလှနဲ့ကိုယ် ဆိုပြီး
ဘ၀ကို ရှင်သန်တတ်ဖို့ပဲ လိုတာမို့လား။
ဘ၀ဆိုတာမျိုးက
ဘယ်လောက်ပဲစားရ စားရ ဝမ်းဝရုံပဲ မဟုတ်လား။
ဘယ်လိုပဲ အသက်ရှင်ရ ရှင်ရ
ကျန်းမာနေဖို့ အဓိကပဲ မဟုတ်လား။
ဘယ်လောက်ပဲ ဂုဏ်ဒြပ်တွေရှိရှိ
ကိုယ့်ကျင့်တရားမရှိရင် အပေါ်ယံတွေပဲ မဟုတ်လား။
ဘယ်လောက်ပဲ ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ
အချိန်တန်တော့လည်း ထားခဲ့ရတာပဲ မဟုတ်လား။
ရုပ်ကို ကျန်းမာအောင်ထားပြီး
စိတ်ကိုချမ်းသာ အောင်ထားနိုင်မှ
အသက်ရှင်နေသမျှ ချမ်းသာနေရတာပါပဲ။
ရှင်ဘုရင်အဖြစ် ရွေးချယ်မခံရလည်း
ရွေးချယ်ခံရတဲ့ဘ၀မှာ ပျော်အောင်နေပေါ့။
ဘ၀ကို ဖိနပ်တစ်ရံလိုမျိုး လျှောက်ရတဲ့အခါမှာ
ဆူးညှောင့် ခလုတ်တွေကို ကြောက်နေလို့ မရဘူးလေ။
စမ်းချောင်းလေးတွေလို စီးဆင်းရတဲ့အခါမှာလဲ
အတားအစီးတွေနဲ့ အသံထွက်ခွင့် ရှိမနေပါဘူး။
လမင်းကြီးလို မလင်းလက်နိုင်လဲ ဘာဖြစ်လဲ
ကြယ်တာရာလို အစွမ်းရှိသလောက် တောက်ပလိုက်ပေါ့။
ပိုပျော်ဖို့ဆိုတာက ကိုယ့်ဘ၀ကို ကျေနပ်ဖို့လိုသလို
ကိုယ့်ဘ၀ရဲ့ အဆိုးအကောင်းကိုလဲ
လက်ခံတတ်ဖို့လည်း လိုတယ်။
တစ်ပါးသူ လုပ်ပေးတဲ့ ပျော်ရွှင်မှုထက်
ကိုယ် ရှာဖွေထားတဲ့ ပျော်ရွှင်မှုက
ပိုခိုင်မြဲစေတယ် မဟုတ်လား။
သူတစ်ပါးရဲ့လောင်းရိပ်က
ကိုယ်ဖန်တီးတဲ့ အရိပ်လောက် မအေးမြနိုင်ပါဘူး။
ကိုယ့်ဘ၀ကို လက်ခံနိုင်တယ်ဆိုရင်
သူများအပြောနဲ့ လမ်းဆုံးမနေသင့်ဘူး။
သူများ အောင်မြင်မှုနဲ့ ခြေထိုးမနေသင့်ဘူး။
သူများဘ၀နဲ့ နှိုင်းယှဉ်မနေသင့်ဘူး။
သူများရှူထုတ်တဲ့ အငွေ့တွေနဲ့ အသက်ရှူမနေသင့်ဘူး။
ကိုယ့်ဘ၀ကို ကျေနပ်လာတဲ့သူဟာ
ရတာလေးနဲ့ ဝအောင်စားပြီး
ရှိတာလေးနဲ့ လှအောင်၀တ်နိုင်လာတယ်
မလိုအပ်တာတွေကို အတင်းအဓမ္မ မလိုချင်တော့ဘူး။
ကိုယ်မဟုတ်တဲ့ ဘ၀မှာ
ဟန်ဆောင်နေရတာ မကြိုက်တော့ဘူး။
မေ့သင့်တဲ့အရာတွေ မေ့ပြီး
ရောင့်ရဲကျေနပ်မှုလေးတွေနဲ့
ဘ၀ကို ပျော်ရွှင်တတ်လာတယ်။
အဓိက,က ကိုယ့်ဘ၀ကိုယ် လက်ခံလိုက်ဖို့ပါပဲ။
credit:အနှင်း
25/09/2023
ဘဝမှာဘဝမှာ အဖြစ်ချင်ဆုံးက
ချစ်ရတဲ့သူကို ပျော်ရွှင် စေချင်တာပဲ
ကိုယ်တိုင်က ပျော်စရာတွေ ပါးလွှာ နေခဲ့ရင်တောင်
ကိုယ်တိုင် ဖန်တီးမပေးနိုင်ခဲ့ရင် တောင်
ချစ်ရတဲ့သူ ပျော်ရွှင်နေတာကိုပဲမြင်ချင်တယ်
ဒါဟာ မျှော်လင့်ချက်မဟုတ်ဘူး
အတ္တမဟုတ်ဘူး ဒီအတိုင်းလေး ။
Credit:အနှင်း
23/09/2023
တစ်စုံတစ်ဦးချစ်တာမချစ်တာထက်
မိသားစုနဲ့အိပ်မက်အတွက်ပဲ ပိုကြိုးစားဖြစ်တော့တယ် ။
ဘဝအတွက် ချစ်ခြင်းမေတ္တာဟာ အရေးပါပေမယ့်
ရှေ့ဆက်ရမယ့်မနက်ဖြန်အတွက်
ဝမ်းရေးကပိုအရေးကြီးနေသေးတယ် ။
၂၁ရာစုလူငယ်တစ်ယောက်ပါ
ဒါပေမယ့်
လူငယ်နဲ့တူတဲ့လူငယ်တစ်ယောက်ရဲ့ဘဝကိုတော့
လုံလုံလောက်လောက်ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး ။
credit:အနှင်း
23/09/2023
ကျွန်မ ကတော့
နေရောင်ခြည်လည်း မဟုတ်
ကမ္ဘာမြေ လည်း မဟုတ်
ဖြတ်သွားဖြတ်လာ နံဘေးနားက
ပန်းပွင့်တဲ့ အပင်လေးတွေပါ။
လရောင် ရှိတဲ့ ညချမ်း တစ်ခုပါ။
ဘယ်သူ့ဘဝမှာ မှ
အရေးအရာ ယူခြင်း မခံလိုတဲ့
ခပ်ဝေးဝေးက ကြယ်စု သေးသေးလေးပါ။
#နွေအိမ်မောင်ဝင်း
အဝါရောင်ပန်းပွင့်များစာအုပ်မှ
#အနှင်း
21/09/2023
ဘဝမှာ ဘယ်သူ့ကို သဘောအကျဆုံးလဲဆိုရင်
ငါ့ကိုယ်ငါသဘောအကျဆုံးပဲ ။
ဘယ်သူ့ကိုမှ မနာလိုစိတ်မရှိဘူး
ဘယ်သူ့ကိုမှ အထင်သေးစိတ်မရှိဘူး
ဘယ်သူ့ကိုမှ မမုန်းဘူး
ဘယ်သူ့ကိုမှ ကိုယ်ကျိုးအတွက် ဒုက္ခပေးချင်
စိတ်မရှိဘူး
သူများမိသားစု
သူများအိမ်ထောင်ရေး
သူများချစ်သူနှစ်ဦးကြား စကားလုံးနဲ့ဖြစ်စေ
အပြုအမူနဲ့ဖြစ်စေ ထိခိုက်ပြိုကွဲပျက်စီးအောင် မလုပ်ဖူးတဲ့အတွက် ကိုယ့်ရှင်သန်မှုက သန့်ရှင်းတယ်
နောင်တရစရာတွေလည်းမရှိဘူး ။
လူတိုင်းအပေါ် ငါထားရှိတဲ့မေတ္တာတရားကဖြူဖြူစင်စင်ပဲ မလိုသူတွေကို တုန့်ပြန်ခြင်းထက် မပတ်သက်ခြင်းကိုပဲ ရွေးချယ်လိုက်တယ် ။
ငါကလေ တကမ္ဘာလုံးကိုမေတ္တာတွေနဲ့မခြုံလွမ်းနိုင်ပေမယ့် ကမ္ဘာကြီးနဲ့လူတွေကို အေးချမ်းစေချင်ရုံကလွဲရင် ဘာအတ္တစိတ်မှမရှိဘူး ။
credit:အနှင်း
ဘဝမှာ သွားပြီးစိန်မခေါ်သင့်တဲ့ အမျိုးသမီးတမျိုးရှိတယ်
ဘယ်လိုအမျိုးသမီးမျိုးလဲ ဆိုတော့
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေပြီး
ကို့ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိတဲ့ အမျိုးသမီးမျိုး
ဘယ်သူ့ကိုမှ မှီခိုမနေဘူး
ဘယ်သူ့ဆီကမှ လက်ဖြန့်နေစရာမလိုဘူး
ဘယ်သူငြိုငြင်သွားမှာမှ ကြောက်နေစရာမလိုဘူး
တယောက်ထဲ နေခဲ့ရမှာလား နေခဲ့ရဲတယ်
တယောက်ထဲ သွားရမှာလား သွားရဲတယ်
တယောက်ထဲ ခရီးဆုံးထိ လျှောက်ရမှာလား လျှောက်ရဲတယ်
တယောက်ထဲနေသားကျနေတဲ့ အမျိုးသမီးတွေဟာ
တယောက်ထဲ နေသားပြန်ကျဖို့အတွက် လေ့ကျင့်ရတာ
ခက်ခဲမယ်လို့ ထင်ပါသလား ?
ဘဝမှာ အဆိုးဝါးဆုံး အကြမ်းတမ်းဆုံး နေ့ရက်တွေကို
တယောက်ထဲအကောင်းဆုံး ဖြတ်ကျော်ခဲ့ကြတဲ့သူတွေမို့
တယောက်ထဲနေသားကျခြင်းဟာ သူတို့အပိုင်နိုင်ဆုံး ဘာသာရပ်ပဲ
ငါမရှိရင် မဖြစ်ဘူးလို့ ပညာပြချင်တဲ့သူတွေ
ငါ့ကိုလိုကိုလိုအပ်မှာပဲလို့ တွေးနေတဲ့သူတွေ
ငါရှိလို့ သူရပ်တည်နေနိုင်တာလို့ ကို့ကိုယ်ကို အထင်ကြီးနေတဲ့သူတွေအတွက်တော့
တကယ် စိတ်မကောင်းစရာပါပဲ
တယောက်ထဲ ရပ်တည်ရဲတဲ့ အမျိုးသမီးတွေက
နင်မရှိလဲ ဖြစ်တယ်
နင်မကူလဲ ဖြစ်တယ်
နင်ဆိုတာ အရေးကိုမပါတာလို့ ပြောနိုင်တဲ့နေ့ရောက်လာခဲ့ရင်
အဲ့ဒီနေ့ဟာ အရာအားလုံး အဆုံးသတ်သွားတဲ့နေ့ပါပဲ
ဒီလိုအမျိုးသမီးက သင့်ကို အားကိုးနေသေးတယ်ဆိုရင်
သူ့ကိုယ်သူထပ် သင့်ကို ပိုလိုအပ်နေလို့ပါ
ဒီလိုအမျိုးသမီးက သင့်ကို လိုက်ရှာနေသေးတယ်ဆိုရင်
သူ့ကိုယ်သူထပ် သင့်ကို ပိုရှာတွေ့ချင်လို့ပါ
ဒီလိုအမျိုးသမီးက သင့်အနားမှာ နေချင်နေသေးတယ်ဆိုရင်
သူ့ကိုယ်သူထက် သင့်ကိုအနားမှာ ကပ်တွယ်မှီခိုချင်လို့ပါ
အရာအားလုံးကို လွှတ်ချပြီး
သင့်ကို The End လို့ လှလှပပပြောထွက်တဲ့နေ့ ရောက်လာခဲ့ရင်
သင့်ဘဝမှာ ဒီအမျိုးသမီးမျိုးကို နောက်ထပ်ဘယ်တော့မှ
ပြန်ရှာတွေ့တော့မှာ မဟုတ်ပါဘူး
သူအစွမ်းကုန် တောက်ပမယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ်
သူအစွမ်းကုန် လှပမယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ်
သူအထူးချွန်ဆုံး အောင်မြင်မယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ်
အဲ့ဒီနေ့ရက်တွေ ရောက်လာခဲ့တဲ့အချိန်မှာ
နောက်ဆုတ်ပြီး ငေးကြည့်နေနိုင်ရုံသာ ကြိုးစားနေလိုက်ပါ
ဘဝမှာ သွားပြီးစိန်မခေါ်သင့်တဲ့ အမျိုးသမီး တမျိုးရှိတယ်
ဘယ်လို အမျိုးသမီးမျိုးလဲဆိုတော့ သင်ဘာကောင်ကြီးဖြစ်ဖြစ်
သင့်ကိုလုံးဝ ဂရုမစိုက်တော့မယ့် အမျိုးသမီးမျိုးပါပဲ
#အမျိုးသမီးဖြစ်ရတာကိုဂုဏ်ယူပါ
#တယောက်ထဲအစွမ်းကုန်တောက်ပပါ
#ဘာမဟုတ်တဲ့လူတွေဆီကလွန်မြောက်ပါ
14/09/2023
"သင်ဘယ်တော့မှမရှုံးသေးဘူး"
တောဘုရင်ခြင်္သေ့ဟာ
ရေထဲမှာမကျင်လည်နိုင်ဘူး.......
ပုရွတ်ဆိတ်
တစ်ကောင်က
ဆင် တစ်ကောင်ကို
သတ်နိုင်တယ်......
ကြွက်တစ်ကောင်က
ကြောင်တစ်ကောင်
ကိုအရူးလုပ်နိုင်တယ်.....
ဒူးထောက်တိုင်းရှုံးပေးတယ်မထင်နဲ့
အင်အားကြီးတိုင်း နိုင်မယ်လို့မထင်နဲ့......
သေးငယ် တိုင်းလည်း သိမ်ငယ်စရာမလိုဘူး
ယုံကြည့်မှ့ု့့ သည် နေရာတိုင်း မမှန်နိုင်ဘူး.....
အသက်ကြီးလို့လူကြီး ဖြစ်လာတာထက်
အသိတရားတွေကြီးထွား ဖို့
လိုအပ်တယ်.......
သူဋ္ဌေးတိုင်းလည်း ကိုယ်ကျင့် တရားမကောင်းသလို
သူတောင်းစားတိုင်းလဲ စာရိတ္တမညံ့ဘူး.........
လူကြီးတိုင်း လည်း မကောင်းသလို
လူငယ်တိုင်း လည်း မညံ့ ဘူး.......
အဆင်မပြေတိုင်း မငြီးငြူ နဲ့့ ပြေလည်နိုင်မဲ့
နည်းလမ်း ကို ရှာပါ သင့် ခန္ဒာကိုယ်မှာ စွမ်းအားရှိတယ်
"အရေးကြီးဖြေးဖြေး လုပ် "တဲ့
ဦးနှောက်ကိုပြောတာ မလော နဲ့ အပြောလျှော့အခုလုပ်ပါ.......
ဆုတ်ယုတ်သွားတဲ့ မနက်ဖြန် မဖြစ်စေနဲ့
မနက်ဖြန်တိုင်း မှာ ပန်းတိုင်းရှာပါ.........
သင့် ကိုယ် သင် အမြဲ အားပေးပါ
ယဉ်ကျေးပါ
သင့်ယဉ်ကျေးမူ့အတွက်
ငွေအသပြာ မ ကုန်ပါ ........
သင် ဘယ်တော့ မှ မရှုံးသေးဘူး
credit အနှင်း
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon