Deep Blue AI Lab

Deep Blue AI Lab

Share

Open-Source Robotics for Myanmar - OSRM

Photos from Deep Blue AI Lab's post 04/11/2025

💡 စက်ရုပ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) ၏ အနာဂတ်ကို လာရောက်လေ့လာကြပါစို့။

ခေတ်မီဆန်းသစ်တဲ့ စက်မှုလုပ်ငန်းသုံး အလိုအလျောက် သွားလာနိုင်သော စက်ရုပ်နည်းပညာများ (Autonomous Industrial Robotics) နဲ့ ဉာဏ်ရည်တု (AI) ၏ ဆန်းသစ်တီထွင်မှုများ ကို ROM Robotics နှင့် Deep Blue AI Lab တို့ ပူးပေါင်းပြီး Myanmar E-Commerce & IT Expo 2025 ပွဲလေးမှာပြသတော့မှာ ဖြစ်ပါတယ်။

🚨 ဘာတွေ ပြသသွားမလဲ?
• AMR (Autonomous Mobile Robots): စက်ရုံ/ဂိုဒေါင်သုံး စက်ရုပ်များ၏ စွမ်းဆောင်ရည်။
• AI Solutions: စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုမည့် AI ဉာဏ်ရည်တု စနစ်များ။
• နည်းပညာပညာရှင်များနှင့် Business ဆွေးနွေးပွဲများ။

📅 နေ့ရက်: ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၄၊ ၁၅၊ ၁၆)
📍 နေရာ: Yangon Convention Centre (YCC)
⭐ Booth နံပါတ်: H7, H8

🗣️ Robotics/AI နည်းပညာနယ်ပယ်နှင့် စီးပွားရေးဆိုင်ရာ အမြင်ချင်းဖလှယ်၊ ဆွေးနွေးလိုသူများအတွက် အချိန်ပေးပြီး ဆွေးနွေးနိုင်ရန် ကြိုတင်စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်!

👉 အခမဲ့ ကြိုတင် Register လုပ်ရန် 👈 [Google Form Link] (https://forms.gle/rVPBHyR3nRfJgu6g8)

စိတ်ဝင်စားမယ့် မိတ်ဆွေတွေကိုလည်း Share ပေးလိုက်ပါ။

Come and Explore the Future of Robotics and Artificial Intelligence (AI)!

ROM Robotics and Deep Blue AI Lab are excited to announce their joint exhibition of cutting-edge Autonomous Industrial Robotics technologies and Artificial Intelligence (AI) innovations at the upcoming Myanmar E-Commerce & IT Expo 2025!

🚨 What Will Be Showcased?
• AMR (Autonomous Mobile Robots): The capabilities and performance of robots designed for factory and warehouse environments.
• AI Solutions: AI-powered systems that support and enhance business operations.
• Business Discussions: Opportunities to network with technology experts and discuss business applications.

📅 Date: November 14, 15, 16, 2025
📍 Venue: Yangon Convention Centre (YCC)
⭐ Booth Number: H7, H8

🗣️ For Those Interested in Discussions & Learning:
If you wish to exchange ideas and discuss the Robotics/AI technology sector and its business aspects, pre-registration is required to ensure dedicated time for fruitful discussions!

👉 Free Pre-Register Here 👈 [Google Form Link] (https://forms.gle/rVPBHyR3nRfJgu6g8)
Feel free to Share this post with friends who might be interested!

16/10/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇၊ ၁၈၊ ၁၉) ရက်နေ့များတွင် Yangon Convention Centre (YCC) ၌ ကျင်းပပြုလုပ်မယ့် Myanmar Industrial & All Printing Expo ပြပွဲမှာ ကျွန်‌တော်တို့ကိုယ်ပိုင် ဖန်တီးထားတဲ့ စိတ်ဝင်စားဖွယ်ရာ အလိုအလျောက် သွားလာနိုင်သော စက်မှုလုပ်ငန်းသုံး စက်ရုပ်နည်းပညာများ (Autonomous Industrial Robotics) နှင့် ဉာဏ်ရည်တု (AI) ၏ ဆန်းသစ်တီထွင်မှုများကို Booth Number: B27, B28 တွင်ပြသထားမည်ဖြစ်ပါသည်။

ပြပွဲတွင် ဝင်ရောက်လေ့လာချင်သူများ၊ နည်းပညာနှင့် Business ပိုင်းဆိုင်ရာ ဆွေးနွေးချင်သူများ အတွက် အောက်ပါ Google Form ကနေတစ်ဆင့် ကြိုတင် Register လုပ်ထားလို့ရပါပြီ။

https://forms.gle/V3mrS9gVHPfDsfJS8

Exhibition Invitation & Registration

We warmly invite you to visit our showcase at the Myanmar Industrial & All Printing Expo, which will be held at the Yangon Convention Centre (YCC) on October 17th, 18th, and 19th, 2025.

At Booth Number: B27, B28, we will be exhibiting our own innovative creations: exciting Autonomous Industrial Robotics technologies and the latest advancements in Artificial Intelligence (AI).

Pre-Registration
For all interested visitors and those wishing to discuss technology and business opportunities, please pre-register using the Google Form link below:

Registration Link: https://forms.gle/V3mrS9gVHPfDsfJS8

Photos from Deep Blue AI Lab's post 06/10/2025

DFRobot ကထုတ်တဲ့ HUSKYLENS AI Vision Sensor အသစ်ပါကင် နှစ်ခုရှိပါဦးမယ်၊

ဒီကောင်လေး စထွက်တုန်းက UK မှာ ပစ္စည်းပျက်တဲ့ထိ‌ကိုရောင်းရတာပါ။ ဒီ‌ board မှာသုံးထားတဲ့ chip Kendryte K210 မော်ဒယ်က Neural Network Algorithm တွက်ချက်တဲ့နေရာမှာ STM32H7 ထက်တောင် ပိုမြန်ပါတယ်။

Built-in feature အနေနဲ့
Face recognition
Object recognition and tracking
Line tracking
Color recognition
Tag (QR code) recognition

စတဲ့ function တွေကို ခလုပ်လေးတစ်လုံးနှိပ်ရုံနဲ့ Neural Network model ကနေ feature ဆွဲထုတ်သိမ်းဆည်းထားနိုင်ပါတယ်။

ပြီးရင် Controller board တွေ Raspberry Pi တို့လို Arm Computer တွေနဲ့ ချိတ်ဆက်ပြိး program ရေးနိုင်အောင် I2C နဲ့ UART နှစ်ခုတောင် ပါပါသေးတယ်။

အခုလက်ရှိပေါက်ဈေးကတော့ USD 62 ကျော်ကျော်လေးပါ။

စမ်းချင်တဲ့သူရှိရင် USD - 60 နဲ့သာယူသွားပါ မြန်မာငွေ ပေါက်ဈေးအတိုင်းတွက်ပေးပါမယ်။

လိုချင်သူတွေ Hi လိုက်ပါ။

Phone : 09 788888 165
Viber : 09 96120 6556

16/07/2025

Reinforcement Learning (RL) ဆိုတာ ဘာလဲ?
Reinforcement Learning (RL) ဆိုတာ Compute Machine (Robots) စနစ်တစ်ခုကို ပတ်ဝန်းကျင် (environment) နဲ့ အပြန်အလှန်ဆက်သွယ်ပြီး သင်ယူစေတဲ့ နည်းပညာတစ်မျိုး ဖြစ်ပါတယ်။

လူသားတွေ သင်ယူသလိုမျိုးပဲ၊ Compute Machine (Robots) စနစ် (Agent လို့ခေါ်ပါတယ်) ဟာ စမ်းသပ်မှုတွေ လုပ်ကြည့်ပြီး အမှားတွေကနေ သင်ယူလေ့ရှိပါတယ်။

Agent က ပတ်ဝန်းကျင်ထဲမှာ တစ်ခုခုလုပ်လိုက်တဲ့အခါ (action)၊ ပတ်ဝန်းကျင်ကနေ အဲဒီလုပ်ရပ်အတွက် အကျိုးဆက် (reward သို့မဟုတ် penalty) ပြန်ပေးပါတယ်။ ဥပမာ၊ ကောင်းတဲ့လုပ်ရပ်ဆိုရင် reward ရပြီး၊ မကောင်းတဲ့လုပ်ရပ်ဆိုရင် penalty ရပါတယ်။

ဒီ reward တွေကိုအခြေခံပြီး Agent ဟာ အချိန်ကြာလာတာနဲ့အမျှ အကောင်းဆုံးလုပ်ရပ်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ယူသွားပါတယ်။ အဆုံးသတ်မှာတော့ Agent ဟာ အမြင့်ဆုံး reward ကို ရရှိဖို့ ရည်ရွယ်ပါတယ်။

ဂိမ်းတွေ AlphaGo လိုမျိုး AI တွေက ကမ္ဘာ့ချန်ပီယံတွေကို ဂိမ်းကစားပြီး အနိုင်ယူနိုင်တာဟာ RL ကြောင့်ပါပဲ။

စက်ရုပ်တွေကို လမ်းလျှောက်တာ၊ ပစ္စည်းကောက်တာ စတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ သင်ကြားပေးရာမှာလည်း RL ကို အသုံးပြုပါတယ်။
autonomous (self Driving Cars) ကားတွေကို လမ်းပေါ်မှာ ဘေးကင်းစွာ မောင်းနှင်နိုင်ဖို့ RL က အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။
ရှယ်ယာဈေးကွက် ခန့်မှန်းတာနဲ့ ကုန်သွယ်ရေး မဟာဗျူဟာတွေ ဖန်တီးရာမှာလည်း အသုံးဝင်ပါတယ်။
ဆေးဝါးရှာဖွေတာနဲ့ လူနာကုသမှုအစီအစဉ်တွေ ချမှတ်ရာမှာလည်း အထောက်အကူပြုပါတယ်။

02/07/2025

ကိုယ်က အနာဂတ်မှာ အခွင့်လမ်းကောင်းများစွာနဲ့ လုပ်ငန်းကောင်းတွေမှာ Professional AI Developer တစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ AI Crash Course က အသင့်တော်ဆုံးပါပဲ။ 🦾🦾

ဒါပေမဲ့ ညီတို့ညီမတို့အနေနဲ့ AI Crash Course ကိုတက်ချင်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်တွေဝေနေမယ်ဆိုရင်တော့ ဒါလေးကိုဆက်ဖတ်လိုက်ပါနော်။😉😉

ROM Robotics ရဲ့ AI Crash Course ဟာဆိုရင် အခြေခံကစလို့ AI Engineer Field အထိတက်လှမ်းနိုင်အောင် သင်ပေးတဲ့သင်တန်းတစ်ခုပါ။

ကျောင်းသားဘဝက လေ့လာတွက်ချက်ခဲ့ရတဲ့ Algebra, Calculus, Differential ကစလို့ AI ရဲ့ သဘောတရားတွေ၊ Machine Learning, Deep Learning နဲ့ Python programming တွေ ပေါင်းစပ်ပြီး လက်တွေ့အသုံးချနိုင်တဲ့အထိ အသေးစိတ်သင်ကြားပေးမှာဖြစ်လို့ AI ကိုစိတ်ဝင်စားတဲ့သူတွေ၊ စလေ့လာမဲ့သူတွေအတွက်တက်ဖို့အသင့်ဆုံး Course လေးပဲဖြစ်ပါတယ်။😉😉

AI Crash Course သင်တန်းက
အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူနိုင်အောင် Video Class ကို စိတ်တိုင်းကျလေ့လာနိုင်သလို စာမေ့သွားတာမျိုး၊ လုပ်ငန်းခွင်ရဲ့လိုအပ်ချက်ကြောင့် စာပြန်နွေးရတဲ့ အခြေအနေမျိုးနဲ့၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Project တွေ မှာ လိုအပ်လို့ စာပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။

Video Lessons တွေနဲ့လေ့လာရမယ့်အပြင် သင်ခန်းစာတိုင်းမှာ Assignment Test များ ပါဝင်မှာဖြစ်ပြီး နားမလည်တဲ့ အပိုင်းများနဲ့ စမ်းသပ်မှုအခက်အခဲများရှိလာရင်လည်း Assistant Teacher များ ရှိတာကြောင့် Phone Call ပြီးဖြစ်စေ၊ Google Meet မှဖြစ်စေ ဆက်သွယ် ပြီး Discussion လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ROM Robotics ရဲ့ သင်တန်းသားတွေအတွက်သီးသန့် Special Bonus အနေနဲ့ ၃၅၀,၀၀၀ တန် C++ For AI & Robotics Engineer Course ကိုပါ အခမဲ့သင်ကြားနိုင်ဦးမှာပါ။👀👀

C++ Course ဟာ AI & Robotics အတွက်လေ့လာဖို့လိုတဲ့အပိုင်းပဲဖြစ်ပါတယ်။ AI & Robotics မှာ အသုံးများတဲ့ Threads, Concurrency နဲ့ OOP level ကိုအဓိကပါဝင်တာကြောင့် AI & Robotics နယ်ပယ်ကိုဆက်လေ့လာမဲ့သူတွေအတွက် C++ ကတက်ထားသင့်တဲ့ အတန်းတစ်ခုဆိုလည်းမမှားပါဘူး။

အချို့သော AI & Robotic အပိုင်းတွေမှာ C++ Programming က Python Programming ထက်ပိုသင့်လျော်ပါတယ်။ ဒါကြောင့် ကိုယ်က Advance Feature ပိုင်းကိုလေ့လာချင်တဲ့သူတွေအတွက်က တစ်ချက်ခုတ်နှစ်ချက်ပြတ် အကျိုးရှိပါတယ်။

နောက်ပြီး C++ Course မှာတခြား Programming သင်တန်းမှာမရှိတဲ့ Threading တွေ Objects relations တွေပါဝင်တဲ့အပြင် 2017 Latest Version ကိုသင်ပေးတဲ့ Course ဖြစ်ပါတယ်။

ဒီလို AI Crash Course ကိုတက်ရုံနဲ့ C++ Course ကိုပါလေ့လာခွင့်ရမယ်ဆိုတော့သင်တန်းတက်ဖို့အတွက် တွေဝေနေဦးမှာလား??🤷🤷

ROM Robotics က အရင်ဆုံးအပ်တဲ့သင်တန်းသား2️⃣5️⃣ဦးပဲ C++ Course ကိုတက်ခွင့်ရမှာမလို့ အတွေးအခေါ်တွေ ဘေးမချော်ဘဲ အမြန်ဆုံးလာအပ်လိုက်တော့နော်။🧏🧏

📌AI Crash Course Post

https://www.facebook.com/share/p/1aAVhFBAq4/

AI Crash Course ကိုတက်ဖို့ အခုပဲ Page Messenger မှာ စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ပါပြီ😉😉

🌐 ROM Robotics Website

https://romdynamics.com/education.html

🌐 Website - https://romdynamics.com

📧 Email - [email protected]

📞 Phone - 09-250074005
09-250074008

📌 ROM Robotics YouTube channel

https://youtube.com/?si=9fd0ZqKvPs7j3GdX

Photos from ROM Robotics's post 02/07/2025

🔥တဟုန်ထိုး တိုးတက်ပြောင်းလဲလာတဲ့ AI ခေတ်မှာ အနာဂတ်ရဲ့၀င်ငွေအကောင်းဆုံး အလုပ်အကိုင်တွေ အဖြစ် AI Engineer, Machine Learning Engineer, AI Ops Engineer, MLops Engineer , AI Developer ဆိုပြီး များစွာ ပေါ်ထွက်လာခဲ့ပါတယ်

ညီတို့ညီမတို့အ‌‌နေနဲ့ AI နည်းပညာကို စိတ်၀င်စားလို့ အထက်မှာဖော်ပြထားတဲ့ နယ်ပယ်တစ်ခုခုကို၀င်ရောက်လုပ်ကိုင်ဖို့ စိတ်ကူးအိမ်မက်ရှိသူတစ်ယောက်ဆို ဒီ"AI Crash Course"အတန်းလေးကို မဖြစ်မနေတက်ရောက်ထားသင့်ပါတယ် ‼️

ဒီအတန်းလေးကProfessional AI Engineer နည်းပညာနယ်ပယ်ထဲကို ၀င်ရောက်မယ့်ညီတို့ ညီမတို့ရဲ့ အိမ်မက်တွေကို ဖော်ဆောင်ပေးသွားမယ့် အတန်းလေးဖြစ်လို့ပါ...

AI Crash Course Module အပြည့်အစုံကို သိချင်ရင်တော့ အောက်Postမှာ ဆက်ဖတ်ကြည့်နော် 👇

စိတ်၀င်စားလို့ အတန်းတက်ရောက်လိုတဲ့ ညီ၊ညီမတို့ကတော့ Rom Robotics Page Messenger မှာ အပ်နှံနိုင်သလို Deep Blue Page Messenger မှာလည်း အပ်နှံနိုင်ပါတယ်ခင်ဗျာ👋

05/06/2025
24/05/2025

Java RL Agent

RL agent တစ်ခုကိုဆောက်တဲ့နေရမှာ python နဲ့ယှဥ်ရင် java ကိုအသုံးနည်းကျပါတယ်။ Stable Baselines3, Ray RLib တို့လို ပေါ်များတဲ့ ML ecosystem နဲ့ community support တို့ထက်စာရင် deep RL နည်းတဲ့ limited Java RL libraries လေးတွေကအားနည်းနေတာ‌ပေါ့။

ဒါပေမဲ့ robotics တို့ နာမည်ကြီး game engines တို့လို ရှိပြီးသား Java-based Infra တို့ကို စဥ်းစားမယ်ဆိုရင် java RL frameworks တွေကို မေ့ထားလို့မရပြန်ပါဘူး။

အဲ့ဒါကြောင့် classic java RL frameworks တစ်ခုဖြစ်တဲ့ BURLAP ကိုဒီမှာစမ်းသုံးကြည့်ရအောင်

Linux user တွေအတွက်မြန်လို့ ဒီ tutorial မှာ Window ဖက်ကိုအားဖြည့်ထားပါတယ်။

Java မရှိဘူးဆိုရင် ဒီ link Java Downloads | Oracle https://www.oracle.com/java/technologies/downloads/?er=221886 -windows
Version အရမ်းမဟောင်းရင်ရပြီ

Build နဲ့ source code compile အတွက် Download Apache Maven – Maven https://maven.apache.org/download.cgi

Apache ကို extract လုပ်ပြီးရင် window ဖြစ်လို့ bin ရှိတဲ့လမ်းကြောင်းကို system environment variables ရဲ့ path ထဲလေးသွားထည့်ပေးရမယ်။

ပြီးရင် cmd မှာ mvn -v လို့ version စစ်ကြည့်လိုက်ရင် ဇာတ်လမ်းစလို့ရပါပြီ။

1. Project dir ဆောက်ဖို့ပါ
Mkdir HelloGridWorld
cd HelloGridWorld

2. Dependencies နဲ့ plugins အတွက် xml တစ်ခုလိုပါလိမ့်မယ်။ (IDE တစ်ခုဖွင့်ပြီးဆောက်လိုက်ရင်မြန်ပါတယ်)
pom.xml ကို အစောနက hellogrid အထဲမှာဆောက်, content တွေက video မှာပြထားပါတယ်

3. RL code ရေးမယ့် java code directory structure
Mkdir -p src/main/java/project
Project folder အထဲမှာ HelloWorld.java ဖွင့်လိုက်ပြီး

4. BURLAP ကနေ singleagent အတွက် domain, Visualizer, WorldState, mdp state တွေ import သွင်း
Video ထဲက content မှာ gridworld, domain, state, visualizer နဲ့ autonomous မလုပ်ထားသေးဘဲ keymapping နဲ့ class ထဲမှာကြေငြာထားပါတယ်။

5. Compile & Run
mvn compile
mvn exec:java -Dexec.mainClass=”project.HelloWorld”

လို့ run လိုက်ရင် ကျွန်တော်တို့ရဲ့ java rl agent ‌လေးကို ကြိုက်သလိုကလိလို့ရပါပြီ။

Project source code အတွက် https://github.com/MinKhaungMinLwin/BURLAP-Java-RL-Agent
Fork ပဲလုပ်လုပ် clone ပဲလုပ်လုပ် ကြိုက်သလိုယူသုံးလို့ရပါတယ်။

နောက်ပိုင်းဆိုရင်တော့ 3D နဲ့ robotics တွေအတွက်အရမ်းအဆင်ပြေလို့ Docker မှာပဲ OpenAI Gym ကို run တော့မှာပါ။

ဒီလိုမျိုး Python RL frameworks အကြောင်းတွေသိချင်ရင်တော့ ROM နဲ့ Deepblue ကိုလာမေးလို့ရပါတယ်။

24/05/2025

ဘာပဲသိချင်ချင် နောက်ပိုင်းစာမရိုက်တော့ဘူး စကားပဲပြောတော့တယ်၊
Streaming ကလည်းအရမ်းကောင်း။

Photos from Deep Blue AI Lab's post 20/05/2025

Robotics Engineers discuss Circuit Design
Me : AI Engineer

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 216, ZeWaSoe Street, 14/2 Yards, South Okkalapa Township
Yangon
11421