Myanmar Unicode Support
The blog is free support Myanmar Unicode user for data info. Download Unicode Font, Keyboards, and K
13/06/2025
Facebook နဲ့ Messenger ပေါ်တွင် မြန်မာဘာသာအသုံးပြုသူများအတွက် အသိပေးကြေညာချက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ စတင်ပြီး မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက် စာသား ပြောင်းလဲခြင်းကို Facebook တွင် မြင်တွေ့ရတော့မည် မဟုတ်ပါကြောင်း အသိပေးလိုပါတယ်။ ဆိုလိုသည်မှာ သင့်ဖုန်းတွင်ထည့်သွင်းထားသော ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (ဇော်ဂျီ) ဟု သတ်မှတ်ထားဆဲဖြစ်ပြီး မြန်မာဘာသာ (ယူနီကုတ်) ကို မပြောင်းလဲထားပါက၊ သင်သည်
- သင့် Facebook စာမျက်နှာမှာရှိတဲ့ အကြောင်းအရာအပြည့်အစုံကို ဖတ်ရှုလို့ မရနိုင်တာ ဖြစ်နိုင်ပါတယ်။
- သင်တင်ထားတဲ့ပိုစ်တွေကလည်း အခြားသူတွေမှာ မှန်မှန်ကန်ကန် မပေါ်နိုင်တာ ဖြစ်နိုင်ပါတယ်။
- မြန်မာဘာသာ (ဇော်ဂျီ) နဲ့ ထည့်သွင်းထားတဲ့ အကောင့်အမည်ကလည်း မှန်ကန်စွာ မပေါ်နိုင်တာ ရှိနိုင်ပါတယ်။
သင့်ရဲ့ Facebook အသုံးပြုမှုအတွေ့အကြုံကို အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက်၊ သင့်ဖုန်းရဲ့ ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (ယူနီကုတ်) သို့ ယခုပဲ ပြောင်းလဲအသုံးပြုဖို့ အကြံပြုပေးချင်ပါတယ်။ သင့်သူငယ်ချင်းများနှင့် မိသားစုဝင်များရဲ့ ဖုန်းများမှာလည်း ဘာသာစကားဆက်တင်ကို ပြင်ဆင်ဖို့ သတိပေးလိုက်ပါတယ်နော်။
သင့်ရဲ့ဖုန်းတွင် မြန်မာဘာသာ (ယူနီကုတ်) သို့ မည်သို့ပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိရှိရန်နှင့် သင့်ရဲ့ Facebook အကောင့်အမည်ကို ပြောင်းလဲရန် ယခုဖော်ပြထားတဲ့ Help Center ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ - https://www.facebook.com/help/1824022561788685
Via : Meta Myanmar
Admin : Aung Kyaw Soe , OSC-Myanmar
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
Yangon