Good Split

Good Split

Share

No Regrets

02/09/2026

🪼အတူရှိချင်စိတ်ဟာ ဘယ်လိုနည်းနဲ့မှ
မှေးမှိန်သွားတာမျိုးမရှိခဲ့ပါဘူး။
ဘယ်လိုနေ့တွေမှာ ပိုအနမ်းခံချင်ခဲ့ပြီး၊
ဘယ်လိုအချိန်မျိုးမှာ အနားပိုကပ်စေချင်တာရယ်လို့ပဲ
ကွာသွားတာ။

"🏃🏻‍♀️‍➡️အတူမရှိသေးလည်း ဘာအရေးလဲ
စိတ်တွေနီးနေတာပဲ"ဆိုတဲ့စကားက မမှားပါဘူး။
သို့ပေမဲ့ ပျော်စရာဟာ
သူရှိရင်နည်းနည်း ပိုပျော်ဖို့ကောင်းမှာဖြစ်ပြီး၊
ငိုစရာဆိုလည်း သူရှိရင် နည်းနည်းပိုသက်သာမယ်လို့ယုံကြည်တယ်။

ကိုယ့်အတွက်နွေးထွေးတဲ့ရပ်ဝန်းဟာ
သူပဲမို့ စိတ်ပါလက်ပါရယ်ပြုံးရမယ့် အချိန်တွေနဲ့၊
ချုံးပွဲချငိုရမဲ့နေ့တွေအပြင်၊
အလုပ်ရှုပ်တဲ့သာမန်နေ့ရက်တွေအထိ
ကိုယ်ကတော့သူ့ကိုအမြဲလိုအပ်ပါတယ်👫

Category

Website

Address


Yangon