KNOWLEDGE IS POWER

KNOWLEDGE IS POWER

Share

YOUR MINE IS YOUR BEST WEAPON

18/02/2024

ပုံစံခွက်ထဲက လွတ်မြောက်ခြင်း
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
အတန်းရှေ့ကို ကောင်လေးတစ်ယောက် ကြောက်ကြောက်နှင့် ထွက်လာသည်။ ဆရာမက

“ရော့ … ဒီမှာ နင်ရေးထားတာ နင်ဖတ်ပြလိုက်။ တစ်တန်းလုံး ကြားအောင်ဖတ်နော် … ခုမှ အသံတိုးလို့ကတော့ နင့်ကျော ပုပ်ပြီမှတ်”

ကောင်လေးက စာအုပ်ကိုဖွင့်ပြီး မဖတ်သေး။ ကြောက်လွန်းသဖြင့် လက်တွေ တုန်နေသည်။

“ဟဲ့ … ဖတ်လေ”

ကောင်လေးက တစ်လုံးချင်း စဖတ်သည်။ အသံတွေ တုန်နေသည်

“ကျွန် … တော့် … အကြောင်း”

အတန်းထဲတွင် ရယ်သံတွေကြားရသည်။ ကောင်လေးက ဆက်မဖတ်။ ဆရာမက ကျောကို ကြိမ်နှင့်တို့လိုက်ပြီး

“ဆက်ဖတ်လေ”ဟု အော်လိုက်သည်။

ကောင်လေးက

“ကျွန်တော့် အကြောင်းမှာ အထွေအထူး ပြောစရာ မရှိပါ။ သူများတွေလို မိဘမရှိသောကြောင့် ဦးဘနှင့် ဒေါ်လှဟုလည်း မရေးနိုင်ပါ။ ကျွန်တော့်ကို လမ်းဘေးတွင် ကောက်ရသည်ဟု ဆရာတော် ဦးသောဘိတက ပြောပါသည်။ ဆရာတော်သည် ကျွန်တော့်အဖေ၊ ဆရာတော်သည် ကျွန်တော့် အမေဖြစ်ပါသည်။ ဆရာတော်ကြောင့် ကျွန်တော် ကျောင်းတက်ရပါသည်။ ဆရာတော်က ထမင်းကျွေးပါသည်။ ဆရာတော်က မုန့်ဖိုးပေးပါသည်။ ဆရာတော်က ကျွန်တော် ကျောင်းမသွားချင်ဟု ပြောလျှင် ရိုက်ပါသည်။ ရိုက်လည်း ဆရာတော်ကြီးကိုပဲ ချစ်ပါသည်”

“ဟား … ဟား … ဟား”

တစ်တန်းလုံး ဝိုင်းဟားကြသည်

“တိတ်ကြစမ်း။ အလကားကောင်။ ဘာတွေ လျှောက်ရေးထားတာလဲ။ ဆန်းထူးရေ … သား ရေးထားတဲ့ စာစီစာကုံး ထဖတ်ပြလိုက်စမ်း”

“ကျွန်တော့်အကြောင်း။ ကျွန်တော့်အမည်မှာ မောင်မြဖြစ်ပါသည်။ ကျွန်တော့်အဖေက ဦးဘဖြစ်သည်။ အမေမှာ ဒေါ်လှဖြစ်သည်။ ကျွန်တော့်အဖေနှင့် အမေက ကျွန်တော့်ကို ကျောင်းထားပေးသည်။ ထမင်းကျွေးသည်၊ မုန့်ဖိုးပေးသည်။ ထို့ကြောင့် ဖေဖေနှင့် မေမေကို ကျွန်တော် အလွန်ချစ်ပါသည်”

“ကြားလား … အလကားကောင်။ စမ်းသီတာ ထဖတ်လိုက်စမ်း”

“ကျွန်မအကြောင်း။ ကျွန်မအမည်မှာ မမြဖြစ်ပါသည်။ ကျွန်မအဖေက ဦးဘဖြစ်သည်။ အမေမှာ ဒေါ်လှဖြစ်သည်။ ကျွန်မအဖေနှင့် အမေက ကျွန်မကို ကျောင်းထားပေးသည်။ ထမင်းကျွေးသည်၊ မုန့်ဖိုးပေးသည်။ ထို့ကြောင့် ဖေဖေနှင့် မေမေကို ကျွန်မ အလွန်ချစ်ပါသည်”

“ဟဲ့ကောင် … ငေးမနေနဲ့ … သူများတွေ ဖတ်ပြတာကြားလား။ သွား … အဲဒီ အတိုင်းရေးလာ။ ပုံစံမကျလို့ ကတော့ ထိုင်ခုံမှာ တစ်နာရီ ဒူးထောက်ရမယ် ကြားလား”

“ဟုတ် … ဟုတ်”

“ဟုတ်မနေနဲ့ မြန်မြန်သွားရေး … မပြီးမချင်း မုန့်စားမဆင်းနဲ့”

ကောင်လေးက သူ့နေရာ သူပြန်သွားကာ ငေးနေသည်။ ကျောင်းသားတွေက မုန့်စားဆင်းသွားသည်။ ကောင်လေးက စဉ်းစားနေသည်။ သူပြုံးလိုက်သည်။ စာအုပ်ကို လွယ်အိတ်ထဲ ထည့်သည်။မတ်တတ်ရပ်သည်။ အတန်းအပြင်ကို ထွက်သည်။ ထမင်းစားနေသော ဆရာမက

“ဟိုအကောင် စာရေးခိုင်းထားတာ ဘယ်လဲ”

ကောင်လေးက လှည့်မကြည့်။ ကျောင်းအောက်ကို ရင်ကော့ပြီး ဒုံး … ဒုံး … ဒုံးနှင့် ပြေးဆင်းသွားသည်။

“ဟဲ့ကောင် ပြောနေတာ မကြားဘူးလား … ချက်ချင်း ပြန်လာစမ်း”

ကောင်လေးက ခုန်ပေါက်ကာ ကခုန်ပြီး ကျောင်းထဲက ထွက်သွားသည်။ သူဘယ်တော့မှ ကျောင်းကို ပြန်မလာတော့။

(တင်ညွန့်)

လေးစားစွာ ပေးပါတယ်

Photos from KNOWLEDGE IS POWER's post 14/02/2024

သင့်ဘ၀အတွက် အကျိုးရှိတာ
တစ်စုံတစ်ရာများ ရလျှင်
ကျနော်တင်ရကျိုးနပ်ပါတယ်ဗျာ😊😊

😊😊

Photos from KNOWLEDGE IS POWER's post 07/02/2024

ဒီနေ့လုပ်နိုင်တဲ့အလုပ်ကို
မနက်ဖြန်သို့အချိန်မဆွဲပါနဲ့...😇😇

#အောင်မြင်သူများ၏စကားသံများ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon