First Aid Educators
First Aid Educators is a program of dissemination for safety and first aid.
It aims to provide capacity-building programs aimed at raising awareness of life-saving and life-saving skills and techniques for all.
04/01/2026
အိပ်စက်ခြင်း၏အကျိုးကျေးဇူးများ
The Benefits of Sleep
==================
- ဆဲလ်များ၊ တစ်ရှူးများနှင့် သွေးကြောများကို ကုသခြင်းနှင့် ပြုပြင်ပေးခြင်း
- နိုးကြားခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အာရုံစူးစိုက်လာခြင်း၊ သင်ယူခြင်း၊
မှတ်ဉာဏ်၊ ကျိုးကြောင်းဆင်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းအပါအဝင်
ဦးနှောက်လုပ်ဆောင်မှုပိုကောင်းလာခြင်း၊
- နာတာရှည်ရောဂါအန္တရာယ် လျော့နည်းစေခြင်း၊
- စိတ်ဓာတ်တိုးတက်လာခြင်း၊
- ကိုယ်ခံအားစနစ်ပိုခိုင်မာလာခြင်း၊
- စွမ်းအင်ပိုမိုပြည့်ဖြိုးလာခြင်း၊
31/12/2025
လေးစားအပ်ပါသော လုပ်ဖော်ကိုင်ဖက်များ
နှစ်သစ်ကူးမှာ ပျော်ရွှင်ဖွယ်ကောင်းပြီး ကြွယ်ဝချမ်းသာပါစေလို့ ဆုတောင်းပေးရင်း ကျွန်တော့်ရဲ့တန်ဖိုးထားရတဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်းများ၊ ဌာနများ၊ စက်ရုံများနှင့်ပရောဂျက်များအားလုံးကို နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရှေးဦိးပြုစုခြင်းနဲ့ဘေးကင်းရေးအသိပညာပေးအစီအစဉ်က မတော်တဆမှုတွေနဲ့ ရုတ်တရက်နာမကျန်းဖြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာအထောက်အကူပြုဖို့ အရေးပေါ်အကူအညီပေးနည်းတွေကို လူတွေသိရှိနား လည်အောင်လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။
အလားတူပဲ အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားရင် အရေးပေါ်စောင့် ရှောက်မှုပေးဖို့ အလုပ်ခွင်အရေးပေါ်ရှေးဦးပြုစုနည်းသင်တန်းတွေကိုလည်းဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေရေး စီမံကိန်းများက ကွင်းဆင်းဝန်ထမ်းများအတွက်လဲ အရေးပေါ်ရှေးဦိးပြုစုခြင်းနဲ့ဘေးကင်းရေးသင်တန်းများကိုလည်း ပို့ချပေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ သင်ရွေးချယ်ထားတဲ့အတိုင်း လူကိုယ်တိုင်နဲ့ အွန်လိုင်းပုံစံနှစ်မျိုးလုံးသင်တန်းတွေကို အောင်မြင်စွာပို့ချပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အဖွဲ့အပေါ် သင့်တို့ရဲ့ယုံကြည်မှုကြောင့်ဖြစ်ကြောင်း အလေးပေးပြောကြားလိုပါတယ်။ သင့်ရဲ့ဌာနများ၊ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများက ကျွန်ုပ်တို့ရဲ့သင် တန်းများကို အလွန်စိတ်ဝင်စားမှုပြသခဲ့တာကို ဝမ်းမြောက်မိပါတယ်။
၂၀၂၆ ခုနှစ်သစ်မှာ အရေးပေါ်ရှေးဦးပြုစုခြင်းနဲ့ဘေးကင်းရေးအသိပညာပေးအစီ အစဉ်ကို ပိုမိုကောင်းမွန်သော သင်ခန်းစာများ၊ ခေတ်မီသင်ကြားရေးနည်းလမ်း များနဲ့ သင်ကြားပေးရန် စီစဉ်ထားကြောင်းအသိပေးလိုပါတယ်။ လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ စေတနာကို မျှော်လင့်နေပါတယ်။
ဒီနှစ်ဟာ ဆက်လက်တိုးတက်မှု၊ သင်ယူမှုနဲ့အသက်တွေကို ကယ်တင်နိုင်တဲ့
နှစ်တစ်နှစ်ဖြစ်ပါစေ။
နွေးထွေးစွာဖြင့်
ရှေးဦးပြုစုခြင်းနှင့်ဘေးကင်းရှင်းရေး
အသိပညာပြန့်ပွားရေးအစီအစဉ်
၀၉ ၄၅ ၄၄၄ ၁၉၃၀
အီးမေးလ်း [email protected]
28/12/2025
တုပ်ကွေးရောဂါကိုရှေးဦးပြုစုခြင်း
First aid for Influenza (The flu)
==========================
The Flu ဟုလူသိများသည့် တုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းကိုကူးစက်သည့် ဗိုင်းရပ်စ်
ပိုးများကြောင့်ဖြစ်သည်။ ပုံမှန်တုပ်ကွေးရောဂါပိုးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည် ချောင်းနာခြင်း၊ ခေါင်းကိုက်
ခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မကြာခဏပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အသက်ရှူလမ်း
ကြောင်းဆိုင်ရာလက္ခဏာများဖြစ်သည်။
တစ်ခါတစ်ရံ တွင် ပျို့ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့သည် တုပ်ကွေးရောဂါနှင့်တွဲနေသော်လည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ သည် ထင်ရှားရှားရှားဖြစ်သည်။
ပုံမှန်တုပ်ကွေးရောဂါပိုးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည် ချောင်းနာခြင်း၊ ခေါင်း
ကိုက်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မကြာ
ခဏပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အသက်ရှူလမ်း
ကြောင်းဆိုင်ရာလက္ခဏာများကိုဖြစ်စေသည်။ တစ်ခါတစ်ရံတွင် ပျို့ခြင်း၊ အော့အန်ခြင်းနှင့်ဝမ်း
ပျက်ခြင်းတို့ သည် တုပ်ကွေရောဂါနှင့်တွဲနေသော်
လည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလက္ခ
ဏာများကို ထင်ထင်ရှားရှားရှားတွေ့ရသည်။
ပုံမှန်အားဖြင့် တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူအများစုမှာ ၁ ပတ်မှ ၂ ပတ်အထိကြာတတ်သော်
လည်း ပြင်းထန်သောကူးစက်မှုများမှာ အချိန်ပိုကြာနိုင်သည်။ အချို့တွင် အဆုတ်ရောင်ခြင်းကဲ့သို့ အသက်အန္တရာယ်ရှိသော ဆေးဘက်ဆိုင်ရာနောက်
ဆက်တွဲပြဿနာများပင် ဖြစ်ပေါ်လာတတ်သည်။
သွေးလွန်တုပ်ကွေးတွင် A , B နှင့် C ဟူ၍အမျိုးအစား ၃ မျိုးတွေ့ရသည်။ A နှင့် B တို့သည် ဆောင်း
ရာသီတိုင်းနီးပါးတွင် ဖြစ်ပွားလေ့ရှိသော်လည်း၊
အမျိုးအစား C သည် ရောဂါလက္ခဏာလုံးဝမပြဘဲ အလွန်ပျော့ပျောင်းသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကိုဖြစ်စေသည်။
(မိမိကိုယ်ကိုယ်ကာကွယ်ရန်မှာ)
- ကာကွယ်ဆေးထိုးပါ။ များများအိပ်ပါ။
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်
ကို ပုံမှန်စားပါ။
- ဖျားနာနေမှန်းသိ သူများနှင့်ဝေးဝေးနေပါ။
- လက်ကိုမကြာခဏဆေးကြောပါ။
- မျက်နှာ မျက်စိများကိုလက်ဖြင့်ကိုင်တွယ်ခြင်း၊ ပွတ်ခြင်းမလုပ်ပါနှင့်။
- ဖျားနေပါက အိမ်မှာနေပါ။
- သုံးပြီးသားတစ်ရှူးများကို အမှိုက်ပုံးထဲ ချက် ချင်းလွှင့်ပစ်ပါ။
- ကြက်စွပ်ပြုတ်များများသောက်ပါ။
- ခန္ဓာကိုယ်ကဆုံးရှုံးသွားသော ဆိုဒီယမ်ကိုအစား
ထိုးပေးပါ။
- အဖျားကိုလျှော့ချရန် အပူကျဆေးသောက်ပါ။
- စိုးရိမ်ရလျှင်ဆရာဝန်နှင့်ပြသပါ။
19/12/2025
First Aid training for Emergency Situation in the office and workplace.
အရေးပေါ်အခြေအနေတွေမှာ လုပ်ငန်းခွင်၊ ရုံး၊ ဌာနတွေမှာ ဝန်ထမ်းတွေအတွက် အသက်ကယ်နိုင်ဖို့ ရှေးဦးပြုစုခြင်းနည်းပညာတွေကို သိရှိတတ်မြောက်ထားဖို့လိုအပ်ပါတယ်။ လုပ်ငန်းခွင်အခြေအနေပေါ်မူတည်ပြီး Online or In-person သင်တန်းများကို စီစဉ်ပေးလျက်ရှိပါတယ်။
First Aid & Safety training and dissemination program
Tel. 09 45 444 1930, 09 95 444 1930
Email. [email protected]
14/12/2025
5 heart-healthy energy boosters
နှလုံးကျန်းမာရေးအတွက် စွမ်းအင်မြှင့်တင်ပေးသော
အစားအစာနှင့်အပြုအမူ ၅ မျိုး
=======================
၁။ ကော်ဖီနက် (သို့) လက်ဖက်ရည်ကြမ်းသောက်ပါ
ကော်ဖီနှင့်လက်ဖက်ရည်တွင်ပါဝင်သော ကဖိန်းဓာတ်သည် လူအများစုအတွက် သင့်တော်သောပမာဏသောက်သုံးပါက ဘေးကင်းစေသည်။
သကြားမပါက အကောင်းဆုံးဖြစ်သည်။ သကြားထည့်လေ့ရှိပါက အသုံးပြုသည့်ပမာဏကို ဖြည်းဖြည်းချင်းလျှော့ချကြည့်ပါ။
၂။ သစ်သီးနှင့်ဟင်းသီးရွက်ဖျော်ရည်သောက်ပါ
အားဖြည့်အချိုရည်သောက်သုံးမည့်အစား၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် ဖျော်ရည်များကိုသောက်ပါ။ မည်သည့်သစ်သီးဝလံများ/ ဟင်းသီးဟင်းရွက်များကိုမဆို ရေခဲနှင့်အဆီမပါသော/အဆီနည်းသော(သို့) ဒိန်ချဉ်ဖြင့်ရောကာဖျော်သောက်ပါ။
၃။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ
လှုပ်ရှားမှုများခြင်းသည် စွမ်းအင်မြှင့်တင်ပေးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
သမာရသွန်ပြေးရန်မလိုအပ်ပါ။ ပုံမှန်လမ်းလျှောက်ခြင်းဖြင့်လုံလောက်သည်။
၄။ စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ
စိတ်ဖိစီးမှုသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေနိုင်သည်။ စိတ်ဖိစီးမှုကိုထိန်းချုပ်ရန် လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ စာရေးသားခြင်းနှင့် အခြားသူများနှင့် ချိတ်ဆက်ခြင်းပြောဆိုခြင်းတို့ပြုလုပ်ပါ။
၅။ နှစ်ချိုက်စွာအိပ်စက်ပါ
အိပ်စက်ခြင်းထက် ခန္ဂာကိုယ်စွမ်းအင်ကို ပြန်လည်ရရှိစေသည့်အရာမရှိပါ။
အချိန်ရရင် နှစ်ချိုက်စွာအိပ်စက်လိုက်ပါ။ အကောင်းဆုံးမှာ အိပ်စက်ချိန်ဇယားကို တသမတ်တည်းလိုက်နာပါ။
Ref. Amarican Heart Assocition (AHA)
10/12/2025
အလိုအလျောက်ပြင်ပနှလုံးနှိုးစက်
Automated External Defibrillation (AED)
============================
နှလုံးထိခိုက်ခံရပြီးနောက် ပုံမှန်အတိုင်းပြန်လည်
ပတ်စေရန်အတွက် နှလုံးအားလျှပ်စစ်ရှော့ခ်ရိုက်
သောကရိယာဖြစ်သည်။
နှလုံးခုန်ရပ်သွားသည့်အခါ နှလုံးဆီသို့ လျှပ်စစ်
သွေးခုန်နှုန်း (သို့) ရှော့ခ်ပေးပို့ခြင်းဖြင့် နှလုံးခုန်
နှုန်းကို နှိုးဆွပေးခြင်းကိုလုပ်ဆောင်သည်။
နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်နှုန်းမညီမညာ
ခြင်း၊ နှေးလွန်းခြင်း မြန်လွန်းခြင်းကိုလည်း ထိမ်း
ပေးသည်။
AED များကို လူကြီး၊ ကလေးများတွင် အသုံးပြု
နိုင်သည်။
(အသုံးပြုပုံအဆင့်ဆင့်)
AED စက်အဖုံးကိုဖွင့်ပါ။
လျှပ်စစ်ကြိုးများကို AED တွင်ချိတ်ဆက်ပါ။
ရင်ဘတ်မှကို အ၀တ်အစားများကိုချွတ်ပါ
(အဝတ်အစားတွင်မကပ်နိုင်ပါ အရေပြားဗလာ
ဖြစ်ရမည်)
လိုအပ်ပါက ရင်ဘတ်ရှိအမွှေးအမျှင်များကိုရိတ်
ပါ။
ရင်ဘတ်ကို အခြောက်ခံပါ။ (စိုမနေစေရပါ)
လျှပ်ကူးပစ္စည်းကတ်ပြားများကို လူနာ၏ရင်ဘတ်
အပေါ်ပိုင်း ညှပ်ရိုးအောက်ဘက်နှင့် ဘယ်ဘက်
နို့သီးခေါင်းအောက်ရင်ဘတ်တွင် ကပ်ပါ။
လူနာကို မည်သူမျှ မထိမိပါစေနှင့်။
လူနာ၏နှလုံးခုန်နှုန်းကိုစစ်ဆေးရန် AED ခလုတ်
ဖွင့်ပါ။
စက်မှညွန်ကြားသည့်အတိုင်းဆောင်ရွက်ပါ။
I gained 1,601 followers, created 4 posts and received 256 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉
၂၀၂၅ ခုနှစ် စီပီအာရ်လမ်းညွှန်ချက်များကို အမေရိကန်နှလုံးအသင်းက ထုတ်ပြန်လိုက်သည်။ လမ်းညွန်ချက် တွင် နှလုံးရပ်တန့်ပြီးနောက်စောင့်ရှောက်မှု (Post–Cardiac Arrest Care) ၊ စောင့်ရှောက်မှုစနစ်များ (Systems of Care) နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာမူဘောင်အသစ်များ (Ethics) တို့ကို ပြည့်စုံစွာ ပြန်လည်ပြင်ဆင်ထားသည်။ ဤလမ်းညွှန်ချက်များသည် အရွယ်ရောက်သူ၊ ကလေးသူငယ်နှင့် မွေးကင်းစကလေးများ၏ အသက်ကယ်နည်း လမ်းများ၊ ပြန်လည်အသက်သွင်းခြင်းဆိုင်ရာ ပညာရေးသိပ္ပံနှင့် စောင့်ရှောက်မှုစနစ်များအပါအဝင် ဘက်ပေါင်း စုံကို ခြုံငုံဖော်ပြထားသည်။
28/10/2025
စီပီအာရ်လမ်းညွန် ၂၀၂၅
CPR Guidlines 2025
================
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က အမေရိကန်နှလုံးအသင်း (AHA) နှင့် ဥရောပအသက်ရှူလမ်းကြောင်းပြန်လည်ကောင်းမွန်ရေးကောင်စီ (ERC) တို့၏ နှလုံးနှင့်အဆုတ်ပြန်လည်ကောင်းမွန်လာစေရန်အသက်ကယ်ခြင်း (CPR) နှင့် အရေးပေါ်နှလုံးသွေးကြောဆိုင်ရာစောင့်ရှောက်မှု (ECC)
အတွက်လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ရာတွင် အရေးပေါ်ပြုစုပေးသူမျာ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် ဆေးဘက်ဆိုင်ရာကုသမှုပေးသူများအတွက် လိုက်နာဆောင်ရွက်ရန် နည်း စနစ်များပါဝင်သည်။ ကလေးငယ်နှင့် နို့စို့အရွယ်ကလေးများအတွက် အလေး ပေးဖော်ပြထားသည်။
ယခင်ကပြုစုနည်းများအတိုင်းဆက်လက်လုပ်
ဆောင်ရန်လမ်းညွန်ထားပြီး၊
- ကလေးငယ်များအား ရင်ဘတ်ဖိနှိပ်ရာတွင် လက်ချောင်းနှစ်ချောင်းကိုအသုံးပြုဖိနှိပ်ခြင်းထက် လက်ဖနောင့်ဖြင့် (သို့) လက်မနှစ်ခုဖြင့် ရင်ဘတ်ဖိနှိပ်ခြင်းကိုပြုလုပ်ရန်လမ်းညွန်ထားသည်။
- လေပြွန်ချောင်းဖွင့်ရာတွင် ပက်လက်အနေထားဖြင့် ဦးခေါင်းကိုမော့လျက် မေးရိုးကိုဆွဲထားရန်သတ်မှတ်ထားသော်လည်း ထိုသို့ပြုလုပ်၍မရသောအခြေ အနေဖြစ်ပါက ဦးခေါင်းကိုဘေးသို့စောင်းကာ မော့လျက်အနေအထား ထားပေးရန်လမ်းညွန်ထားသည်။
- စီပီအာရ်သင်တန်းမတတ်ဖူးသူတစ်ဦးအနေဖြင့် ပါးစပ်မှလေမှုတ်သွင်းခြင်းကို မလုပ်ဘဲ ရင်ဘတ်ဖိနှိပ်ခြင်းကို တစ်မိနစ်လျှင် အနည်းဆုံးအကြိမ် ၁၀၀ အနည်းဖိနှိပ်ပေးရန်လမ်းညွန်ထားသည်။
- ရင်ဘတ်ဖိနှိပ်ခြင်းနှင့် ပြန်လည်ကြွချိန်သည် ၁၀ စက္ကန့်ထက်ပိုမကြာသင့်ဘဲ ဆက်တိုက်ဖိနှိပ်ပေးရမည်ဖြစ်သည်။
(အခြားအချက်များမှာ ကုသရေးဆိုင်ရာအချက်များဖြစ်သည်)
10/09/2025
World First Aid Day 2025
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့
(အသိပညာပြန့်ပွားရေးအစီအစဉ်)
=========================
နှစ်စဉ် စက်တင်ဘာလ ဒုတိယစနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အဖြစ်သတ်မှတ်ကျင်းပသည်။ ရှေးဦးပြုစုခြင်းဖြင့် ထိခိုက်ဒဏ်ရာရမှုနည်းပါးစေရန်နှင့်အသက်ကယ်ဆယ်ခြင်းဆိုင်ရာ အသိ
ပညာများမြှင့်တင်ရန်ရည်ရွယ်သည်။ မည်သူမဆို ရှေးဦးပြုစုနည်းပညာကို မရှိမဖြစ် သိရှိတတ်မြောက်ထားသင့်ပြီး အရေးပေါ်အခြေအနေတွင် အလျင်အမြန်ပြုစုပေးခြင်းဖြင့် ရေရှည်ဝေဒနာခံစားမှုကို သိသိသာသာလျှော့ချနိုင်မည်ဖြစ်သည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ "ဉတုဖောက်ပြန် သဘာဝဘေးရန် ရှေးဉီးပြုစုခြင်းဖြင့် တို့တုံ့ပြန်" “First Aid and Climate Change" ဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် အရေးပေါ်အခြေ
အနေများ မည်သို့ပင်ပြင်းထန်ပါစေ ရှေးဦးပြုစုနည်းများကို သိရှိတတ်မြောက်ထားကာ ကြိုတင်ပြင်ဆင်မှုလိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။
ဟောပြောဆွေးနွေးတင်ပြခြင်းအစီအစဉ်ကို အောက်ဖော်ပါ Zoom meeting room တွင် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။
Time: Sep 13, 2025 07:00 PM Asia/Yangon
Join Zoom Meeting
https://us02web.zoom.us/j/86412114712?pwd=dHnU7bIaER0r1L81QqjKFYJ7LewULc.1
Meeting ID: 864 1211 4712
Passcode: 12345
# WorldFirstAidDay
နှလုံးခုန်ရပ်နေသူအား CPR အသက်ကယ်နည်း
Crd. BBC
28/08/2025
သွေးတိုးရောဂါအတွက်ရှေးဦးပြုစုခြင်း
First Aid for Hypertension
(High Blood Pressure)
===================
သွေးပေါင်ချိန်တိုးခြင်းသည် အန္တရာယ်ရှိနိုင်ပြီး၊ ရောဂါလက္ခဏာပြင်းထန်ပါက ဆေးကုသမှုခံယူရန်လိုအပ်သည်။
(လုပ်ဆောင်ရမည့် အသေးစိတ်အချက်များ)
၁။ လက္ခဏာနှင့်ခံစားချက်များကိုအကဲဖြတ်ပါ။
• သွေးတိုးခြင်းသည် သိသာထင်ရှားသောလက္ခဏာများမပြသော်လည်း ရုတ်တရက်ပြင်း
ထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှလုံးခုန်မမှန်ခြင်းစသည့် ရောဂါလက္ခဏာပြနိုင်သည်။
• သွေးတိုးရောဂါအရေးပေါ်အခြေအနေတွင် ချက်ချင်းဆေးကုသမှုခံယူရန်လိုအပ်သည်။
၂။ ရှေးဦးပြုစုခြင်းလုပ်ဆောင်ချက်များ
• အရေးပေါ်ဆေးကုသမှုခံယူပါ။
သွေးတိုးရောဂါဟုသံသယရှိပါက အရေးပေါ်
ဆေးကုသမှုခံယူပါ။
• လူနာကိုသက်တောင့်သက်သာထားပါ။
လူနာကိုထိုင်ခိုင်းပါ (သို့) လှဲလျောင်းထားပါ။
အေးဆေးဆိတ်ငြိမ်သောပတ်ဝန်းကျင်တွင်
ရှိနေပါစေ။
• အသက်ပြင်းပြင်းရှူခိုင်းပါ။
နှေးကွေးသောအသက်ရှုခြင်းသည် သွေးပေါင်
ချိန်ကိုလျော့ကျစေပြီး လူကိုငြိမ်သက်စေသည်
သို့ဖြစ်၍ အသက်ကိုပြင်းပြင်းရှုခိုင်းပါ။
• ရေတိုက်ပါ။
ရေဓာတ်ဖြည့်တင်းရန် ရေများများတိုက်ပါ၊
သွေးပေါင်ချိန်လျှော့ချနိုင်သည်။
• အားစိုက်လှုပ်ရှားမှုကိုရှောင်ကြဉ်ပါ။ အနားယူ
ပါစေ၊ အားထုတ်မှုမှန်သမျှကိုရှောင်ကြဉ်ပါ။
• ဆေးမတိုက်ရ။
ဆရာဝန်ညွှန်ကြားထားခြင်းမရှိပါက၊ မည်သည့်
ဆေးကိုမျှမသောက်ပါနှင့်။
၃။ ဘယ်အချိန်မှာ ဆေးကုသမှုလိုအပ်သလဲ
• သွေးပေါင်ချိန် ၁၈၀/၁၂၀ (သို့) ထို့ထက်ပို၍မြင့်
ပါက ရောဂါလက္ခဏာမပြသော်လည်း ဆေးကု
သမှုခံယူပါ။
• ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်
ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်ဝေဝါးခြင်း၊
နှလုံးခုန် မမှန်ခြင်း၊ မူးဝေခြင်း (သို့) ငိုက်မြည်း
ခြင်း လက္ခဏာတစ်ခုခုခံစားရပါက ဆေးကု
သမှုချက်ချင်းရယူပါ။
• မိနစ်အနည်းငယ်အနားယူပြီး အသက်ပြင်းပြင်း
ရှူခိုင်းပါ။ သွေးပေါင်ချိန်မကျပါက ဆေးကု
သမှုခံယူပါ။
၄။ သွေးတိုးရောဂါ၏ရေရှည်စီမံခန့်ခွဲမှု။
• လူနေမှုပုံစံပြောင်းလဲခြင်း။
ကျန်းမာသောအစားအစာ (ဆိုဒီယမ်နှင့်ပြည့်
ဝဆီများ)၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်
အလေးချိန်ထိန်းသိမ်းခြင်းနှင့်စိတ်ဖိစီးမှုကိုစီမံ
ခန့်ခွဲခြင်းသည် သွေးတိုးရောဂါကို ထိန်းချုပ်
ရန်အတွက်အရေးကြီးသည်။
• ဆေးဝါးသုံးစွဲခြင်း။
လူနေမှုပုံစံပြောင်းလဲခြင်းဖြင့်မလုံလောက်ပါက
ဆရာဝန်ညွန်ကြားချက်ဖြင့် သွေးထိန်းဆေး
သောက်ပါ။
• ပုံမှန်စောင့်ကြည့်ခြင်း။
သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး ထိန်းချုပ်ရန်
အတွက် ဆရာဝန်၏အကြံပြုချက်များကို
လိုက်နာပါ။
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Yangon
11211