Getbak
Future of Redemption services
Getbak is Myanmar's first redemption software to solve difficulties &
ဘဝရဲ့ ကံကောင်းခြင်း လက်ဆောင်တွေထဲမှာ မေမေ့ကို ပိုင်ဆိုင်ခွင့်ရတာက ကံအကောင်းဆုံးပဲ ဖြစ်ပါတယ် 👩👧👦💕
ဘာကြောင့်လဲဆိုတော့ မေမေရဲ့ နွေးထွေးတဲ့ အကြင်နာတွေ၊ ကြင်နာတတ်တဲ့ နှလုံးသားရဲ့ လုံခြုံအေးမြတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဒီအသက်အရွယ်အထိ အေးချမ်းစွာ ကြီးပြင်း လူလားမြောက်ခဲ့ရလို့ပဲ ဖြစ်ပါတယ် 🥰🧐
ဒါကြောင့် ဒီနေ့မှာ ကျရောက်လာတဲ့ အမေများနေ့မှာ ဘဝရဲ့ ကံအကောင်းဆုံးလက်ဆောင်ကို ပေးခဲ့တဲ့ မေမေတွေအားလုံး ကျန်းမာချမ်းသာ စိတ်အေးချမ်းပျော်ရွှင်ကြပါစေလို့
သားသမီးအားလုံးကိုယ်စား Getbak က ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။ 💚
08/05/2023
ကံစမ်းမဲ အစီအစဥ်တွေ လုပ်တော့မယ်ဆိုရင် Getbak Lucky Draw Application မှာ အားသာချက်တွေ အများကြီးရှိတယ် ဆိုတာ သိရဲ့လား ?
သာမန် ကံစမ်းမဲအစီအစဥ်တွေက ရှုပ်ထွေးပြီး ကံစမ်းမဲထုတ်ဖို့ ဆိုင်လိုက်ရှာရ၊ စောင့်ဆိုင်းရနဲ့ များပြားလှတဲ့ အဆင့်တွေကျော်ဖြတ်နေရပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒေတာအချက်အလက် စုဆောင်းရ ခက်ခဲတာမျိုးတွေ ရှိနိုင်ပါတယ်။
💁🏻 Getbak Lucky Draw App မှာ ဆိုရင်တော့ ကံစမ်းမဲလုပ်ငန်းစဥ်တွေကို တစ်နေရာတည်းမှာ လွယ်ကူအဆင်ပြေအောင် ပြုလုပ်ပေးထားတာကြောင့် အသုံးပြုသူနဲ့ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ ကံစမ်းမဲဆိုင်ရာ အခက်အခဲများကို အချိန်တိုအတွင်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။
ကံစမ်းမဲပြဿနာများကို ကူညီဖြေရှင်းပေးမယ့် Getbak Application ရဲ့ အားသာချက်တွေကတော့ ...
⭐️Scan တစ်ချက်တည်းနဲ့ အလွယ်တကူ ကံစမ်းနိုင်ခြင်း
⭐️ကံစမ်းမဲပေါက်မဲများကို သိမ်းဆည်းထားရန် မလိုအပ်ခြင်း
⭐️ကံစမ်းမဲ လဲလှယ်ရန် စောင့်ဆိုင်းစရာ မလိုတော့ဘဲ ချက်ချင်းထုတ်ယူနိုင်ခြင်း
⭐ကံစမ်းမဲလုပ်ငန်းစဥ်များကို အချိန်တိုအတွင်း စီမံခန့်ခွဲနိုင်ခြင်း
⭐️ကံစမ်းမဲအချက်အလက်များကို တိတိကျကျ သိရှိနိုင်ခြင်း
⭐️အသုံးပြုသူများရဲ့ အကြံပြုချက်များ ရယူနိုင်ခြင်း စတဲ့ အားသာချက်များအပြင် Getbak ရဲ့ အဆင်မြင့်နည်းပညာ ပံ့ပိုးကူညီမှုကြောင့် ကံစမ်းမဲအစီအစဥ်တွေက ပိုမို ရိုးရှင်းလွယ်ကူသွားပြီပေါ့ဗျာ။
03/05/2023
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ကံကောင်းခြင်းသုခနှင့် ပြည့်စုံနိုင်ကြပါစေလို့ တောင်းဆုပြုအပ်ပါသည်။🙏
01/05/2023
ယနေ့ကျရောက်သော "ကမ္ဘာ့အလုပ်သမားနေ့" မှသည် အလုပ်သမားများအားလုံး လုပ်ငန်းခွင်အတွင်း ကံကောင်းခြင်းနှင့် ပြည့်စုံပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပါစေကြောင်း Getbak မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🏻💚
27/04/2023
နေ့ရက်တွေကို တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းရင်းနဲ့ ကံ အရမ်းကောင်းခဲ့တဲ့ နေ့ရက်တွေ ကြုံခဲ့ဖူးလား ?
Getbak Application နဲ့ scanဖတ်ပြီး ဆုမဲပေါက်တာကိုသိလိုက်ရတဲ့အခါ ရရှိလာတဲ့ကံကောင်းခြင်း၊ ပျော်ရွှင်မှုတွေကို အတူမျှဝေခံစားပေးဖို့အတွက် ကျွန်တော်တို့ရဲ့ Getbak လိပ်လေးက မိတ်ဆွေတို့နဲ့အတူ အသင့်ရှိနေပါတယ် 🤩
ဒါကြောင့် မိတ်ဆွေတို့ရဲ့ ပျော်ရွှင်ခြင်းတွေကို အတူမျှဝေ ခံစားပေးနိုင်ဖို့အတွက် အခုပဲ Getbak application ကို ဒေါင်းလုတ်လုပ်လိုက်ကြတော့နော်။
Android Link - http://bit.ly/3VoQXbX
IOS Link - https://apple.co/3VsF5Wj
24/04/2023
Getbak လိပ်ရဲ့ ပျောက်နေတဲ့ အစိတ်အပိုင်းလေးတွေကို ရှာပေးကြပါဦး 🧐
ချစ်စရာကောင်းတဲ့ Getbak လိပ်လေးကို ပြည့်ပြည့်စုံစုံလေး မြင်ရဖို့ Puzzle ဆက်ကြည့်ကြမယ်နော် 🐢
17/04/2023
နှစ်သစ်မင်္ဂလာ အချိန်အခါသမယမှစ၍ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ကံကောင်းခြင်းမင်္ဂလာများနဲ့ ပြည့်စုံခညောင်းကြပါစေကြောင်း Getbak အဖွဲ့သားများမှ နှစ်သစ်ဆုမွန်ကောင်းပို့သအပ်ပါတယ်။ 🙏🏻✨
💦 အတာသင်္ကြန်ရေလို အေးမြပြီး ပိတောက်ပန်း ကဲ့သို့ ရွှင်လန်းကာ နှစ်သစ်တန်ခူးမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
08/04/2023
အရွက်လေးရွက်ပါတဲ့ Clover အရွက်တွေက ကံကောင်းခြင်းရဲ့ သင်္ကေတ ဆိုတာ သိကြပြီးပြီလား❓❓
🍀Clover အရွက်လေးတွေကို ကံကောင်းတယ်လို့ သတ်မှတ်ရုံသာမက ယုံကြည်ခြင်း၊ ချစ်ခြင်းတရားနဲ့ မျှော်လင့်ချက်တွေကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။
ဒါဆို ဘာကြောင့် clover ရွက်ကို ကံကောင်းတယ်လို့ ယူဆတာလဲ ဆိုတာ ပြောပြပေးမယ်နော်။🤗
💁 လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အိုင်ယာလန်နိုင်ငံမှာ ပုရောဟိတ်တွေက အရွက်လေးရွက်ရှိတဲ့ clover လေးတွေ သယ်ဆောင်ထားမယ်ဆိုရင် နတ်ဆိုးတွေကို ဖယ်ရှားနိုင်ပြီး အချိန်မီလွတ်မြောက်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီအရွက်လေး လေးခုက မှော်အစွမ်းဖြင့်ကာကွယ်နိုင်ပြီး မကောင်းမှုနဲ့ ကံဆိုးမှုတွေကို ရှောင်ရှားနိုင်တယ်လို့ လက်ခံထားကြတာပါ။ ကလေးတွေမှာလည်း clover ရွက် ကိုင်ဆောင်ထားရင် နတ်သမီးတွေကို မြင်နိုင်စွမ်းရှိပြီး သူတို့ရဲ့ ကံကောင်းခြင်းတွေကို ညွှန်ပြပေးတဲ့ သင်္ကေတတစ်ခု အနေနဲ့ သတ်မှတ်ထားကြလာပါတယ်။
အရွက်လေးရွက်ရဲ့ ထုံးတမ်းစဉ်လာကို ဘယ်အချိန်က စခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ရှေးခေတ်ကနေ အခုထက်ထိ မပျောက်မပျက် အခုချိန်ထိ လက်ခံယုံကြည်နေကြတုန်းပါပဲ။👀
“လူတစ်ယောက်က လယ်ကွင်းထဲမှာ လမ်းလျှောက်ရင်းအရွက်လေးခုပါတဲ့ အပင်တွေကို ရှာတွေ့မယ်ဆိုရင် ခဏအကြာမှာ ကောင်းတာတစ်ခုတွေ့လိမ့်မယ်" စတဲ့ ပြောစကားတွေကနေ ရှားရှားပါးပါး clover ရွက်ကိုရှာတွေ့နိုင်လောက်အောင် ကံကောင်းတယ်ဆိုရင် ကျန်တဲ့ ကံကောင်းခြင်းတွေကလည်း သင့်ကို စောင့်ကြိုနေမှာ အသေအချာပါပဲ။ 💯💯
🍀ဒီလို ခက်ခက်ခဲခဲ ရှာတွေ့ထားတဲ့ Clover ရွက်လေးကို တခြားသူကို မျှဝေပေးရင် မင်းရဲ့ ကံကောင်းခြင်းတွေကို နှစ်ဆတိုးစေမှာပါတဲ့နော်။
Clover ရွက်လေးလို ကံကောင်းခြင်းလက်ဆောင်တွေကို ကိုယ်နဲ့ အနီးဆုံးမှာ ဆောင်ထားကြရင်း ကံကောင်းခြင်းတွေ ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ဖိုးကံကောင်းလေးတို့ရေ...🙏
04/04/2023
ကံစမ်းမဲပြဿနာတိုင်းကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ကူညီဖြေရှင်းပေးမယ့် မြန်မာ့ပထမဆုံး Redemption App နဲ့ အခုပဲ ကံစမ်းလိုက်ပါ။😉
31/03/2023
အမြင်အာရုံ ဘယ်လောက်မြန်လဲ စမ်းသပ်ကြည့်ကြမယ်နော် 👀
ဒီအခန်းလေးထဲမှာ လာဘ်ခေါ်ကြောင်လေး ဘယ်နှစ်ကောင် ရှိနေလဲ ရှာကြည့်ကြပါဦး။ 🐈 ဘယ်နှစက္ကန့်အတွင်း အမြန်ဆုံးရှာတွေ့ကြမလဲ ?
ကောမန့်မှာ ဖြေကြည့်ရအောင်နော်။
28/03/2023
ကံစမ်းမဲထုတ်ကုန်တွေနဲ့အတူ သင့်စီးပွားရေးလုပ်ငန်းကို တဆင့်မြှင့်တင်လိုက်ပါ 📈
👨🏻💼စီးပွားရေးလုပ်ငန်းရှင်တိုင်း မိမိရဲ့ ထုတ်ကုန်ပစ္စည်းတွေကို လူအများဆီကနေ အာရုံစိုက်ခံရတာကို လိုချင်ကြပါတယ်။
အခုခေတ်လို ထုတ်ကုန်ပစ္စည်းတွေ အပြိုင်အဆိုင်ထုတ်လုပ်ပြီးရောင်းနေကျတဲ့ ကာလမျိုးမှာ မိမိထုတ်ကုန်က အပြိုင်အဆိုင်တွေကြား လူအများရဲ့ စိတ်၀င်စားခံရပြီး ဈေးကွက်ထဲ နေရာတစ်ခုရလာစေဖို့ဆိုတာ ပိုမိုခက်ခဲလာပါတယ်။
🎯 မိမိကုန်ပစ္စည်းကို အရင်ကထက်ပိုတဲ့ရလဒ်တွေနဲ့ ပိုကောင်းတဲ့အခွင့်အရေးတွေရစေနိုင်ဖို့ အတွက်ဆို ကံစမ်းမဲထည့်သွင်းရောင်းချလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
ကိုယ့်ရဲ့ ကုန်ပစ္စည်းမှာ ကံစမ်းမဲလေးထည့်လိုက်တာနဲ့ အဲဒီလိုအရောင်းပိုတက်လာစေနိုင်တဲ့ အကြောင်းအရင်းကတော့ သုံးစွဲသူတွေက သင့်ထုတ်ကုန်ကိုသုံးပြီး ကံစမ်းမဲ ပေါက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အခြားထုတ်ကုန်တွေအစား သင့်ထုတ်ကုန်ကိုပဲရွေးချယ်လာနိုင်ခြေ ပိုများသွားတာကြောင့်ပဲ ဖြစ်ပါတယ် ✅
တကယ်လို့ ကိုယ့်ရဲ့ ထုတ်ကုန်က နာမည်ပေါက်ပြီးသား ထုတ်ကုန် ဖြစ်မယ်ဆိုရင်လည်း စျေးကွက်ထဲမှာ အရင်ကထက် ပိုကောင်းတဲ့ နေရာတစ်နေရာကို ရလာစေနိုင်မှာပါ။ အဲဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ကုန်ပစ္စည်းတွေကို ရောင်းအားပိုသွက်လာစေပြီး လူပိုသိလာစေချင်တယ်ဆိုရင်တော့ အခုနည်းလမ်းကို မာကက်တင်းနည်းဗျူဟာအနေနဲ့အသုံးချလိုက်ပြီး သင့်စီးပွားရေးလုပ်ငန်းကို တဆင့်မြှင့်တင်ဖို့ အကြံပြုပါရစေခင်ဗျာ။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 156 Kyun Shwe Myaing 3rd Street, 23Ward, Thuwanna Thingangyun
Yangon
11201