XaaS Burma

XaaS Burma

Share

Not only software but also everything related to Tech and Digital Service provider in Myanmar
XaaS Burma - Everything as a Service for Myanmar

19/07/2022

၁၉ ဇူလိုင် မမေ့နိုင်
-----------------
ရည်မှန်းချက်တစ်ခုကို စွဲကိုင်
မြန်မာပြည်လွတ်လပ်ရေးအတွက် ဘာနဲ့မှမလဲနိုင်
ကြိုးစားပေးခဲ့ အာဇာနည်တို့ ဆုံးခန်းတိုင်
ကျဆုံးခဲ့သော်လည်း အားလုံးက မမေ့နိုင်
-----------------
မြန်မာပြည်ကြီး လွတ်လပ်ရေး၊ ဖိနှိပ်ချုပ်ချယ်ခံရသည့် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေး၍ စွန့်လွှတ်အနစ်နာခံခဲ့သူ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို ဒီနေရာမှ အလေးအနက်ဂါရဝပြုလိုက်ရပါသည်။

17/07/2022

မင်္ဂလာပါ။
XaaS Burma နဲ့ Rangoon Group တို့မှ ပူးပေါင်းပြုလုပ်တဲ့ IT Professional Job Readiness Program ရဲ့ ပထမပတ်ဟာ အခုဆိုရင် အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
ဒီ Program လေးကနေ အဓိကသင်ကြားပေးသွားတာတွေကတော့ IT Professional အနေနဲ့ အလုပ်လုပ်ကြမယ့် လူငယ်မျိုးဆက်သစ်များဟာ IT နည်းပညာကို တဖက်ကမ်းခတ် ကျွမ်းကျင်မှုရှိစေရုံမဟုတ်ပဲ ကိုယ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ပါ သင်ကြားပေးနေတာဖြစ်ပါတယ်။
IT Professional တစ်ယောက်အနေနဲ့ အခြား နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ Client များ၊ Customer များနဲ့ လုပ်ငန်းများကို မိမိတို့ ကျွမ်းကျင်ရာ IT ပညာရပ်နဲ့ အကူအညီပေးတဲ့အခါမှာ အများသူငှာ အဆင်ပြေအသုံးတည့်တဲ့ IT Product တစ်ခုဖြစ်မြောက်လာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမယ့် Communication အကြောင်း၊ လုပ်ငန်းရဲ့ စွမ်းရည်ကို တိုးတက်စေပြီး လုပ်ငန်းရှင်ရဲ့ အကျိုးရလဒ်ကို ရှေးရှု့တဲ့ Process နဲ့ Flow တွေ တည်ဆောက်ပုံ၊ အရေးပေါ်လိုအပ်တဲ့ ကိစ္စနဲ့ အရေးတကြီး ဖြစ်နေတဲ့ ကိစ္စရပ်များကို ခွဲခြားပြီး အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့အတွက် IT Project Management စွမ်းရည်များကိုပါ ထည့်သွင်းသင်ကြားပေးနေပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အရင်ရှိပြီးသား IT Project နေရာမှာ ကိုယ့်ကို အလုပ်လွှဲပြောင်းပေးလာပြီဆိုရင်လည်း Programming Language တစ်ခုအပေါ်မှာ မှီတည်နေတာမျိုးမဟုတ်တော့ပဲ Software ရဲ့ Architecture ကို နားလည်သဘောပေါက်အောင် လေ့လာပြီး အဖြေရှာနည်း၊ ရှိပြီးသား လုပ်ငန်းလည်ပတ်ပုံ Process ကိုလေ့လာနည်းများအပြင် ပိုကောင်းတဲ့ Process တစ်ခုကို ဘယ်လို မြှင့်တင် ပြုပြင်ပြောင်းလဲမလဲဆိုတာတွေအထိပါ သင်ကြားပေးနေတာဖြစ်ပါတယ်။
ဒါကြောင့် ဒီ Program ကနေ ပြီးမြောက်လာတဲ့ လူငယ်တိုင်းဟာ Programming ကို ကျွမ်းကျင်ပိုင်နိုင်ရုံသာမက လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို တွေးခေါ် ပြောင်းလဲနိုင်တဲ့ Creative Power ကိုပါ ရရှိအောင် အစွမ်းကုန်သင်ကြားလျက်ရှိပါတယ်။
စိတ်ပါဝင်စားပြီး အတူလက်တွဲဆောင်ရွက်လိုတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ သင်တန်းကျောင်းများကိုလည်း ဖိတ်ခေါ်လိုက်ရပါတယ်။ ထူးချွန်ထက်မြတ်တဲ့ IT Professional များကို မွေးထုတ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ လုပ်ငန်းများရဲ့ အခက်အခဲများကို နည်းပညာနဲ့ အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖို့အတွက် ကြိုးစားကြရအောင်။

11/07/2022

XaaS Burma နှင့် Rangoon Group တို့မှ ပူးပေါင်းဖွင့်လှစ်သည့် IT Professional Job Readiness Program
သင်တန်းသားဦးရေ (၁၀)ဦးသာ သတ်မှတ်ထားသော်လည်း တက်ရောက်ရန် စာရင်းပေးပြီး မတက်ဖြစ်တော့သူများရှိသည့်အတွက် နောက်ထပ် (၃)ဦးစာ ကျန်ပါသေးသည်။

IT နဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်သွားဖို့ အဆင်သင့်ဖြစ်ပြီလား။ အလုပ်တွေ ရှားနေတဲ့အချိန်မှာ သင်တန်းအပြီး အလုပ်ရရှိနိုင်မယ့်အခွင့်အရေးက -
IT နဲ့ ပတ်သက်တဲ့ Web Programming အကြောင်းများနဲ့ လုပ်ငန်းခွင်သုံး Project Management ဘာသာရပ်များကို သင်ကြားရမှာဖြစ်ပြီး https://edu.rangooninstitute.com မှာ သင်ခန်းစာများကို ပြန်လည်ရယူနိုင်မှာဖြစ်တယ်။
သင်တန်းပြီးဆုံးသွားလို့ အမှတ်ပြည့်မီသူများက Junior Web Developer (သို့) IT Project Associate အဖြစ် ပထမအဆင့် Paid Internship ကို (၃)လ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပြီး ထို့နောက် Full Time ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်တယ်။
လုပ်ကိုင်ရမယ့်အပိုင်းတွေက XaaS Burma ရဲ့ Software Project များမှာဖြစ်စေ၊ အခြား မိတ်ဆက်လုပ်ငန်းများမှာဖြစ်စေ၊ လုပ်ကိုင်ရမှာဖြစ်ပါတယ်။
အမေးများတဲ့ မေးခွန်းများနဲ့ အသေးစိတ်သိရှိလိုတာတွေကို ဒီ https://www.facebook.com/xaasburma/posts/142691318418772 မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ယခုအသုတ်ကို ဖွင့်လှစ်ပြီးပါက အလုပ်နေရာလစ်လပ်မှုနဲ့ အခြေအနေပေါ်မူတည်ပြီး နိုဝင်ဘာလကုန်လောက်မှသာ နောက်ထပ် အလားတူ တန်းခွဲတစ်ခု ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် IT နဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်အတွေ့အကြုံနဲ့တကွ တတ်ကျွမ်းလိုတယ်၊ အလုပ်လည်း ရှာနေတယ်ဆိုရင် ဒီ သင်တန်းလေးကို ဒီကနေ https://forms.gle/aXf7KAdrgTwxqako7 စာရင်းပေးတက်ရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။

08/07/2022

IT Professional Job Readiness Program FAQs

Q: ဘယ်သူတွေအတွက်လဲ။
A: IT နဲ့ အသက်မွေးချင်ပြီး အလုပ်ရှာနေဆဲ ကျောင်းသားလူငယ်များအတွက် အဓိကရည်ရွယ်ပါတယ်။ ကျောင်းပြီးလို့ အလုပ်တစ်ခုခု ရှာနေတဲ့ လူငယ်များကိုလည်း ဦးစားပေး ရွေးချယ်မှာဖြစ်ပါတယ်။

Q: ဘယ်လိုသင်မှာလဲ။
A: IT လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ သင်ခန်းစာများ၊ Project Management, Client Requirement Collection & Communication, Root Cause Analysis စတဲ့ Framework နဲ့ Model တွေကို သင်ကြားရမှာပါ။

Q: သင်တန်းပြီးရင် ဘာလုပ်နိုင်မှာလဲ။
A: သင်တန်းက သင်ပေးလိုက်တဲ့ အပိုင်း(၂)ပိုင်းကနေတဆင့် Junior Developer ဒါမှမဟုတ် Project Assistant စတဲ့ ၂နေရာကနေစပြီး လုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်။ သင်တန်းပြီးတဲ့အခါ အမှတ်၁၀၀မှာ ၈၅မှတ်အထက် ရရှိတဲ့ ကျောင်းသားတိုင်းဟာ Paid Internship အစီအစဥ်မှာ ရွေးချယ်ခံရမှာဖြစ်ပြီး ၃လပြည့်တဲ့အခါ ၂ဖက်လုံးက ဆက်ပြီးလက်တွဲဖြစ်တယ်ဆိုရင် Full Time အဖြစ် အလုပ်ရရှိမှာဖြစ်ပါတယ်။

Q: အမှတ်ပေးမှာဆိုတော့ စိတ်ထဲရှိသလို ပေးမှာလား။
A: Project Pitching, Assignment, Class Participation အတွက် အမှတ်၇၀ကိုပဲ ဆရာကပေးမှာဖြစ်ပြီး ကျန်တဲ့အမှတ် ၃၀ကို သင်တန်းသားအချင်းချင်း Project Management Skill, Teamwork Skill နဲ့ Creative Thinking တွေနဲ့ Hidden Vote ပေးရမှာဖြစ်လို့ တကယ် ဦးဆောင်နိုင်ပြီး ထူးချွန်တဲ့ကျောင်းသားတိုင်း အမှတ်ရမှာဖြစ်ပါတယ်။

Q: လူများပြီး သင်တန်းက ပေါ့သွားမှာလား။
A: သင်တန်းရဲ့ အဓိက သင်တဲ့ပုံစံနဲ့ အချက်အလက်တွေက လုပ်ငန်းခွင် (အထူးသဖြင့် XaaS Burma)အတွက် ရည်ရွယ်သင်တာဖြစ်လို့ တကယ်တတ်ဖို့ကို အသေအချာ သင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်တန်းသား ၁၀ဦးပဲ လက်ခံတာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါ အထက်မှာ ပြောခဲ့သလို တကယ်ထူးချွန်ပြီး ကြိုးစားထားတဲ့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် အလုပ်လျှောက်တဲ့အခါ ကြိုးစားခဲ့တဲ့ အမှတ်ရလဒ်က Recommend လုပ်ပေးမှာဖြစ်ပါတယ်။

Q: သင်တန်းကာလက ဘယ်လောက်ကြာမှာလဲ။ ဘယ်လိုသင်မှာလဲ။
A: သင်တန်းကာလကို အပတ်စဥ် စနေ၊ တနင်္ဂနွေ မနက် (၉)နာရီမှ (၁၂)နာရီအထိ Zoom နဲ့ သင်ကြားမှာဖြစ်ပြီး တလခွဲခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ဇူလိုင် (၁၆)ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

Q: သင်တန်းကြေးကရော?
A: သင်တန်းကြေးက 150,000 ကျပ် သတ်မှတ်ထားပေမယ့် သင်တန်းပြီးလို့ အရည်အချင်းပြည့်မှီရင် လစာ+အလုပ်ပြန်ရမှာလည်း ဖြစ်ပါတယ်။

Q: သင်တန်းဘယ်လိုအပ်ရမလဲ။
A: သင်တန်းကို စိတ်ပါဝင်စားသူများအနေဖြင့် Page ရဲ့ Message Box ကနေဖြစ်စေ၊ https://forms.gle/aXf7KAdrgTwxqako7 ဒီ Google ဖောင်ကို ဖြစ်ဖြစ် စာရင်းပေးသွင်းထားနိုင်ပါတယ်။ ပထမဆုံး စာရင်းပေးသွင်းသူ (၁၀)ဦးကိုသာ လက်ခံမှာဖြစ်ပြီး (၁၀)ဦးနောက်မှ စာရင်းပေးသွင်းသူများက နောက်ထပ် တန်းခွဲအသစ်အတွက် စောင့်ဆိုင်းပေးစေလိုပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖုန်းနဲ့ ဆက်သွယ်သွားမှာဖြစ်ပါတယ်။

07/07/2022

XaaS Burma သို့ IT Professional Job Readiness Program အတွက် KBZ Pay နဲ့ ငွေလွှဲတဲ့အခါ ဒီ Video လေးက အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Rangoon Group (Shop Code): 300564961 ဖြစ်ပါတယ်။

06/07/2022

- ကျောင်းပြီးလို့ လစာကောင်းတဲ့ IT အလုပ်ရှာနေပါသလား။ ဒါမှမဟုတ် IT အလုပ်တစ်ခုခုကို လျှောက်ဖို့အတွက် ပြင်ဆင်နေပါသလား။
- ကျွန်တော်တို့ XaaS Burma နဲ့ Rangoon Group တို့ ပူးပေါင်းဖွင့်လှစ်တဲ့ IT Professional Job Readiness Program ကို Join လို့ရပါပြီ။
- IT လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ စာတွေ့လက်တွေ့ သင်ခန်းစာများကို သင်ကြားရမှာဖြစ်တဲ့အပြင် သင်တန်းပြီးမြောက်လို့ သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်မှီသူများကို လုပ်ငန်းမှာ တခါတည်း Paid Internship အနေနဲ့ လုပ်ကိုင်ခွင့်ရရှိဦးမှာဖြစ်ပါတယ်။
- သင်ကြားရမှာတွေက လုပ်ငန်းသုံး IT အခြေခံ၊ Programming အခြေခံ၊ IT Project Management ဘာသာများကို သင်ကြားရမှာဖြစ်ပြီး
သင်တန်းပြီးဆုံးတဲ့အခါ IT Project Associate (သို့) Junior Software Developer တို့အဖြစ် လုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်။
- သင်ကြားပေးမယ့်ဆရာက စီးပွားရေးလုပ်ငန်းများအတွက် IT Project များကို စီမံခန့်ခွဲနေသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားလူငယ်များကို လုပ်ငန်းခွင်မှာ ရပ်တည်နိုင်တဲ့ IT Professional များဖြစ်လာအောင် မွေးထုတ်သင်ကြားပေးနေသူ ဆရာဦးလင်းထက်ဝင်း ဖြစ်ပါတယ်။
- သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကွန်ပျူတာ၊ အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
- သင်တန်းကာလကို အပတ်စဥ် စနေ၊ တနင်္ဂနွေ မနက် (၉)နာရီမှ (၁၂)နာရီအထိ သတ်မှတ်ထားပြီး တလခွဲခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ဇူလိုင် (၁၆)ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
- သင်တန်းကြေးက ၁၅၀,၀၀၀ိ/- ကျပ် သတ်မှတ်ထားပေမယ့် အရည်အချင်းပြည့်မှီပါက Paid Internship အဖြစ်နဲ့ လစာ+အလုပ်ပါ ပြန်ရမှာဖြစ်ပါတယ်။
- Paid Internship အဖြစ်လုပ်ကိုင်နိုင်ဖို့ စာရင်းပေးသွင်းသူ များပြားတာနဲ့ သင်တန်းရဲ့ အရည်အသွေးကို ထိန်းထားနိုင်ဖို့အတွက် Batch တစ်ခုကို သင်တန်းသား (၁၀)ဦးသာ လက်ခံပါတယ်။
- သင်တန်းကို စိတ်ပါဝင်စားသူများအနေဖြင့် Page ရဲ့ Message Box ကနေဖြစ်စေ၊ https://forms.gle/aXf7KAdrgTwxqako7 ဒီ Google ဖောင်ကို ဖြစ်ဖြစ် စာရင်းပေးသွင်းထားနိုင်ပါတယ်။
- ပထမဆုံး စာရင်းပေးသွင်းသူ (၁၀)ဦးကိုသာ လက်ခံမှာဖြစ်ပြီး (၁၀)ဦးနောက်မှ စာရင်းပေးသွင်းသူများက နောက်ထပ် တန်းခွဲအသစ်အတွက် စောင့်ဆိုင်းပေးစေလိုပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ဒါကြောင့် IT နဲ့ ပတ်သက်ပြီး သင်တန်းလည်းတက်၊ အလုပ်လည်းရ ဖြစ်နိုင်ဖို့အတွက် အခုပဲ https://forms.gle/aXf7KAdrgTwxqako7 မှာ စာရင်းပေးထားလိုက်ပါ။

21/06/2022

IT လုပ်ငန်းခွင်ဝင်ရောက်မည့် လူငယ်များအတွက် Job Experience မရှိဘူးဆိုပြီး အလုပ်လျှောက်ရခက်ဖြစ်နေပါသလား။ IT နဲ့ နိုင်ငံခြားထွက်ဖို့ စီစဥ်နေပါသလား။
IT လုပ်ငန်းနဲ့ ပတ်သက်ပြီး အခြေခံပိုင်နိုင်အောင် သင်ကြားပေးမှာဖြစ်ပြီး သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့ လူငယ်များကို အလုပ်သင် Paid Internship အနေနဲ့ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ယနေ့ခေတ် IT လုပ်ငန်းများရဲ့ အခြေခံလစာက ၃သိန်းနဲ့ အထက် ရရှိနေတာဖြစ်ပါတယ်။
သင်ရမှာတွေက -
IT Professional, Work Natures, Coding, Flowcharts, Problem Solving Skills, Model Based Learning, Project Management, Product Development Life Cycle တွေကိုအသုံးပြုပြီး Group အလိုက် IT Product တစ်ခုကို ထုတ်ရမှာဖြစ်ပါတယ်။ ဒီ Skill တွေကို လုပ်ငန်းခွင် အလုပ် Interview မှာ ပြန်အသုံးချနိုင်မှာဖြစ်ပြီး ထူးချွန်ကျောင်းသားများကိုတော့ လစာနဲ့ Internship Program ကို ဆက်လက်လွှဲပြောင်းသွားမှာဖြစ်ပါတယ်။
သင်တန်းကာလ ၁လခွဲကြာမြင့်မှာဖြစ်ပြီး အပတ်စဥ် စနေ၊ တနင်္ဂနွေ မနက် ၉ ကနေ ၁၂နာရီအထိ Zoom ကနေ သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကြေး ၂၀၀,၀၀၀ ကျပ်သတ်မှတ်ထားပေမယ့် ၅၀,၀၀၀ကျပ် ပြန်အမ်းပေးမှာဖြစ်လို့ ၁၅၀,၀၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး Internship Program ပါဝင်သွားပါက လစာလည်း ပြန်ရမှာဖြစ်ပါတယ်။
Computer နဲ့ Internet အသုံးပြုနိုင်သူတိုင်း တက်ရောက်နိုင်တာဖြစ်လို့ လုပ်ငန်းခွင် အသစ်ကို ပြောင်းလဲချင်သူလူငယ်များ၊ အလုပ်အရေးတကြီး ရှာဖွေနေတဲ့ လူငယ်များအတွက် ဒီ https://forms.gle/TxYBD2AwNcLoZDsDA ကနေတဆင့် အခုပဲ စာရင်းပေးသွင်းထားလိုက်ပါ။ သင်တန်းသားဦးရေ များပြားတဲ့အတွက် ရွေးချယ်ခံရသူများကို ကျွန်တော်တို့ဘက်ကနေ ပြန်လည် ဆက်သွယ်ပေးသွားပါမယ်။
Image : freepik.com

21/06/2022

IT Professional Job Readiness Program (3 mins read)
--------
-IT ပညာနဲ့ အသက်မွေးချင်သူ၊ IT အလုပ်တွေ လျှောက်နေပေမယ့် အလုပ်မရဖြစ်နေသူ၊ လုပ်ငန်းခွင်အတွင်း ရာထူးတိုးဖို့ နည်းပညာအသစ်ကို အမြန်လေ့လာလိုသူများအတွက်
-လိုအပ်တဲ့ IT အခြေခံ၊ လုပ်ငန်းသုံး Process, Product, Project Management အခြေခံများကို XaaS Burma နဲ့ Rangoon Institute တို့က ပူးပေါင်းစီစဥ်တဲ့ ဒီ Programက အချိန်တလခွဲအတွင်း တတ်မြောက်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
-သင်တန်းချိန် နာရီ (၄၀)ကို July လ စနေ၊တနင်္ဂနွေနေ့တိုင်း မနက် ၉နာရီကနေ ၁၂နာရီအထိ Zoom ကနေတဆင့် သင်ကြားမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများအပြင် လုပ်ငန်းခွင်အတွေ့အကြုံလိုအပ်သူများကို အရည်အချင်းစစ်ဆေးပြီး Paid Internship အစီအစဥ်များလည်း ပါရှိပါမယ်။
-သင်တန်းကြေးကို ၂သိန်းကျပ် သတ်မှတ်ထားပေမယ့် ဇွန်လ (၂၈)ရက်နေ့မတိုင်မီ စာရင်းပေးသွင်းသူတိုင်းကို ၅သောင်းကျပ် ပြန်အမ်းပေးသွားမှာဖြစ်ပါတယ်။
-ဒါကြောင့် အခုပဲ ဒီ https://forms.gle/TxYBD2AwNcLoZDsDA ကနေတဆင့် စာရင်းပေးသွင်းထားလိုက်ပါ။ သင်တန်းသားဦးရေ များပြားသည့်အတွက် တက်ရောက်ခွင့်ရရှိသူများကို ကျွန်တော်တို့ဘက်ကနေ ပြန်လည် ဆက်သွယ်ပေးပါမည်။

20/06/2022

XaaS Burma နှင့် Rangoon Institute တို့ ပူးပေါင်းစီစဥ်သည့် နည်းပညာလူငယ်များအတွက် IT Professional Job Readiness Program
----------------------------------------
- နည်းပညာကို အမှန်တကယ်စိတ်ဝင်စား တတ်ကျွမ်းပေမယ့် အလုပ်အကိုင်အခက်အခဲ ရှိနေပါသလား။
- နည်းပညာသမားတစ်ယောက်အဖြစ် လုပ်ငန်းခွင် ဝင်ရောက်ဖို့ ပြင်ဆင်ထားပေမယ့် ကိုယ့်ကို လုပ်ငန်းတွေက မရွေးချယ်ဘူးဖြစ်နေပါသလား။
- အခြား ကိုယ့်သူငယ်ချင်းတွေက အလုပ်တွေ အသီးသီး ရသွားချိန် ကိုယ်က ဘာလို့ အရွေးမခံရပဲ ကျန်နေခဲ့သလဲဆိုတဲ့ အဖြေကတော့
- လုပ်ငန်းခွင်မှာ ကြုံရမယ့် အတွေ့အကြုံ မရှိသေးလို့ပါ။
- ကျွန်တော်တို့ ဒီ Program လေးက နည်းပညာလူငယ်များအတွက် ရှိထားသင့်တဲ့ IT နဲ့ Programming တွေသာမကပဲ သိသင့်တဲ့ အတွေ့အကြုံတွေကိုလည်း ပေးသွားမှာဖြစ်ပါတယ်။
- ကိုယ့်ကို လုပ်ငန်းဘက်က ရွေးချယ်ဖို့ စိတ်ဝင်စားနေပြီ။ သူတို့ လိုချင်တဲ့ အရည်အချင်းတစ်ခုကို အချိန်တပတ်အတွင်းမှာ အမြန်ဆုံး ဘယ်လို တတ်မြောက်အောင် ကြိုးစားမလဲ။
- IT သမားတစ်ယောက်အနေနဲ့ Client ကို တိုက်ရိုက်စကားပြောရတော့မယ့်အချိန်မှာ လိုအပ်တဲ့ အရည်အသွေးတွေ ကိုယ့်မှာ ရှိထားရင် အလုပ်ခန့်မယ့် Recruiter အနေနဲ့ ပိုစိတ်ဝင်စားသွားစေမယ်။
- Programming Code ရေးရုံ မဟုတ်ပဲ လုပ်ငန်းရဲ့ အကျိုးအမြတ်ကို သက်ရောက်စေမယ့်အထိ တွေးခေါ်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်နေရင် လုပ်ငန်းရှင်ဘက် ထိုက်သင့်တဲ့ လစာပေးခေါ်ရတာ အကျိုးရှိစေမယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ IT Professional Job Readiness Program ကို စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
- သင်တန်းကာလ ၁လခွဲကို တက်ရောက်ရမှာဖြစ်ပြီး Assignments နဲ့ Hands-On Project တွေအပြင် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံတဲ့ လူငယ်များကို Paid Internship အဖြစ် အလုပ်ရရှိအောင် စီစဥ်ပေးမှာဖြစ်ပါတယ်။
- သင်တန်းကြေးအတွက် 200,000 ကျပ် သတ်မှတ်ထားပြီး ဇွန်လ (၂၈) ရက်နေ့ မတိုင်မီ အပ်နှံသူများကို 50,000 ကျပ် ပြန်အမ်းသွားမှာဖြစ်ပါတယ်။
သင်တန်းကြေး 200,000 ကျပ်ကနေ ပြန်ရမှာတွေက-
- IT Professional အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုများ
- Project Management အတွေ့အကြုံ
- Product Development လုပ်ငန်းစဥ် အစအဆုံး
- Model Based Learning Methods
- Problem Solving Techniques
- 50,000ks Cashback အပြင် Assignment နဲ့ Project ကနေရရှိတဲ့
သတ်မှတ်ထားတဲ့ ရမှတ်ကို ကျော်လွန်တဲ့ လူငယ်များကို Paid Internship အဖြစ်ပါ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ အကယ်၍ Internship အစီအစဥ်ကို မပြည့်မှီတဲ့ လူငယ်များကလည်း Job Interview တွေ ခေါ်တဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ ဝင်ရောက်ဖြေဆိုသွားနိုင်မှာဖြစ်ပါတယ်။
- ပထမအကြိမ် သင်တန်းသားကို ၁၀ယောက်အထိပဲ ကန့်သတ်ထားတာဖြစ်လို့ ပထမဦးဆုံး အပ်နှံတဲ့ သင်တန်းသား ၁၀ယောက်ကိုပဲ လက်ခံသွားမှာဖြစ်ပါတယ်။
- ဒါကြောင့် အခုပဲ ဒီ https://forms.gle/TxYBD2AwNcLoZDsDA ကနေတဆင့် စာရင်းပေးသွင်းထားလိုက်ပါ။ သင်တန်းတက်ရောက်ခွင့်နဲ့ ပတ်သက်ပြီးကျွန်တော်တို့ဘက်က ပြန်လည် ဆက်သွယ်ပေးပါမယ်။
- အခုပဲ စာရင်းပေးပြီး IT Professional အနေနဲ့ လုပ်ငန်းခွင် စတင်ဝင်ရောက်လိုက်ပါ။

25/05/2022

ကိုယ် လုပ်ငန်းအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Customer များများ ရဖို့ဆိုရင် ဘယ်လိုလုပ်သင့်လဲ။
အစွမ်းရှိသလောက် ကြိုးစားပေမယ့် မရလာဘူးဖြစ်နေလား။
တကယ်ရော ကိုယ် စွမ်းသလောက် ကြိုးစားခဲ့တာ ဟုတ်ရဲ့လား။
ဒီမေးခွန်းတွေ ရှိနေပြီဆိုရင် ကျွန်တော်တို့ XaaS Burma ကို အခုပဲ ဆက်သွယ်လိုက်ပါ။
Everything as a Service ဆိုတဲ့အတိုင်း လူကြီးမင်းတို့ လိုအပ်တဲ့ ဖောက်သည်ရရှိရေးကို အစအဆုံး အကူအညီပေးမှာဖြစ်ပါတယ်။
လက်ရှိ ခေတ်စားနေတဲ့ နည်းပညာတွေရဲ့ အကူအညီနဲ့ ရယူပေးမှာဖြစ်လို့ အခုပဲ ကျွန်တော်တို့ကို Message Box ကနေဆက်သွယ်လိုက်ပါ။

24/04/2022

Software ဆိုတာ ဘာလဲ။ စီးပွားရေးလုပ်ငန်းသုံး Digital စနစ်တွေက ဘာတွေလဲ။ Digital ကို အသုံးပြုခြင်းကြောင့် နေ့စဥ် ဝင်ငွေ တိုးပွားနေတယ်ပြောကြတာ ဘယ်လို စသုံးရမလဲ။
ဒီမေးခွန်းတွေအတွက် ၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် အဓိက လိုအပ်တဲ့ Digital နဲ့ IT ဝန်ဆောင်မှုများကို တစ်နေရာတည်းမှာ ရယူနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ XaaS Burma မှ ကူညီပံ့ပိုးပေးနေပါပြီ။
ကျွန်တော်တို့ကို အခုပဲ ဆက်သွယ်လိုက်ပါ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Rangoon Institute, Golden Link Condo, Basement1, Link Lane, Bahan Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00