ECM Myanmar
ECM ကားကွန်ပျူတာ ဘောက်များပြုပြင်ရေး နတ်ချောင်းလမ်း၊ အု်ခွက်ဘုရားအနီး၊ (ကိုသက်နှင့်ညီများဝပ်ရှော့)
31/01/2025
Save ပါပြီ
ဒီ Post လေးကို ချီးကျူးပေးကြလို့ ကျေးဇူးပါ။
ဒါပေမဲ့ အဲ့လောက် Workload ကိုလူတိုင်း ဆုလိုပဲ လုပ်နိုင်ပါတယ်။
Practice + AI + Right Tools + Resources + Automation System = Mass Quality Products
ဆု ဘယ်လိုတွေ အလုပ်တွေပြီးအောင်လုပ်လည်းပြောပါမယ်။
- တရက်ထဲ Graphic (၁၀)ပုဒ်။
ဆုရဲ့ CCurious Insighterကို Follow ထားတဲ့ Audience တွေဆိုသိမှာပါ။ အဲဒီ Graphic တွေက Professional လိုမျိုး လက်ရာ သပ်ရပ်ချင်မှ သပ်ရပ်ပါမယ်။ ဒါပေမဲ့ Visual learner တွေအတွက် ပြောချင်တဲ့ topic ကို နားလည်သွားစေမယ့် Graphic Design မျိုးလုပ်လေ့ရှိပါတယ်။
ဒီ Graphic Design တွေက AI ကို ပုံကြမ်း ထုတ်ခိုင်းလို့ရပါတယ်။
Prompt က Minimalist, simple yet informative, My brand color is….. , etc. စသည်ဖြင့် ကိုယ်လိုချင်တဲ့ ပုံစံအကြမ်းလောက်ကို လုပ်နိုင်ပါတယ်။
ဒီမှာ Gemini ထက် Claude က တော်တော်ကို Intelligent ဖြစ်တဲ့ AI ပါ။ သဘာဝဆန်တဲ့ ပုံတွေတော့ အဲလောက် မကောင်းပေမဲ့... သူက Informative Graphic လိုမျိုးကို Graphic Design Principles တွေနဲ့ ခိုင်းရင် တော်တော်ကောင်းတဲ့ Graphic Idea ထွက်ပါတယ်။ Idea ရရင် Canva မှာ ပြန်ဆွဲပါတယ်။ တချို့ဟာဆို SVG Code နည်းနည်း ကလိတတ်တာနဲ့ လိုချင်တဲ့ Finished Product ထိပါရပါတယ်။ ဒါပေမဲ့ Idea ကပိုကောင်းပြီး Align တွေ Composition တွေက တော့ Perfect မဖြစ်သေးဘူး။
ဒါကြောင့် Canva ကတော့ Lifesaver ပါ။ နောက်ပြီးတော့ ဆွဲလေ့ရှိတဲ့ Graphic Style တွေကို Framework လုပ်ထားလိုက်တယ်။
လွယ်လွယ်ကူကူနဲ့ copy paste နဲ့ အရောင်ပြောင်းတာနဲ့ စာပြောင်းတာနဲ့တင် ၂ ပုဒ် အေးဆေးထွက်နေပြီ။
ဒီတော့ ၁၀ပုဒ်က တကယ်တော့ ၃ နာရီတောင် မကြာပါဘူး။ Pro တွေဆို အဲဒီထက်တောင်မြန်ဦးမယ်။
- Video (အနည်းဆုံးအရှည် ၃မိနစ်) ကို Video ပေါင်း ၁၃ ခု။
- ဒါက တယောက်နဲ့ တယောက် လုပ်တဲ့ Video နဲ့ဆိုင်မယ်။ ဆုက စကားပြောတဲ့ Video များတယ်။ Product demonstration နဲ့ Blog ပုံစံ ရိုက်တာမျိုးတွေရှိတယ်။
- စကားပြောတဲ့ vlog တွေဆိုရင် Filmora ရဲ့ Silence Detection Feature က ကြောက်စရာကြီး။ စကားပြော Video တွေမှာ တော်တော်လိုတာ။ Video Smooth အောင် Edit ဖို့ဆိုရင်... နောက်ပြီးတော့ ကိုယ်က ရိုက်နေတုန်းမေ့သွားရင်တောင် ဘာမှမပြောပဲ Silence ပြီးတွေးပြီးမှ ဆက်ရိုက်လို့ရတော့.. Edit ချိန်မှာ One Click နဲ့ သေချာရိုက်ထားတဲ့ Scene တွေက ဆက်သွားတော့ သိပ် Edit လုပ်စရာမလိုတော့ဘူးပေါ့နော်။ Caption ကလည်း Capcut AI, Text တွေကလည်း အရမ်း Professional လိုထိုးနေတာမဟုတ်ဘူး။ Information ပေးရုံလောက်ပေါ့။ Perfect Video Editing Style မဟုတ်ပေမဲ့ အလုပ်ဖြစ်တယ်။ လူတွေလက်ခံလို့ရတယ်။ အဲလို Video ကို တချို့ Video က အပိုင်းလေး ဖြတ်ပြီး အခြား Headline နဲ့ Scene တွေကို ရှေ့နောက်ပြောင်းတာမျိုး Replace လုပ်တာမျိုးနဲ့ ကိုယ့်ရဲ့ နောက် content တွေကို အလုပ် ၂ခါလုပ်စရာမလိုပဲ Result နှစ်ခုရတယ်လေ။ နောက်ပြီးတော့ Scene တွေက ရိုက်လည်းကိုယ် ဖြတ်လည်းကိုယ် ဆိုတော့ ဘယ်တခုပြီးရင် ဘာလာမလဲ သိတော့ အရမ်း edit ရတာမခက်ဘူး။ နောက်ပြီးတော့ အမြဲ Edit နေတော့ Framework တွေ Setup လုပ်ထားလို့ရတယ်။
- Blog ကလည်း ရိုက်ထဲက ဘာဆက်မယ်။ ဘာဆက်မယ်ဆိုပြီး အပြီးရိုက်တာ။ ရိုက်ထဲက မလိုတာနဲ့ တန်းဖြတ်ပြီးထားတယ်။ လိုတာချည်းပဲ Direct ထည့်ရတာလွယ်အောင်။ Trash Album မှာလည်းပြန်ကြည့်လို့ရမှာပဲဆိုတော့ စိတ်မပူဘူး။
ဒါကြောင့် Video က ၁၃ခုက မများပါဘူး။ ကိုယ်က Decision Maker ဖြစ်နေတော့ ပိုလည်းအားသာပေါ့။
- Blog (၆)ပုဒ်။
ဒါတော့ သိပ်မထူးဆန်းပါဘူး။ ဘာရယ်မဟုတ်ဘူး။ တချို့ဆို ထမင်းစားလည်းရေး၊လမ်းသွားလည်းရေး။ ဆုက ပိုတောင်တင်ရမယ့်ထဲမှာပါတယ်။ Content တင်နိုင်လေလေ၊ ဝင်ငွေက Directly ရော Indirectly ရော ပြန်ရှာပေးနေတာဆိုတော့။ အထူးတလည် ဒါကတော့ ဘာ Tool မှ မသုံးဘူး။ ရှိတဲ့ Note မှာပဲ မှတ်တယ်။ ပြီးတော့ ဆုရဲ့ Content Team ကို ပို့လိုက်တယ်။ သူကတင်တယ်။
- Automation တွေ Framework တွေ လုပ်ငန်းမှာ Setup လုပ်တာက
4 Projects.
- ဒါကတော့ Details မပြောတော့ဘူး။ လုပ်ငန်း Confidential မလို့။ ဒါပေမဲ့ လုပ်ငန်းတွေမှာ အမြဲ လုပ်ရတဲ့ လုပ်ဆောင်မှုမှန်သမျှ Framework ချထားလို့ရတယ်။ Bot နဲ့ Automation လုပ်ပြီး သို့မဟုတ် Template လုပ်ထားပြီးတော့ အလုပ်လုပ်လို့ရတယ်။ ဆုကတော့ ဒါကို Notion သုံးတယ်။
- စာဖတ်ရင် Mindnode နဲ့ဖတ်တယ်။ Cloud ဖိုးမကုန်ချင်လို့ Notion မှာ သိမ်းထားလိုက်တယ်။ အခုဆို Company Notion ပဲ Paid Version ထားတယ်။ Personal Notion က Free Account သုံးနေတာ။ ကိုယ်တိုင်လည်း Template တွေရောင်းတော့ Free user တွေ အဆင်ပြေအောင် ထုတ်နိုင်ဖို့။ ဘာလိုလည်းသိအောင် free ပဲ အခုသုံးနေတယ်။
- Presentation တွေကလည်း AI နဲ့ လုပ်ရင်အရမ်းအဆင်ပြေနေပြီ။ https://www.popai.pro ကတော့ စျေးနဲ့ မြန်မာစကား နားလည်တာမှ Canva/ Presentation.AI / SlidesAI / AI Presentation Maker တွေထက်သာတယ်။ လုံးဝ Marketing မလုပ်လို့ မသိကြတာ။ စျေးလည်းသက်သာတယ်။ Beautiful AI ဆိုရင် Marketing လုပ်တယ်။ မဆိုးလည်းမဆိုးဘူး။ ဒါပေမဲ့ မြန်မာစာ အတွက် AI က Intelligent မဖြစ်ဘူး။ အဲလို tool ကိုသုံးမှတော့ အလုပ်လုပ်တာ မြန်တာပေါ့။
- Assignment က ၂ခု။
ဒါကတော့ First Week အခု Semester စတော့ Introduction နဲ့ နည်းနည်းပဲစာလုပ်ခိုင်းလို့က Assignment လုပ်တာ မြန်တာဖြစ်တယ်။
ဒါတွေပြောတာကလေ... လူတိုင်းက တကယ် Flow Stage ထဲရောက်သွားရင်... နောက်ပြီး အလုပ်ကို Leverage လုပ်မယ်တွေးပြီး Tools တွေကို သေချာသုံးတတ်ရင် အခုခေတ်ကြီးက စမ်းစရာတွေ အများကြီးကို စမ်းနေတာနဲ့တင် တော်တော် Excited ဖြစ်ဖို့ကောင်းတယ်။
ကိုယ်တိုင်လည်း တကယ်တော့ ဒီလို အလုပ်တွေ အကုန်လုပ်စရာမလိုပဲ ဒီထက် အရေးကြီးတာတွေ လုပ်နေလို့ရတယ်။ ဒါပေမဲ့ အဲလို သေးသေးလေးတွေကို လုပ်ရင်းပျော်နေတော့ လုပ်နေတာ။ ဥပမာ။ Graphic Design ပေါ့။ ဆုက ငယ်ငယ်ထဲက ပန်းချီ ဆွဲနေကြ။ အခု စီးပွားရေးတွေလုပ်နေရင်းနဲ့ ပန်းချီကမဆွဲဖြစ်တော့ဘူး။ အဲဒီအချိန်မှာ Content တွေကိုလည်း ကိုယ့် Art လိုမျိုး ဖော်ပြလို့ရတာ ဖန်တီးလို့ရတာက ဆုရဲ့ Childhood passion ကိုလည်းသွားဆက်နွယ်နေတယ်။ အဲတော့ အရေးတော့မကြီးဘူး။ ဒါပေမဲ့ ပျော်လို့ လုပ်တယ်။ ငြီးငွေ့သွားတဲ့တနေ့ အခြားဟာတွေ လျှောက်လုပ်နေဦးမယ်။
အဲဒါက ဆုရဲ့ တနေ့တာ လျှောက်လုပ်နေရတဲ့အကြောင်းအရင်းတွေပဲဖြစ်တယ်။
ဘယ်သူတွေ Technology ကို Leverage ယူနေကြလဲ။
ဘာ System တွေနဲ့ ကိုယ့် အလုပ်ကိုလုပ်နေကြလဲ။
ဘာ Tools တွေကို အသုံးဆုံးဖြစ်မလဲ။
ပုံမှန်လေ့လာနေတာဘာရှိလဲ။
ဝင်ဆွေးနွေးပေးပါဦး။
23/01/2024
https://youtu.be/ejJh-M5Vnkw?si=heJMKravkHB7_M8i
မြန်မာနိုင်ငံကိုစင်ကာပူလိုဖြစ်အောင်ဘယ်လိုလုပ်ရမလဲ မြန်မာနိုင်ငံကိုစင်ကာပူလိုဖြစ်အောင်ဘယ်လိုလုပ်ရမလဲ | တတိယကမ္ဘာမှပထမကမ္ဘာဆီသို့Build Myanmar ရဲ့ Update တွေလုပ်ဆောင်ချ.....
23/01/2024
https://m.facebook.com/story.php?story_fbid=2698681346949653&id=100004234427201
လူငယ် နဲ့ ပညာ - ဆရာကြီး ဦးအောင်သင်း (ဟင်္သာတ) "မွေးခြင်း နဲ့ သေခြင်းကြားကို ဘဝလို့ခေါ်တယ်""ဘဝရှင်သန်ဖို့ လိုအပ်ချက်က ပညာ""ငါပြောတာက တရားမမှု၊ မင်းတို့လုပ်...
12/11/2023
https://youtu.be/sHO_rCXzI3M?si=WUvAU0eHPtnTu1qO
PCB prototyping with UV solder-mask. High precision PCB double-sided. Chips QFN36 and ATMEGA 328P-AU Welcome to my channel! In today's comprehensive video, I will show you the optimal process of manufacturing a printed circuit board (PCB) using a prototyping...
01/09/2023
ကျနော့ဆီက Thinkdiag အတံုးလေးတွေဝယ်ဖူးတဲ့သူများ သတင်းကောင်းပါနော်
https://diagzone.pro/EN/descargas
https://youtu.be/m69aeW_j7rk?si=N6LqRSRZ_mg2YPvk
https://youtu.be/Sac9ax9bPZs?si=9R2kqD5Vw6EBbpdq
Downloads - DiagZone Pro - Automotive Diagnostic Tools and Software.. DiagZone Pro international - Automotive Diagnostic Tools and Software..
06/04/2023
ကဲအတွဲတွေ စမ်းကြည့်လို့ရပြီနော် 😁
ECU ပြုပြင်ခြင်းအား ရပ်နားထားပါတယ် ခင်ဗျ
10/09/2022
Chevrolet Body control module ဘူးလေးတွေ ထပ်ရောက်ပါတယ်
Programming services ပါပေးပါတယ် ခင်ဗျ
လိုအပ်သူများ စုံစမ်းနိုင်ပါတယ်
09788419907,0943068289
28/06/2022
Thinktool pros
Kubota tractor Meter ပြုပြင်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
နေမျိုးသူရလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေ
Yangon
11211
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
23/12/2023
26/11/2023