Kit Online shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kit Online shop, Clothing Store, Yangon.
23/12/2022
Thrift huntingလုပ်ဖူးလား?
ဘယ်လိုမျိုးလဲဆိုတော့ဘေထုပ်ကို ဝါသနာပါလို့ကိုတစ်ဆိုင်ဝင်
တစ်ဆိုင်ထွက်လိုက်ရှာဝယ်တာမျိုးပေါ့။ “အဝတ်အစားဝယ်တာပဲဘာဝါသနာလိုသေးလို့လဲ”ဆိုတော့pre-owned ထဲမှာ
ကိုယ်မြင်တတ်ရင်မြင်တတ်သလိုအသစ်နီးပါးအကောင်းစားတွေရနိုင်မှာမို့ပါ။ ဘေထုပ်စျေးရုံကြီးထဲမှာtee,Jean,အိတ်တွေ ဂျက်ကတ်တွေ hoodieတွေအစုံရှိမယ်
ပျော်သလောက်ပတ်ပြီးလိုချင်သလောက်ဝယ်ရင်တောင်
သောင်းဂဏန်းနဲ့တင် အထည်အရေအတွက်ဆယ်ဂဏန်းလောက်ရတယ်။ အဲ့ဒါတစ်ခုနဲ့တင်ပျော်ဖို့ကောင်းနေပြီ။
ဒါပေမဲ့ဘေထုပ်စျေးရုံကြီးတွေကFebruaryလ အာဏာသိမ်းပြီးကတည်းကသူတို့နည်းသူတို့ဟန်နဲ့CDMလုပ်ကြပုံပေါ်တယ်။
ခုထိတစ်ဆိုင်မှအဲ့ဒီစျေးရုံတွေမှာပြန်မဖွင့်ဘူးဗျာ🤍
အဲ့ဒီတော့စျေးရုံကြီးတွေထဲကဘေထုပ်သည်ကြီးတွေအခုဘယ်လိုရောင်းနေကြလဲဆိုတော့လမ်းဘေးတွေမှာ tentတွေနဲ့
ရောင်းတယ် သူတို့အိမ်တွေမှာရောင်းတယ် အတည်တကျနေရာ
မရှိတဲ့စျေးသည်တွေကမနက်ခင်းစျေးတွေမှာရောင်းတယ်။
Adminကတော့ပါစင်နယ်ပြောရရင်China boycottတာကိုတတ်
နိုwင်တာအကုန်လုပ်တာပါ။ အဲ့ဒီမှာChina အထည်တွေအစား
ဘာတွေအစားထိုးပြီးဝတ်ကြမလဲ? ဘန်ကောက် ကိုရီးယားက
ပထမဆုံးပေါ်လာတဲ့ရွေးစရာတွေပေါ့။ ဒါပေမဲ့ထသွားထလာ
အိမ်နေရင်းဝတ်အတွက်သောင်းဂဏန်းလောက်သုံးဖို့အဆင်မပြေတော့တဲ့အခါthriftကိုရွေးချယ်စရာအနေနဲ့ထားပြီးကိုယ့်
Local marketတွေထဲကစျေးသည်ကြီးတွေဆီအားပေးဖို့တိုက်တွန်းပါတယ်။ ဝန်ခံရမှာကတော့Chinaအထည်တွေဟာ
ဝတ်ပျော်တယ် ပေးရတာနဲ့တန်တယ် trendyဖြစ်တယ်။
ဒါပေမဲ့thriftတွေဟာလည်းtrendကိုမမီတာကလွဲရင်ကျန်တာ
အရည်အသွေးမီပါတယ်။
အိုကေ အဲ့ဒီတော့ thrift huntingလုပ်ကြမယ်!
1️⃣ ကိုယ့်အတိုင်းအထွာနဲ့ကိုယ့်အကြိုက်ကိုသိပါစေ
Thriftထည်တွေကိုဝတ်ကြည့်ဖို့ကအဆင်မပြေပါဘူး
hygieneအရလဲလုံးဝမလုပ်သင့်တာပါ။ သေချာပိုးသတ် လျှော်ပြီးမှဝတ်ပါနော။ အဲ့ဒီတော့ကိုယ့်ခန္ဓာကိုယ်အတိုင်းအထွာ
နဲ့ရွေးပါ ဘေထုပ်ဆိုတာက ဆင်တူတွေမပါတတ်ဘူး
တစ်ထည် တစ်မျိုးပဲမို့ကြိုက်တာတွေ့ရင်တခါတည်းတန်းသာယူခဲ့ တွေ့တုန်းစုထားရတာ လိုချင်မှပြေးရှာရင်မတွေ့တတ်ဘူးလေ ဟုတ်တယ်မလား...
2️⃣keep in touchဖြစ်ပစေ!
ဘယ်သူတွေနဲ့keep in touchရမလဲဆိုဘေထုပ်သည်ကြီးတွေနဲ့။
ကိုယ်နဲ့ကီးကိုက် ပြောရဆိုရဝယ်ရတာအဆင်ပြေရင် အဲ့ဒီဆိုင်ရှင်ရဲ့phoneနံပါတ်ဖြစ်ဖြစ်တောင်းခဲ့ပါ။ သူတို့ကဘယ်တော့မှတမျိုးထဲမရောင်းဘူး။ ဒီတစ်လမှာJeanဆို နောက်တစ်လ
မှာTshirt အဲ့ဒီလိုရောင်းလေ့ရှိတယ်။ တခါတလေ အိတ်,အရုပ်တွေရောင်းတယ်။ သူများမရွေးရသေးတဲ့အသစ်တွေ
ကိုယ်ကြိုက်တတ်တာတွေတွေ့ရင်သူတို့ကဖုန်းနဲ့ အသိပေးတယ် ချန်ထားပေးတယ်။ မဖောက်ရသေးတဲ့အသစ်တွေချပြီးunboxingလုပ်ပေးတာမျိုးလဲရှိတယ်။ စျေးနှုန်းဆိုတာသူတို့ စေတနာရှိရင်ရှိသလိုnegotiateလုပ်လို့ရ လျှော့ပေးတတ်တာမို့ စျေးဆစ်တာမျိုးလဲမလုပ်ပါနဲ့လို့။
3️⃣ဘေထုပ်ကိုbrandနဲ့ ကိုယ့်taste (၂)ခုထဲကိုဦးတည်ရွေး!
အဲ့ဒီ(၂)ခုထဲအကြုံးမဝင်ရင်တော့ဘေထုပ်မှမဟုတ်ဘူး
ဘယ်အထည်ဖြစ်ဖြစ်စိတ်ဝင်စားဖို့မကောင်းဘူးပြောရမှာပါ။
Brandရွေးဖို့ပြောတာက သက်တောင့်သက်သာရှိလို့ အရည်အသွေးကောင်းလို့၊ကိုယ့်tasteနဲ့ကိုက်ရင်တော့brand
မဟုတ်လဲဝတ်ပျော်တာပဲ။ များသောအားဖြင့်10kမကျော်ဘူးကိုး။ အနာအဆာ(ဥပမာ -ဇစ်ပြုတ်,ကြယ်သီးပြုတ်)ဆိုရင်လဲ
အရမ်းကြိုက်ရင်ဝယ်ခဲ့ပြီးမှ စက်ချုပ်ဆိုင်မှာပြန်အပ်လို့ရတာပဲ။
4️⃣ဘေထုပ်မှာလဲsaleချတာမျိုးရှိတယ်!
ဘယ်ချိန်တွေမှာချလဲဆို သူတို့ပစ္စည်းတွေရှင်းထုတ်ချင်တဲ့အခါမျိုးပေါ့။ များသောအားဖြင့်ဘေထုပ်ရောင်းသူတွေက သူတို့
ဝယ်ပြီးသားthriftအထုပ်လိုက်ကြီးတွေကိုဂိုထောင်ငှါးပြီး
သိမ်းကြပါတယ်။ အဲ့ဒီမှာဂိုထောင်ငှါးခမတတ်နိုင်တော့တဲ့အခါမျိုးမှာအဲ့မှာသိမ်းသမျှထုတ်ရောင်းတာမျိုး... တစ်ထည်ကို၃၀၀
တစ်ထောင်ဆို ၃ထည်ယူပါဆိုပြီးရောင်းတာမျိုး၊ adminအဲ့ဒီတုန်းကဖဲသားညဝတ်dressရယ် crop topအကောင်းတွေရယ်
၅ထည်ရလာတယ် ။
5️⃣Local thrift marketမှာပဲတွေ့နိုင်မှာလေးတွေရှိတယ်။
ဥပမာနွေရာသီကုန်လို့ဆောင်းဦးရောက်ပြီဆို hoodieတွေjacketတွေအတွက်ရာသီပေါ့။ ဝယ်လို့ကောင်းပြီပေါ့နော်။ ဒါပေမဲ့ကိုယ်ကနွေကုန်ခါနီးမှာကတည်းကကြို
ဝယ်ထားရင်တော့ဆောင်းတွင်းမှာဝယ်တာထက်စျေးတော်တော်
သက်သာပြီးရပါလိမ့်မယ်။ ဘေထုပ်မှာသူတို့အခေါ်အဝေါ်လေး
တွေလဲသက်သက်ရှိသေးတယ်။ ဥပမာHoodieကို “ပိုလိုဘာ”လို့မေးဝယ်မှသိကြတယ်။ “Pullover”ကိုခေါ်တာပါတဲ့😁
တစ်ခါလောက်တော့စမ်းကြည့်သင့်တဲ့thrift huntingပါပဲ။
Thriftထည်တွေမဝတ်ဖူးသေးဘူး စမ်းဝတ်ကြည့်ချင်တယ်
အပြင်မှာလဲမဝယ်ချင်သေးဘူးဆိုရင် အခုonline thrift store
လေးတွေတဖြည်းဖြည်းများလာပါပြီ။ ရောင်းတဲ့သူအများစုက
လူငယ်တွေဖြစ်တဲ့အပြင်thriftကိုတကယ်စိတ်ဝင်စားကြတာမို့
ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တွင်ကျယ်လာဖို့မျှော်လင့်မိတယ်🤍
23/11/2021
မင်မင်နှင့်သူငယ်ချင်းများ ပေါင်းပြီးဆိုင်ဖွင့်သောအခါ 🌚
22/11/2021
Edit : Sold Out 💢
Brand // PIGMENT
Size // Free Size
Colour - White
Code - TKS 004
Price - 3000
22/11/2021
Edit : Sold Out 💢
Brand // abtz
Size // Free Size
Color // Sky Blue
Code // TKS 003
Price - 3000 ✨✨
21/11/2021
Giveaway အတွက် Winner လေးရပါပြီ ❤️
ကံထူးသွားတဲ့ နံပတ်ပိုင်ရှင်လေး Page Chatbox ကိုလာခဲ့ပေးပါခင်ဗျာ 🙏
နောက်လည်း အများကြီးထပ်ဖောက်ပေးမှာဆိုတော့ Page လေးကို
အမြဲစောင့်ကြည့်နေကြနော် 💕
နောက်ခါ Page ရဲ့ Top Fan လေးတွေအတွက် သီးသန့်လာမယ် 🤭
20/11/2021
မနက်ဖြန်ဖောက်ပေးမယ်နော် ကံမစမ်းရသေးသူတွေ ကံစမ်းထားကြပါဗျို့ 🙄
19/11/2021
Out
Brand // Teenie We**ie
Size - FM
Price - 5000 MMK
Code - TKS 002
ဒီတံဆိပ်ကို ဒီစျေးနဲ့ ရတာ မတန်ဘူးပြောရင်
အိမ်ထိလာပြီး မုန့်လာပို့ပါမယ် 🙂
18/11/2021
Giveaway Time 🎊🎉
ဒီ Page လေးပြန် run တဲ့အထိန်းမှတ်ရော ၊
လပြည့်နေ့ အထိန်းမှတ်ရော မင်မင်တို့က လက်ဆောင်ပေးပါမယ် ❤️
ပြထားတဲ့ ဆွယ်တာလည်ဝိုင်းလေး တစ်ထည် လက်ဆောင်ပေးပါမယ်
လုပ်ရမှာက ရှင်းပါတယ် post ကို like လုပ်မယ် ၊ public နဲ့ရှယ်မယ်
ပြီးရင် ဒီအောက်မှာ comments ပေးခဲ့မယ် ဒါပါပဲ 🙄
Sunday ကျရင် comments တွေထဲကတစ်ယောက်ကို
Random picker နဲ့မဲဖောက်ပေးပါမယ် ❤️
Goodluck guys 😍
18/11/2021
Brand // INDIA
Price - 3000 MMK
75% new
Code - TKS 001
Size - Free Size
အရောင်အနေထား ဘာညာ ရှယ်မိုက်မို့ လက်နှေးရင် ကျန်ခဲ့မယ်နော် 🤓
17/11/2021
Winter လည်းရောက်ပြီ ...
အေးလည်းအေးလာပြီဆိုတော့ Sweater လှလှလေးတွေ
ထုတ်ဝတ်ဖို့အချိန် တန်ပါပြီ
(အက်ဒမင်က အေးတယ်ဆိုအေးလိုက်ပါ မရှည်ပါနဲ့ 🌚 )
ဆိုတော့ sweater လှလှလေးတွေကို Thrift စျေးစစ်စစ်နဲ့ရောင်းပေးပါမယ်
တစ်မျိုးကို တစ်ထည်စီပဲရှိလို့ ကြိုက်ရင်မြန်မြန်တော့ ယူမှရမယ်နော် 🙀
မနက်ဖြန် စ ရောင်းပေးပါမယ်
Stay tuned guys ❤️
Click here to claim your Sponsored Listing.
Category
Website
Address
Yangon