Fortune Flower
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fortune Flower, Comedian, Yankin, Yangon.
လူကလေးရဲ့တစ်နေတာ 😅 စောစောထ Facebook သုံး
25/04/2026
တစ်နေ့တာလုံး အလုပ်တွေရှုပ်၊ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က အရမ်းအရေးကြီးပါတယ်။ အရည်အသွေးရှိတဲ့ အိပ်စက်ခြင်းကို ပိုင်ဆိုင်ပြီး နောက်တစ်နေ့မှာ လန်းဆန်းနေစေဖို့ မအိပ်ခင်မှာ ဒီအချက် ၅ ချက်ကို ကျင့်သုံးကြည့်ပါ -
၁။ Screen Time လျှော့ချပါ (Digital Detox): မအိပ်ခင် အနည်းဆုံး မိနစ် ၃၀ ခန့် ဖုန်း၊ ကွန်ပျူတာကြည့်တာကို ရပ်တန့်ပါ။ ဖုန်းထဲက ထွက်လာတဲ့ Blue Light က အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဖုန်းကြည့်မယ့်အစား စာအုပ်ဖတ်တာမျိုး ပြောင်းလုပ်ကြည့်ပါ။
၂။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ (Relaxation): တစ်နေ့တာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ၄-၇-၈ အသက်ရှူနည်း (၄ စက္ကန့် ရှူသွင်း၊ ၇ စက္ကန့် အောင့်ထား၊ ၈ စက္ကန့် ရှူထုတ်) ကို ပြုလုပ်ပေးပါ။ ဒါက ဦးနှောက်ကို အနားပေးဖို့ အချက်ပေးလိုက်တာပါပဲ။
၃။ နောက်တစ်နေ့အတွက် ပြင်ဆင်ပါ (Plan Ahead): မနက်ကျရင် ဘာလုပ်မယ်၊ ဘာဝတ်မယ်ဆိုတာမျိုးကို ကြိုတင်စဉ်းစားထားတာ ဒါမှမဟုတ် To-do list ရေးထားတာက ညဘက်မှာ စိုးရိမ်စိတ်တွေကြောင့် အိပ်မပျော်တာမျိုးကို သက်သာစေပါတယ်။
၄။ ပတ်ဝန်းကျင်ကို သန့်ရှင်းအေးမြပါစေ (Environment): အိပ်ခန်းအပူချိန်က အေးမြနေဖို့နဲ့ အလင်းရောင် မှောင်နေဖို့ လိုအပ်ပါတယ်။ သန့်ရှင်းတဲ့ အိပ်ရာခင်းနဲ့ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်က သင့်ကို ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။
၅။ စိတ်ကျေးဇူးတင်ခြင်းကို ကျင့်သုံးပါ (Gratitude): ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ကောင်းတဲ့အချက် ၃ ချက်ကို ပြန်တွေးပြီး ကျေးဇူးတင်ပါ။ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်နဲ့ အိပ်စက်ခြင်းက စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
11/09/2025
ကျွန်မဖေဖေက မိန်းမချစ်တဲ့သူလို့ အများသိထားကြပေမယ့် ကျွန်မ မင်္ဂဆောင်ပြီးတဲ့ နောက်တစ်နေ့မှာပဲ မေမေနဲ့ ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်ပါတယ်။
ကျွန်မ မင်္ဂလာရက် ဒုတိယနေ့မှာ ဖေဖေဟာ မေမေ၊ ကိုကိုနဲ့ ကျွန်မတို့ကို ခေါ်ပြီး "ငါ ကွာရှင်းချင်တယ်" လို့ တည်တည်ငြိမ်ငြိမ် ပြောပါတယ်။
ဖေဖေ့စကားကြားတာနဲ့ ကျွန်မတို့
ရုတ်တရက် မှင်သက်သွားကြတယ်။
မေမေ့မျက်နှာပေါ် ရှက်ရိပ်၊ ဝမ်းနည်းရိပ်တွေ ဖြတ်စီးသွားတယ်။ ဖေဖေက " ငါပင်ပန်းနေပြီ... အခု မင်းတို့လည်း အိမ်ထောင်ကျကုန်ပြီဆိုတော့ လက်ကျန်အချိန်လေးမှာ ငါ့အတွက် ငါရှင်ချင်သေးတယ်"လို့ ပြောတယ်။
မေမေက မာနတစ်ခွဲသားနဲ့ "ကွာဆိုလည်း ကွာပေါ့... အိမ်က ပစ္စည်းဥစ္စာတွေက ကျွန်မ ရှာထားတာတွေပဲ... တစ်ပြားတစ်ချပ်မှ ရဖို့ မစဉ်းစားနဲ့" လို့ ဒေါသတကြီးအော်တယ်။ ဖေဖေက ဘာမှမပြောဘဲ ခေါင်းညိတ်လို့သာ နေတယ်။
တစ်ပတ်အကြာမှာ ကွာရှင်းစာချုပ် ယူပြီး ဖေဖေ ရွာပြန်သွားတယ်။ လွတ်လပ်မှုက လွဲပြီး သူ ဘာမှ ယူမသွားဘူး။
🔸
တစ်ချိန်တုန်းက ဖေဖေ့ကို မေမေ စပိုးပန်းခဲ့တာပါ။ တက္ကသိုလ်တက်တုန်းက ဖေဖေက ဆင်းရဲပေမယ့် ရုပ်ချောတယ်၊ အရည်အချင်းရှိတယ်။ မေမေ့မိသားစုက ချမ်းသာတယ်။ ဖေဖေ့ကို မေမေက နေရောင်ခြည်လို အမြဲနွေးထွေးမှုပေးတယ်။
ကျောင်းပြီးတော့ လူကြီးမိဘတွေ ကန့်ကွက်တာကြောင့် နှစ်ယောက်သား နာနာကျင်ကျင် လမ်းခွဲလိုက်ကြတယ်။ ရထားနဲ့ ထွက်သွားတဲ့ ဖေဖေ့နောက် မေမေ ငိုပြီး အပြေးလိုက်တယ်။ ဖေဖေက နောက်ဘူတာမှာ ဆင်းပြီး မေမေ့ဆီ အပြေးပြန်လာတယ်။ ဒီနောက်ပြန်အလှည့်က ဘဝတစ်ဝက်စာလောက် ဖြစ်သွားတယ်။
လက်ထပ်ပြီးနောက် အဘိုးအဘွားက မေမေကို အိမ်နဲ့ကား ဝယ်ပေးတယ်။ ဖေဖေက ဒီဇိုင်းသုတေသနဌာနကို ဝင်ခွင့်ရတယ်။ ကိုကို့ကို မွေးတော့ ကလေးထိန်းငှားတာ အဆင်မပြေခဲ့ဘူး။ တစ်နေ့မှာ ကိုကို အသည်းအသန်ငိုတယ်...ကလေးထိန်းက သူ့ဖုန်းနဲ့ပဲ အလုပ်များနေတယ်။ ဒါကို ဖေဖေတွေ့တော့ ကလေးထိန်းကို ချက်ချင်း အလုပ်ထုတ်ပစ်ပြီး သူပဲ ကလေးထိန်း လုပ်တော့တယ်။
ကျွန်မကို မွေးတော့ ဖေဖေ အလုပ်ပိုများလာတယ်။ အနှီးလဲရ၊ အိမ်စာကူလုပ်ရ၊ မိဘအစည်းအဝေးတက်ရနဲ့ နေ့မအား ညမအား ဖြစ်တော့တယ်။
မေမေကလည်း သူ့အလုပ်နဲ့သူ မအားဘူး။ ကျွန်မတို့မှတ်ဉာဏ်ထဲမှာ မေမေဟာ "ပိုက်ဆံပေးသူ" လို့ပဲ ကျွန်မတို့ သိထားတယ်။
ကျွန်မဆယ်နှစ်အရွယ်မှာ အဘိုးအပြင်းဖျားတယ်။ မေမေက စက်ရုံအလုပ် တာဝန်ယူရလို့ အဘိုးကို ပြုစုစောင့်ရှောက်တဲ့ တာဝန်က ဖေဖေ့တာဝန်ဖြစ်သွားတယ်။ အဘွားက "သူက အားနေတဲ့လူပဲ" လို့ ပြောတယ်။
၂ နှစ်အကြာ အဘိုးလေဖြတ်ပြီး လုံးဝမလှုပ်နိုင်တော့ ထမင်းခွံ၊ ကျင်ကြီး ကျင်ငယ်စွန့်၊ ရေပတ်တိုက်တာတွေ ဖေဖေပဲ လုပ်တယ်။ နောက်ဆုံး ဖေဖေ အရိုးအဆစ်ရောင်ရောဂါ ရပြီး တူကိုင်ရင်တောင် လက်တုန်တယ်။
ဒါကို တစ်အိမ်သားလုံး အလေးအနက် မထားကြဘူး။ ဒီအလုပ်က ဖေဖေ လုပ်သင့်လုပ်ထိုက်တယ်ပဲ ထင်ခဲ့ကြတယ်။
ပုန်ကန်တဲ့အရွယ်မှာ မေမေနဲ့ ကျွန်မတို့ မကြာခဏ ငြင်းခုံစကားများကြတယ်။ ဖေဖေက ကျွန်မတို့ကို ခေါ်ပြီး မေမေ့အလုပ် လိုက်ပြတယ်။ တောထဲက ဆင်းရဲသားလေးတွေကို လိုက်ပြတယ်။
"မေမေ အလုပ်ကြိုးစားလုပ်နေတာဟာ သမီးတို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင်လို့... သူက သမီးတို့အပေါ် နည်းမှန်လမ်းမှန် မလုပ်တတ်လို့ပါ" လို့ ဖေဖေပြောတယ်။ မိသားစုမျှတမှုကို ဖေဖေ အမြဲ ကာကွယ်ခဲ့တယ်။
မေမေ့အပေါ် ဖေဖေ အကြင်နာပိုခဲ့တယ်။ မေမေ အိမ်ပြန် ဘယ်လောက်ပဲ နောက်ကျနေပါစေ မီးဖိုထဲမှာ ဟင်းရည်နွေးနွေး အမြဲရှိတယ်။ မေမေ ရေချိုးရင် အဝတ်အစားတွေ သူ ကူယူပေးတယ်။ မေမေဖျားရင် ခြေဆုပ်လက်နှယ် သူပြုစုတယ်။
ဒါဟာ ဖေဖေ့စိတ်တိုင်းကျလို့ လူတိုင်းထင်နေခဲ့တာကြောင့် ကွာရှင်းဖို့ ဖေဖေပြောလာတဲ့အခါ ကျွန်မတို့ လက်မခံနိုင်ဖြစ်ကြတယ်။
🔸
ဖေဖေမရှိတဲ့နောက် မေမေ့နေ့ရက်တွေ ရှုပ်ယှက်ခတ်သွားတယ်။ အဲဒီနှစ် ဆောင်းအဝင်မှာပဲ အဘွားအဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ရတယ်။ မေမေက နေ့ဘက်အလုပ်လုပ် ညဘက် အဘွားကို စောင့်ရှောက်နဲ့ နေ့မအား ညမအား ဖြစ်တော့တယ်။
ပင်ပန်းလွန်းလို့ မေမေရောဂါဟောင်း ပြန်ထတယ်။ ဦးလေးနဲ့ ဒေါ်လေးက တစ်ယောက်ကိုတစ်ယောက် လွဲချတယ်.. "အရင်တုန်းက ခဲအိုက အပြုအစုသိပ်ကောင်းတယ်"။ အဲဒီအချိန်ကျမှ အဘွားနောင်တရပြီး မေမေကို ဖေဖေနဲ့ ပြန်ပေါင်းဖို့ စည်းရုံးကြည့်လို့ ကျွန်မဆီ ဖုန်းဆက်ပြောတယ်.. " နင့်အမေကတော့ နင့်အဖေမရှိရင် အခက်တွေ့လိမ့်မယ်"
နှစ်သစ်ကူးခါနီး အဘွား ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားတယ်။
မေမေ တော်တော်နာကျင်ခံစားရပြီး ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးရာထူးကနေ နှုတ်ထွက်လိုက်တယ်။ ခြောက်လအကြာမေမေ စိတ်ကျရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိလိုက်တယ်။
နေထိုင်မှုစွမ်းရည် မေမေကျရှုံးလာတယ်။ မေမေ ထမင်းဟင်းချက်တာ အိမ်မီးလောင်ခါနီးပဲ။ သူ နေပျော်မနေတော့ဘူး။ သားနဲ့ ချွေးမကလည်း ကလေးရှိတော့ ကိုယ်ခွဲမရှိဘူး။ ကျွန်မက အဝေးမှာ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိနေတော့ မေမေဟာ တကယ်ပဲ တစ်ယောက်တည်းဖြစ်နေတော့တယ်။
တစ်နှစ်တောင် မကြာဘူး မေမေရုပ်ကျသွားတယ်။ ကျွန်မအိမ်ပြန်ချိန် ညနက်သန်းခေါင်မှာ ဓာတ်ပုံဟောင်းတွေ ထုတ်ကြည့်ပြီး မေမေငိုနေတာ ကြားခဲ့ရတယ်။ မေမေ နောင်တရနေပါပြီ... မိသားစုတစ်စုလုံး ဖေဖေ့ပေးဆပ်မှုကို ခံယူပြီး ဖေဖေ့ကို အမှန်တကယ် မလေးစားခဲ့ကြဘူး။
ကွာရှင်းပြီး ဒုတိယနှစ် ဆောင်းနေ့မှာ မေမေ ကြောင်တောင်တောင်နဲ့ လမ်းဖြတ်ကူးလို့ ကားတိုက်ခါနီးဖြစ်ခဲ့တယ်။ အိမ်နီးချင်းတွေက သူရက်အတော်ကြာ အိမ်ထဲအိမ်ပြင် မထွက်ဘူးလို့ ပြောတယ်။ ကိုကိုနဲ့ ကျွန်မ ဖေဖေ့ကို မရရအောင် သွားရှာတော့တယ်။
သတင်းကြားတာနဲ့ ဖေဖေ ချက်ချင်း ရောက်လာတယ်။ မေမေက ဖေဖေကို တွေ့တာနဲ့ လက်မောင်းဖက်ပြီး ငိုတယ်။ ဖေဖေလည်း မျက်ရည်အဝဲသားနဲ့.. "ဘာမဖြစ်ဘူး.. ဘာမဖြစ်ဘူး.. ကိုယ်ရှိနေပြီနော်" လို့ ဆိုတယ်။ ဖေဖေက မေမေကို သူနေတဲ့ တံငါရွာလေးဆီ ခေါ်သွားလိုက်တယ်။
နွေရာသီရောက်လို့ သူတို့ဆီ ကျွန်မသွားလည်တော့ မေမေ့အသား ညိုမည်းသွားပေမယ့် စွမ်းအင်အပြည့် ဖြစ်နေတယ်။ မျက်လုံးအရောင် တောက်နေတယ်။ ကျွန်မတို့စားဖို့ ထမင်းဟင်းကို သူ ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်တယ်။ တစ်ချိန်တုန်းက ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ခဲ့တဲ့ သူဌေးသမီးနဲ့ တခြားစီပါပဲ။
"အရင်တုန်းက မေမေကို ဖေဖေက ပိုးမွေးသလို မွေးခဲ့တာလေ.. ခုတော့ သူနဲ့အတူ အိမ်မှုကိစ္စလုပ်၊ သက်ကြီရွယ်အိုတွေကို ပြုစုတယ်" လို့ ဖေဖေက ပြောတယ်။
ဒီမိသားစုဟာ အဖေ့ရဲ့ ပံ့ပိုးကူညီမှုအောက် ခွဲထွက်လို့ မရဘူးဆိုတာ မေမေနားလည်သွားတယ်။ အရင်တုန်းက စိတ်တိုင်းကျ မေမေ နေထိုင် လုပ်ကိုင်နိုင်တာဟာ သူ့နောက်ကွယ်မှာ ဖေဖေက အရာရာကို ပခုံးထမ်းထားလို့ ဖြစ်တယ်။
"ဒီကိုရောက်မှ သမီးဖေဖေ ပင်လယ်စာကြိုက်မှန်း မေမေသိတယ်။ မေမေက ပင်လယ်စာနဲ့ မတည့်လို့ အိမ်ထောင်ကျတဲ့တစ်လျှောက် ထမင်းစားပွဲမှာ ပင်လယ်စာ မတွေ့ခဲ့ဘူး" မေမေက မျက်ရည်အဝဲသားနဲ့ ဖေဖေ့ကို "ကျွန်မအလိုကို လိုက်ခဲ့သမျှ ကျေးဇူးတင်ပါတယ်နော်.. နောင်ဘဝရှိရင် ရှင့်ကိုတစ်လှည့် ကျွန်မ ပြုစုစောင့်ရှောက်ပါရစေ" လို့ ပြောတယ်။
ဖေဖေ့မျက်ဝန်းလည်း အရည်လဲ့နေတယ်။ သူလည်း တစ်ချိန်က ရည်မှန်းချက်တွေ ရှိခဲ့ပေမယ့် မွေးရပ်မြေကို ခွာပြီး မိသားစုတစ်ခုလုံးအတွက် ပေးဆပ်ခဲ့တယ်။
ပေးဆပ်တာက ကြောက်စရာမကောင်းပါဘူး.. ကြောက်စရာကောင်းတာက အဲဒီပေးဆပ်မှုကို မမြင်၊ တန်ဖိုးထားမခံရတာပါ။ ဖေဖေဟာ အေးစက်နာကျင်တဲ့ နှလုံးသားနဲ့ ထွက်ခွာခဲ့ပြီး လက်ကျန်ဘဝကို သူရွေးချယ်တဲ့ လမ်းအတိုင်း ဖြတ်သန်းနေခဲ့တယ်။ ဒါပေမဲ့ မေမေလိုအပ်လာချိန်မှာတော့ တုံ့ဆိုင်းမနေဘဲ ပြန်လှည့်လာခဲ့တယ်။
ဖေဖေရဲ့ ပေးဆပ်အနစ်နာခံတာကို နောက်ဆုံးမှာ ကံကောင်းစွာနဲ့ မေမေနားလည်သွားတယ်။ ပြန်လည်ပေးဆပ်ဖို့၊ တန်ဖိုးထားဖို့ကိုလည်း သင်ယူနိုင်သွားတယ်။
နှလုံးသားနှစ်ခု နီးကပ်လာတဲ့အခါ အချင်းချင်း နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုကလည်း ရှိလာတယ်။ ဒီလိုဆိုရင် လက်ကျန်ဘဝဟာ မိုးလေကင်းပြီး ချမ်းမြေ့သာယာနေမှာဖြစ်ပါတယ်။
(( ဖတ်မိတဲ့ စာတစ်ပုဒ်.. ဘာသာပြန်မျှဝေပါတယ် ))
💌
#နိုင်းနိုင်းစနေ
11/09/2025
မွေးနေ့မှာ ပုံလှလှလေးတွေရိုက်ကြမယ်
10/09/2025
ပုံအမိုက်စားလေးတွေ ရိုက်လို့ရအောင် တင်ပေးထားတယ်နော် 🤍
24/12/2024
Birthday Photoshoot Ideas 💡
15/12/2024
Minimalist Tattoo Ideas 🖤💫
14/12/2024
I want this hair color 🤎💫
13/12/2024
Couple Photoshoot 📸
Click here to claim your Sponsored Listing.
Category
Website
Address
Yankin
Yangon