3Stars

3Stars

Share

အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင် အ၇ိုး အကြော အဆစ်နှင့် ပြန်လည်သန်စွမ်းေ၇းဆိုင်၇ာ အထောက်အကူပြု ပစ္စည်း အားလုံး တနေ၇ာတည်းတွင

21/03/2024

"ကိုယ်ကျန်းမာခြင်းဟာ စိတ်ကျန်းမာခြင်းနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်တဲ့"✅

"A Healthy Outside Starts From The Inside"❤️

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

#လေဖြတ်ခြင်း
#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

Photos from 3Stars's post 14/03/2024

#ဒူးခေါက်ကြောနာ

ဒူးခေါက်ကြောရောင်ရောဂါ ဖြစ်တဲ့ (Baker's cyst)အကြောင်းသိကောင်းစရာ…🦵

Baker's cyst ဆိုတာဘာလဲ…❓

Baker's cyst ဆိုတာ ဒူးခေါင်းအနောက်ဖက်မှာ အရည်အိတ်တည်တာကိုခေါ်တာပါ….❗

📌ဒူးအနောက်ဖက်မှာ ရောင်နေမယ်။
📌ဒူးခေါင်းကွေးရင်တင်းနေမယ်၊ နာနေမယ်။
📌တခါတလေမှာ ခြေသလုံးကြွက်သားထဲအထိတင်းနေတတ်ပါတယ်။

👉ဒီ Baker cyst ဖြစ်စေတဲ့အကြောင်းအရင်းကတော့ ဒူးဆစ်နာရောဂါအမျိုးမျိုး(ဒူးကျီးပေါင်း၊ သွေးလေးဖက်နာ )၊ ဒူးခေါင်းထဲက အရိုးနုပြားပြဲတာ(meniscal tear) တွေကနေတဆင့် ဒူးခေါင်းထဲကအရည်ဟာ ဒူးခေါက်ကွေးထဲလာစုပြီးဖြစ်တာဖြစ်ပါတယ်ခင်ဗျာ….

အမျိုးသားအမျိုးသမီးကွဲပြားမှုမရှိပဲ အတူတူဖြစ်နိုင်ချေပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေပိုများလာပါတယ်ခင်ဗျာ…

အသက် ၃၁ မှ ၆၀ အတွင်းလူတွေမှာ ၂၆% ဖြစ်နိုင်ခြေရှိပြီး အသက် ၅၁ မှ ၉၀ အတွင်းလူတွေမှာတော့ ၅၃% အထိ ဖြစ်နိုင်ခြေရှိပါတယ်ခင်ဗျာ….

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

Drop Splint
#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

13/03/2024

👉လေဖြတ်တဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာဘဝရဲ့ အခွင့်အရေးတွေအားလုံးဆုံးရှုံးသွားနိုင်ပါတယ်....

✅ကိုယ်ခန္တာထဲက လှုပ်ရှားမှုတွေကအစ လွတ်လပ်စွာလှုပ်ရှားမှုးတွေကို ပိတ်ပင်ခံရတဲ့ လေဖြတ်ခြင်းဝေဒနာဆိုတာ လူတိုင်းမဖြစ်ချင်တဲ့ ဝေဒနာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ...

ဒီနေ့မှာတော့ လေမဖြတ်ခင်ဖြစ်လေဖြစ်ထရှိတတ်တဲ့ ကြိုတင်ရှေ့ပြေးနိမိတ်တွေကို ကြိုတင်ကာကွယ်သိရှိနိုင်အောင် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ...💁

လေဖြတ်နိုင်တယ်လို့ ပြတဲ့ ရှေ့ပြေးလက္ခဏာ(၁၀)ချက်

📌ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက် ခြင်း၊ မကြာ ခဏ မူးဝေခြင်းတွေဖြစ်မယ်..

📌ခြေ လက် တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်းတွေကိုခံစားရမယ်..

📌မျက်ခွံနှင့် မျက်နှာကြွက်သား တို့ ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက် ၍ တဆတ်ဆတ် လှုပ်ခြင်းဖြစ်မယ်..

📌မကြာ ခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေမယ်..

📌ညအိပ်ချိန် လက်တွေ‌၊ခြေထောက်တွေကျဉ် ထုံခြင်း ပြီးလန့်နိုးမယ်..

📌 ဆီး အနီရောင် စသွားလာမယ်...

📌 ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊ မကြာ ခဏ လွတ်ကျ တတ်တာတွေဖြစ်လာမယ်..

📌ဘယ်ဘက် လက် ကိုက်ခဲပြီး လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ စဆွဲလာမယ်..

📌အမျိုးသား များ အသက် ၄၅-နှစ်ကျော် လျှင် ရက်ရှည် ခြေ,လက် ထုံ ကျဉ်ခြင်းတွေဖြစ်မယ်..

📌အမျိုးသမီး များ သွေးဆုံးချိန် တွင် ခြေ,လက် များ ထုံကျဉ်ခြင်း လက်ညှိုး၊ လက်ခလယ် ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်းတွေဖြစ်လာမယ်...

📌နောက်ဆုံးအချက်အနေနဲ့ကတော့ ရေခဏ‌လေးချိုးတာတောင် မျက်စိ များ ကြာမြင့် စွာ နီရဲခြင်းတွေဖြစ်လာမယ်...

စတာတွေဖြစ်လာပြီးဆိုရင် ကြိုတင် သိရှိပြီး ၊ ကြိုတင်ကာကွယ်နိုင်ရန် ကျွန်တော်တို့ 3 starsမှ ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ...မိတ်ဆွေတို့ အားလုံး လေဖြတ်ခြင်းဝေဒနာမှကင်းဝေးနိုင်ပါစေခင်ဗျာ...🙏

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

#လေဖြတ်ခြင်း
#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

Photos from 3Stars's post 12/03/2024

ခါးနာတယ်ဆိုတာက လူကြီးလူငယ်မရွေး ၊ လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှုတစ်မျိုးပါ....🧑‍⚕️

🧑‍🦱လူငယ်ဖြစ်လို့ ခါးမနာဘူးဆိုတာမရှိပါဘူး...ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်...

နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်....
📌အချိန်အကြာကြီးထိုင်ပြီးအလုပ်လုပ်ရတာ
📌ကွန်ပြူတာရှေ့ ခါးကုန်းပြီးတနေကုန်ထိုင်နေရတာ
📌ရုတ်တရက်အလေးအပင် မလိုက်မိတာတွေက ခါးနာခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်နေတတ်ပါတယ်...

အရမ်းဆိုးဝါးတဲ့အခြေမဟုတ်ဘူးဆိုရင် မိမိပြုလုပ်နေကြအလေ့အကျင့်လေးတွေကို ပြောင်းလဲကျင့်သုံးရုံနဲ့ အိမ်မှာပဲ ခါးနာခြင်းဝေဒနာကို သက်သာပျောက်ကင်းအောင်ကုသနိုင်ပါတယ်ခင်ဗျာ...💁

👉ဘယ်လိုနေထိုင်မှုပုံစံလေးတွေပြောင်းရမလဲဆိုတာကို အောက်မှာပုံတကွဖော်ပြထားတာကြောင့် တစ်ပုံချင်းစီကြည့်ဖို့ လိုအပ်ပါတယ်....

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

11/03/2024

ဖနောင့်အကြော ပြတ်ခြင်း...🦶

ဖနောင့်အကြောပြတ်တယ်ဆိုတာ အချိန်မရွေး ၊နေရာမရွေးဖြစ်ပွားတတ်ပါတယ်.... အလွန်သန်မာတဲ့ လူတစ်ယောက်ပဲဖြစ်နေပါစေ မတော်တဆ ထိခိုက်မှုသေးသေးလေးတစ်ခုကြောင့် ဖနောင့်အကြောကပြတ်သွားနိုင်ပါတယ်...💁

ထိခိုက်မိလို့ ပြတ်တာကသိပ် မထူးဆန်း‌ပေမယ့်မထိခိုက်မိပဲလည်း ပြတ်တတ်တာကတော့ တကယ်သတိထားစရာပါပဲခင်ဗျာ....

မထိခိုက်မိပဲဘယ်လို အခါမျိုး ပြတ်တတ်ပါသလဲဆိုရင်...

👉ပိတ်ရက်မှာ လေ့ကျင့်ခန်း လုပ်တဲ့သူတွေ အားမှ ကစားတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်...

📌ပုံမှန်လေ့ကျင့်နေကျမရှိပဲ ...ရုတ်တရက် ပြင်းပြင်းထန်ထန် အားကစား
လုပ်မိတဲ့အခါ မျိုးတွေ

📌ရုတ်တရက် အားနဲ့ ခြေထောက်ကို
တအား ကုပ်ချလိုက်တာမျိုးတွေ

📌တအား ကော့လိုက်တာမျိုးတွေ

စတာတွေကလည်း မထိခိုက်မိပဲ ဖနောင့်အကြောပြတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်ခင်ဗျာ....

ဒါကြောင့် ရုတ်တရက် ခြေထောက်အပေါ် ဖိအားပေးအားကစားပြုလုပ်တာ‌မျိုးတွေ ၊ အမြင့်ကနေရုတ်တရက်ခုန်ချတာမျိုးတွေကို ရှောင်ကြဉ်ဖို့ ကျွန်တော်တို့ 3 starsမှ သတိပေးတင်ပြလိုက်ရပါတယ်ခင်ဗျာ...

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

Drop Splint
#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

07/03/2024

လူကြီးမိဘတွေ အဆစ်‌တွေပိုကိုက်ရတဲ့ အကြောင်းရင်းများ...

📌သွေးလည်ပတ်မှု မကောင်းခြင်း
📌လေ့ကျင်ခန်းပုံမှန်မလုပ်ခြင်း
📌လေထုဖိအား နည်းသွားခြင်း
📌ရိုးတွင်းခြင်ဆီ ပျစ်လာခြင်း
📌ရေအေးများဖြင့်ရေချိုးမိခြင်း
📌နဂိုအဆစ်နားတွင်ထိခိုက်ဒဏ်ရာရှိထားခြင်းတို့ကြောင့်ဖြစ်ပါတယ်...

ဒါကြောင့် ဒီအချက်တွေကို သတိထားပြီး ခြေထောက်များကိုနွေးထွေစွာ ဝတ်ဆင်ထားပြီး....

ပေါ့ပါးတဲ့‌ ခြေထောက်လေ့ကျင့်ခန်းများကို ပြုလုပ်ပြီး ကျန်းမာရေးဂရုစိုက်ကြဖို့ သတိပေးလိုက်ရပါတယ်ခင်ဗျာ...

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

Photos from 3Stars's post 06/03/2024

Foot Drop Splint ဆိုတာဟာ လမ်းသေချာမလျောက်နိုင်တဲ့သူတွေအတွက် အားကိုးရာတစ်ခုပါပဲ...

✅ကိုယ်တခြမ်း လေဖြတ်ခြင်း (Hemiplegia of foot)
✅Accident ဖြစ်၍ အာရုံကြောထိခိုက်မိခြင်း( Nerve injury of foot)
✅ခြေဖမိုး နှင့် ခြေကျင်းဝတ်ကျိုးခြင်း ၊အက်ခြင်း (Ankle, Forefoot fracture)
✅ခွဲစိတ်ပြီးခါစအခြေအနေများ (Post-operative Care)
✅Ankle Plantar flexion contracture

📌အစရှိတဲ့ အခြေအနေ‌ တွေမှာ အသုံးပြုနိုင်တဲ့ ကျန်းမာရေးအထောက်ကူပြု ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ....

📌ဒီ Foot Drop Splintလေးကို လူကြီးအတွက်၊ ကလေးအတွက် ဆိုဒ်မျိုးစုံကို ကျွန်တော်တို့ 3 starsမှာ ရွေးချယ်ဝယ်ယူနိုင်ပါပြီခင်ဗျာ...

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

Drop Splint
#အရိုးအကြောနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

02/03/2024

ယနေ့ကျရောက်တဲ့ ၆၂ ကြိမ်မြောက် တောင်သူလယ်သမားနေ့မှာ မြေပြန့်ဒေသ ၊ တောင်ပေါ်ဒေသ နဲ့နေရာမျိုးစုံ မှာ ရှိကြတဲ့ တောင်သူလယ်သမများနဲ့ ၊ လယ်သမားဦးကြီးများအား ကျန်းမာပြီးချမ်းသာကြပါစေလို့ ကျွန်တော်တို့ 3 Stars မှ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်ခင်ဗျာ…

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

အသေးစိတ်သိရှိလိုပါက...

#အရိုးအကြောနှင့်ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

Photos from 3Stars's post 28/02/2024

ကိုယ့်ရဲ့ လက်မအကွေးအဆန့် လုပ်တဲ့အခါနာကျင်နေပါသလား...❓

💁လက်ကိုလှုပ်ရှားလိုက်တဲ့အခါ တိုင်းလက်ကောက်ဝတ်နဲ့လက်မကြားထဲမှာ မခံမရပ်နိုင်အောင်နာကျင်တာမျိုးဖြစ်နေပြီဆိုရင်....

🛡️လက်မနာကျင်ခြင်းကိုဖြစ်ပေါ်စေတဲ့ ( De Quervain Tenosynovitis) လို့ခေါ်တဲ့ လက်မနဲ့ လက်ကောက်ဝတ်ကြား ဆက်သွယ်ပေးထားတဲ့ အရွတ်လွှာ ရောင်ရမ်းလာခြင်းကြောင့်ပဲဖြစ်ပါတယ်...

ဒီလက်မနာခြင်ခြင်းရဲ့ လက္ခဏာတွေကတော့..

📌လက်ကောက်ဝတ်အရင်း လက်မကြားမှာ မခံမရပ်နိုင်အောင်နာကျင်ခြင်း။
📌လက်မအကွေး အဆန့်ခက်ခဲခြင်း။
📌လက်မနေရာမှာ ကြွက်သားများ တင်းနေတတ်ခြင်း၊ ခဲနေတတ်ခြင်း၊ ရောင်နေတတ်ခြင်း၊
📌 လက်ကောက်ဝတ်နဲ့ လက်မတစ်လျောက် ပူသလို ခံစားချက်ဖြစ်ခြင်း၊
📌လက်သီးဆုပ်လိုက်တိုင်း နာကျင်ခြင်း စတာတွေဖြစ်ပေါ်လာနိုင်ပါတယ်....

ဒီလိုဖြစ်ပေါ်လာပြီဆိုရင် အရိုး အကြောအဆစ် နားလည်တဲ့ အထူးကုဆရာဝန်ကြီးများနှင့် ပြသကာ...

✅ဆေးဝါးကုသမှု့များခံယူခြင်း
✅ Physiotherapist အကြောအဆစ်ကုပညာရှင်များနှင့်ပြသခြင်း
✅ စက်များ၊ လေ့ကျင့်ခန်းကုသမှု့များနှင့် စနစ်တကျပျောက်ကင်းအောင် ကုသခြင်း
✅လက်ကို အနားပေးခြင်း
✅ရောင်ရမ်းနေလျင် ရေခဲအိတ်ကိုကပ်ခြင်း
✅လက်ကောက်ဝတ်လှုပ်ရှားမှု့ဖြစ်စေသော အပြုအမူများ ရှောင်ရှားခြင်း
✅ဆရာဝန်ညွှန်ကြားထားသော လက်ကောက်ဝတ် Support ကို ဝတ်ဆင်ခြင်းတို့ဖြင့် စနစ်တကျပျောက်ကင်းအောင်ကုသနိုင်ပါတယ်ခင်ဗျာ..

အရိုးအကြောအဆစ် ဝေဒနာများပျောက်ကင်းပြီး ကျန်းမာသောဘဝ ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ 3stars မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်‌ဗျာ...🙏

✅ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

အသေးစိတ်သိရှိလိုပါက...

bi hinged knee brace

#အရိုးအကြောနှင့်ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

27/02/2024

ချမ်းသာခြင်းထက် ကျန်းမာခြင်းကပိုအရေးကြီးပါတယ်...

"HEALTH IS THE GREATEST GIFT"

📌ကျန်းမာရေး မကောင်းရင်
ရရှိလာတဲ့အခွင့်ရေးတွေအားလုံး ဆုံးရှုံးရတယ်...

📌ကျန်းမာရေး မကောင်းရင်
ပညာတွေများစွာ တတ်ထားပေမယ့်
ထင်သလောက်မစွမ်းဆောင်နိုင်ဘူး...

📌ကျန်းမာရေး မကောင်းရင်
ပိုက်ဆံတွေ
ထားစရာမရှိအောင်ပေါနေရင်တောင်
စည်းစိမ်ချမ်းသာကို အပြည့်၀မခံစားရဘူး...

လူ တစ်ချို့က
ပိုက်ဆံရှိဖို့အဓိကပဲဆိုပြီးတော့

ကျန်းမာရေးကို မေ့လောက်အောင်
ပိုက်ဆံနောက် လိုက်ကြတယ်...

ကျန်းမာရေး မကောင်းလာတော့
ရှာထားတဲ့ ပိုက်ဆံတွေဟာ

ကိုယ်လည်း သုခ မခံစားရပဲ
ရောဂါကုသဖို့ ဖြစ်ရတယ်...

✅ကိုယ့်ကျန်းမာရေးကောင်းနေရင်
ကျန်းမာရေးကို လိုက်စားပါ...ပြီးမှ ငွေရှိဖို့နောက်လိုက်ပါ၊

✅ကျန်းမာရေးကောင်းခြင်းဟာ
သူတော်ကောင်း တရားတွေလည်း
ကျင့်ကြံအားထုတ်နိုင်ဖို့ အတွက်လည်းအထောက်အကူပေးပါတယ်...

✅ကျန်းမာရေး အခြေနေကြောင့်
စိတ်သွားတိုင်း ကိုယ်မပါတော့ရင်
ဘ၀ဟာ သေလူနဲ့ အတူတူပါပဲ...

ဒါကြောင့် ရဖို့ ရှိဖို့တွေထက်
ကျန်းမာရေးကောင်းဖို့ ပိုဦးစားပေးပါတွေးပါ...

👉"အာရောဂျံ၊ ပရမံ၊ လာဘံ"
"ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ"

ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

အသေးစိတ်သိရှိလိုပါက...

#ကျန်းမာရေးဗဟုသုတ

#အရိုးအကြောနှင့်ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

Photos from 3Stars's post 26/02/2024

👉Elbow Crutch ဆိုတာ ခြေတစ်ဖက်ဖြစ်စေ၊ နှစ်ဖက်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် လမ်းလျှောက်ဖို့ရာ ခက်ခဲနေသူများအတွက် ထုတ်လုပ်ထားတဲ့ လမ်းလျှောက်အထောက်အကူပြုပစ္စည်း (Walking aid) ဖြစ်ပါတယ်။

Elbow Crutch ကို-
📌အာရုံကြော ရောဂါအခြေအနေတစ်ခုခု ကြောင့် လမ်းမလျှောက်နိုင်သူများ ( Nervous Disorder, Neuropathy)
📌ခြေထောက်ကျိုးထားသူများ ( Fracture )
📌ခန္ဓာကိုယ်အောက်ပိုင်း လေတခြမ်းဖြတ်ထားသူများ
📌ခြေသလုံးကြွက်သား အားနည်းသူများ (Muscular Dystrophy)
📌လေဖြတ်ပြီးပြန်ကောင်းလာသူများ
📌ခွဲစိတ်ပြီး နာလန်ထစလူနာများ

အစရှိသောသူများတွင်လည်း လမ်းလျှောက်ခြင်းအလေ့အကျင့်ကိုမရပ်တန့်သွားစေဖို့အတွက် အထောက်အကူပြုပစ္စည်းပဲဖြစ်ပါတယ်ခင်ဗျာ...💁

Elbow Crutch နဲ့ ဂျိုင်းထောက်များ မတူတဲ့အချက်ကတော့ တံတောင်ဆစ်အားကို အသုံးပြုပြီး လမ်းလျှောက်ရတဲ့ ပစ္စည်းဖြစ်တဲ့အတွက် ကြာကြာလမ်းလျှောက်ရတဲ့အခါမျိုးမှာ ပိုမိုသက်တောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။

✅Elbow Crutch ကို Aluminum နဲ့ပြုလုပ်ထားပြီး ပေါ့ပါး ခိုင်ခံ့ကာ ကိုယ်အလေးချိန် ၁၄၀ ကီလို အထိအသုံးပြုလို့ရပါတဲ့အပြင် တံတောင်ဆစ်ကိုမြဲမြံစွာ ထိန်းထားပေးနိုင်တဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် Soft Gel Handle Top ကြောင့် လက်ကိုင်ထိပ်ကို လက်ဖြင့်ဆုပ်ကိုင်ရာမှာ မြဲမြံစေတဲ့အတွက် ချောထွက်ခြင်းမျိုးမဖြစ် ပေါ်အောင် တားဆီးပေးနိုင်ပါတယ်ခင်ဗျာ...

ကျန်းမာရေးနဲ့ပတ်သတ်တဲ့အထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

အသေးစိတ်သိရှိလိုပါက...

bi hinged knee brace

#အရိုးအကြောနှင့်ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

23/02/2024

🛡️အရိုး၊အကြော၊အဆစ် ရောဂါ ဝေဒနာများခံစားနေရလို့ စိတ်ပျက်နေမယ့်အစား အထူးကုဆရာဝန်နှင့်စနစ်တကျတိုင်ပင်ဆွေးနွေးကုသမူ့ခံယူလိုက်ပါ။

👉ပခုံးနာခြင်း၊ပခုံးကပ်ခြင်း၊ပခုံးအရွတ်နှင့်အဆစ်ရောင်ရောဂါများ
👉တံတောင်ဆစ်နာကျင်ခြင်း နှင့် အရွတ်ရောင်ရောဂါများ
👉လက်ကောက်ဝတ်နာကျင်ခြင်း၊အရွတ်ရောင်ခြင်းများ
👉လက်ဆစ်များတင်းခြင်း၊တောင့်ခြင်းနှင့် အဆစ်ရောင်လေးဖက်နာရောဂါများ
👉ခါးနာခြင်း၊တင်ပခွက်နာခြင်း၊ခါးကျီးပေါင်း၊ခါးကြောညပ်ခြင်းနှင့် အဆစ်ခိုင်ရောဂါများ
👉ဒူးနာခြင်းနှင့်ဒူးကျီးပေါင်းများ
👉အားကစားနှင့်ထိခိုက်မူ့များကြောင့် အရွတ်၊ကြွက်သား၊အဆစ်နာကျင်ထိခိုက်မူ့များ

စတဲ့ထိခိုက်မှုများအတွက် ကျန်းမာရေးအထောက်ကူပစ္စည်းများကို ကျွန်တော်တို့ 3starsမှာစုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ....

အသေးစိတ်သိရှိလိုပါက...

#အရိုးအကြောနှင့်ကျန်းမာရေးပစ္စည်းအရောင်းဆိုင်
🚚Address - အမှတ် ၂၆၂ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဆင်မလိုက်ဈေးအနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
☎️Hot line -09795937036,09775120479

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No 262, Kyee Myin Dine Kanner Road, Kamayut Township, Yangon (Near Sinmalite Market)
Yangon