Case File X

Case File X

Share

CrimeDocumentary

27/12/2025

ဒီဖြစ်ရပ်ကတော့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတုန်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် (Port Charlotte) မှာ ဖြစ်ပွားခဲ့တာပါ။

Khyler Edman ဆိုတာ အသက် ၁၅ နှစ်အရွယ် လူပျိုပေါက်အရွယ် ကောင်လေးတစ်ယောက်ပါ။ ၂၀၁၉ ခုနှစ်ရဲ့ တစ်နေ့မှာတော့ သူတို့မောင်နှမနှစ်ယောက် အိမ်မှာ ရှိနေစဉ်မှာပဲ အိမ်ထဲကို သူခိုး တစ်ယောက် အတင်းဝင်ရောက်လာခဲ့ပါတယ်။

အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ လူတိုင်းက ကိုယ့်လွတ်လမ်းကိုယ် အရင်ရှာကြပေမယ့် Khyler ကတော့ ထွက်ပြေးဖို့ မဟုတ်ဘဲ အသက် ၅ နှစ်အရွယ် ညီမလေးကို ကာကွယ်ဖို့ သူဟာ ညီမလေးကို ဘေးကင်းတဲ့နေရာကို အမြန်ဆုံး ပို့ဆောင်ပေးပြီး အန္တရာယ်ကနေ ကွယ်ရာမှာ ဝှက်ထားပေးခဲ့ပါတယ်။

ညီမလေး ဘေးကင်းသွားပြီဆိုတာနဲ့ Khyler ဟာ အိမ်ထဲကို ဝင်လာတဲ့ သူခိုးကို တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒီရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်းမှာ Khyler ဟာ ဒဏ်ရာပြင်းထန်စွာရပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
သူ့ရဲ့ အသက်ပေးပြီး ကာကွယ်ခဲ့မှုကြောင့်သာ ၅ နှစ်အရွယ် ညီမလေးဟာ ဘာဒဏ်ရာမှမရဘဲ အသက်ရှင်သန်ခွင့် ရခဲ့တာပါ။

Khyler ရဲ့ သတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီး လူသန်းပေါင်းများစွာကို မျက်ရည်ကျစေခဲ့ပါတယ်။ သူဟာ "သူရဲကောင်းဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး" ဆိုတာကို သက်သေပြသွားခဲ့သူပါ။ သူ့ရဲ့ ညီမလေးအပေါ် ထားရှိတဲ့ မေတ္တာနဲ့ အကာအကွယ်ပေးလိုစိတ်ဟာ အခုထက်ထိ လူတွေရဲ့ ရင်ထဲမှာ စံနမူနာတစ်ခုအဖြစ် ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

20/12/2025

၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဖြစ်ပျက်ခဲ့တဲ့ Maryland ပြည်နယ်က လူသတ်မှုတစ်ခု အကြောင်းပါ။

Taya Ashton ဆိုတာ အသက် ၂၀ အရွယ် Transgender အမျိုးသမီးလေး တစ်ဦးပါ။ သူမဟာ Maryland ပြည်နယ်က သူမရဲ့ တိုက်ခန်းမှာ အေးအေးဆေးဆေး နေထိုင်သူဖြစ်ပြီး၊ သူမကို ချစ်ခင်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။

DeAllen Price (၂၉ နှစ်) ဆိုတဲ့ အမျိုးသားကတော့ Taya နဲ့ အချစ်ရေးအရ ပတ်သက်နေသူပါ။ သူတို့နှစ်ဦးဟာ ဆက်ဆံရေးတစ်ခု ရှိခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ ကံဆိုးမိုးမှောင် ကျရောက်လာပါတယ်။ DeAllen Price ဟာ Taya ဟာ မွေးရာပါ ယောကျ်ားတစ်ယောက် ဖြစ်တယ်ဆိုတာကို သိသွားခဲ့ပါတယ်။
တရားရုံးမှာ သူဝန်ခံချက်အရ ဒီအချက်ကို သိလိုက်ရတဲ့အချိန်မှာ စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူမကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ Taya ဟာ သူမရဲ့ ကိုယ်ပိုင်တိုက်ခန်းထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။

လူသတ်ပြီးနောက် Price ဟာ Taya ရဲ့ တိုက်ခန်းထဲက အိတ်တစ်လုံးကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ သူဟာ Virginia ပြည်နယ်၊ Pentagon City ဘူတာရုံအနီးက မြေအောက်ရထား ဥမင်လိုဏ်ခေါင်း ထဲမှာ ပုန်းအောင်းနေခဲ့ပါတယ်။
ဒါပေမယ့် နောက်တစ်နေ့မှာပဲ ရဲတွေက သူ့ကို ဖမ်းမိခဲ့ပြီး၊ လူသတ်ရာမှာ သုံးခဲ့တဲ့ သေနတ်နဲ့ Taya ဆီက ယူလာတဲ့ ပစ္စည်းတွေကိုပါ သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

အစိုးရရှေ့နေတွေက Price ရဲ့ လုပ်ရပ်ဟာ "အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်" လို့ သုံးနှုန်းခဲ့ပါတယ်။ Transgender တွေအပေါ် အခုလို အကြမ်းဖက်မှုမျိုးတွေ ရပ်တန့်သင့်ပြီလို့လည်း ထောက်ပြခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ တရားသူကြီးက Price ကို ထောင်ဒဏ် ၆၀ ချမှတ်ခဲ့ပြီး၊ ၁၂ နှစ်ကို ဆိုင်းငံ့ထားတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၄၈ နှစ် ကျခံရမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ သတင်းမီဒီယာတွေနဲ့ လူထုအများစုဟာ Taya ဘက်ကနေ ရပ်တည်ခဲ့ကြပြီး၊ လူသတ်သမားကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

14/12/2025

ရည်းစားဟောင်း၏ မနာလိုဝန်တိုမှု
----------------------------------

ဒီဇာတ်လမ်းကတော့ ၁၉၈၆ ခုနှစ်၊ Los Angeles မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရှုပ်ထွေးပွေလီလှတဲ့ လူသတ်မှုတစ်ခု အကြောင်းပါ။
Sherri Rasmussen ဆိုတဲ့ အသက် ၂၉ နှစ်အရွယ် သူနာပြုဆရာမလေးဟာ John Ruetten ဆိုသူနဲ့ လက်ထပ်ထားတာ မကြာသေးပါဘူး။ သူမဟာ တက်ကြွပြီး ကြင်နာတတ်သူမို့ လူချစ်လူခင်ပေါတဲ့သူပါ။ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ခင်းမှာ ခင်ပွန်းသည် John က အလုပ်သွားခဲ့ပြီး Sherri က အိမ်မှာ ကျန်နေခဲ့ပါတယ်။

ညနေဘက် John အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်က မုန်တိုင်းမွှေထားသလို ပစ္စည်းတွေ ပြန့်ကျဲနေတာ တွေ့လိုက်ရပါတယ်။ ဧည့်ခန်း ကြမ်းပြင်ပေါ်မှာတော့ သူ့ဇနီး Sherri ဟာ အသက်မရှိတော့ပါဘူး။ သူမဟာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရပြီး ရင်ဘတ်ကို သေနတ်နဲ့ ၃ ချက် ပစ်သတ်ခံထားရတာပါ။

အဲဒီအချိန်က စုံထောက်တွေက ဒါကို "ဖောက်ထွင်းခိုးယူမှု လွဲချော်သွားခြင်း" လို့ သတ်မှတ်ခဲ့ပါတယ်။ သူခိုးနှစ်ယောက် ဝင်လာတယ်၊ Sherri နဲ့ တိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သတ်သွားတယ်လို့ ယူဆခဲ့ကြပါတယ်။ Sherri ရဲ့ ကားနဲ့ ပစ္စည်းတချို့ ပျောက်ဆုံးနေတာကလည်း ဒီယူဆချက်ကို ပိုခိုင်မာစေခဲ့ပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ပြင်ပက လူတွေမသိတဲ့ အချက်တစ်ခု ရှိနေပါတယ်။ John ရဲ့ ရည်းစားဟောင်း Stephanie Lazarus ဟာ LAPD ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။
Stephanie ဟာ John နဲ့ Sherri လက်ထပ်လိုက်တဲ့အပေါ် လုံးဝ မကျေနပ်ခဲ့ပါဘူး။ Sherri ကိုယ်တိုင်ကလည်း "Stephanie က ငါ့အလုပ်ထဲထိ လာပြီး John နဲ့ ဝေးဝေးနေဖို့ ခြိမ်းခြောက်တယ်" လို့ သူ့မိသားစုကို ပြောပြဖူးပါတယ်။ ဒါပေမယ့် Stephanie က ရဲတစ်ယောက်ဖြစ်နေတော့ ရဲအချင်းချင်း သံသယမဝင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အမှုကြီးက "အဖြေရှာမရတဲ့ အမှုဟောင်း" (Cold Case) အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ပျောက်ကွယ်သွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ် (၂၃ နှစ်အကြာ) ရောက်မှ အမှုဟောင်းတွေကို ပြန်စစ်ဆေးတဲ့အဖွဲ့ (Cold Case Unit) က သဲလွန်စတစ်ခုကို ပြန်တွေ့ခဲ့ပါတယ်။ Sherri ရဲ့ လက်မောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကိုက်ရာ ထဲမှာ တံတွေးကနေတစ်ဆင့် အမျိုးသမီး DNA ပါဝင်နေတာကို တွေ့ရှိခဲ့တာပါ။

စုံထောက်တွေက Stephanie Lazarus ကို သံသယရှိလာပြီး သူမ မသိအောင် နောက်ယောင်ခံလိုက်ကြပါတယ်။ သူမ အချိုရည်သောက်ပြီး လွှင့်ပစ်လိုက်တဲ့ ပလပ်စတစ်ပိုက် (Straw) ကနေ DNA ရယူပြီး အလောင်းပေါ်က DNA နဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ "ကွက်တိ" ဖြစ်နေပါတယ်။
ဖောက်ထွင်းမှုဆိုတာ ရဲအရာရှိ Stephanie က အကွက်ကျကျ ဖန်တီးထားတဲ့ ဇာတ်လမ်းသက်သက်သာ ဖြစ်ပြီး၊ တကယ်တမ်းကတော့ ဒါဟာ မနာလိုဝန်တိုမှုကြောင့် ဖြစ်တဲ့ လူသတ်မှု ပါ။

၂၀၁၂ ခုနှစ်မှာတော့ ရဲအရာရှိဟောင်း Stephanie Lazarus ကို ပထမအဆင့် လူသတ်မှု နဲ့ ထောင်ဒဏ် ၂၇ နှစ် (တစ်သက်တစ်ကျွန်း) ချမှတ်ခဲ့ပါတယ်။






#မှုခင်းဖြစ်ရပ်မှန်

08/12/2025

Lateisha Green Case
-------------------------------------
ဒီဇာတ်လမ်းကတော့ ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ Syracuse မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရင်နင့်စရာ လူသတ်မှုတစ်ခု အကြောင်းပါ။
အသက် ၂၀ အရွယ် Dwight DeLee ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ Social Media ကနေတစ်ဆင့် အသက် ၂၂ နှစ်အရွယ် Lateisha Green နဲ့ စတင်ခင်မင်ခဲ့ကြပါတယ်။ Lateisha ဟာ Transgender Woman တစ်ဦး ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေကတစ်ဆင့် လူချင်းရင်းနှီးခဲ့ကြပြီး၊ သတင်းတွေရဲ့ အဆိုအရ DeLee ဟာ Lateisha ကို အချစ်ရေးအရတောင် စိတ်ဝင်စားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလရဲ့ ညတစ်ညမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ DeLee ဟာ သူ့သူငယ်ချင်းတွေနဲ့ အတူရှိနေစဉ်မှာပဲ တစ်စုံတစ်ယောက်က Lateisha အကြောင်း ပြောလာပါတယ်။ "Lateisha ဆိုတာ တကယ်တော့ မွေးရာပါ ယောကျ်ားလေး တစ်ယောက် ဖြစ်တယ်" ဆိုတဲ့ စကားကို DeLee ကြားသွားခဲ့ပါတယ်။
အဲဒီစကားကို ကြားပြီးပြီးချင်းမှာပဲ DeLee ရဲ့ စိတ်အခြေအနေဟာ ချက်ချင်း ပြောင်းလဲသွားပါတယ်။ သူဟာ အိမ်ထဲကနေ ရိုင်ဖယ်သေနတ်ရှည် တစ်လက်ကို ဆွဲယူပြီး အပြင်ကို ဒေါသတကြီး ထွက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ Lateisha ဟာ ဘာမှ မသိရှာဘဲ သူမရဲ့ မောင်ဖြစ်သူနဲ့အတူ ကားပေါ်မှာ ထိုင်စောင့်နေတာပါ။ DeLee ဟာ ကားနားကို လျှောက်သွားပြီး Lateisha ရဲ့ ရင်ဘတ်တည့်တည့်ကို သေနတ်နဲ့ ပစ်ခတ်လိုက်ပါတယ်။
ရက်စက်လွန်းတဲ့ ကျည်ဆန်ကြောင့် Lateisha ဟာ အခင်းဖြစ်ပွားရာ နေရာမှာတင် သူမမောင်လေးရဲ့ ရှေ့မှောက်မှာပဲ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
တရားရုံးက ဒီအမှုကို ရိုးရိုးလူသတ်မှုတင် မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို မုန်းတီးပြီး တိုက်ခိုက်တဲ့ Hate Crime အမုန်းပွားမှု ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး DeLee ကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါဟာ နယူးယောက်ပြည်နယ်မှာ Transgender တစ်ဦးကို သတ်ဖြတ်မှုအတွက် Hate Crime နဲ့ ပထမဆုံး အပြစ်ပေးနိုင်ခဲ့တဲ့ သမိုင်းဝင် စီရင်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

02/12/2025

Joshua Maddux case
-------------------------------

ဒီဇာတ်လမ်းကတော့ ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ် မှာ ဖြစ်ပျက်ခဲ့တဲ့ ဆန်းကြယ်တဲ့ ပျောက်ဆုံးမှုတစ်ခု အကြောင်းပါ။
အသက် ၁၈ နှစ်အရွယ် Joshua Maddux ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ကောင်းပြီး၊ သဘောထားပြည့်ဝသူ တစ်ယောက်ပါ။ သူက သဘာဝတရားကို ချစ်မြတ်နိုးပြီး ဂီတဝါသနာပါသူလည်း ဖြစ်ပါတယ်။ တစ်ညမှာတော့ အိမ်အပြင်ဘက်က အသံတစ်သံကြားလို့ "ဘာလဲမသိဘူး၊ ထွက်ကြည့်လိုက်ဦးမယ်" ဆိုပြီး ထွက်သွားရာကနေ... အိမ်ကို ဘယ်တော့မှ ပြန်မရောက်လာတော့ပါဘူး။
သူ့မိသားစုခမျာ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမယ့် ဘာသဲလွန်စ၊ ဘာသတင်းအစအနမှ မရခဲ့ရှာပါဘူး။ လူအစအန ပျောက်ချင်းမလှ ပျောက်သွားခဲ့တာပါ။
၇ နှစ်ကြာပြီးနောက်၊ ၂၀၁၅ ခုနှစ် ရောက်မှ ထိတ်လန့်စရာ အဖြေတစ်ခု ပေါ်လာခဲ့ပါတယ်။ Joshua ရဲ့ အိမ်နဲ့ သိပ်မဝေးတဲ့နေရာ (၂ မိုင်ခန့်အကွာ) မှာ စွန့်ပစ်ထားတဲ့ သစ်လုံးအိမ်ဟောင်း တစ်လုံးကို ဖျက်သိမ်းဖို့ လုပ်ကြပါတယ်။ အလုပ်သမားတွေက အိမ်ရဲ့ မီးဖိုခေါင်းတိုင် ကို ဖြိုချလိုက်တဲ့အခါမှာတော့ အထဲမှာ လူအရိုးစုတစ်ခု ပိတ်မိနေတာကို တွေ့လိုက်ရပါတယ်။
DNA စစ်ဆေးချက်အရ အဲဒီအရိုးစုဟာ လွန်ခဲ့တဲ့ ၇ နှစ်က ပျောက်ဆုံးသွားတဲ့ Joshua ဖြစ်နေပါတယ်။
ဒီအမှုမှာ သာမန်မဟုတ်တဲ့ ထူးဆန်းနက်နဲမှုတွေ ရှိနေပါတယ်။
တွေ့ရှိချိန်မှာ Joshua ရဲ့ အလောင်းက ကိုယ်လုံးတီး ဖြစ်နေပါတယ်။ သူ့အဝတ်အစားတွေကို ခေါင်းတိုင်ထဲမှာ မတွေ့ရပါဘူး (အိမ်ထဲမှာ သပ်သပ်ရပ်ရပ် ခေါက်ထားတာ တွေ့ရတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်)။
သူက ဒူးကွေးပြီး ခေါင်းအောက်စိုက်အနေအထား နဲ့ ကျဉ်းမြောင်းတဲ့ ခေါင်းတိုင်ထဲမှာ ပိတ်မိနေတာပါ။
ဒ ရုန်းကန်ထားတဲ့ လက္ခဏာ၊ မူးယစ်ဆေးသုံးစွဲထားတဲ့ လက္ခဏာ၊ အရိုးကျိုးဒဏ်ရာ ဘာတစ်ခုမှ မတွေ့ရပါဘူး။
ရဲတွေကတော့ Joshua ဟာ ခေါင်းတိုင်အပေါက်ကနေ အိမ်ထဲကို ဝင်ဖို့ကြိုးစားရင်း မတော်တဆ ပိတ်မိပြီး အအေးဒဏ်၊ ရေငတ်ဒဏ်တွေနဲ့ သေဆုံးသွားတယ်လို့ ကောက်ချက်ချပြီး အမှုကို ပိတ်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် လူအများကတော့ ဒီအချက်ကို လက်မခံနိုင်ကြပါဘူး။• သူက ဘာလို့ အဝတ်အစားတွေ ချွတ်ထားရတာလဲ?• သော့ခတ်ထားတဲ့ အိမ်ဟောင်းတစ်ခုရဲ့ ခေါင်းတိုင်ထဲကိုမှ ဘာကိစ္စနဲ့ ဝင်ချင်ရတာလဲ?အိမ်ပိုင်ရှင်ဟောင်းက မီးဖိုဝကို သံမဏိပြားကြီးနဲ့ ပိတ်ထားခဲ့တယ်လို့ ပြောဖူးတာကြောင့် အပေါ်ကနေ ပြုတ်ကျလာရင်တောင် အောက်ခြေထိ ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
တချို့က ဒါကို ကံဆိုးမိုးမှောင်ကျတဲ့ "မတော်တဆမှု" လို့ ထင်ကြပေမယ့်၊ တချို့ကတော့ ဒါဟာ ယုတ်မာတဲ့ "လူသတ်မှု" တစ်ခုလို့ ယုံကြည်နေကြဆဲပါ။

28/11/2025

THE TOY BOX KILLER
-----------------------

25/11/2025

၁၀နှစ်အရွယ်ကလေးတယောက်ရဲ့ရက်စက်စွာအသတ်ခံရမှု

20/11/2025

အမေ့ရဲ့ပင်စင်ကိုမက်မောလို့အမေ့အလောင်းကိုရေခဲသေတ္တာထဲထည့်ဖွက်ခဲ့တဲ့သမီးဖြစ်သူ

12/11/2025

Idaho Student Murders: Bryan Kohberger Case
------------------------------

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon