BIB - Beyond Infinity Books
" We Print Your Dream"
Proudly founded in 2020 February. We aim to print good quality books.
16/08/2022
"ငါကိုယ်တိုင် ငါ့ချစ်သူ”
အိချို
Pre-Order ကောက်မည့်ရက်စွဲ
(၁၆/၈/၂၀၂၂- ၂၀/၈/၂၀၂၂)
စာအုပ်စျေးနှုန်း ၄၅၀၀နှင့် ပို့ဆောင်ခ ၅၀၀ စုစုပေါင်း ၅၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်၊
စာအုပ်မှာယူလိုသူများက အောက်ပါ link မှတဆင့် form ဖြည့်ပေးပြီး မှာယူနိုင်ပါတယ်၊
https://docs.google.com/forms/d/1i2qyrb3QBEJIVWpo2WlGh6uUcIq_dO6sBsHus7YPgm8/edit?fbclid=IwAR3IuoDi3Rdw5vF1u1alZduoUzV24z5dHaUvd3bz91GC3ZuJLyf_HhLEXCs
Link ဖြင့် မှာယူရန် အခက်အခဲ ရှိပါက beyond infinity book စာအုပ် page chat box တွင်
အမည်
ဖုန်းနံပါတ်
နေရပ်လိပ်စာ
စာအုပ်အရေအတွက် ကို ပေးပို့ပြီး မှာယူနိုင်ပါသည်။
ကြိုတင်မှာယူထားသည့် စာအုပ်များတွင် ဆရာမ အိချို ၏ လက်မှတ်နှင့် အမှတ်တရ စာစုပါဝင်မှာ ဖြစ်ပါတယ်။
ကျသင့်ငွေကို စာအုပ်လက်ဝယ်ရောက်ရှိသည့်အချိန်ကျမှာသာ ပို့ဆောင်သူကို ပေးချေရန်ဖြစ်ပါသည်။ ငွေကြိုတင်ပေးပို့ထားရန် မလိုပါ။
We Print Your Dreams
B.I.B
29/01/2021
B.I.B စာအုပ်တိုက်မှထုတ်ဝေတဲ့
ဆရာချစ်ဝင်းမောင် ရဲ့ "ဟိမဝန္တာခရီးသည်" စာအုပ်နှင့် ပိုစတာကို မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား ဒီကနေ့ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါတယ်။
28/01/2021
မြန်မာပလာဇာမှာရှိတဲ့ အင်း၀ စာအုပ်ဆိုင်မှာ "ဟိမဝန္တာခရီးသည်" စာအုပ်လာရောက်ဝယ်ယူသူတွေကို စာရေးဆရာ ဆရာချစ်ဝင်းမောင် ကိုယ်တိုင်
အမှတ်တရလက်မှတ်ရေးထိုးပေးသွားမှာဖြစ်ပါတယ်။
နေ့ရက်။ ။ ၃၀.၁.၂၀၂၁။
အချိန်။ ။ နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ။
နေရာ။ ။ အင်း၀ စာအုပ်ဆိုင်၊ မြန်မာပလာဇာ။
ဆရာချစ်ဝင်းမောင် ရဲ့ "ဟိမဝန္တာခရီးသည်" စာအုပ်ကို မြန်မာပလာဇာမှာရှိတဲ့ အင်း၀ စာအုပ်ဆိုင်အပြင် City Books & Music / Safari, City Mart, Ocean နှင့် စာအုပ်အရောင်းဆိုင်များမှာ ဝယ်ယူရရှိပြီဖြစ်သလို B.I.B စာအုပ်တိုက် Facebook Messager ကနေလည်း တိုက်ရိုက်မှာယူနိုင်ပြီဖြစ်ပါတယ်။
28/01/2021
#2021, in March
25/01/2021
နောက်ထွက်မယ့်စာအုပ် ဘာဖြစ်မလဲ?
23/01/2021
စာရေးဆရာ ဆရာချစ်ဝင်းမောင် ရဲ့ "ဟိမဝန္တာခရီးသည်" စာအုပ်ကို လာမယ့်အပတ်အတွင်း စာအုပ်ဆိုင်တွေပေါ်မှာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။
ကြိုတင်မှာကြားထားသူတွေနဲ့ B.I.B စာအုပ်တိုက်ကနေ တိုက်ရိုက်မှာယူသူတွေဟာ စာရေးဆရာ ဆရာချစ်ဝင်းမောင် ရဲ့ လက်မှတ်ပါရှိမှာဖြစ်ပါတယ်။
B.I.B (Beyond Infinity Books) စာအုပ်တိုက်နေ တိုက်ရိုက်မှာယူမယ်ဆိုရင်
စာအုပ်ဈေးနှုန်း ၄၅၀၀ ကျပ်နှင့် ပို့ဆောင်ခ ၅၀၀ စုစုပေါင်း ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး B.I.B စာအုပ်တိုက်၏ Message Box မှတဆင့်
အမည်၊ ဖုန်းနံပါတ်၊ အိမ်အမှတ်၊ လမ်းအမည်
ရပ်ကွက်အမည်၊ မြို့အမည် တို့ကို ပြည့်စုံစွာရေးသားပေးပို့မှာယူနိုင်ပါတယ်။
18/01/2021
စာရေးဆရာမ အိချို (Her Inspiration) ဒုတိယမြှောက်စာအုပ်ကို လာမယ့်ဖေဖာဝါရီလထဲမှာ ထွက်ရှိလာမယ့်အကြောင်း B.I.B စာဖတ်ပရိသတ်များကို အသိပေးအပ်ပါတယ်။
အိ ဒီရက်ပိုင်း စာရေးကျဲပါတယ်
ကျဲတာထက် မရေးဖြစ်သလောက်ပါပဲ ......
စာရေးသူတယောက်ဖြစ်နေတော့ နေ့ရောညရော ပေါ်လာတဲ့ အတွေးလေးတွေ၊ ရေးချင်တဲ့ အကြောင်းအရာတွေ ၊ မျှဝေ ပြောပြချင်တာလေးတွေ ရှိနေပေမဲ့ အချက် နှစ် ချက်ကြောင့် ဒီရက်ပိုင်း စာရေးကျဲနေရတာ ဖြစ်ပါတယ် .....
ပထမတချက်က ဖုန်းပဲဖြစ်ဖြစ်၊ tablet ပဲဖြစ်ဖြစ် ကြာကြာကြည့်လိုက်ရင် မျက်လုံးတွေ ဝါးလာပြီး ခေါင်းတွေ မူးလာတာပါ..... မျက်လုံးပါဝါတက်တာလား၊ ဇက်ကြီးပေါင်း ပိုဆိုးလာတာလား၊ vitamin တခုခု ချို့တဲ့နေတာလား တခုခုတော့ အကြောင်းရှိမှာ အမှန်ပါပဲ ...... ဒါပေမဲ့ သေချာတာကတော့ စာတပုဒ်ပြီးမြောက်အောင်ရေးဖို့ထိ မျက်လုံးအခြေအနေ အဆင်မပြေတာကြောင့် screen time လျော့လိုက်ရပါတယ် ........
နောက်တချက်က ဖေဖော်ဝါရီ လတိုင်း ဖန်တီးနေကျ အမှတ်တရ ဒုတိယမြောက် ခြေလှမ်းလေး အတွက်ပါ .... အိရဲ့ ဒုတိယ စာအုပ်လေးကို စတင်ဖန်တီးနေပါပြီ ..... “ချစ်သော အိချို “
တုန်းကထက် ပိုသပ်ရပ်တဲ့ အပြင်အဆင်၊ ပိုကောင်းတဲ့ ဖန်တီးမှုတွေ ဖြစ်ချင်လို့ အစစအရာရာ အနုစိတ် ကိုယ်တိုင် ဖန်တီးနေပါတယ် ........ fb မှာ ရေးတင်ထားတဲ့ထဲက စိတ်တိုင်းကျ အပုဒ်တွေ အပြင် မတင်ရသေးတဲ့ အပုဒ်အသစ်တွေ ပါ ပါမယ် ....... အကောင်းဆုံးတွေကို စေတနာ အပြည့်နဲ့ ပေးချင်တဲ့ သူပါ..... စာအုပ်အတွက် အချိန်ယူ ပြင်ဆင်နေပါတယ် .......
မတွေ့တာကြာတဲ့ အိ ကို မေ့နေကြမလား လို့ စိုးရိမ်မိပါတယ်ရှင် .......
ချစ်သော
အိချို
(၁၄-၁-၂၀)
16/01/2021
"ဟိမဝန္တာခရီးသည်"
ချစ်ဝင်းမောင်
ကြိုတင်အမှာစာ ပေးပို့ မှာကြားနိုင်ပါပြီ......
Pre order date - ၁၆.၁.၂၀၂၁ မှ ၂၃.၁.၂၀၂၁
စာအုပ်စျေးနှုန်း ၄၅၀၀ ကျပ်နှင့် ပို့ဆောင်ခ ၅၀၀ စုစုပေါင်း ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး B.I.B စာအုပ်တိုက်၏ Message Box မှတဆင့်
အမည်၊ ဖုန်းနံပါတ်၊ အိမ်အမှတ်၊ လမ်းအမည်
ရပ်ကွက်အမည်၊ မြို့အမည် တို့ကို ပြည့်စုံစွာရေးသားပေးပို့ရမည်ဖြစ်ပါသည်။
ထုတ်ဝေသူ - Beyond Infinity Books
မျက်နှာဖုံး - မျိုးဆွေသန်း
မြန်မာတို့သည် ပြည်ပနိုင်ငံများသို့ ခရီးသွားလာကြသည့်ဓလေ့ကို ခုံမင်နှစ်သက်သော်လည်း မိမိသွားရောက်မည့်အရပ်ဒေသအပေါ် ကြိုတင်စူးစမ်းရှာဖွေလေ့လာသည့် အထုံနည်းလှသည်။
ထိုသို့နည်းပါရခြင်းသည် ကြိုတင်လေ့လာဖတ်ရှူစရာ မြန်မာဘာသာဖြင့်ရေးသားသော (သို့မဟုတ်) နိုင်ငံခြားစာပေမှတဆင့် မြန်မာဘာသာသို့ပြန်ဆိုသည့် စာအုပ်၊စာပေများနည်းပါးခြင်းကလည်း အကြောင်းခြင်းရာပင် ဖြစ်ပေလိမ့်မည်။
ယခုထိုသို့လှစ်ဟာနေသည့် ကွက်လပ်များစွာထဲမှာ အုပ်တစ်ချပ် သဲတစ်ပွင့်ကူညီဖြည့်ပေးသူမှာ ဆရာချစ်ဝင်းမောင် ပင်ဖြစ်ပါသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင် မြန်မာ
မဂ္ဂဇင်းများအားကောင်းခဲ့သည့်အချိန်က ရနံသစ်မဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် အယ်ဒီတာချုပ် တစ်ဦးဖြစ်ခဲ့သည့် ဆရာချစ်ဝင်းမောင်သည် မြန်မာတွေအသွားများသည့် ဂေါတမမြတ်စွာဘုရားမွေးဖွားရာ ကမ္ဘာ့ခေါင်မိုးလို့ တင်စားကြသည့် နီပေါနိုင်ငံ ဟိမဝန္တာတောထဲသို့ ခေါ်ဆောင်သွားခဲ့ပေပြီ။
“ဟိမဝန္တာခရီးသည် “ ဆရာချစ်ဝင်းမောင်သည် သာမန်ခရီးသည်တို့ကြုံလေ့ကြုံထရှိသည့် "တော၏မာယာ"ကို စာနယ်ဇင်းအတက်ပညာနဲ့ ချွန်းအုပ်ကာ အရှိကိုအရှိအတိုင်း ဆေးရောင်စုံခြယ်မှုန်းနိုင်သည့်အပြင် မိမိနိုင်ငံအတွက်ပါ ဆင်ခြင်အတွေးပွားဖွယ်ရာ မေးခွန်းများစွာချင်ထားခဲ့ပြန်သည်။
B.I.B စာအုပ်တိုက်အနေဖြင့် ဆရာချစ်ဝင်းမောင် ၏ ဟိမဝန္တာခရီးသည် စာအုပ်ကို ထုတ်ဝေရာတွင် ကျေးဇူးတင်ထိုက်သူများစွာထဲမှ နီပေါနိုင်ငံ လုမ္ဗိနီမြို့ ပဏ္ဍိတာရာမ ကမ္မဌာန်းစင်တာမှ ရေးသားပေးပို့သည့် ဆရာလေး ဘဒ္ဒမနိကာ ၏ မေတ္တာဖြင့်စာထဲက ကောက်နုတ်ချက်နဲ့ အဆုံးသတ်လိုက်ပါသည်။
"အမှန်တကယ်ပင် ခတ္တမန္ဒူအရောက် အိပ်မက် အတွင်းခရီးနှင်ခဲ့သည်နှင့်ပင်တူပါပေ၏။ နှံ့လည်းနှံ့စပ်ပါ၏။ စုံလည်း စုံလင်လှပါ၏။ စာဖတ်သူများအား တစ်နေရာဝင် တစ်နေရာထွက်နှင့် စာနှင့်အတူဆွဲခေါ်သွားခဲ့သော ခရီးပင်ဖြစ်ပါသည်။"
ဆရာလေး ဘဒ္ဒမနိကာ
ပဏ္ဍိတာရာမ ကမ္မဌာန်းစင်တာ
လုမ္ဗိနီမြို့၊ နီပေါနိုင်ငံ။
အယ်ဒီတာအဖွဲ့
10/01/2021
Pre_Order Coming Soom...
Book Name: “A Journey to the Himalayas”
Author Name : Chit Win Maung
Cover Design : Myo Swe Than
Publishing House : Beyond Infinity Books (B.I.B)
06/01/2021
B.I.B စာအုပ်တိုက်၏ စာဖတ်ပရိသတ်များအား တောင်းပန်အပ်ပါသည်။
B.I.B စာအုပ်တိုက်ကထုတ်ဝေသည့် စာအုပ်များသည် စာဖတ်သူများ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျိုးများစေမည့် စာကောင်းပေမွန်များကိုရွေးချယ်ပြီး ဆန်းသစ်ကောင်းမွန်သည့် အရည်အသွေးဖြင့် ဂုဏ်သိက္ခာရှိစွာ ထုတ်ဝေနေသည့် စာအုပ်တိုက်ဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းများနေအိမ်တွင်အလုပ်လုပ်ကိုင်ရခြင်းနှင့် စာအုပ်အရောင်းဆိုင်အများအပြားပိတ်ထားခဲ့ရခြင်းတို့ကြောင့် B.I.B စာအုပ်တိုက်မှ ၂၀၂၀ ခုနှစ်အတွင်း ထုတ်ဝေမည့်စာအုပ်များအားလုံးကို ရပ်နားထားခဲ့ရပါသည်။
ယခု ၂၀၂၁ ခုနှစ် နှစ်သစ်တွင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် အခွင့်သာလာပြီဖြစ်သောကြောင့် ဆရာသန့်ဇင်အောင် ရေးသားထားသည့် မောင်နှင့်မိုးရဲ့ချစ်သူ့စာများ စာအုပ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရိုက်နိုပ်နေသည့်အားလျှော်စွာ ကြိုတင်အမှာစာများကိုလည်း ကောက်ခံလျှက်ရှိပါသည်။
သို့ရာတွင် စာရေးသူ ဆရာသန့်ဇင်အောင် ဘက်မှ မောင်နဲ့မိုးရဲ့ချစ်သူ့စာများ စာအုပ်ကို B.I.B စာအုပ်နှင့်ထုတ်ဝေရန် ဖျက်သိမ်းကြောင်း ၆.၁.၂၀၂၁ ရက်နေ့တွင် အကြောင်းကြားလာခဲ့ပါသည်။
B.I.B စာအုပ်တိုက်သည် စာရေးသားသူ ဆရာသန့်ဇင်အောင်၏ သဘောဆန္ဒအတိုင်း မောင်နဲ့မိုးရဲ့ချစ်သူ့စာများ စာအုပ်ကို B.I.B စာအုပ်တိုက်အနေဖြင့် ထုတ်ဝေမည်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပါကြောင်း ကြိုတင်အမှာစာပေးပို့ထားသူ B.I.B စာအုပ်၏ စာဖတ်ပရိသတ် အားလုံးကို လေးစားတောင်းပန်အသိပေးအပ်ပါသည်။
B.I.B စာအုပ်တိုက်အယ်ဒီတာအဖွဲ့
25/12/2020
Merry Christmas to you all! 🎅♥️🎄
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 101, First Floor, Room (6), Kan Street, Hlaing Township
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 21:00 |