Fertility Guide Myanmar
မျိုးဆက်ပွားဆေးပညာ ( Reproductive Health )
Men health or အမျိုးသားကျန်းမာရေး
Infertility or သားသမီးရလိုသူများ or သားသမီးရရနိခက်ခဲသူများ
ဖန်ပြွန်သန္ဓေသား or ivf or in vitro fertilization
မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ ဆွေနွေးတိုင်ပင်ခြင်း or genetic counseling
မနေ့က လူနာ ဆရာဝန်မတယောက်ရဲ့ question
IVF (ဖန်ပြွန်သန္ဓေသား) ကုသမှုခံယူပြီးနောက် hormone ဆေးတွေကြောင့် ကင်ဆာဖြစ်နိုင်ချေကို ပိုများသလားဆရာ။
အဖြေ။ ကျတော် သိသမျှတော့ general population ထက် ပိုပြီး risks မများဘူး သိရပါတယ်။ paper တွေအရ IVF 6 cycles ၆ ကြိမ်ထိ အတော်ကိုမှ safe zone ထဲရှိပါတယ်။
ရင်သွေးရတနာလေးရဖို့ ကြိုးစားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီလိုစိုးရိမ်စိတ်တွေ ဝင်လာတာဟာ သဘာဝကျပါတယ်။ သူမအပြန် ကိုယ်ဟာကို update လုပ်ဖို့ လိုက်ရှာတာ ဒီဆောင်းပါလေး သွားတွေ့လို့ ရေးပါရစေ
စိတ်ပူနေမယ့်အစား တကယ့်လက်တွေ့ သုတေသနရလဒ်တွေက ဘာပြောထားလဲဆိုတာကို အတူတူ လေ့လာကြည့်ရအောင်
ဩစတြေးလျနိုင်ငံမှာ ၁၉၉၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း မျိုးပွားမှုဆိုင်ရာကုသမှု (MAR / IVF) ခံယူခဲ့တဲ့ အမျိုးသမီးပေါင်း ၄၁၇,၉၈၄ ဦးကို လေ့လာခဲ့တဲ့ ၂၀၂၆ ခုနှစ် သုတေသနအသစ်အရ
အဓိက တွေ့ရှိချက်များယေဘုယျ ကင်ဆာဖြစ်ပွားနှုန်း (Overall Risk): IVF နဲ့ အခြားမျိုးပွားမှုဆိုင်ရာ ကုသမှုခံယူထားတဲ့ အမျိုးသမီးတွေမှာ ယေဘုယျ ကင်ဆာဖြစ်ပွားနှုန်းဟာ သာမန်အမျိုးသမီးတွေနဲ့ ကွာခြားမှုမရှိပါဘူး ။
ရင်သားကင်ဆာ (Breast Cancer): ထိုးဖောက်ဝင်ရောက်တတ်သော ရင်သားကင်ဆာ (invasive breast cancer) ဖြစ်နိုင်ချေဟာ ပိုမများလာပါဘူး ။
လျော့ကျသွားသော ကင်ဆာများ (Decreased Risks): သားအိမ်ခေါင်းကင်ဆာနဲ့ အဆုတ်၊ လေပြွန်စတဲ့ ကင်ဆာဖြစ်ပွားနှုန်းတွေဟာ သိသိသာသာ လျော့နည်းသွားတာကို တွေ့ရပါတယ် ။
အနည်းငယ် မြင့်တက်လာနိုင်သော ကင်ဆာများ (Slightly Elevated Risks): သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အရေပြားကင်ဆာ (melanoma) ဖြစ်ပွားနှုန်း အနည်းငယ် ပိုများတာကို တွေ့ရပါတယ် ။ ဒါပေမယ့် ပိုဖြစ်လာတဲ့ ကင်ဆာအရေအတွက် (excess numbers) ဟာ အလွန်ကို နည်းပါးလှပါတယ် ။
ပညာရှင်များ၏ သုံးသပ်ချက်ဒီလို အချို့ကင်ဆာတွေ အနည်းငယ် ပိုဖြစ်ရတာဟာ IVF ဆေးဝါးတွေကြောင့် တိုက်ရိုက်ဖြစ်တာလို့ ကောက်ချက်ချလို့ မရပါဘူး ။ ပညာရှင်တွေက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်
မူလကျန်းမာရေးအခြေအနေ: ကလေးမရနိုင်တဲ့ မူလအကြောင်းရင်းတွေဖြစ်တဲ့ သားအိမ်အတွင်းသားကျွံခြင်း (endometriosis) နဲ့ မမျိုးဥအိမ်အရည်အိတ်တည်သောရောဂါ (PCOS) တို့ဟာ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ် ။
ပိုမိုစစ်ဆေးဖြစ်ခြင်း (Surveillance Effect): ကုသမှုခံယူစဉ်နဲ့ အပြီးမှာ ဆရာဝန်တွေနဲ့ မကြာခဏပြသပြီး တင်ပါးဆုံကင်မရာရိုက်တာ (pelvic imaging) တွေ လုပ်တဲ့အတွက် ရောဂါကို သာမန်လူတွေထက် ပိုစောစော ရှာဖွေတွေ့ရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
သင် ဘာတွေ ဆက်လုပ်သင့်လဲ?ဒီသုတေသနရလဒ်တွေအရ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေစရာ မလိုပါဘူး။
မိမိရဲ့ ကျန်းမာရေးအတွက် အသိသတိရှိဖို့နဲ့ အောက်ပါနေထိုင်မှုပုံစံတွေကို ဂရုစိုက်ဖို့ပဲ လိုအပ်ပါတယ် -
ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် ထိန်းသိမ်းပါ ။
နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ ။
ဆေးလိပ်မသောက်ပါနဲ့ ။
သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအပါအဝင် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်ခံယူပါ ။
https://l.facebook.com/l.php?u=https%3A%2F%2Fjamanetwork.com%2Fjournals%2Fjamanetworkopen%2Ffullarticle%2F2846151%3Ffbclid%3DIwZXh0bgNhZW0CMTAAYnJpZBExWWFNWkthWFlxZ2RobE51V3NydGMGYXBwX2lkEDIyMjAzOTE3ODgyMDA4OTIAAR53xKC-jtq1fwVxHByOePBWsxAzbJ2xcARYGCKAfH7Bd0KpDP3yx5ZMBaL5VA_aem_1FQspszVgoKuyX8nyKk2ZQ&h=AT72jLEgjEmrxOpO2ae_ed6iLdpeK9O34mi6VqqmCt6xkxGQtvShBBqOT6PEAMStV6SnANVIeu2DGcbeQ2viq0D0GWjrEJMaKmUbq6clTy7JgQqdnmkc316JQ_RqviyoSvMKr2u-xPYop8-vBr0zEE2Ko12MLJZH&__tn__=-UK-R&c[0]=AT6GpCe-EUboL7e8a1XVxDANGFTIqy-OaXjOH4rMz-793Gy6D5Df4eShgNac6nPV9EjCh8GD95vN5gNrtf3PxxINlDVnAmQItCMQfBnGrlfya6s7LWNl2LAqvVfu_ZN7XrP7iQvuyGYPA5zjCzcaD7240TECzEY_09b6e3J9kpXe3HnHxlWfrjb10tx-E5KwESAXxtkGQWQmEbv8-xTuLMi_iACm7Q5BYfA
Bioengineering of Catalonia (IBEC) in collaboration with Dexeus University hospital in Barcelona က သိပ္ပံပညာရှင်များက လှူဒါန်းသန္ဓေသား (donated embryos) အသုံးကာ သန္ဓေသားတွယ်ကပ်မှုဖြစ်စဉ်အား video ရိုက်နိုင်ခဲ့ပါတယ်
စမ်းသပ်မှုတွင် သားအိမ်နံရံတုအား ဂျယ်အချို့နှင့် သားအိမ်နံရံတစ်ရှူးတချို့ဖြင့် (gel made partly by collagen and uterine tissue )ပြုလုပ်ပြီး ဖြင်င်္စ်အားမှတ်တမ်းတင်ရန် ဖလော်ရင့်ဆင့်သုံးစောင့်ကြည့်စနစ်ဖြင့် (real-time fluorescence imaging) အသုံးပြုကာ
သန္ဓေသားတွယ်ကပ်မှုအား လေ့လာခြင်း (analysis of the embryo’s interactions ) ပြုလုပ်ခဲ့ပါတယ်
လာမယ့်နှစ်မှာ ကလေးရနိုင်သလား?
ဓမ္မတာမှန်မယ်ဆိုရင်
အမျိုးသားစီမှာ လှုပ်ရှားတဲ့ သုက်ပိုးကောင်ရေ ၃ သန်းနှင့်အထက်ရှိမယ်ဆိုရင်
အမျိုးသမီးရဲ့ သားဥပြွန်နှစ်ဘက်ပွင့်နေတယ်ဆိုရင်
အိမ်ထောင်သက် တနှစ်ကျော်ပြီဆိုရင်
အမျိုးသမီး အသက် ၃၈ နှစ်အောက်ဆိုရင် အောက်ကလင့်နဲ့ တွက်ကြည့်နိုင်ပါတယ်
This probability is not reliable in case of :
-Women with ovulation disorders
-Men with severe male factor (Total motile s***m count = volume x concentration x % motility < 3 million)
-Women with 2-sided tubal pathology.
-Less than 1 year duration of infertility
-Womans age above 38
Female age 30 yr ,Duration of subfertility one years, Total motile s***m count = 10 millions အတွက်ဆို အောင်မြင်နိုင်ချေ ၂၉.၄% ရှိသတဲ့
Female age 38 yr ,Duration of subfertility one years, Total motile s***m count = 10 millions အတွက်ဆို အောင်မြင်နိုင်ချေ ၁၄% ရှိသတဲ့
ဒီနေရာမှာ အဓိက Trick က တော့ motile s***m count ကို လူနဲ့ ရေတွက်တဲ့ နည်းတွေကို သုံးနေတာပဲ။ သုက်ပိုး နမူနာ ၁ ခုကို expert ၁၀ ယောက်ကြည့် အဖြေ ၁၀ မျိုးထွက်တဲ့အချိန် ကွဲလွဲမှုအနည်းဆုံးဖြစ်တဲ့နည်းက (CASA)ပဲ။
CASAမှာ အရေအတွက်တင်မက သွားနှုန်း၊ အမြီးရိုက်နှုန်း၊ ခေါင်းလှုပ်နှုန်းတွေပါ အသေးစိတ်ပါ ပါတယ်
အချက်အလက် အတိအကျသိပြီဆိုရင် အောက်က အောက်ကလင့်နဲ့ တွက်ကြည့်နိုင်ပါတယ်
This model has been validated between 2002-2004 in 38 hospitals in the Netherlands by Van der Steeg et al. In the Colaborative Effort of Clinical Evaluation in Reproductive Medicine (CECERM). The models showed to predict accurately.
Calculate the probability of a spontaneous ongoing pregnancy within 1 year leading to live birth (Hunault). This model has been validated between 2002-2004 in 38 hospitals in the Netherlands by Van der Steeg et al. In the Colaborative Effort of Clinical Evaluation in Reproductive Medicine (CECERM). The models showed to predict accurately.
07/08/2025
သန္ဓေသားမျိုးရိုးဗီဇစစ်ပြီး(PGT-A) သန္ဓေသား ထည့်သင့်လား
အသက် ၃၀ အောက်အမျိုးသမီးအတွက်ဆို သဘာဝကိုက မမျိုးဥ ၈၀ ရာနှုန်းအကောင်းကျန်နိုင်လို့ သိသိသာသာထူးခြားတဲ့ ကောင်းကျိုး မရနိုင်ပါ။ သို့သော် ကောင်းသော သန္ဓေသားရှာနိုင်သောကြောင့် PGTA စစ်ပြီးသန္ဓေသားထည့်ပါက
အောင်မြင်မှုနှုန်း ၁၀ ရာခိုင်နှုန်း ပိုမြင့်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျနှုန်း ၅ ရာနှုန်းခန့် လျော့နည်းစေပါတယ်
အသက် ၃၀ အထက်ကစပြီး အထူးသဖြင့် အသက် ၄၀ အထက် အမျိုးသမီး တွေတွက် ပိုသိသာ အန္တရာယ်ကင်းတဲ့ အကျိုးတွေ ရစေတယ်။ ကိုယ်ဝန် ရနိုင်ချေ ၆ ရာနှုန်းကနေ ၅၀ ရာခိုင်နှုန်း နီးပါးတိုးတက်စေတဲ့အပြင် ကိုယ်ဝန်ပျက်ကျနိုင်ချေ ၅၀ရါနှုန်းကနေ ၁၄ ရာနှုန်းလျော့ပေးနိုင်တယ်။
IVF -PGT cycle အကြမ်းမျဥ်း
USA မှာ 20000 for ivf, 2500 for pgta, total 22500 USD
ဘယ်သူတွေလုပ်သင့်လဲ
အမျိုးသမီး အသက်
၃၀ ကျော်ရင် စစဥ်းစားသင့်
၃၅ ကျော်ရင် လုပ်သင့်
၄၀ ကျော်ရင် လုပ်ကိုလုပ်သင့်ပြီ
ယနေ့ SART PGTA webinar ရဲ့ note လေး ပါ
19/05/2025
X & Y ခရိုမိုဆုန်း awareness month - May
မေလဟာ X & Y လိင်ခရိုမိုဆုန်း ကွဲပြားမှုများရှိနေသော လူတစ်ဦးချင်းစီအတွက် နားလည်မှု၊ ပံ့ပိုးမှုနှင့် လှုံ့ဆော်မှု တိုးမြင့်လာစေရန် ရည်ရွယ်သည့် X & Y Chromosome Awareness လ ဖြစ်ပါသည်။
X နှင့် Y ခရိုမိုဆုန်း ကွဲပြားမှုဆိုတာ ဘာလဲ?
ပုံမှန်အားဖြင့် လူတစ်ဦးစီတွင် ကျား/မ သဘာဝကို ဆုံးဖြတ်ပေးသည့် လိင်ခရိုမိုဆုန်း နှစ်ခုအပါအဝင် ခရိုမိုဆုန်း 46 ခု ရှိပြီး အမျိုးသမီးများအတွက် XX နှင့် အမျိုးသားများအတွက် XY ဖြစ်သည်။ သို့သော် လူ ၅၀၀ တွင် ၁ ယောက် သည် ဤကဲ့သို့သော ခရိုမိုဆုန်းကွဲပြားမှုဖြင့် မွေးဖွားလာနိုင်ပါသည်။ ရောဂါ လက္ခဏာလဲ ပေါ်တတ်ပါသည်။
Turner Syndrome (XO)
XXY (Klinefelter Syndrome)
XYY ရောဂါစု
# # # (Trisomy X)
XXYY ရောဂါစုနှင့် အခြားရှားပါးခရိုမိုဆုန်းပုံစံများ
ဤကွဲပြားမှုများသည် ဖွံ့ဖြိုးတိုးတက်မှု၊ သင်ယူမှု၊ မွေးဖွားမှုနှင့် ကျန်းမာရေးတို့ကို သက်ရောက်မှုရှိနိုင်သော်လည်း စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ပံ့ပိုးကူညီမှုသည် ကြီးမားသောခြားနားချက်ဖြစ်စေနိုင်ပါသည်။
စောစီးစွာ သိရှိရန် ဘာကြောင့် အရေးကြီးသလဲ?
လိင်ခရိုမိုဆုန်းကွဲလွဲချက်များ (SCAs)—ဥပမာ XXY (Klinefelter Syndrome), XYY, # # # (Trisomy X), Turner Syndrome (XO) နှင့် အခြား—တို့သည် မွေးကင်းစ ၅၀၀ တွင် ၁ ဦးကို ထိခိုက်စေသော အဖြစ်အများဆုံး မျိုးရိုးဗီဇအခြေအနေများထဲတွင် ပါဝင်ပါသည်။ သို့သော် လူများစွာသည် အရွယ်ရောက်ချိန်အထိ ရောဂါရှာဖွေခြင်းမရှိဘဲ၊ စောစီးစွာပံ့ပိုးမှု/ ပြုစုပျိုးထောင်ရန် တာဝန်များ ပျက်ကွက် ပျောက်ဆုံးနေပါသည်။
စောစီးစွာရောဂါရှာဖွေခြင်းသည် လူတစ်ဦး၏ကျန်းမာရေးကို သိသိသာသာတိုးတက်စေနိုင်သည့် အချိန်နှင့်တစ်ပြေးညီ ကြားဝင်ဆောင်ရွက်ပေးနိုင်သည်-
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု
သိမြင်မှုနှင့် ဘာသာစကားစွမ်းရည်
လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု
ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်
ရေရှည်ကျန်းမာရေးရလဒ်များ
စောစီးစွာ ရောဂါသတ်မှတ်ခြင်းမရှိပါက မဖြစ်သင့်ဘဲ သင်ယူမှုနှောင့်နှေးခြင်း၊ စကားပြောချို့ယွင်းခြင်း၊ အပြုအမူဆိုင်ရာအခက်အခဲများနှင့် ရောဂါအမည်မဖော်နိုင်သော မျိုးမပွားနိုင်ခြင်း စသည့် ရှောင်ရှားနိုင်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ပါသည်။
ဘယ်လို ကာကွယ်/ ကုသမှု ပြုလုပ်နိုင်သလဲ
၁) သန္ဓေသား၏အသားစကို မျိုးရိုးဗီဇစစ်ဆေးခြင်း
ပထမ ကလေးတွင် လိင်ခရိုမိုဆုန်းကွဲလွဲချက်များ (SCAs)—ဥပမာ XXY (Klinefelter Syndrome), XYY, # # # (Trisomy X), Turner Syndrome (XO) ရောဂါရှိပါ ဒုတိယကလေးတွင် မဖြစ်စေရန် ဖန်ပြွန်သန္ဓေသားနည်းဖြင့် ကလေးရယူ၍ သန္ဓေသား၏အသားစကို မျိုးရိုးဗီဇစစ်ဆေး၍ ကောင်းမွန်ကျန်းမာသော ကလေး ရယူနိုင်ပါသည်။ အသက် ၃၅ နှစ်အထက်ရှိသော မေမေတို့အနေနှင့် စိုးရိမ်ပါက အထက်ပါ နည်းအတိုင်း သန္ဓေသား၏အသားစကို မျိုးရိုးဗီဇစစ်ဆေး၍ ကောင်းမွန်ကျန်းမာသော ကလေး ရယူနိုင်ပါသည်။
၂ ကိုယ်ဝန်ဆောင်ချိန် စစ်ဆေးမှု
ကိုယ်ဝန်ဆောင်ဖြစ်ပါက Non-Invasive Prenatal Testing (NIPT) - SCAs အပါအဝင် သာမန်ခရိုမိုဆုန်းအခြေအနေများအတွက် မိခင်သွေးထဲမှ သန္ဓေသား၏ အချင်းမျိုးရိုးဗီဇ cfDNA ကို ကိုယ်ဝန် 10 ပတ်မှစ၍ စစ်ဆေးနိုင်ပါသည်။
၃ ရေမြွှာရေမှ စစ်ဆေးမှုAmniocentesis သို့မဟုတ် Chorionic Villus Sampling (CVS) - ကိုယ်ဝန်ဆောင်စဉ်အတွင်း တိကျသေချာသော သန္ဓေသား၏ မျိုးရိုးဗီဇ DNA ကို စစ်ဆေးနိုင်ပါသည်။
၄ မွေးကင်းစကလေးစစ်ဆေးခြင်း (Postnatal)
ရောဂါလက္ခဏာများ သို့မဟုတ် မိသားစုရာဇဝင်အရ လိုအပ်ပါက လိင်ခရိုမိုဆုန်းကွဲလွဲချက်များ (SCAs)ကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။
၅ ကလေးဘဝ သို့မဟုတ် ကြီးကောင်ဝင်စတွင် စမ်းသပ်ခြင်း။
ကလေးသည် အောက်ပါကဲ့သို့သော လက္ခဏာများပြပါက မျိုးရိုးဗီဇစစ်ဆေးခြင်းကို အကြံပြုနိုင်ပါသည်။
စကားပြောနောက်ကျခြင်း သို့မဟုတ် မော်တာဖွံ့ဖြိုးမှု
သင်ယူမှုအခက်အခဲ
အပြုအမူ သို့မဟုတ် လူမှုရေးစိန်ခေါ်မှုများ
အပျိုဖော်ဝင်ချိန် နောက်ကျခြင်း သို့မဟုတ် ပျက်ကွက်ခြင်း။
🩺 စောလျှင်စွာကုသမှုနှင့် ပံ့ပိုးမှုရွေးချယ်စရာများ
ဟော်မုန်းကုထုံး (ဥပမာ၊ တက်စတိုစတီရုန်း သို့မဟုတ် အီစထရိုဂျင် အစားထိုးခြင်း)
အပြောအဆိုနှင့် လုပ်ငန်းခွင်ကုထုံး
ပညာရေးအထောက်အပံ့
လူမှုရေးကျွမ်းကျင်မှုသင်တန်း
အကြံပေးခြင်းနှင့် အပြုအမူဆိုင်ရာ ကုထုံး
အရွယ်ရောက်ပြီးချိန်တွင် မျိုးပွားခြင်းဆိုင်ရာ အကြံဉာဏ်နှင့် ရွေးချယ်မှုများ
💙 ဘယ်လိုကူညီနိုင်မလဲ။
📚 သင်ကိုယ်တိုင် သိအောင်ကြိုးစားပါ၊ အခြားသူများကို ပညာပေးပါ - X & Y ခရိုမိုဆုန်းကွဲပြားမှုများကို ပတ်သက်သော အချက်အလက်များကို မျှဝေပေးပါ။
❤️ လူတိုင်းသည် လေးစားမှု၊ ပါဝင်မှု၊ ပံ့ပိုးမှုနှင့် ထိုက်တန်မှုရှိသည်။
03/01/2025
Burmese Fertility Shrine
သားဆုပန်သော နေရာ/ နတ်ဘုရား/ ဓလေ့ စသည်တို့က တစ်ရွာတစ်ပုဒ်ဆန်း များပြားလှပေသည်။ ကြားသိရသလောက်ဆို-
၁။ ရွှေတိဂုံက ဗြဟ္မာသားပိုက်ရုပ်
၂။ ၁၉လမ်း တရုတ်ဘုံကျောင်းက ကွမ်ရင်မယ်တော်၊ Fushan Temple (福山寺) ဖူဆန် ဘုရားကျောင်း ကွမ်ရင်မယ်တော်က ပိုဆုတောင်းပြည့်သည်ဟုဆိုကြသည်
၃။ ပီလခတ် ဘုရားကျောင်း၊ သန်လျှင်မြို့
၄။ သားတော်ရ စေတီတော် သာဂရမြို့
၅။ တောင်ငူ မြတ်စေညီနောင်ဘုရားမှ ကလေးပိုက်ထားသော ဘီးလူးမရုတ်ထု
၆။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချိုအုပ်စု၊ ဇီးပွားရွာ၊ ဓါတ်မြူးရန်အောင် ဂွေးချိုတောင်တော်ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူသော အလောင်းစည်သူမင်းတရားကြီးအား သိကြားမင်းမှ ဆက်သထားသည့် နန်းဦးဆုတောင်းပြည့် ရှင်ပင်မဟာ ဒက္ခိဏဿာခါ မိုးကောင်းဘုရားကြီး
၇။ ပုဂံက ရှေးဟောင်းသုသေနအနီး ပျူလက်ရာ သားဆုပန် ဘုရား
၈။ ရွှေသိမ်တော် ကျောက်ဆည်
သက်ဆိုင်ရာ ဘာသာရေး ယုံကြည်မှု (religious rituals) မှ တဆင့် လူအားမျိုးနွယ်တို့၏ သန္ဓေအောင်ခြင်းသည် ဆက်စပ်မှုရှိကြသည်ဟု အယူအဆလဲ ရှိကြသည်။ ထိုဆုတောင်းရာအရပ် ဒေသ (Fertility Shrine) သည်လဲ အမျိုးမျိုးအထွေထွေ အဆန်းဆန်း အပြားပြား။
ယေဘုယျအားဖြင့် ဆုတောင်းခံ ရုပ်တုသည် ကလေးငယ်အား ပိုက်ထားတတ်သည် (သို့) ဆုတောင်းသည့် ကလေးလိုသောသူက ကလေးငယ် ပုံစံအရုပ်အား (ရံဖန်ရံခါ အနှီးပတ်လျှက်)/ ကစားစရာ/စားစရာမုန့် လှူရ ဆုတောင်းရတတ်သည်။
မရှိမဖြစ် key player က နတ်ထိန်း (ခ) အနားရှိ ဆုတောင်းစကား ပြောပေးသူ။ ထိုသူများသည် တော်တော်ကို အသေးစိတ် ဆုတောင်းစကား ဆိုတတ်ကြသေးသည်။ တော်တော်လဲ အတွေ့အကြုံရှိပုံလဲရသည်။ “သမီးက ငယ်လဲ ငယ်တယ် ရာသီစက်ဝန်းလဲမှန်တယ်ဆို ပိုပြီး ဆုတောင်းရလွယ်တယ် သမီးရဲ့” ။ ‘’ သားလိုချင်ရင် ဖွားဖက်တော်လေးကို ကိုင်ပြီးဆုတောင်းရတယ်တဲ့၊ အော် ရွှေပန်းနေရာမဟုတ်ဘူး… ဂွေးဂျိနေရာ.. အေး အေး လိုရာသာ ဆုတောင်း ပြည့်လိမ့်မယ် ပြည့်လိမ့်မယ်’’ …
ဆုတောင်းပုံ အထွေထွေထဲက ကျတော် သဘောကျသော ဆုတောင်းတဲ့ အခြေခံအယူအဆမှာ ပုဂံက ဆုတောင်းပုံဖြစ်သည်။ သန္ဓေအောင်တယ်ဆိုတာ နရီ စည်းဝါးက အရေးကြီးတယ်။ နရီစည်းဝါးကိုက်မှ သန္ဓေရတတ်တယ်ဆိုပြီး ဘုရားကို နရီကိုက်အောင် နာရီလှူပေးရသည်ဆိုသည်။ မှန်သည်။ မျိုးဆက်ပွါးဆေးပညာတွင် အချိန်ကိုက် လုပ်နိုင်မှုသည် အသက်တမျှ အရေးကြီးလှသည်။ မမျိုးဥ ကြီးဆေး၊ ကြွေဆေး၊ မမျိုးဥ ထုတ်ယူချိန်၊ သုတ်ပိုးထိုးသွင်းချိန်၊ သန္ဓေသား အသားစယူချိန်၊ အေးခဲချိန်၊ သန္ဓေသားအား သားအိမ်ထဲ ပြန်နေရာချထည့် ပေးချိန် အားလုံးသည် သူမတို့ရဲ့ ရာသီစက်ဝန်းနှင့်။ ကြာလာတော့ ကုသပေးတဲ့ ဆရာဝန်/ သူနာပြုများကလဲ စနေ/ တနင်္ဂနွေမသိတော့…
မျိုးဆက်ပွါး ဆေးပညာခေတ်
သုက်ပိုးနဲ့ မမျိုးဥတို့ သဘာဝအတိုင်းပေါင်းဖို့ မျက်နှာပြင်မှာ ဓါတ်ပစ္စည်းအချို့ လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပြီးရှာဖွေကြရာ ၂၀၀၅တွင် သုတ်ပိုးမျက်နှာပြင်တွင် မမျိုးဥနှင့်ပေါင်းရန် ဓါတ်ပစ္စည်း ပရိုတင်းလေးတွေရှိနေကြောင်းတွေ့သောအခါ Japanese fertility shrine တခုဖြစ်တဲ့ Izumo1 လို့ပေးလိုက်ကြသည်။ ၂၀၁၄ တွင် နောက်ထပ် သိပ္ပံပညာရှင်တွေက မမျိုးဥ မျက်နှာပြင်က ပစ္စည်းကို ထပ်တွေ့တော့ အမျိုးသမီးတွေကို စောင့်ရှောက်တတ်သော သန္ဓေအောင်ခြင်းကို ပိုင်စိုးသော ရောမ နတ်ဘုရားအမည် ဂျူနို (Juno) လို့ ပေးခဲ့ကြတယ်။ ရှေးရောမ နတ်ဘုရားထဲတွင် fertility & marriage ကို စောင့်ရှောက်တဲ့ Juno အမည်ရှိသော ရောမ နတ်ဘုရားမသည် နာမည်ကြီးသည်။ ဆိတ်သရေရုံပြီး အမျိုးသမီးတွေကို စောင့်ရှောက်သည်ဟု ဆိုကြသည်။
ရောမ နတ်ဘုရားအမည် ဂျူနို (Juno) မစောင့်ရှောက် ကောင်းချီးမပေးလဲ ရန်ကင်း ကျောက်ကုန်းက ဆရာတို့ကောင်းချီးပေးလို့ ၂၀၂၅ နှစ်သစ်မှာ အောင်မြင်ခဲ့တဲ့ ကလေးမ
အကြောင်းက ဒီလို
အသက် ၃၆ အမျိုးသမီးလေးတယောက် သူမဟာ ပြင်းထန်တဲ့ ခုခံအားစနစ် မူမမှန်ခြင်းပြဿနာ နှင့် သွေးလုံး ( endometriosis) နဲ့ နှစ်ကာလ အတော် ဖြတ်သန်းရရှာတယ်။ ပြည်တွင်းက ပါရဂူကြီးများအပြင် ပတ်ဝန်းကျင်နိုင်ငံက ပါရဂူကြီးတွေရဲ့ ကုထုံးတွေလဲ စုံလို့။ မှတ်တမ်းတွေပင် ကျတော်တို့ရဲ့ ဘွဲ့ယူကျမ်းလောက်ရှိနေပြီ
‘‘ဆရာ သမီး ကလေးရနိုင်ပါ့မလား ဆရာရယ်” သူ့ရောဂါ အခြေအနေနှင့် သူပြောတဲ့ အသံကြားလျင်ပင် အခက်ခဲများကို အတော်ဖြတ်သန်းခဲ့ရသော မိန်းခလေးရဲ့ မျှော်လင့်ချက်ကို ခံစားချက်ကို လိုက်ပါ မျှဝေ ခံစားမိပါသည်။
သူ့စကားအသံမဆုံးခင်ပင် ကျတော့် အတွေးတွင် သူမ၏ မမျိုးဥ မျက်နှာပြင်က ပစ္စည်း ဂျူနို (Juno)သည် ပျက်ဆီးနေလောက်ပြီ။ သဘာအတိုင်း သန္ဓေအောင်စေသောနည်းဖြစ်သည့် Time intercourse(TI), Intra-uterine insemenation(IUI) နှင့် ဖန်ပြွန်သန္ဓေသားနည်း (Conventional IVF) နည်းသည် အဆင်မပြေနိုင်တော့။ သုတ်ပိုးရွေးချယ် ထိုးသွင်းသောနည်း ( intra cytoplasmic s***m injection) သည်ပင် အလုပ်လုပ်ပါ့မလား။ ဒီလောက် inflammatory media တွေရှိနေသူရဲ့ နှစ် ၃၀ ကျော် ဓါတ်တိုးပစ္စည်းတွေကြောင့် မျိုးရိုးဗီဇကရော ဘယ်လောက် ကောင်းကောင်းကျန်မည်လဲ။ စသည့် လဲပေါင်းများစွာသော မေးခွန်းတွေ ဖိစီးသောအခါ လူနာရှေ့မှာ မလဲအောင် မနည်း အားတင်းပြီး လူနာကို အားပေးရသည်။ ပြောစရာ အခြားစကားမရှိပါချေ ။ ‘’ အောင်မြင်နိုင်ချေအချို့ရှိပါတယ်။ ဆရာတို့ အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
ထွက်လာတော့ ထင်သည်အတိုင်း မမျိုးဥတွေက ဘဲဥပုံတွေ အခွံထူထူတွေ။ အလုံးအရေအတွက်က အသက်အရွယ်နှင့်ယှဉ်ရင် နည်းပါးနေပြန်။
(၅) ရက်သား သန္ဓေသားရပြန်တော့ အရေအိတ်တွေပါပြန်တော့ လေဆာကုထုံး (Targeted Laser Ablation ) ပေးရပြန်။
ပေးပြီးပြန်တော့ ဒီလို case မှာ မျိုးရိုးဗီဇမူမှန် သန္ဓေသား ( eupliod embryo) ဖြစ်ဖို့ လိုပြန်တော့ မျိုးရိုးဗီဇ စစ်ဖို့လိုပြန်တယ်။
စစ်ဖို့ကြတော့လဲ ပုံသဏ္ဍာန် မမှန်တဲ့ ဘဲဥပုံ မမျိုးဥဖြစ်နေပြန်တော့ ခက်ခက်ခဲခဲ ကြိုးစားရပြန်တယ်။
အားလုံးကို ကျော်ဖြတ်ပြီးချိန်မှာ နတ်ဘုရားတွေသာ ဖန်တီးပေးနိုင်တယ်လို့တောင် ထင်ရတဲ့ မျိုးရိုးဗီဇမူမှန် သန္ဓေသား ( eupliod embryo) ရရှိခဲ့ပါတယ်။ ဒီလိုတကြိမ်သာ ရတောင့် ရခဲ အဖိုးတန် အမတေလေး ကောင်းမွန်စွာတည်ဖို့ ဝမ်းကြာတိုက်နံရံကလဲ သားအိမ်နံရံကလဲ ပါးသည့် အစားထဲက ဖြစ်နေပြန်သည်။
အခြေအနေကတော့ ဆရာဝန်တွေသည် အနိုင်ရလျှင် သူတို့ကို သူတို့ နတ်ဘုရားလို့ထင်တတ်ကြပြီး သူတို့မသေချာလျှင် သူတို့ ကိုယ်တိုင်လည်း ဘုရား တတတ်ကြပါသည်ပေါ့..ကျတော်တို့ ဘုရားတရသည့် အခြေအနေပါ..
၂၀၂၅ နှစ်ဆန်းမှာတော့ အလွန့်အလွန် ခက်ခဲသူတို့အတွက် ဖန်တီးမှုတွေ အရာထင်ခွင့် ရရှိလိုက်သည်
Thank you Fertility Specialist
Thank you IVF nurses
Thank you Origin IVF Team
Thank you my better-halfစ
23/12/2024
သန္ဓေသား မျိုးရိုးဗီဇ မူမှန်မှုအား စစ်ဆေးခြင်းနှင့် သိကောင်းစရာ
Q:မျိုးရိုးဗီဇ မူမှန်တဲ့ သန္ဓေသား (Euploid Embryo) ဆိုတာဘာလဲ
Ans:လူသားမျိုးနွယ်မှာ ရှိရမယ့် မျိုးရိုးဗီဇ မပျက်ယွင်းဘဲ ကျန်းမာသော သန္ဓေသားကို ဆိုလိုပါတယ်
Q:မျိုးရိုးဗီဇ မူမှန်တဲ့ သန္ဓေသား (Euploid Embryo) ဟုတ်/ မဟုတ် ဘယ်လိုသိနိုင်လဲ?
Ans:အခြေခံအားဖြင့် သန္ဓေသားပါရဂူက သန္ဓေသားပုံပန်းသဏ္ဌာန် (Morphology) ကြည့်ပြီး အမှတ်ပေးစနစ်နဲ့ အဆင့်သတ်မှတ်ပြောပါတယ်
ခုခေတ်မှာ Timelapse incubator အချိန်ပြည့် စောင့်ကြည့်တဲ့စက်နဲ့ formula များနဲ့ အသုံးပြုပြီး ပိုမိုအသေးစိတ်ကြည့်ရှု ရွေးချယ်မှု လုပ်ကြပါတယ်
နောက်တဆင့် Timelapse incubator with AI system နဲ့ ရွေးချယ်ကြပါတယ်။ 75% ခန့်မှန်ကန်စွာ ရွေးချယ်နိုင်တယ် ဆိုပါတယ်။
အသားယူပြီးစစ်ဆေးနည်း ( invasive test) များမှာတော့ Trophectoderm Biopsy and Genetic testing (PGT-A, PGT-SR,PGT-M and etc) စသည်ဖြင့် မျိုးရိုးဗီဇကို ခရိုမိုဆုန်းအဆင့် အလွှဲအမှားရှာခြင်း၊ ခရိုမိုဆုန်းများကြား နေရာ အလွှဲကို ရှာခြင်း၊ မျိုးရိုးဗီဇ ကုဒ်( mono Genetic Disease) တခုချင်းဆီ အလွဲကိုရှာခြင်း စသည်ဖြင့် စစ်ဆေးကြပါတယ်။
Q ဘယ်နည်းက ပိုမှန်ကန် တိကျလဲ?
Ans: အသားယူပြီးစစ်ဆေးနည်း ( invasive test) များမှာတော့ Trophectoderm Biopsy and Genetic testing (PGT-SR နဲ့ PGT-M )ကတော့ ဆိုင်ရာ စစ်ဆေးမှုအပေါ်
နှုန်းပြည့် တိကျတယ်လို ယူဆပါတယ်။
PGT-A တော့ normal ထွက်ရင် ၉၈ ရာနှုန်း ခန့် မူမှန်တယ်လို့ ယူဆကြပါတယ်။
သန္ဓေသား အချင်းအသားစ ၅ လုံးခန့်ဟာ သန္ဓေသားရှိ ဆဲလ်အားလုံးကို ကိုယ်စားမပြုနိုင်ဘူးလို့ အယူအဆတွေလဲရှိပါတယ်
Q: မျိုးရိုးဗီဇ မူမှန်သန္ဓေသားလွဲပြောင်းရင်
အောင်မြင်သော ကျန်းမာသော
ရင်သွေး ရနိုင်ပြီလား?
Ans: မျိုးရိုးဗီဇစစ်ဆေးပြီးသား (PGT-A Normal) မူမှန် သန္ဓေသား တစ်လုံး လွဲပြောင်းရင် သားအိမ်မှာ ပြဿနာမရှိလျှင် ကိုယ်ဝန်ရနိုင်ချေ ၈၀ ရာနှုန်းခန့်ရှိပါတယ်
ကျန်းမာသော ကလေးတယောက် ရနိုင်ချေ ၆၅ ရာနှုန်းရှိပါတယ်
မျိုးရိုးဗီဇစစ်ဆေးပြီးသား (PGT-A Normal) မူမှန် သန္ဓေသား (၃) လုံး လွဲပြောင်းရင် သားအိမ်မှာ ပြဿနာမရှိလျှင် ကလေးတယောက် မွေးနိုင်ချေ ၉၃ ရာနှုန်းရှိပါတယ်
Q: ကလေး တယောက်မွေးနိုင်ဖို့ သန္ဓေသား ဘယ်နှစ်လုံး လိုပါသလဲ။
Ans: မျိုးရိုးဗီဇ အမှန်တကယ် မူမှန်ခဲ့ရင် ၁ လုံးသာလိုပါတယ်။ ရာနှုန်းပြည့် မူမှန်ခြင်းကို သိရှိရန်ခက်ခဲခြင်း သားအိမ်နံရံ မူမှန်မှုအား သိရှိရန် ခက်ခဲသောကြောင့်အနည်းဆုံး ၃ လုံးလိုပါတယ်။
ဒါကြောင့် နောင်အချိန် သားသမီးတွေယူဖို့ သန္ဓေသား သိမ်းမယ်ဆိုရင် ဆရာဝန်များက PGT-A normal ၃ လုံး သိမ်းထားရန် အကြံပြုခြင်းဖြစ်ပါတယ်။
ဖန်ပြွန်သန္ဓေသားမှာ သုံးရသော ဟော်မုန်းဆေးများကြောင့် ကင်ဆာဖြစ်ချေ ပိုများနိုင်သလား?
ဖန်ပြွန်သန္ဓေသား ဟော်မုန်းထိုးဆေးများကြောင့်
✅သားဥအိမ်ကင်ဆာ( ဖြစ်နိုင်ချေနည်း) ၊
✅ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ဖြစ်နိုင်ချေနည်း၊
❓သိုင်းရွိုက်ဂလင်းကင်ဆာ ( clomiphene ဆေးပမာဏများပါက ဖြစ်နိုင်ချေ ပိုများနိုင်) ၊
✅သားအိမ်ခေါင်းနှင့် အူမကြီးကင်ဆာ ( ဖြစ်နိုင်ချေနည်း)၊ သည်ဟု
အမေရိကမျိုးဆက်ပွါးဆေးပညာအသင်း မှ ၂၀၂၄ တွင် ထုတ်ပြန်ပါသည်။
✅သားဥကျွေးဆေးခေါ် ဟော်မုန်းဆေးများကို ကျွမ်းကျင်သော ဆေးပညာရှင်များဖြင့်သာ ကုသမှုခံယူသင့်ပါကြောင်း🧑🧑🧒
The ASRM recently published their 2024 guidance on fertility drugs and cancer, reviewing 52 different studies published since 2015.
For ovarian cancer, there may be an increased risk, though it's likely *very small* and might be related to an underlying diagnoses (ie. endometriosis, which itself carries a low risk).
For breast and uterine cancer, there doesn't seem to be any increased risk, although there may be with prolonged clomid (clomiphene) use.
For thyroid cancer, there may be an increased risk, particularly for those with high clomid exposure.
For cervical and colon cancer, ASRM didn't find any associations with fertility drugs. For non-hodgkin lymphoma and malignant melanoma, there wasn't enough evidence.
03/09/2024
မျိုးဆက်ပွါး ကျန်းမာရေးနှင့် အချဉ်ဖောက် အစားအစာများ ( fermented food)
လူတွေရဲ့အူမှာ ပိုးမွှား ( gut microbiome) သန်းနဲ့ချီပြီးရှိပါတယ်
အဆိုပါ ပိုးမွှားတွေဟာ အစာချေမှု၊ ကိုယ်ခံအားစနစ်နှင့် မျိုးဆက်ပွါး ကျန်းမာရေးအတွက် များစွာ ဆက်စပ်လျှက်ရှိပါတယ်
သုတေသန အရ လူတွေဟာ မတူညီတဲ့အသီးအရွက် ၃၀ အပတ်စဉ် အနည်းဆုံးစားသင့်တယ်ဆိုပါတယ်
အဲ့လိုစားသုံးခြင်းဖြင့် ရောင်ရမ်းစေသော ဓာတ်ပစ္စည်းများ (IL6 & IL10) စတာတွေကျပြီး သန္ဓေအောင်နှုန်းနှင့် သန္ဓေသားတွယ်ကပ်နှုန်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး ပိုကောင်းစေမှာ ဖြစ်ပါတယ်
အူလမ်းကြောင်းလည်း ပိုကျန်းမာ၊ ကိုယ်ခံအားစနစ်လဲ ပိုမှန်၊ ဟော်မုန်းစနစ်လဲ ပိုမှန်စေပါတယ်
အချဉ်ဖောက်ထားသော အစားအစာတွေဟာ မျိုးဆက်ပွါးကျန်းမာရေးအတွက် လိုအပ်တဲ့ ဇင့်(zinc), ဖော်လစ်အက်စစ် ( folic acid), စလီနီယမ် ( selenium) တွေ
ကို စုပ်ယူအားပိုကောင်းစေပြီး မမျိုးဥနဲ့ သုက်ပိုး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
စနစ်တကျ ပိုးသတ် အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာ ပိုပြီး အန္တရာယ်ကင်းပါတယ်။ မသန့်ရှင်းတဲ့ အချဉ်ဖောက် အစားအစာ (unpasteurized fermented food )ကတော့ ကိုယ်ဝန်ဆောင်စဉ် ရှောင်ကျဉ်သင့်ပါတယ်
#ကိုယ်ဝန်ဆောင်မေမေ
#သားသမီးရလိုသူများ
25/07/2024
World Embryologist Day (World IVF Day) 25th July
အောင်မြင်မှုတွေ မတိုင်မီကာလ
Louise အရင် ကလေးများရှိအောင်ကြိုးစားမှုများကို ဖော်ပြဂုဏ်ပြုရလျှင် ၁၈၉၀ ခုနှစ်တွင် Walter Heape, a professor at the University of Cambridge, UK က ယုန်များတွင် စမ်းသပ်အောင်မြင်ခဲ့ပြီး ၁၉၃၂ တွင် Aldous Huxley က “Brave New World” အမည်ဖြင့် ရေးသားဂုဏ်ပြုခဲ့သည်။
၁၉၇၃ တွင် Australia နိုင်ငံ Melbourne မြို့မှ ပါမောက္ခ Carl Wood and John Leeton တို့ပြုလုပ်စဉ် ကိုယ်ဝန်ရရှိခဲ့သော်လဲ ၁ ပတ်ခန့်အကြာတွင်ပျက်စီး ခဲ့ရသည်။
၁၉၇၆ ခုနှစ် Patrick Steptoe and Robert Edwards တို့ပင် Louise Brown မတိုင်ပင်က ကြိုးစားမှုမှာ သားဥပြွန်ထဲတွင် သန္ဓေတည်ခြင်းကြောင့် (ectopic pregnancy) ဖြစ်ကာ မအောင်မြင်လိုက်ရပေ။
ပထမဆုံးသော အောင်မြင်မှု
Louise Brown ရဲ့ အမေ Lesley Brown ဟာ မမျိုးဥပြွန် နှစ်ဘက်စလုံးပိတ်ခြင်း ( bilateral tubal blocks) ဖြစ်၍ ခွဲစိတ်ဖွင့်ခြင်း (Bilateral salpingostomy) ပြုလုပ်သော်လည်း အောင်မြင်မှုမရခဲ့ပါ။၁၉၇၆ နှစ်မှာ မန်ချက်စတာမြို့ရှိ Oldham ဆေးရုံတွင် သားဖွားမီးယပ်ပါရဂူ Dr. Patrick Christopher Steptoe နှင့်ပြသကုမှုခံယူခဲ့ပြီး သဘာဝအလျှောက်ကြီးလာသော မမျိုးဥအား မှန်ပြောင်းဖြင့်ထုတ်ယူခြင်း ( laparoscopic oocyte retrieval during a natural non- stimulated ovulatory cycle) ပြုလုပ်ခဲ့သည်။ သန္ဓေသားဗေဒပါရဂူ Robert Geoffrey Edwards က ၃ ရက်သား သန္ဓေသားအထိ (8-cell stage embryo) ဓါတ်ခွဲခန်းအတွင်းအောင်မြင်စွာမွေးခဲ့ပြီး သားအိမ်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၇၈ ခုနှစ် ဇူလိုင်လ ၂၅ ရက် ည ၁၁ နရီ ၄၇ မိနစ်တွင် ကမ္ဘာ့ပထမ IVF ကလေး Louise Brown အား ခွဲစိတ်မွေးဖွားပေးခဲ့သည်။ Louise မွေးချိန်တွင် 5 pounds and 12 ounces (2700 grams)ရှိပြီး ကျန်းမာစွာ ဖွားမြင်ခဲ့ပါသည်။
ဇူလိုင်လ 25 ရက်နေ့ကို World Embryologist Day အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ IVF ဖြင့် မွေးဖွားခဲ့သော ပထမဆုံးကလေး Louise Brown ၏ မွေးနေ့ဖြစ်သောကြောင့် ဖြစ်ပါသည်။
၁၉၇၈ ဇူလိုင် ၂၅ တွင် Louise Brown အောင်မြင်ပြီးသော်-
၁၉၇၈ အောက်တိုဘာ ၁၆ တွင် Courtney Cross
၁၉၇၉ ဇန်နဝါရီ ၁၄ တွင် Alastair MacDonald တို့ ဆက်တိုက် အောင်မြင်ခဲ့ရာမှ
ယနေ့အထိ ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် တနှစ်လျှင် ကလေး ၅သိန်း ကောင်းမွန်စွာ မွေးဖွားခဲ့ပြီး စုစုပေါင်း ၈ သန်းကျော် အောင်မြင်စွာ မွေးဖွားပြီးဖြစ်ပါသည်။
မြန်မာ့ဖန်ပြွန်သန္ဓေသား
◦ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် IVF center BFC ကိုစတင်ဖွင့်လှစ်ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီတွင် first IVF Baby ကိုယ်ဝန်ရရှိစေပြီး ၂၀၀၇ ဩဂုတ်လတွင် မြန်မာနိုင်ငံရဲ့ ပထမဆုံး IVF baby သမီးကလေးကို အောင်မြင်စွာ မွေးနိုင်ခဲ့ပါတယ်။
◦ အစိုးရဆေးရုံ၊ ဗဟိုအမျိုးသမီး ဆေးရုံမှာလဲ ဖန်ပြွန်သန္ဓေသား စင်တာအား ၂၀၁၇မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။
◦ ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့မှာ မန္တလေးရှိ Motherland Fertility Center မှာ အထက်မြန်မာပြည်ရဲ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား သားသားလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။
◦ ၂၀၁၁ခု နိုဝင်ဘာ ၁၁ ရက်နေ့ Origin Fertility Center ရဲ့ post အရ အဆိုပါ စင်တာရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ နည်းပညာသည် ကမ္ဘာ့ IVF center များနဲ့ နည်းပညာတွေ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ရောက်ရှိနေကြောင်း သိရှိရပါတယ်။ မြန်မာ့ IVF စင်တာများတွင် တန်ဖိုးမြင့် နောက်ဆုံးပေါ် Time Lapse Incubator များတပ်ဆင်ခြင်း၊ IVF Laboratory Standard Clean room များ ပိုကောင်းအောင် ဆောက်လုပ်လာခြင်း၊ QA/QC များကို စင်များမှ ချပြကြေငြာလာခြင်း၊ လူနာများမှ ပို၍စိတ်ဝင်စားလာခြင်း၊ စသော လက္ခဏာများမှာ ပို၍ ပို၍ တိုးတက်လာမယ်လို့ ယုံကြည်မိပါသည်။ မြန်မာ့မြေပေါ်မှာ Pre implantation genetic testing အောင်မြင်စွာ လုပ်နိုင်နေပြီလို့ လဲသိရှိရပါတယ်။
◦ နောက်ပိုင်းတွင် ရန်ကုန်ရှိ ဆေးရုံကြီးများမှာ ကလေးရယူလိုသော စုံတွဲများကို ဆေးစစ်ခြင်း၊ မမျိုးဥ ကြီးထွားအောင် ဆေးထိုးသောအဆင့်အား (Ovarian Stimulation) အဆင့်အား မြန်မာနိုင်ငံတွင် လုပ်ဆောင်ပြီး ဖန်ပြွန်သန္ဓေသားလုပ်သော အဆင့်ကို Thailand, India & Singapore စသော နိုင်ငံများတွင် လုပ်ဆောင်ခြင်းကို တွေ့ရှိရပါတယ်။ ဖန်ပြွန်သန္ဓေသား စင်တာများ ပေါ်ပေါက်လာခြင်းဟာ တိုင်းပြည်အတွက်အရေးကြီးတဲ့အပြင် မျိုးဆက်ပွါးဆေးပညာ (Reproductive Medicine)အတွက် အရေးပါလှပါတယ်။ ယခုကာလ လူနေထိုင်မှု၊ စားသောက်မှု၊ ဗိုင်းယပ်စ် ကပ်ရောဂါများဖြစ်ပွါးမှု၊ အဝလွန်/ ဆီးချို/ သွေးတိုး စသော ရောဂါဖြစ်ပွါးနှုန်း၊ မိသားစုပြဿနာများ/ လူမှုရေးပြဿနာများ ဖြစ်ပွါးနှုန်း သည် တိုင်းပြည်ရဲ့ မျိုးဆက်ပွါးကျန်းမာရေး (Reproductive Health) များစွာ ဆက်စပ်ပြီး အကျိုးသက်ရောက်မှုများစွာရှိကာ ရေရှည် စီမံကိန်းလဲ အကောင်အထည်ဖော် ရှိသင့်ပါတယ်။
◦ ယနေ့ထိ စုဆောင်းရရှိသော မှတ်တမ်းအရ ကမ္ဘာ့ ဖန်ပြွန်သန္ဓေသား စုစုပေါင်း ၁၂ သန်းကျော်ထဲမှ မြန်မာ ဖန်ပြွန်သန္ဓေသား ၁၀၀၀ ခန့် အောင်မြင်စွာ မွေးဖွားပြီးဖြစ်ပါသည်။
ဂုဏ်ပြုအပ်ပါသည်
ထိခဲလှသော အပ်နှစ်ချောင်းကို ထိသကဲ့သို့ ဖြစ်နိုင်ခဲသော အမှုကို ကြိမ်ဖန်များစွာ အောင် မြင်အောင်…
အိမ်မက်တွေကို လှပတဲ့ ဘဝဖြစ်လာအောင် စွမ်းဆောင်ခဲ့သော
ကမ္ဘာ ဖန်ပြွန်သန္ဓေသား ပညာရှင် ပါရဂူကြီးများနှင့်အတူ မြန်မာ့မြေ မြန်မာရေပေါ်မှာ မြန်မာတိုင်းရင်းသားအားလုံးအတွက် ရှိပေးသော မျိုးဆက်ပွါးပါရဂူ (Fertility Specialist) & သန္ဓေသားဗေဒပါရဂူ (Embryologist) တို့နှင့် တကွ ပါဝင်ကြသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွင်ပါဝင် သူများအား ဂုဏ်ပြုလျှက်……
Fertility Guide Myanmar
***mbank
Click here to claim your Sponsored Listing.
Category
Website
Address
Yangon