MPHealth

MPHealth

Share

Principle Company of PadaukOo Pharmacy Chain. Part of Myanmar Padauk Group of Companies MyanmarPadauk Health Company Limited (MPHealth).

The principle company of PadaukOo Pharmacy Chain.

17/05/2026

🌍 ကမ္ဘာ့သွေးတိုးရောဂါအထိမ်းအမှတ်နေ့ - World Hypertension Day 🌍

ပိတောက်ဦးရဲ့ ချစ်ရတဲ့ Customer များရှင့် 🥰
ယနေ့ မေလ 17 ရက်နေ့ဟာ ကမ္ဘာ့သွေးတိုးရောဂါအထိမ်းအမှတ်နေ့ (World Hypertension Day) လေးပဲဖြစ်ပါတယ်။

သွေးတိုးရောဂါဟာ တိတ်တဆိတ်ဖြစ်ပွားတတ်ပြီး အန္တရာယ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ယနေ့မှစ မိမိရဲ့သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးဖို့နဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ နေထိုင်မှုပုံစံကို မွေးမြူဖို့ တိုက်တွန်းပြီး သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲရောဂါများမှ ကာကွယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်

✨သွေးတိုးကာကွယ်ရန် အချက်များ
✔ ဆားလျှော့စားပါ
✔ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ
✔ အရက်နှင့်ဆေးလိပ်ရှောင်ပါ
✔ စိတ်ဖိစီးမှုကိုလျှော့ချပါ
✔ ပုံမှန်သွေးပေါင်ချိန်စစ်ဆေးပါ

တကူးတက အဝေးကြီး သွားနေစရာမလိုဘဲ ပိတောက်ဦးကို လာရင်း သွေးပေါင်ချိန် အခမဲ့ လာရောက် တိုင်းတာနိုင်ပါတယ်ရှင်...🚶‍♂️🚶‍♀️

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"



#ပိတောက်ဦးဆေးဆိုင်

#သွေးတိုးရောဂါ

12/05/2026

𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 📣

🌟 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 – 𝗠𝗮𝗹𝗲 / 𝗙𝗲𝗺𝗮𝗹𝗲 (𝟴) 𝗣𝗼𝘀𝘁𝘀

Myanmar Padauk Health Co., Ltd အောက်တွင်ရှိသော
🔸ဗိုလ်တထောင်မြို့နယ် (ဘိုကလေးဈေးအနီး)
🔸ဗဟန်းမြို့နယ် (SSC ဆေးရုံအနီး)
🔸လမ်းမတော်မြို့နယ် (ရန်ကုန်ဆေးရုံကြီးအနီး)
🔸လှိုင်မြို့နယ် (ဘူတာရုံမှတ်တိုင်အနီး) နှင့်
🔸လှိုင်မြို့နယ် (သုခမှတ်တိုင်အနီး) ရှိ
ပိတောက်ဦးဆေးဆိုင် (PadaukOo Pharmacy) များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်း များနှင့် ကိုက်ညီသော ဝန်ထမ်းများခေါ်ယူနေပါသည်။ 🙋

လိုအပ်သောအရည်အချင်းများ 👇👇
▪️တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
▪️ဆေးဝါးကျွမ်းကျင်လက်မှတ်ရှိသူဖြစ်ရမည်။
▪️ဆေး နှင့် ဆေးပစ္စည်းအရောင်းလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိရမည်။
▪️ကွန်ပျူတာအခြေခံတတ်ကျွမ်းသူဖြစ်ရမည်။
▪️စကားပြောယဉ်ကျေးချိုသာ၍ သွက်လက်ချက်ချာပြီး စိတ်ရှည်သူဖြစ်ရမည်။
▪️အကျင့်စာရိတ္တကောင်းမွန်ရမည်။
▪️အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီး အဖွဲအစည်းမှသတ်မှတ်ထားသော စည်းမျဉ်းစည်ကမ်းများကို လိုက်နာဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်နိုင်သူဖြစ်ရမည်။
▪️မနက်ဆိုင်း၊ ညဆိုင်း အလုပ်ချိန် (၂) ဆိုင်းအား အလှည့်ကျဆင်းနိုင်ရမည်။
▪️နီးစပ်ရာမြို့နယ်အတွင်း လျှောက်ထားသူဦးစားပေးမည်။

💸 Salary - Base on Experience (Negotiate) + OT + Incentive + Other Allowances
⏰ Working Hours - Morning Shift (08:00 AM to 05:00 PM)
- Evening Shift (11:00 AM to 08:00 PM)
Off Day - One day a week

📩 Send your resume to - [email protected] (or) [email protected]

📲 Viber (or) Telegram - 𝟎𝟗 𝟒𝟑𝟎𝟔𝟗𝟕𝟑𝟗 သို့ ဆက်သွယ်လျှောက်ထားနိုင်ပါပြီရှင်။




#ပိတောက်ဦးဆေးဆိုင်

12/05/2026

𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲 - အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ 👩‍⚕️🩺

ယနေ့ မေလ 12 ရက်နေ့ဟာဆိုရင် မီးအိမ်ရှင်မလေးဟု တင်စားခေါ်ဝေါ်ကြတဲ့ အီတလီသူလေး ဖလောရင့်စ် နိုက်တင်ဂေးလ်ရဲ့ မွေးနေ့ (၁၈၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်)ကို အစွဲပြုပြီး အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 🕯️✨

နာမကျန်းဖြစ်ချိန်မှာ နွေးထွေးတဲ့ စောင့်ရှောက်မှု၊ ကြင်နာတဲ့ စကားလုံးတွေနဲ့ လူနာတွေကို အားပေးရင်း ကိုယ့်မိသားစုဝင်တစ်ယောက်လို အနီးကပ်စောင့်ရှောက်ပေးတတ်တဲ့ သူနာပြုဆရာမလေးတွေရဲ့ ကျေးဇူးဟာ အတိုင်းမသိပါပဲ။ 🤍🏥

ဒီနေ့ မေလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့မှာ...လောကကို အလှဆင်နေတဲ့ သူနာပြုဆရာ/မ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဆန်းကြပါစေကြောင်း MP Health မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုလိုက်ရပါတယ်ရှင်..... 💐🏥

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"



#ပိတောက်ဦးဆေးဆိုင်

10/05/2026

𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 (အမေများနေ့)

"ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနိုင်ကြပါ‌စေ....💪🥰
ဘေးဥပဒ်အန္တရာယ်များမှကင်းဝေးပြီး ချစ်ရတဲ့ သားသမီးများနှင့်အတူ အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်.... 🌸🙏❤️

08/05/2026

𝐖𝐨𝐫𝐥𝐝 𝐑𝐞𝐝 𝐂𝐫𝐨𝐬𝐬 𝐃𝐚𝐲 (ကမ္ဘာ့ကြက်ခြေနီနေ့)

ယနေ့ မေလ ၈ ရက်နေ့ဟာ 𝐖𝐨𝐫𝐥𝐝 𝐑𝐞𝐝 𝐂𝐫𝐨𝐬𝐬 𝐃𝐚𝐲 (ကမ္ဘာ့ကြက်ခြေနီနေ့)ပဲ ဖြစ်ပါတယ်။ 🏥❤️
ကြက်ခြေနီအဖွဲ့ရဲ့ ဖခင်ကြီး **Henry Dunant** ရဲ့ မွေးနေ့ကို ဂုဏ်ပြုသတ်မှတ်ထားတာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "United in Humanity" (လူသားချင်းစာနာမှုဖြင့် စည်းလုံးညီညွတ်ကြစို့) ဖြစ်ပါတယ်ရှင်။ 🤝✨

ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူသားချင်းစာနာမှုဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့ အခက်အခဲကြုံနေရသူတွေရဲ့ ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ကြက်ခြေနီစေတနာ့ဝန်ထမ်းများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🫡

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ရဲ့ ဆောင်ပုဒ်နဲ့အညီ ယနေ့မှစ၍ အားလုံးတူတူ လူသားချင်းစာနာမှုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို အတူတူတည်ဆောက်ကြပါစို့။ 🌍🤝❤️🌟

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ"

07/05/2026

📢 𝗪𝗘 𝗔𝗥𝗘 𝗛𝗜𝗥𝗜𝗡𝗚! 📢

We are looking for talented and motivated professionals to join our team at MP Health. If you have a passion for technology and infrastructure, we want to hear from you!

📌 𝐒𝐞𝐧𝐢𝐨𝐫 𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 – 𝐌𝐚𝐥𝐞 (𝟏) 𝐏𝐨𝐬𝐭

Job Responsibilities....
• Installing and configuring client computer systems Remote or on-site support
• Must be Manage network and server, including fortinet firewall, IPsec VPN, SDWAN and backups, as well as manage IT software and various applications
• Must be administration of Office 365.
• Must be Basic knowledge of Odoo ERP System
• Experience working with Retail
• Experience working with Windows Server / Linux Server
• Learning and Development for Innovated Technology and Ecommerce Platform
• Training and Development of Innovated Technology
• Excellent written and verbal communication skills
• Good time management skills.

Requirement
• Bachelor’s degree IT or IT Related Field
• At least 4 years' experience in IT Field
• Strong Analytical skill, Good interpersonal skill, Fluent in English, Diploma of Network Communication, Diploma of Web Specialization, Microsoft Certified Solutions Associate, AWS Cloud Practitioner Certified Training, Network Engineering

💵 Salary – Negotiation
⏰ Office Hours – Monday to Friday (9:00) AM ~ (5:00) PM
- Saturday (9:00) AM ~ (12:00) PM
Off Day – Sunday & Public Holiday.....................................................................
📌𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 – 𝐌𝐚𝐥𝐞 (𝟏) 𝐏𝐨𝐬𝐭

Job Responsibilities
• Installing and configuring client computer systems Remote or on-site support.
• Must be manage basic IT infrastructure: Such as Server, Infra Network, CCTV System
• Must be basic knowledge administration of Office 365.
• Experience working with Retail Shops
• Experience working with Linux Server
• Good communication skills
Requirement
• Bachelor’s degree IT or IT Related Field
• At least 3 years' experience in IT Field
• Strong Analytical skill, Good interpersonal skill, Fluent in English
• Able to work under pressure ,Must be assigned the Overtime if operation needed ,Must be accepted the work trip if operation needed

💵 Salary – Negotiation
⏰ Office Hours – Monday to Friday (9:00) AM ~ (5:00) PM
- Saturday (9:00) AM ~ (12:00) PM
Off Day – Sunday & Public Holiday

𝗦𝗲𝗻𝗱 𝘆𝗼𝘂𝗿 𝗿𝗲𝘀𝘂𝗺𝗲 𝘁𝗼 – 𝗿𝗲𝗰𝗿𝘂𝗶𝘁𝗺𝗲𝗻𝘁@𝗽𝗮𝗱𝗮𝘂𝗸𝗼𝗼.𝗰𝗼𝗺 (𝗼𝗿) 𝗿𝗲𝗰𝗿𝘂𝗶𝘁𝗺𝗲𝗻𝘁@𝗺𝗽𝗵𝗲𝗮𝗹𝘁𝗵.𝗰𝗼𝗺.𝗺𝗺
𝗩𝗶𝗯𝗲𝗿, 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - 𝟬𝟵 𝟰𝟯𝟬𝟲𝟵𝟳𝟯𝟵

05/05/2026

𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐧𝐝 𝐇𝐲𝐠𝐢𝐞𝐧𝐞 𝐃𝐚𝐲 (ကမ္ဘာ့လက်သန့်ရှင်းရေးနေ့)

ယနေ့ မေလ ၅ ရက်နေ့ဟာဆိုရင် World Hand Hygiene Day (ကမ္ဘာ့လက်သန့်ရှင်းရေးနေ့) ‌‌‌‌‌ပဲ ဖြစ်ပါတယ်ရှင်။

နေ့စဉ်လူနေမှုဘဝမှာ ရောဂါဘယအန္တရာယ်တွေကနေ ကာကွယ်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ "လက်ကို စနစ်တကျ ဆေးကြောခြင်း" ပဲ ဖြစ်ပါတယ်။

ရောဂါပိုးမွှားတွေဟာ လက်ကတစ်ဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်ဖို့ လက်ဆေးတဲ့ အလေ့အကျင့်ကောင်းကို အတူတူ မွေးမြူကြရင်း လက်သန့်ရှင်းမှုမှတစ်ဆင့် ကျန်းမာရေးကို စောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်....🙋🙋

🧼 လက်ကို ဘယ်အချိန်မှာ ဆေးကြမလဲ?
* အစာမစားမီနှင့် စားပြီးချိန်
* အိမ်သာတက်ပြီးချိန်
* အများသုံးပစ္စည်းများကို ကိုင်တွယ်ပြီးချိန်
* အပြင်ကပြန်လာသည့်အချိန်တိုင်း
ကျန်းမာရေး ဗဟုသုတများနဲ့ လိုအပ်တဲ့ ဆေးဝါး/အသုံးအဆောင်ပစ္စည်းများကို **ပိတောက်ဦး** မှာ ယုံကြည်စိတ်ချစွာ လာရောက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေရှင်....

𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐧𝐝 𝐇𝐲𝐠𝐢𝐞𝐧𝐞 𝐃𝐚𝐲 အထိမ်းအမှတ်အနေနဲ့ပိတောက်ဦးမိသားစုမှ လူကြီးမင်းတို့အတွက်
လက်သန့်ဆေးရည် (Hand Sanitizers)၊ လက်ဆေးဆပ်ပြာ (Hand Wash)၊ Tissueနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများကို အထူးလျှော့စျေးများဖြင့် မေလ ၉ရက်နေ့အထိ ပရိုမိုးရှင်းလေး ပေးထားတာဖြစ်လို့ လိုအပ်တာများရှိပါက ဆိုင်မှာ လာရောက်ဝယ်ယူပြီး အားပေးကြဖို့ နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်ရှင်....🙋

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ"

05/05/2026

ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐬𝐭𝐡𝐦𝐚 𝐃𝐚𝐲)

ပန်းနာရင်ကျပ်ရောဂါဟာဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာ ခံစားနေကြရပါတယ်။

ယခုနှစ် ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့ရဲ့ ဆောင်ပုဒ်လေးကတော့
"Access to anti-inflammatory inhalers for everyone with asthma – still an urgent need"
(ရင်ကျပ်ဝေဒနာရှင်တိုင်းအတွက် ရောင်ရမ်းမှုကျစေသော ရှူဆေးများ ရရှိနိုင်ရေး - ယခုထက်တိုင် အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်) ဖြစ်ပါတယ်။
🫁🧑‍⚕️

ပန်းနာရင်ကျပ်ဝေဒနာရှင်များအတွက် အကြံပြုချက်များ
🔸ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ ဆေးလိပ်ငွေ့နှင့် အနံ့ပြင်းသောအရာများမှ ရှောင်ကြဉ်ရန်။
🔸ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရင်ကျပ်သက်သာစေသော ရှူဆေးများကို အမြဲဆောင်ထားရန်။
🔸အာဟာရပြည့်ဝစွာ စားသုံးပြီး သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန်။

ပိတောက်ဦးဆေးဆိုင် အနေဖြင့်လည်း လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် လိုအပ်သော အရည်အသွေးမြင့် ရင်ကျပ်ရောဂါကုသဆေးများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ရန် အမြဲအသင့်ရှိနေပါတယ်ရှင်....🙋🙋

MP Health မိသားစုမှ 𝐖𝐨𝐫𝐥𝐝 𝐀𝐬𝐭𝐡𝐦𝐚 𝐃𝐚𝐲 အထိမ်းအမှတ်အဖြစ် ပန်းနာရင်ကျပ်ဝေဒနာရှင်များအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲများမှ ကင်းဝေးပြီး လန်းဆန်းကျန်းမာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....🙏🙏🙏

ယနေ့မှစ၍ မိမိတို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါရ‌စေရှင်.... 💪💪💪

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ"




#ပိတောက်ဦးဆေးဆိုင်

01/05/2026

International Labour Day - ကမ္ဘာ့အလုပ်သမားများနေ့

ယနေ့ မေလ ၁ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့ကို ကြိုဆိုဂုဏ်ပြုပါတယ်ရှင်။

ကမ္ဘာတစ်ဝှမ်းတွင်ရှိကြသော ကာယဉာဏလုပ်သားများအားလုံး ဘေးဘယာအန္တရာယ်များကင်းဝေးပြီး ကျန်းမာပျော်ရွှင်ပါစေကြောင်း ‌MP Health Company မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် ☺️☺️

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"



#ပိတောက်ဦးဆေးဆိုင်

#ကမ္ဘာ့အလုပ်သမားများနေ့

30/04/2026

ကဆုန်လပြည့်နေ့ - ဗုဒ္ဓနေ့ 🌕

၁၃၈၈ခုနှစ် ဧပြီလ ၃၀ရက် ကြာသပတေးနေ့တွင်ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်အခါသမယမှာ ပိတောက်ဦးရဲ့ ချစ်ရတဲ့ Customer များအားလုံး "စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး သာယာကြည်နူးဖွယ်ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေ"ကြောင်း MP Health Company မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

#ပိ‌တောက်ဦး


#ပိတောက်ဦးဆေးဆိုင်
#ကဆုန်လပြည့် #ဗုဒ္ဓနေ့

25/04/2026

🌍 ကမ္ဘာ့ငှက်ဖျားနေ့ - 𝗪𝗼𝗿𝗹𝗱 𝗠𝗮𝗹𝗮𝗿𝗶𝗮 𝗗𝗮𝘆🦟

နှစ်စဉ် ဧပြီလ ၂၅ရက်နေ့ဟာ ကမ္ဘာ့ငှက်ဖျားနေ့ (𝗪𝗼𝗿𝗹𝗱 𝗠𝗮𝗹𝗮𝗿𝗶𝗮 𝗗𝗮𝘆) ဖြစ်ပါတယ်။

𝐖𝐨𝐫𝐥𝐝 𝐌𝐚𝐥𝐚𝐫𝐢𝐚 𝐃𝐚𝐲 ကို ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို သတိပြုမိစေဖို့ ရည်ရွယ်၍ ကျင်းပကြခြင်းဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "Driven to End Malaria: Now We Can. Now We Must.”ပဲ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါဆိုတာ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်ထားတဲ့ (Anopheles) အနောဖိလိစ်လို့ခေါ်တဲ့ ခြင်အကိုက်ခံရတာကြောင့် ဖြစ်ရတာဖြစ်ပြီးငှက်ဖျားပိုးရှိနေတဲ့လူရဲ့ သွေးကို ခြင်က စုပ်ယူပြီးနောက်လူတစ်ယောက်ကို ထပ်ကိုက်လိုက်တဲ့အခါမှာ ငှက်ဖျားရောဂါ ကူးစက်နိုင်ပါတယ်။

ငှက်ဖျားရောဂါရဲ့ လက္ခဏာများဟာ
💢 အဖျားတက်ခြင်း
💢 ချမ်းတုန်ခြင်း
💢 ခေါင်းကိုက်ခြင်း
💢 ကြွက်သားများနာကျင်ကိုက်ခဲခြင်း
💢 ပင်ပန်းနွမ်းနယ်ခြင်း
💢 ပျို့အန်ခြင်း
💢 ဝမ်းလျှောခြင်းတို့ဖြစ်ပြီး

ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားတဲ့အခါ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကတော့
🛑 အဖျားကြီး၍ တက်ခြင်း
🛑 သတိလစ်ခြင်း
🛑 အစာမစားနိုင်ခြင်း
🛑 အန်ခြင်း
🛑 ငှက်ဖျားရောဂါဖြစ်နေချိန် သွေးနီဥများ ဆုံးရှုံးခြင်းကြောင့် သွေးအားနည်းခြင်းနဲ့
🛑 အသားဝါခြင်းများပါ ဖြစ်စေနိုင်တယ်။

ငှက်ဖျားရောဂါလက္ခဏာများဟာ တုပ်ကွေးရောဂါနဲ့ ဆင်တူပြီး များသောအားဖြင့် ခြင်ကိုက်ခံရပြီး ၆ရက်မှ ၃၀ရက်အတွင်း ပေါ်လာတတ်သော်လည်း တစ်ခါတစ်ရံတွင် ရောဂါလက္ခဏာများစတင်ရန် တစ်နှစ်အထိကြာနိုင်ပါတယ်။

ဒါကြောင့် ငှက်ဖျားရောဂါကို ကာကွယ်ဖို့ ....
✅ ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း
✅ ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ခြင်း
✅ ခြင်မကိုက်အောင် အင်္ကျီလက်ရှည် ၊ ဘောင်းဘီအရှည် ဝတ်ဆင်ခြင်း
✅ ခြင်လုံဇကာ တပ်ဆင်ခြင်း
✅ အိမ်တွင်း အိမ်ပြင် သန့်ရှင်းစွာထားခြင်း
✅ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း
✅ ခြင်အောင်းနိုင်သော နေရာများကို သေချာရှင်းလင်း၍ ခြင်ဆေးဖြန်းခြင်း စသည့်နည်းလမ်းများကို စနစ်တကျ လိုက်နာကြရမှာပဲ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရောဂါဆိုပေမယ့် ယနေ့ခေတ်မှာတော့ တိကျတဲ့ဆေးဝါးတွေနဲ့ ကုသမှုတွေ ရှိနေတာကြောင့် မိမိကိုယ်ကို ငှက်ဖျားရောဂါခံစားရနေပြီလို့ သံသယဝင်မိတာနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်



#ပိတောက်ဦးဆေးဆိုင်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

https://www.padaukoo.com/

Address


Myanmar Padauk Business Tower, 535 Lower Pazundaung Road, 7th Floor
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00