Zenith Store

Zenith Store

Share

Store

Photos from Zenith Store's post 30/05/2024

အားလုံးစျေးတက်နေပေမဲ့ ZENITHSTORE ကအရင်စျေးအတိုင်းမတက်ပဲရောင်းပေးနေပါတယ်။Payday မှာမြန်မြန်လာဝယ်ထားကျနော်။

28/05/2024

ဆီကြော်နဲ့ကျန်းမာရေး
_______________

ထမင်းစားတဲ့အခါ အကြော်လေးတစ်ခွက်၊ ဆီပြန်လေးတစ်ခွက်၊ အရည်ဟင်းလေး၊ ငပိရည်၊တို့စရာလေးနဲ့မှ ခံတွင်းမြိန်တယ်ဟုတ်။ တစ်ခါတလေ ဘာစားရမှန်းမသလို့ ငါးလေးပဲကြွပ်ကြွပ်ကြော်စားလိုက်တယ်၊ ကြက်သားလေးပဲကြော်စားလိုက်တယ်ဆိုတာမျိုးတွေရှိတယ်ဟုတ်။ မုန့်ဟင်းခါးစားစား၊ အသုပ်စားစား အကြော်လေးထည့်စားရမှာ ခံတွင်းတွေ့တဲ့သူတွေရှိနေတယ်မို့လား။ ဒါဆိုရင်တော့ ဆီကြော်တွေအကြောင်းနည်းနည်းလောက်ပြောကြရအောင်နော်။

လူတော်တော်များများကကြော်ထားတဲ့အရာတွေကို စားသုံးရတာ ခံတွင်းတွေ့ကြပါတယ်။ အာလူးချောင်းကြော်၊ ကြက်ကြော်၊ ငါးကြော်၊ အသားကြော်တွေ အပြင် အမျိုးမျိုးသော အကြော်တွေကို ခံတွင်းတွေ့စွာနဲ့ စားသုံးကြပါတယ်။ကြော်ထားတာတွေက တာရှည်ခံသလို စားသုံးရတာလည်း အဆင်ပြေ အရသာတွေ့တာကြောင့် ဆီကြော်တွေစားသုံးမှုက တစ်နေ့တခြားစားသုံးမှုများလာခဲ့ပါတယ်။ တကယ်တော့ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေက ကယ်လ်လိုရီပါဝင်မှုများသလို အသွင်ပြောင်းအဆီတွေပါဝင်မှုလည်းတော်တော်လေးများပါတယ်။ ဒါကြောင့်ဆီကြော်အစားအစာတွေကို စားမယ်ဆိုရင် ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်တဲ့ အတိုင်းအတာကတော်တော်လေးများပါတယ်။

မနက်စာကနေစလို့ ညအိပ်ရာမဝင်ခင်အထိ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ဆီနဲ့ကြော်ထားတဲ့အစားအစာတွေက မပါမဖြစ်ပါဘဲ။ ဒီအစားအစာတွေက အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနေတာပါ။ ဆီကြော်ဆိုလို့ မနက်စာစားလေ့ရှိတဲ့ စမူဆာ၊ ပလာတာ၊ အီကြာကွေးတွေတင်မဟုတ်ပါဘူးနော်။ မုန့်ဟင်းခါးတွေ၊အသုပ်တွေထဲမှာ ထည့်စားလေ့ရှိတဲ့ အကြော်တွေ၊ အကြော်စုံ၊နေ့ခင်စားအဖြစ်စားတတ်တဲ့ ကြက်ကြော်၊ငါးကြော်တွေနဲ့ ဆီနဲ့ကြွပ်ကြွပ်ကြော်ထားတဲ့ အစားအစာတွေ၊ အသင့်စားအာလူးကြော်တွေ၊ ငါးမုန့်ကြော်တွေမှာလည်းပြည့်ဝဆီတွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတာကတော့ အမှန်ပါပဲ။ ဒါကြောင့် အကောင်းဆုံးသောနည်းလမ်းကနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆီကြော်တွေစားသုံးမှုကိုလျှော့စားဖို့ပြောပါရစေ။

ဆီကြော်တွေစားသုံးတဲ့အခါဖြစ်လာနိုင်တဲ့အကျိုးဆက်များ
လေ့လာမှုတွေအရ ဆီကြော်တွေစားသုံးမှုက နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ခြေပုံမှန်ထက်ပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဆီကြော်တွေစားသုံးမှုကြောင့် ဒီရောဂါတွေခံစားရနိုင်ပါတယ်။

နှလုံးရောဂါ

ဆီကြော်စာတွေ စားသုံးမှုကသွေးပေါင်ချိန်ကို တက်စေနိုင်ပြီးသွေးတွင်းက အကျိုးပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒီအခြေအနေက နှလုံးရောဂါဖြစ်စေဖို့အတွက် အကောင်းဆုံးတွန်းအားပေးနေတာပါ။ တစ်ပတ်မှာ ဆီကြော်ကို တစ်ကြိမ်ထက်ပိုစားသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၄၈ ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဆီကြော်ကို တစ်လမှာ ၁ ကြိမ်ကနေ ၃ ကြိမ်ပဲစားပေးပါ။ ဒါကြောင့် ဆီကြော်တွေအစား ကင်စားတာဖြစ်ဖြစ်၊ပြုတ်စားတာဖြစ်ဖြစ်ပြင်ဆင်စားသုံးပေးပါ။ ဆီကြော်မုန့်တွေက ရုတ်တရက် နှလုံးရပ်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချို
လေ့လာမှုတွေအရ ဆီကြော်စားသုံးမှုတွေက အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး ဆီကြော်စားသုံးမှုက အင်ဆူလင်မတိုးခြင်းကိုပိုမိုခံစားရနိုင်ပါတယ်။ တစ်ပတ်ကို ဆီကြော်တွေ ၄ ကြိမ် ကနေ ၆ ကြိမ်အထိစားသုံးတဲ့သူတွေက ပုံမှန်ထက် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရနိုင်ခြေပိုများပါတယ်။

အဝလွန်

ကြော်ထားတဲ့ အစားအစာတွေက အခြားအစားအစာတွေထက် ကယ်လ်လိုရီပါဝင်မှုပိုများပါတယ်။ ဒါကြောင့်ဆီကြော်တွေ အများကြီးစားမယ်ဆိုရင် ကယ်လ်လိုရီတွေပိုတိုးလာမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ကယ်လ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေစားသုံးတာ၊ အသွင်ပြောင်းအဆီတွေစားသုံးတာက ဗိုက်အဆီတက်စေနိုင်သလို ကိုယ်အလေးချိန်လည်းတက်လာစေနိုင်ပါတယ်။နေ့စဉ်စားသုံးမှုမှာ ဆီကြော်တွေပါဝင်နေမယ်ဆိုရင်တော့ ပုံမှန်ကိုယ်အလေးချိန်ထက်တိုးလို့ အဝလွန်လာမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲနော်။

ဒါကြောင့် အခုချိန်ကစလို့ ဆီကြော်တွေစားသုံးမှုကို တတ်နိုင်သမျှလျှော့ချပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ပြောပါရစေနော်။

Crd_FB

27/05/2024
Photos from Zenith Store's post 27/05/2024

Zenithstore

Photos from Zenith Store's post 27/05/2024

Novo is arrived now.

23/05/2024

ကျောက်ကပ် ကျောက်တည်သူနဲ့ မုန့်လက်ဆောင်း

မုန့်လက်ဆောင်းဖတ်ပြုလုပ်ရာမှာ
ထုံးရည်ကြည်ကို အသုံးပြုတယ်လို့ သိတာမကြာသေး

ကျမဖေဖေက
ကျောက်ကပ်မှာ အမြဲကျောက်တည်တတ်သူ
တစ်လုံးက အလုပ်မလုပ်နိုင်၊ ကျန်တစ်လုံးကအားနည်း
အခုလက်ရှိ ကျောက်ကပ်ဆေးတွေများစွာနဲ့ ထိန်းထားရချိန်

ရာသီဥတုပူလို့ ရင်အေးအောင်
မု့န်လက်ဆောင်း သောက်ချင်တယ် တဲ့
ထန်းလျက်ရည်နဲ့ မုန့်ဖတ်လေးပဲထည့်တာဆိုရင်
တည့်မယ်ပေါ့ ... မကြာခဏ တိုက်ဖြစ်တယ်ဆိုပါတော့

ဆေးစစ်ချိန် ရောက်တော့
ခရစ်တင်းနင်း (cretinine) အဆများစွာတက်
အလွယ်ပြောရင် ကျောက်ကပ်အဆိပ် တက်တယ်ပေါ့ရှင်

ဒီ​ေလာက်ဂရုစိုက်တဲ့ကြားက
ဘာလို့တက်တာလဲပေါ့ မမနဲ့ကျမ အဖြေရှာမရဘူးရယ်

တစ်ရက်မှာ
မုန့်လက်ဆောင်းဖတ်ပြုလုပ်တဲ့ video ကြည့်မိမှ
လားလား... ထုံးရည်ကြည်နဲ့လုပ်တာပါလားလို့ သိသွားတယ်

ဆေးစစ်တဲ့အဖြေကို
ဆိုးလာစေတဲ့ လက်သည်စစ်စစ်ကြီးက ထုံးရည်ကြည်

သတိထားကြဖို့ပါ
တချို့ သစ်သီးယိုပြုလုပ်တာမှာလဲ
ထုံးရည်ကြည်စိမ်တယ်...ခရမ်းချဥ်ယို၊ သရက်ယို ...စသည်ပေါ့

ပုံမှန်ကျန်းမာရေးရှိသူစားလို့ အဆင်ပြေပေမယ့်

ကျောက်ကပ်ဝေဒနါရှင်တွေအတွက်
ထုံးရည်ကြည်ပါဝင်တဲ့ မည်သည့်အစားအစာမှ
လုံးဝ မစားသင့်ပါကြောင်း ကိုယ်တွေ့ကြုံတာ ဝေမျှပါတယ်

ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ

Edit... မုန့်ကျွဲသည်း ၊ တို့ဟူး ၊ မုန့်လုံးရေပေါ်တို့မှာလည်း
ထုံးရည်ကြည် သုံးတတ်ကြပါတယ်... သတိထားဆင်ခြင်ကြပါ
( ကွန်းမန့်ရေး ပြောပြပေးကြတဲ့ fri များအားလုံး ကျေးဇူးပါရှင် )

ချစ်ခင်စွာဖြင့် မလဲ့

photo credit ပါရှင်

Photos from Zenith Store's post 16/05/2024

ပစ္စည်း တွေဝယ်မရ စျေးတတ်ပစ္စည်းတော်တော်များများ ကုမဏီမှာပြတ် ။ကာကာတို့ရေရှိတာတွေဝယ်ထားနော်။ခုရတုန်းလေးမြန်မြန်ဝယ်ထား😁😁

16/05/2024

🤔 သာမန် ခြင်နိုင်ဆေးခွေတစ်ခွေဟာ စီးကရက် (75) လိပ်ကနေ (137) လိပ်သောက်တာ (သို့) အငွေ့ရှူတာနှင့်ညီမျှတယ်ဆိုတာကိုရော သင်သိပြီးပြီလား?

👉 Aaram (Made in India)👈

👉 မှတ်ပုံတင်အမှတ် - အစ ၁၂ (၂၉၂၇၂ )👈

👉 ခြင်နှင့်ခြင်ဆေးခွေ၏အဆိပ်ငွေ့အန္တရာယ်
ကြောင့် စိတ်ညစ်နေရတဲ့သင့်အတွက် ခြင်နှင့်အဆိပ်ငွေ့အန္တရာယ်တို့မှ ကာကွယ်ပေးမယ့် Aaram (Made in India)

Aaram ကို
နနွင်းမှုန့်၊
တမာရွက်နှင့်
စပါးလင်မျိုးစိပ်ဝင် Citronella
100% သဘာဝပစ္စည်းတို့ဖြင့်ပြုလုပ်ထားပါသည်။

💯 ထို့ကြောင့် 100% ကျန်းမာရေးနဲ့ညီညွတ်ပြီးစိတ်ချရတဲ့ Aaram (Made in India) ကိုသင်နှင့်သင့်မိသားစုအတွက် ရွေးချယ်သုံးစွဲလိုက်ပါ🤗

👉 မှတ်ပုံတင်အမှတ် - အစ ၁၂ (၂၉၂၇၂ )👈

🙏 ဆိုင်များ / တဆင့်ပြန်လည်ရောင်းချလို သူများ / နယ်ကိုယ်စားလှယ်ကြီးများ ဆက်သွယ်နိုင်ပါသည်

🙏 ကိုယ်စားလှယ်ကြီးများကိုဖိတ်ခေါ်ပါတယ်ရှင်

Made in India

👉တစ်ဘူး အတိုင် ( ၃၀ ) 👈

👉 ၁ တိုင် ၁ နာရီ ဝန်းကျင် အသုံးပြုနိုင် 👈

👉 တစ်ဘူး‌စျေးနှုန်း 2000 MMK 👈

👉 ၁၂ ဘူးတစ်ပါကင်‌စျေးနှုန်း 23000MMK 👈

👉 လက်လီ၊လက္ကား ဝယ်ယူနိုင်ပါသည် 👈

🚛 ၁၂ ဘူးအထက်ဝယ်ယူပါက Delivery Free နဲ့ပို့ဆောင် ပေး နေပါပြီ 🤗

အမှတ် ၄၇ / ၇

ပေါ်ဆန်းမွှေးလမ်းမပေါ်

သုဝဏ္ဏပန်းခြံဘေး

သဃ်န်းကျွန်းမြို့နယ်

ရန်ကုန်

☎ 09443333941

☎ 09777784492

16/05/2024

ပူအိုက်တဲ့ရန်ကုန်ိမြို့ကြီးနဲ့ ဝေးတဲ့အေးချမ်းတဲ့တောင်တန်းလေးနဲ့မြို့လေးမှာနေချင်လိုက်တာ 🌲🌲🌲

09/05/2024

Point နေကြာစေ့💙💙💙

09/05/2024

ထူးထူးကဲကဲ ရာသီစာ ဒူးရင်းသီး ရေခဲမုန့် ရပြီ။ 🍦💛

ဒူးရင်းသီးသိပ်ကြိုက်တဲ့သူတွေအတွက်
‌ဒူးရင်းသီးစစ်စစ် ဒူးရင်းဖက်လေးတွေပါ ပါတဲ့
Durian Ice Cream လေး ထူးမှာ ရပြီနော်။😋

သဘာ၀ဒူးရင်းသီးအရသာ၊ ရေခဲမုန့်ရဲ့ အေးအေးမြမြ
အရသာနဲ့ အနံ့မွှေးမွှေးလေးက ရင်ထဲအေး
အသည်းစိမ့်နေစေမှာအသေအချာ။🤗🤗

💛 ရာသီဥတုကလည်းပူနေတော့ ဒူးရင်းသီးသက်သက်
မစားချင်ရင် အခုလို Durian Ice Cream လေးသာ
၀ယ်စားနော်။🍦

နီးစပ်ရာ Shopping Center တွေမှာ ၀ယ်ယူနိုင်ပြီး
👉ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ တခါတည်း စိတ်ကြိုက်မှာယူနိုင်သလို Messenger ကနေလည်း Order မှာယူနိုင်ပါတယ်ရှင်။

📩m.me/htooicecreammyanmar

Htoo Ice Cream🍦
📲 09887288200, 09887288100, 09428610548

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon