Autumn Intel
web application developments in Myanmar
10/10/2020
Online မှတဆင့် စျေးရောင်းခြင်း ရဲ့ အသုံးဝင်မှုနဲ့ စိန်ခေါ်မှုများ
အခုလို COVID19ကာလမှာ ကျွန်မတို့ဖေ့စ်ဘုတ်အကောင့်ထဲမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတော်တော်များများက pageကနေဖြစ်စေ၊ ကိုယ်ပိုင် အကောင့်များကနေ ဖြစ်စေ အွန်လိုင်းကနေအရောင်းအဝယ်လုပ်နေကြတာတွေ့ကြပါလိမ့်မယ်။ Social media platform တွေကိုကြည့်ရင်လည်း မြောက်မြားလှစွာသောစျေးရောင်းသူတွေကို အွန်လိုင်းမှာတွေ့နေရမှာပါ။
လူတော်တော်များများကလည်း အချိန်တော်တော်များများကို ဆိုရှယ်မီဒီယာတွေသုံးနေကြပြီး အွန်လိုင်းကနေပဲစျေးဝယ်နေကြတာလည်း အကျင့်တစ်ခုလို၊ ရည်ရွယ်ချက်တစ်ခုလိုဖြစ်နေကြပါတယ်။ ဒါ့အပြင် အရင်ကအပြင်မှာ offline ရောင်းနေတဲ့ ကုမ္ပဏီ၊ လုပ်ငန်းအများစုကလည်း အခုဆိုရင် အချိန်တိုတိုနဲ့လူတွေဆီ မြန်မြန်ရောက်မယ့် အမြတ်များများရနိုင်တဲ့ အွန်လိုင်းပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်နေကြပါပြီ။
ဒါကြောင့်ဒီတစ်ခေါက်တော့ အွန်လိုင်းကနေစျေးရောင်းဖို့ စဉ်းစားနေသူတွေအတွက် သိထားဖို့လိုတဲ့ သူ့ရဲ့အသုံးဝင်မှုနဲ့ စိန်ခေါ်မှုတွေကို ဝေမျှချင်ပါတယ်။
💎 Online selling ရဲ့ အသုံးဝင်မှုတွေက ဘာတွေလဲ
👉 နယ်မြေကန့်သတ်တာကို လျှော့ချပေးတယ်
နိုင်ငံ၊ လူမျိုး၊ နေရာဒေသ မခွဲခြားဘဲ ကိုယ့်ရဲ့ကုန်ပစ္စည်းက ဖောက်သည်တွေရှိတဲ့နေရာတိုင်းကို ရောက်ရှိနိုင်ပါတယ်။
👉 အချိန်သတ်မှတ်ချက်မရှိဘူး
တစ်ပတ်မှာ ၇ရက်၊ တစ်ရက်မှာ ၂၄နာရီ အရောင်းအဝယ်လုပ်နိုင်ပြီး ဝယ်သူတွေရဲ့အိမ်ရှေ့အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလည်းလုပ်ပေးနိုင်ပါတယ်။
👉 စျေးလျှော့ပေးပြီး ဆွဲဆောင်နိုင်တယ်
အွန်လိုင်းကနေ ကလစ်တစ်ချက်နှိပ်ရုံနဲ့ပြိုင်ဘက်တွေရဲ့ ရောင်းစျေးကိုသိနိုင်တဲ့အခါ အရောင်းမြှင့်တင်ရေးအစီအစဥ်တွေ၊ ၂ခုဝယ်၁ခုလက်ဆောင်စတဲ့ စျေးလျှော့ပေးတဲ့အစီအစဥ်တွေ၊ အခမဲ့ပို့ဆောင်ပေးတာ စတဲ့နည်းလမ်းတွေနဲ့ ဝယ်သူတွေကို ဆွဲဆောင်နိုင်တာလည်း အားသာချက်တစ်ခုပါပဲ။
👉 အချက်အလက်တွေ အမြန်ရှာပေးနိုင်တယ်
အရောင်းပေ့ချ်တွေမှာ လာကြည့်သူ ဘယ်နှစ်ယောက်ရှိပြီး အဲ့ဒီထဲကနေ ဘယ်နှစ်ယောက်က စိတ်ဝင်စားပြီးအမှန်တကယ်ဝယ်သွားသလဲ၊ အချိန်ဘယ်လောက်သုံးပြီးလေ့လာသွားသလဲ စတဲ့ဖောက်သည် တွေရဲ့အချက်အလက်တွေ (ကျား၊ မ အရေတွက်၊ အလုပ်ကိုင်၊ ပညာအရည်ချင်း၊ အသက် စတဲ့အသေးစိတ်အချက်များ) လည်းပါဝင်ပါတယ်။ ဝယ်သူစိတ်ဝင်စားတဲ့ကုန်ပစ္စည်းတွေအပြင်အပြုအမူတွေကိုပါ အလျင်မြန်ဆုံးရှာပေးနိုင်ပါတယ်။
👉 ကုန်ကျစရိတ်နည်းတယ်
ဝန်ထမ်းစရိတ်၊ မီတာခ၊ အခန်းငှားရမ်းခ စတာတွေလျော့နည်းသွားတဲ့အခါ အမြတ်ရာခိုင်နှုန်းတက်လာပါတယ်။
👉 အလုပ်တွေကို ပိုမိုမြန်ဆန်စေပြီး လွယ်ကူစေတယ်
ငွေတောင်းခံလွှာတွေ၊ အော်ဒါကောက်တာတွေ၊ ဖောက်သည်တွေကိုဆက်သွယ်တာကအစ အွန်လိုင်းကပဲလုပ်နေရတဲ့အတွက် ပိုမိုမြန်ဆန်စေပြီးအချိန်ကြန့်ကြာတာတွေလည်း လျှော့ချပေးပါတယ်။
ဘယ်လိုအကြောင်းအရာမဆို အားသာချက်၊ အားနည်းချက်တွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိပါတယ်။
💎 Online selling ရဲ့ စိန်ခေါ်မှုတွေက ဘာတွေလည်း
👉 ပြိုင်ဆိုင်တာများတယ်
ဖောက်သည်တွေ တိုးလာနိုင်သလို ပြိုင်ဘက်တွေလည်းတိုးပွားလာနိုင်တယ်။ သူ့ထက်ငါအလုအယက်ဝယ်သူတွေကိုဆွဲဆောင်ရတဲ့အတွက် စျေးတွေလျှော့ပေးရပါတယ်။
👉 ထိတွေ့လို့မရဘူး
ကျွန်မတို့လည်းကြုံဖူးကြမှာပါ။ အွန်လိုင်းမှာပြထားတဲ့ပုံနဲ့ ရောက်လာတဲ့ကုန်ပစ္စည်း၊ အရောင်နဲ့ အရည်အသွေး တစ်ထပ်တည်းမကျတာမျိုးပေါ့။ အပြင်မှာလို ထိတွေ့စမ်းသပ်ကိုင်တွယ်ခွင့်မရှိတာကြောင့် ကုန်ပစ္စည်းအကြောင်းအသေးစိတ်ဖော်ပြမထားတဲ့အခါ များသောအားဖြင့် အွန်လိုင်းကဓာတ်ပုံကြည့်ပြီး ခန့်မှန်းပြီး ဝယ်ကြရတဲ့အခါ ဝယ်သူတွေရဲ့ စိတ်ကျေနပ်မှုအပြည့်မရကြပါဘူး။
👉 ကူညီပေးမယ့်သူမရှိဘူး
အခုအချိန်မှာတော့ မက်ဆင်ဂျာ၊ ချက်ဘောက်၊ အလိုအလျောက်ဖြေကြားပေးတဲ့စနစ်တွေကနေမေးလို့၊ ဖြေလို့ရနေပေမယ့် နည်းပညာအခက်အခဲ၊ အကြံဥာဏ်လှမ်းတောင်းတာ၊ အဝတ်အစားဝယ်တော့မယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်သင့်တော်တာရှိမရှိ စတဲ့အသေးစိတ်မေးမြန်းရာမှာ ပြန်လည်ကူညီဖြေဖို့ အခက်အခဲရှိနိုင်ပါတယ်။
👉 မယုံကြည်ဘူး
ဝယ်သူ၊ ရောင်းသူ ငွေပေးချေတာကို ယုံကြည်မှုမရှိတာတွေဖြစ်နိုင်တာကြောင့် ဝယ်သူဘက်ကလည်းကြိုတင်ငွေကောက်ခံတာ၊ ရောင်းသူဘက်ကလည်း ကြိုမပေးချင်တာ စတဲ့သဘောထားကွဲလွဲမှုတွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူဘက်ကလည်းမဝယ်ခင်မှာ အရင်ဝယ်ထားပြီးတဲ့သူတွေရဲ့ ကောင်းတာ၊ ဆိုးတာစတဲ့ အွန်လိုင်းအရောင်းစာမျက်နှာတွေပေါ်က သုံးသပ်ချက်၊ထောက်ခံချက် တွေကို ဆန်းစစ်တာတွေကို ကြည့်ရှုလေ့လာပြီးမှ ဝယ်တာတွေကိုတွေ့ရတဲ့အတွက် ဝယ်သူတွေရဲ့စိတ်ကျေနပ်မှုကို အပြင်မှာထက်ပိုပြီးအသေးစိတ်လေ့လာစောင့်ကြည့်ရပါတယ်။
👉 သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် စျေးများတယ်
ပစ္စည်းတစ်ခုရဲ့ရောင်းစျေးအပြင် သယ်ယူပို့ဆောင်စရိတ်တွေကို မြို့နယ်၊ နိုင်ငံ၊ နေရာဒေသအလိုက် ကျသင့်ငွေထပ်ဆောင်းပေးရတာအပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြောင့် ကတိအတိုင်းအချိန်မှီမရောက်နိုင်တဲ့အခါ ဝယ်သူတွေနဲ့ပြဿနာတွေကို တိုက်ရိုက်ဖြေရှင်းရတာကလည်း အွန်လိုင်းကနေစျေးရောင်းနေရတာရဲ့ အကြီးစားစိန်ခေါ်မှုတစ်ရပ်ပါပဲ။
အပေါ်ကအချက်တွေကြောင့် အောင်မြင်နေတဲ့အွန်လိုင်းစျေးရောင်းတဲ့လုပ်ငန်းတွေရှိသလို ရပ်သွားရတဲ့လုပ်ငန်းတွေလည်း အများကြီးရှိနေပါတယ်။ ဒီနေ့မှာတော့ ဆိုရှယ်မီဒီယာတွေ၊ လုပ်ငန်းတွေရဲ့ ကိုယ်ပိုင် web page ၊ application တွေအသုံးပြုပြီးစျေးရောင်းနေတဲ့လုပ်ငန်းတွေဟာ အင်အားကြီးမားလာပြီးတစ်နေ့တစ်ခြားဖွံ့ဖြိုးလာနေပါတယ်။ ဒီလိုလုပ်ငန်းတွေ အောင်မြင်လာဖို့အတွက် စျေးကွက်ဖော်ဆောင်ရေး မဟာဗျူဟာနဲ့ အရောင်းမြှင့်တင်ရေးနည်းပညာတို့ကိုပါ ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။
ဒါဆိုရင် online selling လုပ်တဲ့အခါ သူ့ရဲ့အားသာချက် အားနည်းချက်တွေသိရပြီဆိုတော့ အခုလက်ရှိ online shop လုပ်နေတဲ့သူတွေရော ဘယ်လိုအချက်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာ comment မှာ အတွေ့အကြုံတွေမျှဝေခဲ့ပါဦးနော်
03/10/2020
Online မှာစျေးရောင်းရင်း စာရင်းတွေနဲ့ ခေါင်းခြောက်နေသူတွေကို ကူညီဖို့အတွက် Hashbuy က software လေးပါ။
သင်က online ကနေ စျေးရောင်းတဲ့သူလား?
ဒါဆို ဒီလိုတွေ ဖြစ်ဖူးလား?
🔹 မှာတဲ့ customers တွေ များလွန်းတော့ ဘယ်သူက ဘာပစ္စည်းမှာထားတယ်ဆိုတာ ချက်ချင်းမမှတ်မိဘူး။
🔹 ပစ္စည်းပို့ဖို့ ထုတ်ခါနီးမှ ဘယ်သူက ဘာမှာတယ်၊ လိပ်စာတွေကအစ messenger conversation တွေကနေ ပြန်ရှာရတယ်။
🔹 ကိုယ်ရောင်းတဲ့ product ရဲ့ stock လက်ကျန်ကို ချက်ချင်းမသိဘူး။ တစ်နေ့ချင်းစီ စာရင်းပြန်ချုပ်နေရတယ်။
🔹 စာရင်းစာအုပ်နဲ့ ရေးမှတ်ထားရင်လည်း အပြင်သွားရင်း လာရင်း စာရင်းမသိလို့ ဒုက္ခရောက်ဖူးတယ်။
🔹 ပစ္စည်းမှာပြီး လာမပို့သေးလို့ဆိုပြီး customer က ရန်တွေ့တာ ခံရဖူးတယ်။
🔹 ပစ္စည်းပို့ခဲ့ပြီး ငွေကောက်ခိုင်းဖို့ မေ့ခဲ့တယ်။
ဒီလိုတွေ ဖြစ်နေတာတွေကို ဖြေရှင်းပေးဖို့အတွက် Hashbuy က software အသစ်လေးနဲ့ ပြန်လာပါပြီ။
ကျွန်မတို့ စျေးရောင်းတဲ့သူတွေ အနေနဲ့ online shop လုပ်ပြီဆို သိဖို့ အရေးကြီးတာ (၄) ချက်ရှိတယ်။
❓ဘယ်သူ ဝယ်တာလဲ။
❓ဘာပစ္စည်းဝယ်တာလဲ။
❓ဘယ်ကိုပို့ပေးရမှာလဲ။
❓ဘယ်လိုငွေပေးချေမှုစနစ်ကို သုံးမှာလဲ။ prepaid လား၊ cash on deli လား။
Online sellers ဖြစ်လာပြီဆိုရင် စီမံခန့်ခွဲမှုကောင်းမှ ရောင်းအားပိုတက်မှာပါ။ စာရင်းစာအုပ်တွေ တစ်ပုံကြီးနဲ့ ခေါင်းရှုပ်ခံနေမယ့်အစား လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ software လေး တစ်ခုသာ ရှိမယ်ဆိုရင်….
✔️ ဘယ်သူက ဝယ်တယ်၊ ဘာပစ္စည်းဝယ်တယ်၊ ဘယ်ကိုပို့ပေးရမယ်ဆိုတာ ချက်ချင်းသိရတယ်။
✔️ Delivery ပို့ပြီး မပြီး စစ်လို့ လွယ်မယ်။
✔️ ပိုက်ဆံရပြီးလား မရသေးဘူးလား စစ်လို့ ရမယ်။
✔️ Customer တစ်ယောက်ချင်းစီရဲ့ order တွေကို စီမံခန့်ခွဲရတာ ပိုလွယ်ကူမယ်။
✔️ ကိုယ့်ဆီမှာ ဘယ် product က stock ဘယ်လောက်ကျန်တယ်ဆိုတာ အလွယ်တကူ သိနိုင်မယ်။
အဲဒီအတွက် သိပ်မကြာခင်မှာ Hashbuy က online sellers တွေအတွက် ဒီလိုအရမ်းမိုက်တဲ့ software တစ်ခုကို ယူဆောင်လာပေးတော့မှာမို့ stay tune နဲ့ see first လုပ်ထားပေး ပါနော်။
ဘယ်သူတွေက Hashbuy ရဲ့ software အသစ်လေးကို သုံးရဖို့ ရင်ခုန်နေကြပြီလဲ။ Comment မှာ ပြောပြသွားပါဦး။
14/02/2019
Awnnnnnn...... it’s so sweet!!!!
Our heart melt!!!!! 😍😍😍😍
Happy Valentine’s Day to you alll!!!!❤️🧡💛💚💙💜
👊🏼
08/02/2019
Autumn Group's first trekking trip in 2019
2nd February 2019
15/01/2019
အောက်ပါ ရာထူးများအတွက် ဝန်ထမ်းများခန့်အပ်လိုပါသည်။
Sales & Business Development Manager (ကျား/မ)
• IT ပိုင်းနှင့် ပက်သက်ပြီး Sales အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။
• English 4 Skill ကောင်းမွန်သူဖြစ်ရမည်။
• Interpersonal Skills ကောင်းမွန်သူဖြစ်ရမည်။
• Proposal များ၊ Presentation များကို ကိုယ်တိုင်ပြင်ဆင်နိုင်ရမည်။
• လစဉ်လတိုင်း Sales Target များကို ပြည့်မှီအောင် ကြိုးပမ်းနိုင်ရမည်။
• လုပ်ငန်းများကို အချိန်မှီပြီးစီးနိုင်ရန် Client များနှင့် ညှိနှိုင်းလုပ်ဆိုင်နိုင်ယုံမက မိမိ၏လုပ်ဖော်ကိုင်ဖက်များ၊ Developer များနှင့်လဲ ညှိနှိုင်းလုပ်ဆောင်နိုင်ရမည်။
• Initiative Skill ရှိသူဖြစ်ရမည်။
Web Developer (ကျား/မ) - 1 post
• WordPress CMS ကို အထူးနားလည်တတ်ကျွမ်းသူဖြစ်ရမည်။
• Theme and Plugin ကို ကိုယ်တိုင်နားလည်ပြီး တက်ကျွမ်းသူဖြစ်ရမည်။
• WordPress Themes Builder ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
• WordPress website များအတွက် PHP ကို အသုံးပြု၍ ပြုပြင်နိုင်သူဖြစ်ရမည်။
• HTML, CSS နှင့် Java Scrip အထူးကျွမ်းကျင်သူဖြစ်ရမည်။
• My SQL ကျွမ်းကျင်ရမည်။
• Data Entry ပြုလုပ်နိုင်ရမည်။
• English လို အသင့်အတင့် နားလည်တတ်ကျွမ်းသူဖြစ်ရမည်။
• WordPress နှင့် ပက်သက်သော Project များအတွက် အနည်းဆုံး လုပ်သက် (၂) နှစ်ရှိရမည်။
အထက်ပါ ရာထူးများအတွက် ထိုက်တန်သောလစာအားရရှိစေပါမည်။
အထက်ပါ အရည်အချင်းနှင့် ပြည့်စုံသူတိုင်း လျှောက်ထားလိုပါက [email protected], [email protected], [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
02/05/2018
Chat Box ကနေ အလိုအလျောက်ဖြေကြားပေးခြင်းစနစ် chatbot ကို ဘယ်လိုလုပ်ငန်းအမျိုးအစားတွေမှာ အသုံးပြုလို့ရပာသလဲ?
မည်သည့်လုပ်ငန်းအမျိုးအစားမဆို အသုံးပြုနိုင်ပာတယ်( ဥပမာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊အလှကုန်များ၊ စားသောက်ဆိုင်လုပ်ငန်း ၊ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း၊ အထွေထွေဝန်ဆောင်မှုလုပ်ငန်းများ အစရှိသည် )
ဘယ်လို အသုံးဝင်တာလဲ?
ဥပမာအဖြစ် ခရီးသွားလုပ်ငန်းအတွက်ရေးဆွဲထားတဲ့ customize bot လေးအကြောင်းရှင်းပြပာရစေရှင့် ။
Customer မှ သွားလိုသော ခရီးစဉ်အလိုက်ဖြစ်စေ၊ လ အလိုက်ဖြစ်စေ၊ နိုင်ငံအလိုက်ဖြစ်စေ စိတ်တိုင်းကျရွေးချယ်နိုင်တဲ့အပြင် ခရီးစဉ်တွင်ပာဝင်သည့် အချက်အလက်များကိုလဲ ပြည့်ပြည့်စုံစုံ သိရှိနိုင်ခြင်းကြောင့် Customers နှင့်အမေးအဖြေပြုလုပ်ရမည့် အချိန်သက်သာစေနိုင်ခြင်း၊ လျှင်မြန်ထိရောက်စွာ ဖြေကြားနိုင်ခြင်းကြောင့် customer စိတ်ကျေနပ်မှုရရှိနိုင်ခြင်းတို့အပြင် admin မရှိလဲ ၂၄နာရီပတ်လုံး chatbot မှ ဖြေကြားပေးနိုင်ခြင်းကြောင့် လူ့စွမ်းအားအရင်းအမြစ်လျော့ချနိင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပာတယ်။
30/04/2018
Messenger Bots ဆိုတာဘာလဲ?
BOTS ဆိုတဲ့ စကားလုံးက ROBOT ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။ Robot စက်ရုံ သို့ လူ၏ကိုယ်စား computer မှ program ပြုလုပ်ထားသော အလိုအလျှောက် လုပ်ဆောင်ခြင်းစနစ်ပါ။
အဲ့တော့ Messenger Bots ဆိုတာက Messenger မှာ customer တွေရဲ့ message တွေကို လူကိုယ်တိုင်ဖြေစရာမလိုပဲ စက်ကဖြေပေးတာကိုပြောတာပါ။
Bots system ကို ၂၀၁၇ မှာ ဂိမ်းဆော့တဲ့သူတွေကြားမှာ စပြီးခေတ်စားလာတာဖြစ်ပြီး game tips တွေအတွက် အရေးပါလာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေမှာ အရေးပါလာကိုတွေ့ရပါတယ်။
Bots system ကိုသုံးခြင်းအာဖြင့်
Customer ရရှိနှုန်းမြင့်မားနိုင်ခြင်း နှင့် customer relationship တစ်ခုကို ရယူတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိ လုပ်ငန်းရဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေကို customer တွေရဲ့ needs and wants အပေါ်အခြေခံပြီး သင့်လျှော်မှုအရှိဆုံးအဖြေကို အလိုအလျှောက် ပြန်လည်ဖြေကြားခြင်းစနစ်ဖြင့် ပြင်ဆင်နိုင်ပါတယ်။
ခြုံငုံပြောရမယ်ဆိုရင်တော့ Bot ရဲ့လုပ်ဆောင်ချက်တွေက မေးခွန်းတွေကို အလိုအလျောက်ဖြေကြားပေးနိုင်ခြင်း နဲ့ customer တွေ bots (အလိုအလျှောက်ဖြေကြားခြင်းစနစ်) ကိုအသုံးပြုပြီး ကုန်ပစည်းတွေကို စိတ်ကြိုက်ရွေးချယ်ရှာဖွေနိုင်ယူခြင်း တွေပဲဖြစ်ပါတယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (23), Room 7A, 7th Floor, 5/7 Byamaso Road, South Okkalapa Township
Yangon
1091
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |