sweet and ample

sweet and ample

Share

ဆကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်ကိုယ်စားလှယ်ပါ တစ်ခြားအစားအသောက်တွေအလျဉ်းသင့်သလိုရောင်းရင်း အစားအစာအကြောင်း/ဗဟုသုတရစရာလေးတွေလဲ တခါတလေ တင်ပါတယ်ရှင့်

10/06/2026

မုန့်ဟင်းခါးညီလာခံတဲ့ 😊
တို့ကတော့ ဘိုကလေးကိုထောက်ခံပါတယ် 🤭👏

Photos from sweet and ample's post 08/06/2026

ငါးဖယ်ဖတ်လေးတွေပါတဲ့ ဆကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်တွေ အားပေးနိုင်ပါပြီရှင့်

Photos from Bora Cooking's post 08/06/2026

မုန့်ဟင်းခါးချက်နည်းပေါင်းချုပ်

Photos from sweet and ample's post 27/05/2026

Good morning

မနက်ခင်းကို အားရှိတာတွေစားပြီး အပြုံးလေးနဲ့စတင်နိုင်ကြပါစေရှင်
ဒီ‌ မနက်တော့ ပေါင်မုန့်ကြက်ဥပေါင်း+ငှက်ပျောသီးနဲ့ လက်ဖက်ရည်သောက်ဖြစ်ပါတယ်
များသောအားဖြင့် မနက်နိုးတာနဲ့ အလုပ်ဇောကပ်နေတာကြောင့် မနက်စာကို အေးအေးဆေးဆေးမစားဖြစ်တာကြောင့် တစ်ခါတလေ ဒီလိုလေးအချိန်ပေးပြီး သေချာလုပ်စားလိုက်ပါတယ်

13/05/2026

အခုလိုရာသီမျိုးနေပူမိုးရွာ ချိန်မှာ မှ ပေါ်လာတဲ့ သဘာဝစားစရာလေးကဘာဖြစ်မယ်ထင်လဲ ?

Photos from sweet and ample's post 06/05/2026

ကတ္တီပါသီး နီနီရဲရဲလေးတွေပါ နွေရာသီမှာသီးတဲ့ အသီးလေးတွေကအလုံးသေးပြီးပိုချိုအ‌ရောင်ပိုရဲပါတယ်ရှင်
မိုးတွင်းမှာသီးရင် အလုံးပိုကြီးပြီးအချိုလျော့ပါတယ်
တစ်ချို့အလုံးသေးလေးတွေဆိုအစေ့တောင်မပါဘူးရှင်
အစေ့ကမာပြီးထန်းသီးအရင့်လိုအရသာမျိုးရှိလို့ တစ်ချို့က အစေ့ပါစားကြပါတယ်
ကတ္တီပါသီးရဲ့အမွှေးလေးတွေယားတတ်လို့ ငယ်ငယ်ကဆိုအသီးကိုင်ပြီးရင်ဆံပင်နဲ့ ပွတ်ရတာလဲ အမှတ်တရပါဘဲ
သူ့အနံ့လေးကကြိုက်တဲ့သူအတွက်ဆိုရင်တော့မွှေးတယ်ပေါ့နော်
မကြိုက်တဲ့သူတွေကတော့ အရသာရော အနံ့ပါမကြိုက်ကြဘူးရယ်
နောက်ဆုံးပုံမှာ အပင်ပုံပါထည့်ပေးထားပါတယ်

21/04/2026

ငါးဖယ်ဖတ်လေးတွေပါတဲ့ဆကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်တွေ sweet and ample မှာ အားပေးလို့ရပါပြီရှင့်

17/04/2026

🙏🙏🙏

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတယ်။ မိမိတို့ရဲ့ ဘဝခရီးကို ဖြတ်သန်းတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူတရားတွေ လွှမ်းမိုးခြင်းမခံရဘဲ အသိဉာဏ် (ပညာ) ကို ရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။

နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ဘယ်လိုလောကဓံမျိုးနဲ့ ကြုံရပါစေ၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့ ကျော်ဖြတ်နိုင်ကြပါစေ။ မိမိတို့ ပြုလုပ်သမျှသော အလုပ်ကိစ္စတိုင်းမှာလည်း အတ္တကို ရှေ့မထားဘဲ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် စေတနာကောင်းတွေနဲ့ အောင်မြင်မှုကို ရယူနိုင်ကြပါစေ။ အဓိကကတော့ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ ရှိတဲ့ ကိုယ်ကျင့်တရား (သီလ) ကို မြဲမြံအောင် ထိန်းသိမ်းခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ငြိမ်းအေးစွာ အသက်ရှင်နေထိုင်နိုင်ကြပါစေလို့ အလေးအနက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ဆုတောင်း2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်ကူး #မေတ္တာ #အေးချမ်းမှု #တရားတော် #ဘဝခရီး #ဓမ္မရသ

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


လမ်းမတော်
Yangon