Assorted Gems

Assorted Gems

Share

ကျောက်မျက်ရတနာများကို ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိူင်ပါတယ်ရှင်
အိမ်ရောက်ငွေချေလည်းရပါတယ်
ကျောက်ပေးအပ်တဲ့‌
orderထည်လည်းစိတ်တိုင်းကျလက်ခံဆောင်ရွက်ပေးပါတယ်

Photos from Assorted Gems's post 27/05/2026

လူကြီးလူငယ်မရွေးကြိုက်နှစ်သက်စေမယ့်
တန်ဖိုးရှိတဲ့ပတ္တမြားကို
ပိုင်ဆိုင်ဖို့
စိန်ဖြူသန့်နဲ့
ရွှေထည်လေးတွေပါရှင့်
ကြိုက်နှစ်သက်ရာလေးတွေရှိရင်
ဈေးမေးပါရှင်
cb or 09 43028382

23/05/2026
Photos from Assorted Gems's post 23/05/2026

မိုးကုတ်သဘာဝ
နီလာ
ငွေထည်လေးပါ
ရွှေနဲ့ပြန်ခတ်ရမယ့်အရည်လေးပါရှင်

17/05/2026

💎 မိုးညှင်းနီလာ (Kyanite) ဟာ နီလာ မဟုတ်ပါ ဂုဏ်သတ္တိတွေ မတူညီသလို စျေးနှုန်းလဲ အများကြီးကွာပါတယ်

💎 မိုးကုတ်မြ (Diopside) ဟာလဲ မိုးကုတ်ကထွက်သောမြ မဟုတ်ပါ
မြ (Emerald) မဟုတ်သလို အများစုဟာ ပြည်ပမှ တင်သွင်းလာသောကျောက်များဖြစ်ပါတယ်

💎 ဥဿဖရားဆိုတာ စာထဲမှာ Topaz ဖြစ်ပြီး အပြင်မှာပြောနေကြတဲ့ ဥဿဖရားဆိုတာ yellow sapphire သို့မဟုတ် white sapphire ကို ရည်ညွှန်းလေ့ရှိကြပါတယ်
ဒါကြောင့် မြန်မာလို ဥဿဖရားလို့ပြောရင် English name ကို ပြန်မေးလိုက်တာက အကောင်းဆုံးပါ

💎 သူယောင်ဆိုတာ တကယ်တော့ Scapolite ကိုခေါ်တာဖြစ်ပြီး သူယောင်လို့ စျေးကွက်ထဲမှာ လူသိများတာက Rose Quartz (ပန်းရောင်သလင်း) ဖြစ်ပါတယ်
Scapolite ကို မျောနီ လို့လည်းခေါ်ပါတယ်
(ဒါဆို ယောက်ကျားချစ်တာ ဘယ်ကျောက်လဲ မေးရင် မသိပါဘူး 😬)

💎 ပြောင်ခေါင်းစိမ်းဆိုတာ မိုးကုတ်မြို့အနီး ပြောင်ခေါင်းရွာကနေ ထွက်ရှိရာက အစွဲပြုပြီး ခေါ်လာကြတဲ့ နာမည်ပါ သို့သော် အရွယ်သေးတဲ့ peridot တွေက အခြားနိုင်ငံကလဲ ထွက်ပါတယ်

💎 ခရမ်းဆွဲဟာ ဒေသစွဲထားစရာမလိုတဲ့ ကျောက်ဖြစ်ပါတယ် ဆိုလိုတာ ထွက်ရှိရာဒေသ အရေးမကြီးပါဘူး

💎 ကျောက်မျက်တိုင်းဟာ မိုးကုတ်မှ အကောင်းဆုံးဆိုတာ မဟုတ်ပါဘူး ပတ္တမြား နီလာ အရွယ်ကြီးမားတဲ့ ပြောင်ခေါင်းစိမ်းတွေကလွဲရင် အခြားနိုင်ငံကထွက်ပြီး ပိုလှတဲ့ကျောက်တွေ များစွာရှိပါတယ်

💎 အရောင်လေးကြိုက်လို့ ဝတ်ချင်တာဆို ကြိုက်တဲ့ကျောက်သာဝယ်ပါ
မဝတ်ချင်ဘူး စုထားချင်တာဆိုရင်တော့
Blue topaz အစား Aquamarine (မြပြာ/စလင်းစိမ်း)
Citrine (စလင်းဝါ) အစား Danburite (ရွှေတွင်းဝါ) Yellow Sapphire (နီလာဝါ) တို့ကိုသာဝယ်ပါ

💎 ပတ္တမြားဟာ နီရဲပြီး စင်သန့်လွန်းနေရင် Too good to be true ဆိုတာကို သတိရပါ

💎 ဖန်နဲ့ တွင်းထွက်ကို အလွယ်ကူဆုံးခွဲခြားဖို့ ပါးမှာကပ်ကြည့်ပါ တွင်းထွက်ကျောက်ဟာ အေးနေပြီး ဖန်ကတော့ မအေးပဲနွေးနေတတ်ပါတယ်

💎 ပုလဲအတုနဲ့ အစစ်ကို အလွယ်ကူဆုံးခွဲခြားဖို့ အရှေ့သွားရဲ့ မျက်နှာပြင်ပေါ်မှာ ပုလဲကိုပွတ်ကြည့်ပါ ဂျစ်ဂျစ်နဲ့ gritty ခပ်ကြမ်းကြမ်းလေးဖြစ်နေရင် အစစ် ချောနေရင် အတုလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်

💎 သဘာဝ ခရမ်းဆွဲတွေဟာ ကြွေသားအဖြူရောင် ခွက်တစ်ခုခုထဲမှာ ရေထည့်ပြီး ကျောက်ကို မှောက်ပြီး ရေစိမ်ကြည့်ရင် အရည် (ကာလာ) လေးတွေ ချွန်းမှာလာစုပြီး ဘေးဘက်မှာ သိသိသာသာဖြူသွားတတ်ပါတယ်

💎 များသောအားဖြင့် သဘာဝခရမ်းဆွဲတွေဟာ ချွန်းထူမှ အရည်လှ အရည်ပြည့်တတ်ပြီး ချွန်းပါးပြီး အရည်ပြည့်နေရင် ချက်ကျောက်ဖြစ်နိုင်ပါတယ်

💎 ပယင်းအတုအစစ်ခွဲဖို့ ရေခွက်ထဲမှာဆားထည့်ဖျော်ပါ နောက်ထပ်ဆားထပ်မပျော်ဝင်တော့တဲ့ ပြည့်ဝဆားဖျော်ရည် (saturated) ဖြစ်ပြီဆို အဲ့ရေထဲ ပယင်းကို စိမ်ကြည့်ပါ ရေပေါ်ပေါ်ရင် အစစ် မပေါ်ရင် အတုပါ

💎 စိန်အစစ်နဲ့ ရုရှားစိန်ကိုခွဲခြားဖို့ သတင်းစာ ဂျာနယ်ပေါ်က စာလုံးတွေပေါ်မှာ စိန်ကို မှောက်ပြီးတင်လိုက်ပါ အောက်ကစာကိုမြင်ရရင် အတု မမြင်ရဘူးဆို အစစ် ဖြစ်ပါတယ်

💎 စိန်နဲ့ Moissanite ကိုအလွယ်ကူဆုံးခွဲခြားဖို့ဆိုရင်တော့ 10X lens လိုပါမယ်
10X lens နဲ့ မျက်နှာပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် ချွန်းဘက်မှာ မျဉ်းနှစ်ကြောင်းထပ်နေတာကို မြင်ရမယ်ဆိုရင် Moissanite ပါ

💎 ဒီနည်းတွေဟာ ကိရိယာလွတ် အလွယ်စမ်းသပ်နည်းတွေဖြစ်တာကြောင့် ဓါတ်ခွဲခန်းက အဖြေလောက် မမှန်ကန်နိုင်ပါဘူး
အကောင်းဆုံးကတော့ ပညာရှင်တွေဆီမှာ စစ်ဆေးပါ

💎 ကိုရီးယားစိန်လို့ ပြောရင် စိန်အတုပါ

💎 ပြင်သစ်ကျောက်လို့ပြောရင် ကျောက်အတုပါ

💎 18 K ဆိုတာ ရွှေ 75% ပါဝင်သော 12 ပဲရည် ဖြစ်ပါတယ်

💎နေ့စဉ်ဝတ်ဆင်ဖို့အတွက်ဆိုရင် မာဆင့် 7 နှင့်အထက်ရှိသော တွင်းထွက်မှသာ ပိုသင့်တော်ပါတယ်

💎 နဝရတ်ကိုးပါးထဲမှာ ပါတဲ့ကျောက်တွေက ပတ္တမြား မြ စိန် ကြောင် နီလာ ဂေါ်မိတ် ဥဿဖရား သန္တာ ပုလဲ တို့ပဲဖြစ်ပါတယ်
(ဒီထဲမှာ ကျန်တဲ့ကျောက်တွေက ကြားဖူးနားဝ ရှိကြတာများပြီး ကြောင်က ဘာလဲလို့ မေးတတ်ကြပါတယ် ကြောင်က Chrysoberyl Cat’s eye ပါ)

💎 မိုးကုတ်မှာ နဝရတ်ကိုးပါးကို ဗူးစီထားတာလေးတွေဝယ်ရင် စိန်နေရာမှာ white sapphire ကြောင်နေရာမှာ moonstone ထည့်ထားလေ့ရှိပါတယ်
စျေးနှုန်းအားဖြင့်လဲ ပတ္တမြားတန်ဖိုးကိုသာ ယူလေ့ရှိကြပါတယ် (အားလုံးကိုမဆိုလိုပါ)

💎 most of the gemstones are minerals, but pearl, amber, coral and jet are organic gemstones.

💎 မီးဖုတ်ပြုပြင်တယ်ဆိုတာ ကာလာပိုလှအောင်သော်လည်းကောင်း ဂေါ်နည်းသွားအောင်သော်လည်းကောင်း ပြုပြင်ထားတာပါ ချက်ကျောက်လို အတုမဟုတ်ပါ

Credit

Photos from Assorted Gems's post 08/05/2026

မိုးကုတ်သဘာဝ
ပတ္တမြား
နီလာ
ရောင်စုံစပင်နယ်
သဘာဝပြောင်ခေါင်းစိမ်း
ခရမ်းစွဲ
၆လက်မခွဲ
၇လက်မ
ဟန်းချိန်း
Tennis handchain
ကြိုက်နှစ်သက်တဲ့ကျောက်လေးသာရွေးလိုက်ပါရှင်
ငွေထည်လေးတွေပါ

***အရောင်ပြန်တင်လို့ရပါတယ်

Photos from Assorted Gems's post 02/05/2026

ပတ္တမြား လုံးချော ဂေါ်ကြိုးလေး
အပွင့်တိုင်းနီးပါး ကြိုးလေးပါပါတယ်
ဒီပတ္တမြားကြိုးလေးက
ဝတ်ဆင်သူကို ပိုပြီးကြွကြွရွရွနဲ့ လှပတင့်တယ်စေမှာ အမှန်ပါ
စိတ်ရှည်လက်ရှည် ဖန်တီးထားတဲ့ ကြိုးလေးမို့
အကြိုက်တူတဲ့ သူကိုမျှော်နေပါမယ်ရှင်
ကလပ်ချိန် ၁၀၀ ကျော်ပါ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Awbar Street, Kyauk Myaung , Tamwe
Yangon