Win & Win
Garment & Sewing
28/12/2024
မနက်ဆို ဝန်ထမ်းတွေကို မှာစရာရှိတာမှာ ပြီးတော့ မှာထားတဲ့အတိုင်း ဖြစ်လာ မလာ ကြည့်.... ပြီးတော့ ထပ်ပြီး Remind လုပ်....မနက်စာစား.....အလုပ်အတွက်လိုအပ်တဲ့ Accessories တွေအပြင်ထွက်ဝယ်....Client ရဲ့ Warehouse ဆီ အထည်တွေ အချိန်မှီပို့....ချုပ်ရုံခွဲတွေစီ အထည်လိုက်စစ်...သိမ်း....ချပေး....ငွေရှင်း.... ပြီးတော့ ကိုယ်ချုပ်ရုံဆီပြန်လာ....Daily Result တွေစစ်....ဝန်ထမ်းတွေကို Ferry လိုက်ပို့.....တခါတရံမုန့်လိုက်ကြွေး....အိမ်ပြန်....စာရင်းလုပ်....ဖုန်းသုံးဖို့ကြည့်တော့ ည ၁၁ နာရီ ......ခဏလောက်တော့ကြည့်....ဒီလိုနဲ့ ၂၀၂၄ ကုန်ဆုံးတော့မယ်.....
WELCOME 2025.......
အလုပ်တွေပိုကြိုးစားမယ်......
ချစ်ရတဲ့ ဒုတိယမိသားစု ဝန်ထမ်း ညီမလေးတွေကို.....
၂၀၂၅ မှာ လစာ ပိုတိုးပေးမယ်......
ဘုရား တရား ပိုလုပ်နိုင်အောင်ကြိုးစားမယ်......
မိဘ ဆရာ ရိုသေကန်တော့မယ်......
🍀စေတနာကောင်းလျှင်ကံကောင်းမည်......
#အထည်ချုပ်ရုံ #စေတနာကောင်းလျှင်ကံကောင်းမည်
23/10/2024
အိမ်ရုံတွင် စက်ချုပ်ကျွမ်းကျင် (၅)ဦး
အလိုရှိသည် »
Crop ဆွဲသားများချုပ်ရပါမယ်»
အနဲဆုံး ၂ပွိုင့် ၃ပွိုင့် ချုပ်နိုင်ရမည်»
အလုပ်ကိုကြိုးစားချင်စိတ်နဲ့ လုပ်နိုင်သူဖြစ်ရမည်»
အမှန်တကယ်အလုပ်ကြိုးစားသူဦးစားပေးမည်»
ပွှိုင့်စုံချုပ်နိုင်ပြီး အထည်ထွက်နှုန်းကောင်းသူ လက်ရာသေသပ်လျှင် Day ကြေး, 9000 + ရက်မှန်ကြေး, 15000+အချိန်မှန်ကြေး, 10000,ခံစားခွင့်ရှိမည်,
အနဲဆုံး ၃ပွိုင့်ချုပ်နိုင်ပြီး အထည်ထွက်နှုန်းကောင်းပြီး လက်ရာသေသပ်သူ Day ကြေး , 7000 + ရက်မှန်ကြေး, 15000+ အချိန်မှန်ကြေး, 10000,ခံစားခွင့်ရှိမည်,
ပုံမှန်ချုပ်နိုင်သူ လက်ရာသေသပ်ရမည် သတ်မှတ်ထားသော အထည်အရေအတွက် ပြီးအောင်ချုပ်န်ိုင်လျှင် Day ကြေး, 6000+ရက်မှန်ကြေး, 15000 + အချိန်မှန်ကြေး, 10000 ခံစားခွင့်ရှိမည်,
အထည်ထွက်နှုန်းကောင်းလျှင် အထည်ကြေးခံစားခွင့်ရှိမည် + ၃လပြည့်ပြီးလျှင် လမ်းစရိတ်ခံစားခွင့်ရှိမည် , OT ဆင်းနိုင်လျှင် 1နာရီ 1200 ရမည်,
အလုပ်ချိန်, မနက် 8:00 to ညနေ 5:00အထိဆင်းရမည် ,
ဆက်သွယ်ရန်, Cb or Ph, 09450737134
လိပ်စာ, မြောက်ဒဂုံကျောင်းလမ်း ၃၂ရပ်ကွက်, ရွှေပြည်သာလမ်းသွယ် (၃) လမ်းတွင် အလုပ်အင်တာဗျူးရမည်
#အထည်ချုပ်ရုံ #အထည်အော်ဒါ #စက်ချုပ်အလုပ်အကိုင် #စေတနာကောင်းရင်ကံကောင်းမည်
18/10/2024
🕯🎆🎇 Thadinggyut (18.10.24)
🙏🙏🙏 ဒီနေ့လေးတော့ ကျွန်တော့်ဘဝရဲ့ ကျေးဇူးရှင် ဆရာကိုအေးမင်းနိုင်အား လက်ဆယ်ဖြာဦးထိပ်ပန်ဆင်လျှက် ဆရာ့ခြေအစုံအားထိလျှက် ဦးခိုက်ရှိခိုးကန်တော့ခဲ့ပါသည်....
🙏🙏🙏 နောက်နှစ်ပေါင်းများစွာ ချစ်ရတဲ့ မိသားစု တပည့်ပေါင်းများစွာနှင့် ကျန်းမာပျော်ရွှင်စွာ အတူတူဖြတ်သန်းနိုင်ပြီး စီးပွားရာထူးတွေ တိုးတက်အောင်မြင်ပါစေဆရာ.....
🙏🙏🙏 ကျန်းမာခြင်းသည်လာဘ်တစ်ပါးမို့ အမြဲကျန်းမာပျော်ရွှင်ပါစေဆရာ.....
#စေတနာကောင်းရင်ကံကောင်းမည်
17/10/2024
🕯🎆🎇ယခုလိုဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခါသမယမှာ မိသားစုနဲ့တူတူ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမွန်ပြည့်စုံသောအချိန်အခါလေးများကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပြီး လိုအင်ဆန္ဒများလည်းပြည့်ဝကြပါစေကြောင်း Win & Win Garment မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ....
🍀စေတနာကောင်းလျှင်ကံကောင်းမည်.....
#စေတနာကောင်းရင်ကံကောင်းမည်
17/10/2024
🕯🎆🎇 Thadinggyut Full Moon Day
🙏🙏🙏 ကျေးဇူးရှင်မိဘနှစ်ပါးအား သီတင်းကျွတ်လပြည့်နေ့အခါမှာ လက်ဆယ်ဖြာဦးထိပ်ပန်ဆင်လျှက် ငွေကျပ် ၂၀၀၀၀၀ ဖြင့်ရိုသေစွာကန်တော့ခဲ့ပါသည်.....
🙏🙏🙏 ခင်ပွန်းကြီးဆယ်ပါးထဲ ၁ပါးပါဝင်သော ဆရာ ကိုစိုးလွင်ကိုလည်း သီတင်းကျွတ်အချိန်အခါမှာ တက်နိုင်သလောက် လက်ဆောင်လေးဖြင့်သွားရောက်ကန်တော့ခဲ့ပါသည်....
🙏🙏🙏 သင်ဆရာ မြင်ဆရာ အားလုံးအားရိုသေစွာကန်တော့ပါသည်.....
🍀 စေတနာကောင်းလျှင်ကံကောင်းမည်.....
#စေတနာကောင်းရင်ကံကောင်းမည်
16/10/2024
🎆🎇️🕯Thadinggyut
🙏🙏🙏 ကန်တော့ခံအရွယ် နဲ့ နေရာကိုရောက်လာခဲ့တော့ လေးစားစွာနဲ့ နှစ်တိုင်း ကန်တော့ခဲ့တဲ့ ဝန်ထမ်းညီမငယ်လေးတွေကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါရစေ......
🙏🙏🙏အခုလိုအခြေအနေမှာ မိဘအပေါ်သိတက်လိမ္မာပြီး အလုပ်ကြိုးစားပျော်ရွင်နေတာမြင်ရတော့ အစ်ကို အစ်မ တို့အနေနဲ့ ပျိုးထောင်ရကျိုးနပ်ရပါတယ်....ကြည်နူးပီတိလည်းဖြစ်မိပါတယ်.....
🙏🙏🙏 တန်ဖိုးထားတဲ့အရိပ်တစ်ခုအောက်မှာ အတူတူလက်တွဲကြိုးစားကြပြီး အတူတူတိုးတက်အောင်မြင်ကြပါစို့ ညီမငယ်လေးတို့......
🙏🙏🙏 အစဥ်အလာမပျက် သီတင်းကျွတ်မုန့်ဖိုးလေးတွေလည်းပေးရင်းပေါ့....အားလုံးပျော်ရွှင်ကြပါစေ.....
🙏🙏🙏 သင်ဆရာ မြင်ဆရာ အားလုံးဦးထိပ်ပန်ဆင်လျှက်ရှိခိုးကန်တော့ပါသည်.....
🍀စေတနာကောင်းလျှင်ကံကောင်းမည်.....
#အထည်ချုပ် #အထည်ချုပ်ရုံ #အထည်အော်ဒါ #စက်ချုပ်အလုပ်အကိုင် #စက်ချုပ်ဝန်ထမ်း #စေတနာကောင်းလျှင်ကံကောင်းမည်
30/09/2024
Win & Win Garment
🔸️️"Quality ကောင်းလို့အစဥ်အဆက်မှာ Win & Win ရဲ့အထည်လက်ရာ"
🔸️ Win & Win Garment ရဲ့ ဒုတိယအကြိမ် ရေဘေးအလှူလေးပါ.....
🔸️ ရေဘေးသင့်မိဘပြည်သူများအတွက် ဒုတိယအကြိမ် ရေဘေးအလှူငွေ ၁၀၀၀၀၀ ကျပ်တိတိ ပါဝင်လှူဒါန်းပေးခဲ့ပါသည်......
🔸️ နောက်လများတွင်လည်း ထပ်မံလှူဒါန်းသွားပါဦးမည်.....
🍀စေတနာကောင်းလျှင်ကံကောင်းမည်......
#စေတနာကောင်းလျှင်ကံကောင်းမည်
22/09/2024
🔸️ Win & Win အထည်ချုပ်မိသားစုမှ Khaine Hnin Wai Foundation သို့ ရေဘေးအတွက် အလှူငွေ ၁၅၀၀၀၀ ကျပ် နှင့် ရေသန့် 1 Ltr 55 ကဒ်အား ယနေ့ လှူဒါန်းခဲ့ပါသည်......
🔸️ နောက်လများတွင်လည်း အခါအခွင့်သင့်သလို ထပ်မံလှူဒါန်းပါဦးမည်.....
🔸️ ရေဘေးသင့် ပြည်သူပြည်သားအားလုံး ဤကပ်ဘေးကြီးအားအမြန်ဆုံးကျော်လွားနိုင်ကြပါစေ......
🍀စေတနာကောင်းလျှင်ကံကောင်းမည်.....
#စေတနာကောင်းလျှင်ကံကောင်းမည်
09/09/2024
🔸️ မဂ်လာပါ
🔸️ Win & Win Garment မှာ အထည်လိုင်းထပ်မံတိုးချဲ့ရန်အတွက် မော်တာစက်ချုပ်ကျွမ်းကျင်များ နှင့် Helper များခန့်ထားလိုသည်။
🔸️ လစဥ်အထည် Design အသားမျိုးစုံအားထုတ်လုပ်ပေးလျှက်ရှိပြီး ရန်ကုန်မြို့နယ်အတွင်းရှိ အထည်ချုပ်ရုံများသို့ အထည်များအား လစဥ်အရေအတွက် ထောင်ချီချပေးလျှက်ရှိသည်။
🔸️ မော်တာစက်ချုပ်ကျွမ်းကျင် - ၁၀ဦး/ Helper ၃ဦး (နယ်မှလာသူများအားဦးစားပေးခန့်မည်)
🔸️ အဆောင်မပေးပါ (အဆောင်စီစဥ်ပေးသည်)
🔸️ စက်ချုပ်သမားလစာ - ကျွမ်းကျင်မူအလိုက် လစာ ၂သိန်းခွဲ/ ၃သိန်း/ ၄သိန်းမှ စပေးသည်။
🔸️ လုပ်သက် ၁လပြည့် ဝန်ထမ်းတိုင်း လစဥ်ဆေးဖိုး ၁၀၀၀၀ကျပ် အားလစာထဲတွင်ထည့်ပေးပြီး စက်ချုပ်သမားများအား လုပ်သက် ၃လပြည့်လျှင် လမ်းစရိတ် ၂၀၀၀၀ ကျပ်ထပ်တိုးပေးသည်။
🔸️ OT ၁နာရီ - ၁၂၀၀ ကျပ်ဖြစ်ပြီး OT ဆင်းနိုင်သောဝန်ထမ်းများအတွက် အပြန် Ferry ရှိသည်။
🔸️ အလုပ်ရှာဖွေခံစားခွင့် တစ်ဦးလျှင် ၂၅၀၀၀ ကျပ်ကလည်း ဝန်ထမ်းသစ်များအတွက် ခံစားခွင့်ရရှိအောင် စီစဥ်ပေးထားပါတယ်။မိမိအပြင် မိမိခေါ်လာသော သူငယ်ချင်းက Win & Win Garment မှာ အလုပ်ရသွားပါက ၄င်း သူငယ်ချင်း လုပ်သက် ၃ လပြည့်ပါက မိမိရဲ့ လစာထဲတွင် အလုပ်ရှာဖွေခံစားခွင့် ဝန်ထမ်း ၁ဦးလျှင် ၂၅၀၀၀ ကျပ်အားတစ်ကြိမ်ထည့်ပေးပါသည်။ ၂ဦးဆိုလျှင် ၅၀၀၀၀ ကျပ်တောင်ရမှာနော်။
🔸️ အလုပ်ချိန် မနက် ၈ နာရီ မှ ညနေ ၅နာရီထိ၊ တနဂ်နွေနေ့တိုင်းပိတ်သည်။
👩🦰Contact Person - Ma War War
📞09 45073 7134
🔰လိပ်စာ - အမှတ် ၅၄၈/B၊ ၃၂ ရပ်ကွက်၊ကျောင်းလမ်းမှတ်တိုင်၊မြောက်ဒဂုံ
#အထည်ချုပ် #စက်ချုပ်ဝန်ထမ်း #အထည်ချုပ်ရုံ #စက်ချုပ်အလုပ်အကိုင် #အထည်အော်ဒါ #စေတနာကောင်းလျှင်ကံကောင်းမည်
#အလုပ်တွေလက်တွဲလုပ်ကိုင်ကြတဲ့အခါယုံကြည်မူကအရမ်းအရေးကြီးပါတယ်
#ချုပ်ရုံတွေကိုလက်တွဲခေါ်ကြည့်တယ်
ုံးဝမရှိကြဘူးဆိုတာတွေ့နေရတယ်
#ဒါဟာလုပ်ငန်းတစ်ခုကျရူံးရတော့မယ့်အရိပ်အရောင်တွေပါ
ုပ်ကြဘူး
်ခုပဲကြည့်ပြီးတအားလုပ်နေကြတယ်
#သူ့ဖက်ကိုယ့်ဖက်မကြည့်ပဲလုပ်တဲ့ချုပ်ရုံတစ်ခုတော့လက်တွဲဖြုတ်လိုက်ပါပြီ
ို့လို့ဒီလောက်လေးကတော့ရပါတယ်ဆိုရင်အထည်orderလုံးဝမပေးတော့ပါ
်ကျေနပ်မူရှိရဲ့လားဆိုတာသိဖို့လိုတယ်
ေးနိုင်ဖို့လိုတယ်
၃၀.၀၈.၂၀၂၄
Click here to claim your Sponsored Listing.
Category
Website
Address
North Dagon
Yangon