The Rise Myanmar
Fight for future
15/06/2023
တို့အလယ်ပိုင်းက မှိုတွေ စထွက်လာပါပြီ.. အခက်အခဲများတိုက်ပွဲများကို ရင်ဆိုင်ရင်း မဆုတ်မနစ် ကြိုးပမ်းနေတဲ့ ဒေသခံများအား လေးစားလျက်ပါ..
01/06/2023
ရှားစောင်း၊ ကန်စွန်းရွက်၊ ကြိတ်မှန်ရွက်၊ ရဲယိုသီး၊ ကင်ပွန်းသီး ခေါင်းလျှော်ရည်လေး စမ်းလုပ်ကြည့်ထားပါတယ်.. ဆံသားလဲပျော့ ၊ ချေးလဲကျွတ် ၊ ဆံပင်အမြစ်တွေကို ခိုင်ခန့်စေပြီး ကြိတ်မှန်အစွမ်းကြောင့် ဆံပင်များ နက်မှောင် ပြောင်စေပါတယ်.. စမ်းလုပ်ကြည့်ကြပါနော်..
25/05/2023
ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ဆပ်ပြာသင်တန်း Batch-1 မှာ ပါဝင်တက်ရောက်ခဲ့တဲ့ ဆရာမ ပြုလုပ်ပြီး လက်ဆောင်ပေးပို့လိုက်တဲ့ မေတ္တာဆပ်ပြာလေးတွေပါတဲ့..❤️
25/05/2023
တစ်အိမ်လုံး တစ်ဝကြီး သုံးကြမယ့်..
ရှားစောင်းလက်ပပ်နံ့လေးသင်းပျံ့တဲ့ ရေချိုးဆပ်ပြာရည်..
အောင်မဲညိုခေါင်းလျှော်ရည်..
ဘက်စုံသုံးဆပ်ပြာဆီ..
မန်ကျည်းမျက်နှာသစ်ဆပ်ပြာခဲ..
23/05/2023
ဇွဲကောင်းလွန်းတဲ့ တို့အလယ်ပိုင်းက မောင်နှမတွေရဲ့ မှိုရတဲ့မျက်နှာသာ မြင်ယောင်ကြည့်ပေတော့.. မှိုမျှင်တွေ ဆင်းလာပြီ.. မကြာခင် ပွင့်တော့မယ်တဲ့ဗျို့.. 🤗
23/05/2023
အရောင်းလဲသွက် ၊ ငွေလဲမြန်မြန်ပေါ်တဲ့ ဘက်စုံသုံးဆပ်ပြာဆီ..
23/05/2023
နနွင်း မန်ကျည်းဆပ်ပြာလေး စမ်းသုံးကြည့်ကြမယ်..
23/05/2023
ဆပ်ပြာလှလှလေးတွေဗျို့..
အိမ်က မိသားစုလဲ ဖောဖောသီသီ သုံးလို့ရ ၊ ဓာတုလျော့နည်း ဆပ်ပြာခဲလေးတွေမို့ ဈေးကွက်ထဲလဲ မိတ်ဆက်ရောင်းနိုင်တဲ့ တို့သူရဲကောင်းတွေရဲ့ ဖန်တီးမှုလေးတွေပါ.. တစ်ဦးချင်းစီ၏ Productivity များ တိုးမြှင့်နိုင်ဖို့၊ မိသားစု စုပေါင်းဆောင်ရွက်ခြင်းဖြင့် ပျော်ရွှင်ကြစေဖို့၊ ဝင်ငွေရ တနိုင်တပိုင်လုပ်ငန်းများ တည်ထောင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဆပ်ပြာထုတ်လုပ်နည်းသင်တန်းများကို The Rise Myanmar Team ဆောင်ရွက်ပေးလျက်ရှိရာ ခုဆို ဒုတိယအပတ်စဉ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်..
အပတ်စဉ် ၂ သင်တန်းကို မေလ ၂၀-၂၁ ရက်နေ့များမှာ ဆောင်ရွက်ခဲ့ပြီး သင်တန်းသား ၁၆ ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်.. သင်တန်းသားများအတွက် ကုန်ကြမ်းပစ္စည်းများနဲ့ သင်ထောက်ကူကိရိယာများ (စုစုပေါင်း ၉၉၄,၄၇၅ ကျပ် တန်ဖိုးခန့်) ပံ့ပိုးပေးနိုင်ခဲ့ပါတယ်.. သင်ကြားပေးခဲ့တဲ့ ဘာသာရပ်များကတော့ ဘက်စုံသုံးဆပ်ပြာဆီလုပ်နည်း ၊ ခေါင်းလျှော်ရည်လုပ်နည်း၊ ရေချိုးဆပ်ပြာရည်လုပ်နည်းနဲ့ ဆပ်ပြာခဲလုပ်နည်း ဘာသာရပ်များပဲဖြစ်ပါတယ်..
နေပူပူ ၊ မီးမလာတဲ့ကြားက မပျက်မကွက် ပါဝင်တက်ရောက်ပြီး တက်တက်ကြွကြွ လက်တွေ့လိုက်လုပ်ခဲ့တဲ့ သင်တန်းသူသင်တန်းသားများ၊ ပြည်သူမှပြည်သူသို့ ရန်ပုံငွေပံ့ပိုးပေးခဲ့ကြသူများ၊ အထူးအားဖြင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်းမှအစ စိတ်ရှည်လက်ရှည် သင်ကြားပြပေးတဲ့ The Rise Myanmar Team ရဲ့ သင်တန်းနည်းပြဆရာအား Team တစ်ခုလုံးက ကျေးဇူးများစွာ တင်ရှိလျက်..
ချစ်ခြင်းများစွာဖြင့်
Rising Myanmar Together
22/05/2023
"Where there is love, there is life."
တို့သူရဲကောင်းတွေ ဖန်တီးထားတဲ့ ဆပ်ပြာလေးတွေကို အားပေးကြပါဦးနော်.. ❤️
18/05/2023
ဟောဒီက ကုန်ခြောက်တွေဗျို့…..
စစ်ကြောင်းထိုးမှုများကြောင့် မြို့ပေါ်ရှိဈေးများသို့ မသွားနိုင်ဘဲ၊ တရွာနှင့်တရွာပင် ကူးသန်းရခက်နေသည့်အလယ်ပိုင်းဒေသတစ်နေရာရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်များကို ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်စေရေးအတွက် ဒေသခံဦးဆောင်သူများကတစ်ဆင့် Rise Myanmar က ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်..တနိုင်ငံလုံး အတိုင်းအတာနဲ့ ကူညီနိုင်တဲ့ အင်အားမရှိသေးပေမယ့် ကူညီနိုင်သလောက်လေးအတွက် ရွာသူရွာသားများ အဆင်ပြေကြပါစေ..
30/04/2023
ချိုဆိမ့်လေး ကြော်စားရင်ပဲဖြစ်ဖြစ်၊ တုံယမ်းဟင်းချိုထဲပဲ ထည့်သောက်သောက်၊ ငရုတ်သီးစပ်စပ်လေးနဲ့ အရည်သောက်လေးချက်ချက် အရသာရှိလှတဲ့ ငွေနှင်းမှိုလေးတွေကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်..စိုက်ပျိုးဖို့ မြေယာ ကျယ်ကျယ် မလိုအပ်ပဲ သုံးရာသီလုံး မှိုများကို ဆွတ်ခူးနိုင်တဲ့အတွက် ငွေ မြန်မြန်ပေါ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် အခုနောက်ပိုင်း မြို့အတော်များများမှာ အစိုက်များလာကြတာ တွေ့ရပါတယ်.. The Rise Myanmar နဲ့ အတူလက်တွဲပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေကြတဲ့တာဝန်ခံများရဲ့ ဉီးဆောင်မှုနဲ့ အလယ်ပိုင်းက ဒေသတစ်ချို့မှာလဲ ငွေနှင်းမှို စိုက်ပျိုးရေးကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ အဖွဲ့က ကြိုးစားလျက်ရှိပါတယ်.. လေယာဉ်တွေ ပျံဝဲနေတဲ့နေရာတွေမှာ ဇွဲကောင်းကောင်းနဲ့ မဆုတ်မနစ် ကြိုးစားကြသူများ အားလုံးကို လေးစားဉီးညွတ်လျက်ပါ..
29/04/2023
မဖြစ်နိုင်ဘူးလို့ ထင်တဲ့ဟာတွေကို ဖြစ်အောင် လုပ်နိုင်တာက အမှန်တရားအသစ်ကို ရှာဖွေဖို့ ၊ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကျော်လွန်ပြီး အားအင်သစ်တွေ မွေးထုတ်ဖို့ပဲ၊ နယ်ပယ်အသစ်တွေ ချဲ့ထွင်ဖို့ပဲ မဟုတ်လား.. The Rise Myanmar ရဲ့ နောက်ထပ်ခြေလှမ်းက ဈေးကွက်ဝင် Macreme Knotting လေးတွေ ဖန်တီးပြီး ကမ္ဘာအနှံ့ ခရီးဆန့်ဖို့ပါပဲ..
PC: Google
Click here to claim your Sponsored Listing.
Category
Website
Address
Yangon