BizSoft

BizSoft

Share

Information System Implementation, Consultancy

Software Development

Software Outsourcing

31/12/2025

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး၊ အခွင့်အလမ်းသစ်များနှင့်အတူ စီးပွားရေးအောင်မြင်တိုးတက်မှုများ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/12/2025
16/09/2025

ဘတ်စ်ကားကောင်းတွေ ဝယ်ရုံနဲ့ အကောင်းဆုံးယာဉ်လိုင်းတစ်ခုကို တည်ဆောက်နိုင်ပါ့မလား❓

ယာဉ်လိုင်းတစ်ခု အောင်မြင်ဖို့အတွက် အောင်မြင်မှုဆိုတာ ကားတွေရဲ့ အရည်အသွေး၊ စီမံခန့်ခွဲမှု၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်၊ လုပ်ငန်းစဥ်များဆန်းသစ်နိုင်မှု နဲ့ နည်းပညာ တို့အချိုးကျကျ ပေါင်းစပ်မှုတို့အပေါ်မှာ မူတည်ပါတယ်။

Information System တစ်ခုတည်ဆောက်မှုအတွက်ဆိုရင်ကော❓

💡ဖုန်း ၀၉-၇၆၅-၃၈၃၈၇၁ နှင့် [email protected] သို့ ဆက်သွယ်နိုင်ပါတယ်။

11/09/2025

သင့်လုပ်ငန်းရဲ့ အဖိုးတန်အရင်းအမြစ်တွေကို အထိရောက်ဆုံးအသုံးချဖို့အတွက် Microsoft Appointment Solutions ကို ရွေးချယ်လိုက်ပါ။

ကျွန်တော်တို့ရဲ့ အလွယ်တကူ အသုံးပြုနိုင်တဲ့ Appointment/Booking စနစ် ဟာ သင့်လုပ်ငန်းကို ပိုမို စနစ်တကျနဲ့ အကျိုးရှိအောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အထူးသဖြင့် အောက်ပါလုပ်ငန်းများအတွက် ပိုမိုသင့်တော်ပါတယ်။

စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းများ

ဥပဒေအတိုင်ပင်ခံလုပ်ငန်းများ

မိတ်ကပ်နှင့် ဆံပင်ပညာရှင်များ

အလှအပရေးရာဝန်ဆောင်မှုလုပ်ငန်းများ

ကားပြင်၊ ကားအလှဆင် လုပ်ငန်းများ

ကြိုတင်ဘိုကင်ယူရန် လိုအပ်တဲ့ အခြားလုပ်ငန်းများ

လုပ်ငန်းအတွင်း အစည်းအဝေးခန်းများ စီမံခန့်ခွဲခြင်းများ

အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်လည်း သက်သာတာကြောင့် လုပ်ငန်းလည်ပတ်မှုကို ပိုမို ထိရောက်စေဖို့ Microsoft Appointment Solutions ကို အခုပဲ စတင်အသုံးပြုကြည့်လိုက်ပါ။

အသေးစိတ်သိလိုပါ က 📞 09-765-383871 သို့ ဆက်သွယ်၍ ၎င်း [email protected] သို့ ၎င်း မေးနိုင်ပါ သည် ။

09/09/2025

❓❓❓စာရင်းစနစ်ကထိရောက်မှုရိနေရဲ့လား

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် ထိရောက်တဲ့ စာရင်းစနစ် ရှိဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ စာရင်းစနစ်ကောင်း တိုင်းလုပ်ငန်းအောင်မြင်မယ်လို့တော့ မဆိုလိုပါဘူး။

📌
💡လုပ်ငန်းမှာရှိတဲ့ စာရင်းစနစ်ကောင်း မကောင်းဆိုတာ အလွယ်ကူဆုံးဆန်စစ်ဘို့ဆိုတာ လုပ်ငန်းမှာ ဘာဖြစ်နေ သလဲဆိုတာသိ နိုင်သလား သိနေနိုင်ရင် စာရင်းစနစ် ကောင်းတယ် လို့ သာမာန် အားဖြင့် ပြောနိုင် ပါတယ်။

နည်းနည်းပိုပြီး အသေးစိတ် ကြည့်ရင်တော့

❓လုပ်ငန်းရဲ့ လုပ်ဆောင်မှာရလဒ် ဝင်ငွေ အသုံးစရိတ်‌တွေ ကို အချိန်နဲ့ တပြေးညီ သိပါသလား

❓လုပ်ငန်းရဲ့ လက်ရှိအခြေအနေ (ပေးရန် ရရန် ကုန်ပစ္စည်း ငွေ စသည်) နဲ့ အချိန်ကာလ တစ်ခုအတွင်း ပြောင်းလဲမှု တွေကို အချိန်နဲ့တပြေးညီသိလား

❓ အလုပ်‌‌နှောင့်နှေးမှုတွေ များတာ၊ အလွဲသုံးစားမှု မသမာမှုတွေဖြစ်တာ ဖြစ်ဘို့အခြေ အနေဖန်နေ တာမျိုးတွေရှိနေလား

စတဲ့ အချက်တွေနဲ့ ဆန်းစစ် ကြည့်နိုင်ပါတယ်။ စာရင်းကိုင်စနစ် မှာ အားနည်း ချက်တွေရှိ နေပြီဆိုတာသိရင် ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက် သွားရပါမယ်။ တချို့က တော့ စာရင်းစနစ် မကောင်းဘူး ဆိုတာ ဆန်းစစ်မိရင် ပထမဆုံး ပြေးမြင်ပြီး လုပ်လိုက် တာကတော့ ကွန်ပျူတာ သုံးလိုက်တာပါ။ စာရင်းကိုင်စနစ် တိုးတက်ကောင်းမွန်ဖို့ ကို နည်းလမ်း (၃) ခု တစ်ခုခု သို့မဟုတ် နှစ်ခု သုံးခု လုံးကို ပေါင်းစပ်အသုံးပြုပြီး စနစ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။

✅ စာရင်းကိုင်အလုပ်တွေကို ပြင်ပကုမ္ပဏီသို့ အပ်နှံခြင်း (Outsourcing)

လုပ်ငန်းရဲ့ စာရင်းကိုင်လုပ်ငန်းစဉ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြင်ပကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ အားသာချက် ကတော့ လုပ်ငန်းရဲ့ အဓိကလုပ်ငန်းစဉ်တွေကို ပိုမိုအာရုံစိုက်နိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာနိုင်ပါတယ် ။ (ဝန်ထမ်းခန့်ထားရတာထက် ပိုသက်သာနိုင်ပါတယ်) စာရင်းကိုင်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ဝန်ဆောင်မှုကို ရရှိနိုင်ပါတယ်။ အားနည်းချက် အနေနဲ့ကတော့ လုပ်ငန်းရဲ့ အချက်အလက်တွေကို ပေးရတဲ့အတွက် လုံခြုံရေးဆိုင် ရာ စိုးရိမ်ပူပန်မှုတွေ ရှိနိုင်ပါတယ်။

✅ လုပ်ငန်းဆောင်ရွက်ပုံ များအခြေခံကျကျပြုပြင်ခြင်း (Business Process Re-engineering)

လက်ရှိ စာရင်းကိုင်လုပ်ငန်းစဉ်တွေကို အစကနေ ပြန်လည်ဆန်းစစ်ပြီး ပိုမိုထိရောက်တဲ့ စနစ်အသစ် တစ်ခုကို ပြန်လည်တည်ဆောက် တာ ဖြစ်ပါတယ်။ ခေတ်မှီဒီဂျစ်တယ် နည်းတွေ အသုံပြုခြင်းနဲ့ပြုပြင် တာတွေလည်းအပါအဝင်ပါ။ အားသာ ချက်သာချက် လုပ်ငန်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို အဓိကတိုးတက်စေပါတယ်။ ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး လုပ်ငန်း ဆောင်ရွက်မှုကို ပိုမိုလွယ် ကူစေပါတယ်။ ဒီနည်းလမ်းကို အကောင်အထည် ဖော်ဖို့အတွက် အချိန်နဲ့ ငွေကြေး အများအပြား ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

✅ အလိုအလျောက်အလုပ်ဖြစ်ရန် နည်းပညာသုံးခြင်း (Automation)

ဒီနည်းလမ်းက စာရင်းကိုင်လုပ်ငန်းစဉ်တွေကို ကွန်ပြူတာ ဆော့ဖ်ဝဲလ်တွေနဲ့ အလိုအလျောက် လုပ်ဆောင်စေတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာတွေမှာ RPA – Robotic Process Automation ကို အသုံးပြုတာတွေ AI ကိုအသုံး ပြုတာတွေ ပါဝင်ပါတယ်။ အဓိကကတော့ ERP (Enterprise Resource Planning) စနစ်ကို အသုံးပြုကြခြင်းဖြစ်ပါတယ်။ ERP ကတော့ လုပ်ငန်း တစ်ခု လုံးရဲ့ ဖြစ်သမျှ လုပ်ဆောင်ချက်တွေကို ဖြစ်တဲ့ နေရာမှာချက်ခြင်း စာရင်းသွင်းနိုင်ပြီး စာရင်းကိုင်၊ ကုန်ပစ္စည်းစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စ တဲ့ ဌာနတစ်ခုနဲ့တစ်ခု အကြား အလတ်မရှိ ချိတ်ဆက်ပေး စီမံဆောင်ရွက်နိုင် စနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အားသာချက် လုပ်ငန်းဆောင်ရွက်မှုတွေရဲ့ တိကျမှန်ကန်မှုကို မြင့်မားစေပြီး လိုတဲ့ အချက်အလက်တွေကို အချိန်မရွေး နေရာမရွေး ရရှိ နိုင်ပါတယ်။ ဆော့ဖ်ဝဲလ်ကို စတင်အသုံးပြုဖို့အတွက် ကုန်ကျစရိတ်များနိုင်ပြီး ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။



အချုပ်အားဖြင့်ဆို ရရင် လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် စာရင်းကိုင်စနစ်က အခြေခံ အင်ဂျင်လိုပဲ အရေးကြီးပါတယ်။ စာရင်းကိုင် စနစ်ကောင်းက လုပ်ငန်းအခြေအနေကို အချိန်နှင့်တပြေးညီ သိနိုင်စေပြီး ဆုံးဖြတ်ချက်မှန်ကန်မှု၊ စီမံခန့်ခွဲမှု ထိရောက်မှု၊ လုပ်ငန်းအသစ် အဆန်းတွေ အလွယ်တကူအကောင်အထည်ဖော်နိုင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ လက်ရှိစနစ်မှာ အားနည်းချက်တွေ ရှိနေရင် နည်းလမ်း သုံးသွယ်ကို အခြေပြုပြီ ပိုမိုကောင်းမွန်အောင်လုပ် ဘို့လိုပါတယ်။

❗️တကယ်လို့ အထက်က အချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ စာရင်းကိုင်စနစ် ကကောင်းနေရင် ရော ပြုပြင် ပြောင်းလဲ ဘို့မလိုဘူးလား သင်ရောဘယ်လိုထင်ပါသလဲ❓

04/09/2025

🔴 Work Smarter, Not Harder!!

💡
💡
Automate Your Business Processes
💡
💡
🔸 လုပ်ငန်းများ ပိုမို တွင်ကျယ်မြန်ဆန်ခြင်း
🔸 ကုန်ကျစရိတ်နည်းနည်းနှင့် အကောင်အထည်ဖော်နိုင်ခြင်း၊
🔸 Approve/Reject စသည် တို့ ကို မည်သည့်နေရာက မဆို ပြုလုပ်နိုင်ခြင်း၊
🔸လျင်မြန်စွာအ‌ကောင်အထည်ဖော်ိနုင်ခြင်း၊ စတဲ့အကျိုးကျေးဇူး များ ရရှိနိုင်ပါတယ်။

Power Automate , Power Apps တို့ Power Virtual Assistant စုစုပေါင်း သည် RPA ( Robotics Process Automation ) ပြုလုပ်နိုင် ပြီ နှင့် AI အတွက် အသင့်ဖြစ်နိုင်ပါသည်။

အသေးစိတ်သိလိုပါ က 📞 09-765-383871 သို့ ဆက်သွယ်၍ ၎င်း [email protected] သို့ ၎င်း မေးနိုင်ပါ သည် ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


2nd Floor , 38th Street Plaza, Seikkantha Street
Yangon
11182

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30