With Me - Akito

With Me - Akito

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from With Me - Akito, Language school, Yangon.

23/09/2026

にほんごがじょうずですね、えがおがきれいね လို့ပြောသွားပြီး အလုပ်အင်တာဗျူးမှာ ရွေးမသွားသောအခါ

21/09/2026

ကြော်ငြာတွေက ရယ်ရတယ် 😁

21/09/2026

ဂျပန်ရောက်ပြီး Iphone ကိုင်နေတိုင်းအထင်မကြီးကြနဲ့ နင်တို့မြင်တဲ့အတိုင်းပဲ အခြေအနေက 😁

Photos from With Me - Akito's post 20/09/2026

Van ရေ Congratulations 🎊🎈🎊🍾🎉

Photos from With Me - Akito's post 20/09/2026

နိုင်သွားပါပြီး 😍😍😍😍😍
おめでとう御座います🎊

19/09/2026

TikTok မှာ အမျိုးသမီးတစ်ယောက်တင်ထားတာ သူ့Video အောက်မှာ အပြင်ကျောင်းသားတွေအင်တာဗျူးထည့်ပေးလားလို့မေးထားတာ သူကအေဂျင်စီထောင်ထားပြီး
အလုပ်အင်တာဗျူးထည့်ပေးတာကို အင်တာဗျူးဝင်တဲ့သူတွေက သူ့ကိုကျေးဇူးတင်စကားမပြောလို့တဲ့ အမယ် မသိရင် သူကအလကားပဲ ဂျပန်ကိုပို့ပေးတာကျလို့ 😆

ဂျပန်မှာ အမြဲတမ်းကျေးဇူးတင်စကားပြောနေရတာတဲ့ သူ့ကြည့်တော့ဂျပန်မှာနေပြီး ဦးနှောက်က ပုစွန်ဦးနှောက်နဲ့

ဂျပန်မှာ Customer ကိုကျေးဇူးတင်ကြောင်းပြောရတာက ဟိုကငွေပေးသွားလို့လေ နင်တို့ကို ငွေသိန်းရာချီ ပေးရမဲ့သူက $ ကျေးဇူးပြန်တင်နေရဦးမှာလား အလုပ်ခေါ်စာရှိလို့ လူလိုရင် နင်တို့တွေပဲ လိုင်ပေါ်တက် တကြော်ကြော် တအော်အော် ခေါ်နေတာပဲမဟုတ်ဘူးလား ရူးစပ်စပ်နဲ့

19/09/2026

ငါတို့သင်တန်းမှ မရွေးတာ၊ ငါတို့အေဂျင်စီမှ မရွေးတာဆိုပြီး
Share ကြ၊ရေးကြတာတွေ့လို့ ငါတို့သင်တန်းကြောင့် ရေစက်ချအမျှဝေခဲ့ရတဲ့လူတွေ ဘယ်နှစ်ယောက်ရှိလဲပြန်မေးကြည့်ကြဦး ငါ Post Share ပြီး Marketing ဆင်းမနေနဲ့ ငါရေးထားတဲ့ထဲ နင်တို့ အေဂျင်စီပါပါတယ် ငါရေးထားတဲ့ထဲ ဘယ်အချက်နဲ့ညိနေလဲဆိုတာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဂုတ်သွေးစုတ် အမြတ်ထုတ်နေကြတာပဲ

COE ရလို့ ကျောင်းဘက်ငွေသွင်းရရင် ပြင်ပပေါက်စျေးထက် ၁ ယန်းကို ၂၅ကျပ်ပေါက်နေရင်တောင် ဒင်းတို့က ၂၈/၂၉ နဲ့စား ၊ သွင်းရမည့်ငွေထက် ပေါက်စျေးထက်လဲစားသေး ၃၀/၄၀လောက်လဲတင်ထားသေး၊ သက်သက် ငွေလဲ Service ဆိုပြီး တောင်းတဲ့ အေဂျင်စီတွေတောင်ရှိသေးတယ်
အေဂျင်စီခက အပြည့်ယူ COE မအောင်တော့ဘာတာဝန်မှမယူပဲ မိသားစုနှင့်တကွ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်တို့၊ Viber , Telegram Gp လောက်မှာပဲ စာရေးပြီး ယူထားတဲ့ အေဂျင်စီခ တစ်ပြားမှ ပြန်အမ်းတာမဟုတ်ဘူး

နင်တို့အေဂျင်စီတွေပြောသလိုပဲ ဝန်ထမ်းတွေကအလကားငှါးထားရတာမဟုတ်သလို ကျောင်းလျောက်တဲ့သူတွေရဲ့ငွေကလဲ ကြွက်ကြွင်းထဲက နှိုက်မရဘူး

အင်တာဗျူးမဝင်ခင်ကတည်းက ငွေအရင်သွင်းခိုင်းပြီး နည်းမျိုးစုံနဲ့ စာချုပ် ၄၊၅ ခုချုပ် ငွေပြန်မအမ်းဘူးပါ ပါတဲ့အပြင် အင်တာဗျူးအောင်လို့ Cancel ရင် သိန်း ၅၀ လျော်ရမယ်တို့၊ COE ရမှ မသွားတော့ရင် အေဂျင်စီခ ၃ ဆ လျော်ရမယ်တို့

စကားပြောရင် အပေါ်ဆီး အထက်စီးကပြောတယ်၊ ငါတို့လုပ်သမျှ နင်တို့ခံရမယ်၊ နင်တို့ငါ့တို့ကို အားကိုးနေရတာ ၊ နင်တို့ငွေငါတို့လက်ထဲမှာ ဆိုပြီး ပြောချင်ရာပြော၊လုပ်ချင်ရာလုပ်တဲ့အပြင် အပြောအဆိုတွေက ငါးစိမ်းသည်တွေတောင် သူတို့ထက်ယဉ်ကျေးတယ်

တစ်ခုခုမကျေနပ်လို့ ပြောရင် တရားစွဲမယ် ၊နင်တို့စာချုပ်မှာ လက်မှတ်ထိုးထားတာဆိုပြီး ခြိမ်းခြောက်တာမျိုး

ခံကြရတဲ့သူတွေကလဲ ခံကြတယ်လေ ဘာမှ ထုတ်မပြောကြ
မပြောရဲကြတော့ လုပ်ချင်တိုင်းလုပ်နေကြတာ မကောင်းလို့မကောင်းဘူး ပြောရင်တောင် အောက်ဆွဲပေါင်းစုံက ဝိုင်းကိုက်တာမျိုး နင်တို့ကို ဂျပန်ရောက်အောင်ပို့ပေးလို့ ကာကွယ်ပေးစရာမလိုသလို ကျေးဇူးရှင်တွေလဲ မဟုတ်ဘူး တန်ရာတန်ကြေးရော ၊ မတန်တရာရော နည်းမျိုးမျိုးတောင်းပြီးငွေယူထားတာမလို့ ကွာကွယ်ပေးဖို့လဲမလိုသလို ၊ ကိုယ်တိုင်ခံခဲ့ရရင်တောင် ထုတ်ပြောရမှာ

ခေတ်ဆိုး ၊စနစ်ဆိုးကြားမှာ ငုံ့ခံနေသရွေ့ကတော့ ဘယ်သူသေသေငတေမာ ရင်ပြီးရောဆိုပြီး လုပ်စားနေကြမှာပဲ
အေဂျင်စီတွေကတော့ ကားတွေတဝီဝီ၊ တိုက်တစ်လုံးပြီးတစ်လုံး သင်တန်းတစ်ခုပြီးတစ်ခု ၊ ဂျပန်ရောက်တဲ့သူတွေရော၊ မရောက်သေးတဲ့သူတွေရောက အကြွေးတွေပါတ်လည်ဝိုင်းလို့ ယူထားတဲ့အကြွေးကြေအောင်မနည်းကြိုးစားရှာပြီးဆပ်နေကြရတာမျိုး သူဌေးဖြစ်ခွေးဖြစ်ပေါ့ 😆😆

ဒါတောင် ဒင်းတို့က ကျေးဇူးရှင်ကြီးတွေပါဆိုပြီးလုပ်ချင်ကြသေးတယ် 🥴😆

အနာရှိရင် စပ်ကြပေါ့ By Name မတပ်လဲ နင်တို့ကအနာကြိုင်ဆိုတော့ စပ်ကြမှာပဲ
အားရင်ထပ်ရေးပြီးပြောဦးမယ်နော် 😎

18/09/2026

ဂျပန် Language School လျောက်ပေးတဲ့ အေဂျင်စီတွေတဲ့

အေဂျင်စီခက ၃၅ သိန်းကြားကနေ ၅၀ ကြားတောင်းတယ်

အင်တားဗျူး Training လုပ်ပေးပါတယ်ဆိုပြီး 自己紹介 တောင်လုပ်မပေးတဲ့ အေဂျင်စီတွေရယ်

自己紹介 ပဲလုပ်ပေးပြီး မေးခွန်းတစ်ခုမှ လုပ်မပေးတဲ့အေဂျင်စီတွေရယ်

ထပ်ခါ ထပ်ခါ ပေးပြီးသား အချက်လက်တွေကို ဌာနမတူလို့ပါဆိုပြီး ၁၃၆ ခါတိတိ တောင်းတဲ့ အေဂျင်စီတွေ ရယ်(သူတို့ရုံးကြည့်တော့ ၁၅ ပေ ၅၀ ရုံးခန်းနဲ့)

အေဂျင်စီဘက်ကလုပ်ပေးရမဲ့ စာရွက်စာတမ်းကစလို့ စာစီစာကုံးအဆုံးကိုယ့်ဘာသာရေးရတယ် ယူထားတဲ့ငွေမှအားမနာ Copy စာရွက်ပေါင်းသောင်းခြောက်ထောင်တောင်းတယ် ယူထားတဲ့အေချင်စီခထဲ အဲစာရွက်စာတမ်း Copyကူးခ ပါပုံမရဘူး

မြန်မာမှ မဟုတ်ရင် ဘယ်နိုင်ငံမှာနေနေ ပြန်လာခဲ့ဆိုတဲ့ အေဂျင်စီတွေရယ်

Scholarship ဆိုပြီး ခေါ်တော့တစ်ယောက်အင်တာဗျူး ကို လူ ၃၀/၄၀ ထည့်ပြီး ဖောင်ကြေးနဲ့ Interview Trainingခ ဆိုပြီးယူတဲ့ အေဂျင်စီရယ်

Scholarship Program ဆိုပြီး အေဂျင်စီခက
$ ၂၀၀၀ ကနေ ၃၀၀၀ တောင်းတဲ့ အေဂျင်စီရယ်

Language School Class 1 ကျောင်းမလို့ ဆိုပြီး စာမေးစာကျက်လုပ်ဖို့ သင်တန်းကြေး ထပ်ပေးရတဲ့ အေဂျင်စီရယ်
ပြီးတော့ စာကိုယ့်ဘာသာကျက်ရတာ စာသင်တော့ လေးလုံးမကွဲဘူး

ကျောင်းလျောက်ချင်ရင် သင်တန်းတစ်ခုတက်ရမယ် ၈သိန်း ၊၉ သိန်း တဲ့အင်တာဗျူးက တာဝန်ယူလား ဒါတက်ရင်အောင်မယ်ဆိုတာ တာဝန်မယူဘူး၊ဘယ်နှစ်ယောက်ခေါ်မှာလဲ ဆိုတော့ မသိဘူးတဲ့ ငွေပြန်အမ်းမှာလာဆိုတော့ No ဆိုတဲ့ အေဂျင်စီရယ်

ကျောင်းလျောက်မဲ့သူဘက်က ငွေအရင်ကုန်ထားတာပြီး အင်တာဗျူးမဝင်ရင် ဘာလို့အင်တာဗျူးမဝင်တာလဲကျောင်းမလျောက်ချင်လို့ ဉာဏ်များနေတာလားဆိုပြီး ငပြူးကတပြန်ကြီးပြဲတဲ့အေဂျင်စီရယ် (သူတို့အေဂျင်စီခ အပြည့်မရမှာစိုးလို့)

ကိုယ့်လောက်မတတ်ဘဲ ၊မသိဘဲ စဆရကလုပ်တဲ့ အေဂျင်စီက ဝန်ထမ်းတစ်ချို့ရယ်

COE အောင်တော့ငါတို့ အေဂျင်စီကလေ ဆိုပြီးတက်ကြွယ်၊ COE ကျတော့ အသံမထွက်၊ ဘာတာဝန်မှ မယူတဲ့အေဂျင်စီက တစ်ဖုံ

အမလေး ပြောလို့တောင်ကုန်မယ်မထင်ပေါင်အေ

အနာရှိတဲ့သူတွေကတော့ စပ်ကြပေါ့ ငါက By Name တပ်ပြောတာမဟုတ်ဘူးလေ 😆😆😆

ငါကိုယ်တိုင်လဲ ကြုံဖူးသလို၊ Gp ပေါင်းစုံ၊လူပေါင်းစုံရဲ့ ရင်ထဲက ခံစားချက်တွေကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်

လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ၊ နင်းခွပြီး နင်တို့အိတ်ထဲက ငါးပြားရရ ဆယ်ပြားရရ ရအောင်အမျိုးမျိုးအဖုံဖုံ တောင်းတဲ့သူများလဲ ကင်းရှင်းကြပါစေ။

13/09/2026

လုပ်ငန်းအသစ်လေးမို့ အားပေးကြပါဦး Online , အပြင်
အတင်းပြောပေး၊နားထောင်ပေးပါတယ်
Online - ၁ နာရီ ၂ သောင်းကျပ်
အပြင် - ၁ နာရီ ၅ သောင်းကျပ်

လိုအပ်သူများဆက်သွယ်ပါ

10/09/2026

စာရဖို့မလိုဘူး ဝါးချရဲတဲ့ သတ္တိရှိဖို့ပဲလိုတယ် 😁

Category

Telephone

Website

Address


Yangon