TylerExperience 2.0
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TylerExperience 2.0, Movie & Music Store, Yangon.
09/10/2024
Hello Everyone! TylerExperience Page မှ ပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ Admin ရဲ့ သူငယ်ချင်း တွေနဲ့ အတော်ကြာဝေးကွာနေရလို့လဲ အားနာမိပါတယ်။ ပြီး တော့ Admin ဆီမှာ စိတ်ရှည်သည်းခံစွာနဲ့ အား ပေး နေကြတဲ့ Loyal Customers အားလုံးကိုလဲ အများကြီးအားနာပြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
အခုတ လော ဒီမှာ အသုံးများတဲ့ Netflix နဲ့ Spotify အသုံးပြုသူ တွေ သိသိသာသာ error တွေ တက်လာပါတယ်။ ဒါက တော့ သိတဲ့အတိုင်း Admin တို့ရဲ့ ရွှေမြန်မာနိုင်ငံတော်ကြီးကြောင့် ဖြစ်ပါတယ်။ Netflix ဆိုရင် အခုက Policy ပြောင်းလိုက်ပြီး Third party user ကို သိသိသာသာ ဘန်းလာပါတယ်။ ပြီးတော့ VPN ပြသာနာပါ။ သူတို့ဘက်က VPN ကို sensitive ဖြစ်ပြီး Security breach ဖြစ်တယ်လို့ ယူဆပြီး တောက် လျှောက်ဘန်းပါတယ်။ နောက်ထပ်တစ်ချက်က Profile အသေးတစ်ခုချင်းစီကို ဖုန်းနဲ့ကြည့်တဲ့အခါမှာ နှစ်ပတ်တစ်ခါ Code နဲ့ပဲ ဝင်လို့ရပါတော့တယ်။ Whole account ကို ဝယ်ကြည့်ဖို့ကျ တော့လဲ Admin တို့အဖို့က စိတ်အပန်း ဖြေချင်ကာမှ ပိုပြီး စိတ်ပင်ပန်းရသလို ဖြစ် နေပါတယ်။
Spotify တွေလဲ ဒီလိုပါပဲ။ အခုဆို VPN အဆင်မ ပြေတာနဲ့ ဘန်းပါတယ်။ Original price တွေကို ကိုယ့်ကဒ်နဲ့ကို ဝယ်နိုင်တဲ့သူ တွေဆိုရင်တော့လဲ တစ်မျိုး ပေါ့လေ။
Admin ရဲ့ ရည်ရွယ်ချက်က တော့ အခုလို စိတ်ရှုပ်စရာ တွေ ပြည့်နေတဲ့ အချိန်မှာ ခဏတစ်ဖြုတ် အားလုံးကို စိတ်အပန်း ပြေစေချင်ပါတယ်။ အဲ့ဒါကြောင့် Admin အနည်းငယ်ကျွမ်းကျင်တဲ့ ရုပ်ရှင်၊ ဂီတ အ ကြောင်းလေးတွေ Share ရင်း ဒီလိုဟာ လေး တွေ လုပ်ပေး နေတာဖြစ်ပါတယ်။ အခုလဲ အား ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကို အတတ်နိုင်ဆုံး အဆင် ပြေ အောင် ဝန် ဆောင်မှု ပေး နေပါတယ်။ ဒါပေမယ့် Admin တစ်ယောက်တည်း ဖြစ်နေတာကြောင့် Reply နောက်ကျတာလေးတွေ၊ seen ပြပြီး မပြန်ဖြစ်တာ
တွေ ရှိနေပါတယ်။ ဒီလို အခက်အခဲလေးတွေကို အကောင်းဆုံး နားလည်ပေးပြီးခွင့်လွှတ်ပေးတဲ့ Admin ရဲ့ သူငယ်ချင်း တွေကိုလဲ အများကြီး ကျေးဇူး တင်နေပါတယ်။
နောက်ပိုင်းလဲ Admin ရဲ့ ရုပ်ရှင်၊သီချင်းအကြောင်း တွေကို အား ပေးကြအုံးလို့ မေတ္တာရပ်ခံပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ TylerExperience မှ ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျာ။
17/07/2024
Happy Birthday Wong Kar Wai
ဒီနေ့က ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဆရာကြီးတစ် ယောက်ဖြစ်တဲ့ Wong Kar Wai ရဲ့ ၆၆နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
Admin ရဲ့ ဘဝမှာ ရုပ်ရှင်တွေနဲ့ပတ်သက်ရင် လွှမ်းမိုးမှုအရှိဆုံးက အဖေပါ။ အဖေညွှန်ပေးတဲ့ရုပ်ရှင်၊စာအုပ်တွေကို အတူတူကြည့်ရှုဖတ်ရင်းနဲ့ ကြီးပြင်းလာခဲ့တာပါ။ ရုပ်ရှင်တွေ တဖြည်းဖြည်း လိုက်ကြည့်လာရင်းနဲ့ Wong Kar Wai ရဲ့ ကားတွေကို မြည်းစမ်းပြီးတဲ့အချိန်မှာ Admin ကို ဒုတိယ မြောက် အလွှမ်းမိုးနိုင်ဆုံးသူက Wong Kar Wai ဖြစ်လာပါတယ်။
သူ့ရဲ့ရုပ်ရှင်တွေက မကြိုက်တဲ့၊ အတွေးမတူတဲ့သူ
တွေအဖို့ကျတော့လဲ အင်မတန်ပျင်းဖို့ ကောင်းပြီး ဘာပြလို့ပြနေမှန်းမသိဖြစ်နေတတ်ပါတယ်။ Admin လို နှစ်သက်တဲ့သူအတွက်က တော့
Wong Kar Wai က Cinematic Love ကို အကောင်းဆုံး သရုပ်ဖော်နိုင်သူလို့ ယူဆပါတယ်။ သူ့ရဲ့ Neo Noir ရိုက်ချက်တွေက သူ့ရဲ့ အဓိကကာရိုက်တာပါပဲ။ အထူးသဖြင့် သူ့ရဲ့ဇာတ်ကောင်တွေက လွတ်လပ်နေပြီး အချစ်ကို ပြသတဲ့နေရာမှာ ဆန်းသစ်ပါတယ်။ ကိုယ်ချစ်နေတဲ့သူအ ပေါ် ကိုယ့်ရဲ့ခံစားချက် တွေကို ပြသတဲ့ပုံစံက အရေးကြီးတယ်လို့ Admin မှတ်ယူပါတယ်။ Wong Kar Wai ပြသသွားတဲ့ပုံစံ လေး တွေက Admin ကို အချစ် အကြောင်း အများကြီး သင်ပေးသွားပါတယ်။ "In the mood for love" ထဲက မက်ဂီ ချောင်လို၊ "ChungKing Express" ထဲက ဖေဝမ်လိုမျိုး တွေပေါ့။
အဲ့ဒါ တွေကြောင့်လဲ Admin အတွက် Wong Kar Wai ရဲ့ universe ထဲက မက်ဂီ ချောင်က အလှဆုံးလို့ သတ်မှတ်ပါတယ်။
သူ့ရဲ့ ရုပ်ရှင်တွေက တစ်ကား ရွေးပါဆိုရင် တော့ Admin အတွက် တော့ အမြဲ ChungKing Express ကိုပဲ ရွေးချယ်မှာဖြစ်ပါတယ်။
"ပြောနေတာတွေ လုံလောက်ပါပြီ။ Wang Kar Wai ရဲ့ အနုပညာ တွေကို ခံစားကြည့်ပါ၊ နားလည် အောင်မကြိုးစားပါနဲ့။ ချစ်တတ်လာပါလိမ့်မယ်"
သူ့လို နောက်ထပ်ဒါရိုက်တာတစ် ယောက်ပါ်လာဖို့က တော့ မျှော်လင့် နေရုံမှ တစ်ပါး တစ်ခြားမရှိပါဘူး။
Happy Birthday, Wang Kar Wai
Photos credits
Hello အားလုံးပဲ အခုလို VPN ပိတ်ခံနေရတဲ့အချိန်မှာ ပုံမှန်အတိုင်း စိတ်အေးချမ်းသာစွာနဲ့ FB ပေါ်မှာ စပ်စုမယ်၊ ဖောင်းထုမယ်၊ ဆရာကြီးလုပ်မယ်၊ ဝင်ယောင်မယ်ဆိုတဲ့သူများအတွက် Premium vpn တွေကို TylerExperience မှာ ရရှိနိုင်တယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးအပ်ပါတယ် 🥳😉
Telegram link
https://t.me/+32DSxl5A4yY1YmU1
2.0
17/04/2024
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ TylerExperience မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ
30/03/2024
အားလုံးပဲ မဂ်လာပါလို့ နှုတ်ဆက်ရင်း TylerExperience မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဝေးနေတာကြာပြီမို့ Admin ကို မေ့လျော့သွားမှာလဲ စိုးရိမ်မိပါတယ်။ ဒီလိုစိတ်ရှုပ်စရာ၊ရုန်းကန်နေရတဲ့အချိန်ကြီးမှာ TylerExperience ကို အမြဲအားပေးနေတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ဦးချင်းစီကိုလဲ အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒီနေ့တော့ Admin တစ်ယောက် ဟိုကြည့်ဒီကြည့်လုပ်ရင်း နက်ပ်ဖလစ်ကပြသနေတဲ့ 3 body problem ဆိုတဲ့ Sci-Fi စီးရီးကို သိသလောက် မှတ်သလောက်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးကို တော်တော်များများ ကြည့်ပြီးပြီလို့ ထင်ပါတယ်။
ဒီထဲကမှ Adminသဘောကျတဲ့အရာလေးတွေကို ပြန်လည်ပြောပြသွားမှာပါ။ ဒီစီးရီးက အခုချိန်ထိ သိပ္ပံပညာရှင်တွေ ဖြေရှင်းရခက်နေတဲ့ 3 Body problem ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Alien ပုံစံမျိုးတွေလဲ ပါတော့ ကြည့်ရတဲ့ပရိသတ်တွေဖို့ အနည်းငယ်တော့ ရှုပ်ထွေးတာ အမှန်ပါပဲ။ အခု Admin ရေးပြတဲ့အရာတွေက Admin တစ်ယောက်ရဲ့စိတ်ကူးနဲ့ အတွေးတွေမို့ သဘောထားကွဲလွဲတာလေးတွေ ရှိနိုင်ပါတယ်။
အောက်က တစ်ပုံချင်းစီမှာ ဖတ်ရှုပေးပါ။
(SPOILERS ALERT)
Photos Credit
Telegram link
https://t.me/+32DSxl5A4yY1YmU1
2.0
31/12/2023
နှစ်သစ်မှာ မိသားစုနဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေကို ပိုင်ဆိုင်ပြီး အပျော်ရွှင်ရဆုံးအချိန်တွေကိုပဲ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
27/11/2023
တန်ဆောင်မုန်းလပြည့်နေ့ကစပြီး မိသားစုနဲ့အတူ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အစစအရာရာအားလုံး အဆင်ပြေပါစေလို့ TylerExperience မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
29/10/2023
ဒီနေ့မနက်တော့ စိတ်မကောင်းစရာသတင်းတစ်ပုဒ်နဲ့ နိုးထခဲ့ရပါတယ်။ ကိုယ်တွေရဲ့ Sarcastic king ကြီး Chandler Bing တစ်ဖြစ်လဲ Matthew Perry ကို သူ့အိမ်မှာ သေဆုံးနေတာတွေ့ရတယ်ဆိုတဲ့ သတင်းပါပဲ။ The funniest people are often the saddest လောကကြီးမှာ သူများကိုပျော်ရွှင်အောင်လုပ်ပေးတတ်သူတွေဟာ ဝမ်းအနည်းဆုံးလူသားတွေပဲတဲ့။ Chandler Bing ကို Monica Gellar က ဖေးမပေးခဲ့သလို Matthew ရဲ့ဘဝကို ကယ်တင်ပေးမယ့်သူ မရှိခဲ့တာကလည်း ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် Matthew ရဲ့ witty humor နဲ့ sarcasm တွေဟာ Friends နဲ့ Chandler fan တွေရဲ့ရင်မှာ အမြဲစွဲကျန်နေမှာပါ။ Matthew တစ်ယောက် pain and sadness မရှိတော့တဲ့ ဘုံဘဝမှာ အနားရနိုင်မယ်လို့ မျှော်လင့်ရင်း...
Chandler, you really had a very long, hard day and could we be anymore sad?
Photos credit:
29/10/2023
Rest in peace 🕊️
Chandler
အားလုံးထဲမှာ အပျော်ဆုံးဖြစ်အောင်လုပ်ပေးခဲ့တဲ့သူက အစောဆုံးထွက်သွားတယ်
06/08/2023
Hello TylerExperience မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ Happy Sunday ပျော်ရွှင်ဖွယ်အားလပ်ရက်လေးဖြစ်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။
Admin တို့အားလုံး တစ်နေ့တာအလုပ်ကနေ ပင်ပန်းပြီး ပြန်လာကြတယ်။ အဲ့လိုအိမ်ကိုပြန်ရောက်တာနဲ့ နွမ်းနယ်နေမှုအားလုံးက တစ်ဝက်လောက် သက်သာသွားတတ်ကြတယ်။ ပြီးရင်တော့ နောက်တစ်ဝက်ကို ကိုယ်နှစ်သက်တဲ့အရာလေးတွေ ပြုလုပ်ရင်းနဲ့ အပန်းဖြေကြတာ ပုံမှန်ပါပဲ။ Admin ကတော့ ရုပ်ရှင်ကြည့်ရင်ကြည့် ၊ မဟုတ်ရင် ဂိမ်းဆော့၊ ဘောပွဲကြည့် ဒါတွေလုပ်ဖြစ်တာများပါတယ်။
ရုပ်ရှင်ကြည့်ဖို့အတွက် ရွေးချယ်တဲ့အခါမှာတော့ Admin ကတော့ စိတ်ကို သက်တောင့်သက်သာ(relax)ဖြစ်စေတဲ့ရုပ်ရှင်တွေကို ရွေးချယ်တာ များပါတယ်။ Admin ရဲ့ နောက်ထပ်အကျင့်တစ်ခုက ကြိုက်မိပြီဆိုရင် ရုပ်ရှင်တစ်ခုကို ထပ်ခါထပ်ခါပြန်ကြည့်တာပါ။ ဒါကြောင့်မို့ အလုပ်လုပ်ရတဲ့ Weekdays တွေမှာဆို ကြည့်ဖူးပြီးသားရုပ်ရှင်တွေထဲက relax ဖြစ်စေတဲ့ဟာတွေကို ကြည့်ဖြစ်ပြီး ပိတ်ရက်တွေမှာမှ အသစ်ထွက်တဲ့ရုပ်ရှင်တွေကို ကြည့်ဖြစ်တာ များပါတယ်။ ဒါက Admin ရဲ့ အကျင့်ကို ပြောပြတာပါ။
အခု Admin အမြဲကြည့်ဖြစ်ပြီး relax ဖြစ်စေတဲ့ရုပ်ရှင်တစ်ချို့ကို recommend ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်လေးတွေက Admin တစ်ဦးတည်းရဲ့ခံစားချက်မို့ အကြိုက်ချင်းမတူတာတွေလဲ ရှိန်ိုင်ပါတယ်။ သူငယ်ချင်းတို့လဲ ကြည့်ဖူးတဲ့ရုပ်ရှင်လေးကို recommend ပေးသွားပါအုံးလို့ တောင်းဆိုချင်ပါတယ်။
Telegram link
https://t.me/+32DSxl5A4yY1YmU1
2.0
photo credit
01/08/2023
ဝါဆိုလပြည့်နေ့ ဓမ္မာစကြာနေ့မှာ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဘေးဘယာတွေအားလုံး ဝေးကွာပါစေလို့ Admin တို့ TylerExperience မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
29/07/2023
Hellllooooo Welcome Back!!!! အားလုံးပဲမင်္ဂလာပါလို့ TylerExperience မှပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ Admin ကို Tyler တစ်ယောက် တစ်လလောက် ပျောက်သွားလိုက်တာ အခုမှပဲ ပြန်ပေါ်လာနိုင်တော့တယ်။ အလုပ်တွေလဲရှုပ်၊ ထုံးစံအတိုင်း ကြောင်ကလဲ ပျောက်နေတာနဲ့ သူငယ်ချင်းတို့ကို review လေးတွေ မရေးပေးမိတာ ဆောရီးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
ဒီတစ်ပတ်အတွက် Admin ရွေးချယ်ထားတဲ့ရုပ်ရှင်ကတော့ The Flash ပဲဖြစ်ပါတယ်။ တော်တော်များများကြည့်ပြီးသွားပြီထင်လောက်ပေမယ့် Admin ကတော့ resolution ကြည်တောက်ရှင်းကိုစောင့်နေတာနဲ့ အခုမှပဲ စိမ်ပြေနပြေကြည့်ဖြစ်တာပါ။ The Flash ရုပ်ရှင်က မင်းသား Ezra Miller ကြောင့် Box office မှာ ထင်သလောက်မရခဲ့ပေမယ့် အရမ်းကြီးဆိုးရွားနေတဲ့ရုပ်ရှင်တော့လဲ မဟုတ်ပါဘူး။ CEO အသစ် ဒါရိုက်တာ James Gunn ပြောခဲ့တဲ့အတိုင်း The Flash ရုပ်ရှင်က DC universe ကို restart ပြန်လုပ်ပေးမယ်ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင် Admin ကလဲ Batman ရဲ့ အမာခံပရိသတ်ပါ။ DC universe ရဲ့အားပေးသူဆိုလဲ မမှားပါဘူး။ အခုခေတ်မှာ ခက်တာက ဘယ်နေရာမှာမဆို ငွေကြေးက အရေးပါလာတော့ DC ရုပ်ရှင်တွေက Marvel နဲ့ယှဥ်လိုက်တိုင်းမှာ အမြဲအရေးနိမ့်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် DC နဲ့ Warner Bros တို့က DC ဇာတ်ကောင်တွေကို Comic ထဲကအတိုင်း အတိအကျဖြစ်စေချင်တဲ့စိတ်ရှိတယ်လို့တော့ Admin ယူဆပါတယ်။ Zack Snyderverse မှာဆို DC က တော်တော်လေးအဆင်ပြေချောမွေ့လာပြီလို့ ယူဆနေတုန်းမှာပဲ အခုလိုဖြစ်လာခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။ James Gunn လက်ထက်မှာတော့ ဘယ်လိုတွေလာမလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ စူပါမန်း Henry Cavil ကတော့ ပြန်လည်ပါဝင်လာတော့မှာမဟုတ်ပါဘူး။
The Flash ရုပ်ရှင်မှာ ပထမဆုံးသဘောကျတဲ့သူကတော့ မင်းသား Ezra Miller ပါပဲ။ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေက ဆိုးရွားနေပေမယ့် ဒီရုပ်ရှင်မှာတော့ အကောင်းဆုံးကြိုးစားထားတယ်လို့ ထင်ပါတယ်။
ထုံးစံအတိုင်း Barry တစ်ယောက် သူ့မိဘတွေကို ကယ်ဖို့ Time travel ပြန်သွားပြီး ပြုပြင်ရာကနေ Timeline တွေ ကမောက််ကမဖြစ်သွားတာကို ပြသသွားပါတယ်။ မင်းသားကြီး Micheal Keaton က Batman အနေနဲ့ တစ်ကျော့ပြန်အစွမ်းပြထားပါတယ်။ Admin ရဲ့ အကြိုက်ဆုံး Batman ဖြစ်လို့ သူ့ကိုပြန်ကြည့်ရတာ Nostalgia ပါပဲ။ ပြီးတော့ Supergirl ကိုလဲ ထပ်ပြီးမိတ်ဆက်ပေးသွားပါတယ်။ မင်းသမီးအသစ် Sasha Calle သရုပ်ဆောင်ထားတာ မဆိုးပေမယ့် Admin အတွက်တော့ Supergirl နေရာက မင်းသမီး Melissa Benoist အတွက်ပါပဲ 😁
Admin အတွက် အနှစ်သက်ဆုံးအပိုင်းကတော့ Barry သူ့ဘာသာ အမြင်မှန်ရသွားတဲ့နေရာပါ။ Admin တို့အားလုံးမှာ မေ့ပျောက်လို့မရတဲ့၊ ပြင်ဆင်ခွင့်ရရင် နောက်ပြန်သွားပြီးပြင်ဆင်ပေးတဲ့အကြောင်းအရာလေးတွေရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့်လဲ တစ်ချို့အရာတွေက အချိန်တွေ နောက်ပြန်သွားပြီး ဘယ်နှစ်ခါပြင်ပြင် ရှောင်လွှဲလို့မရတဲ့အခိုက်အတန့်(Inevitable Interception) တွေဖြစ်ပါတယ်။ ဒါတွေကို နားလည်ပြီးလက်ခံပေးဖို့က လူတစ်ယောက်အတွက် အကောင်းဆုံးပဲဆိုတာကို Flash point အနေနဲ့ Admin ကတော့ မှတ်ယူပါတယ်။
The Flash ရုပ်ရှင်က DC universe အတွက်
မျှော်လင့်ချက်အစလို့ ယူဆပါတယ်။ နောက်ထပ် Project တွေမှာ အောင်မြင်ပါစေလို့ ဆုတောင်းနေပါတယ်။ Gal Gadot ကိုလဲ Wonder Woman အနေနဲ့ Lasso ကိုကိုင်ထားပြီး ပြုံးပြနေတာလေးကို ထပ်
ကြည့်ချင်ပါသေးတယ်။
Tyler's Rating- 7.5/10
Telegram link
https://t.me/+32DSxl5A4yY1YmU1
2.0
photo credit
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon