Kit's Bakery

Kit's Bakery

Share

Cheese Lava Cake and Breads

Photos from Kit's Bakery's post 23/06/2022

📢 ခုလာမယ့် အင်္ဂါနေ့ (28.6.22) အတွက် အော်ဒါတင်လို့ရပါပြီ ။ တနင်္ဂနွေည (၇)နာရီထိ နောက်ဆုံးထားလက်ခံပေးပါမယ်ရှင် 😊😊

🥡🧅🥔🍗 ကြက်သားမုန့်

❣️ကိုယ့်ရဲ့taste တွေက စားဖူးသူတိုင်းအသိပါ
နော် 👌😋

❣️ စားလိုက်ရင် ကြွပ်ရွပြီး ပါးစပ်ထဲမှာတင် ပျော်ဝင်
သွားတဲ့ မုန့်သားလေးနဲ့အထဲက ကြက်သား အာလူး
ကြက်သွန် အချိုးအစား တူညီစွာပေါင်းစပ်ထားတဲ့
အရသာ ကို မြည်းစမ်းကြည့်စေချင်တယ်😋😋

❣️ Morning Breakfast ဒီအတိုင်းပဲစားစား၊ Tea Time
Coffee လေးနဲ့ပဲစားစား၊ ကိုယ်ကြိုက်နှစ်သက်သ
လို စားသုံးနိုင်ပါတယ်


❣️ဟင်းသီးဟင်းရွက်မစားတဲ့ ခလေးတွေလည်း မေမေ
တွေ စိတ်မရှုပ်ရတော့သလို မုန့်လေးကျွေးလိုက်တာ
နဲ့ အာဟာရစုံတဲ့မုန့်လေးပါ

❣️ကျန်းမာရေးနဲ့ညီညွတ်တဲ့နေကြာဆီ သုံးထားပြီး၊
အချိုမှုန့် ကြက်သားမှုန့် လုံးဝလုံးဝ❌❌❌ မသုံး
တာမို့ စိုးရိမ်စရာ မရှိပါဘူးနော် ခလေး လူကြီး
ယုံကြည်စိတ်ချစွာ စားသုံးလို့ရပါတယ်ရှင် 🌈

❣️ တစ်ဘူးမှာ ကြက်သားမုန့် (၅)ခု ပါပါတယ်ရှင်

❣️အပြင်မှာ လေလုံအောင်ထားရင် (၂)ရက်အထားခံ
ပြီး အထဲကအစာက ချက်ရတာဖြစ်သောကြောင့်
၂ရက် အတွင်းတော့ စားသုံးပေးပါရှင်

❣️ (၅)ခုပါ ကြက်သားမုန့် (၁)ဘူး - 4,500/-

☎️ You Can Order ➡️ 09-750052337
➡️ Page Messenger

17/04/2022

နှစ်သစ်မှာစိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွါးလာဘ်လာဘတွေ တိုးပွါးကြပါစေ 🙏🏼🙏🏼🙏🏼

Photos from Kit's Bakery's post 24/11/2021

👚ချစ်စရာကောင်းပီး ဝတ်လိုက်ရင် အရမ်းအေးတဲ့ ချည်သားလီနင် လက်ပြတ်အောက်အကားလေးပါ 👚

🏕 Shopping လေးပဲထွက်မလား သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်းဝတ်လို့ကောင်းတယ်ဆိုတာ ကိုယ်တွေ့ပါ

🌟 အကိတ်မမတွေ ဝတ်လိုက်ရင် ဗိုက်လေးပျောက် သွားတာဆိုတော့ So good 😊

🌟သူ့အကျီနောက်ကျော ဒီဇိုင်းလေးကလည်း အထာကျကျလေးရယ်

🌟 ဝတ်လိုက်ရင် အရမ်း comfort ဖြစ်တယ်ဆိုတာ လက်တွေ့အာမခံတယ်

🌟Kit’s Fashion Page ကရောင်းတဲ့ Items အားလုံးက ကိုယ်တိုင်ဝတ်ကောင်း သုံးကောင်းလို့ အားလုံးလှစေချင် ရစေချင်တဲ့ စေတနာနဲ့ရောင်းပေးတာတွေချည်းပါရှင့် 🥰

🌟တထည်လောက်ရှိသင့်တဲ့ Dress လေးဆိုတာကို recommend ပေးပရစေ 👍🏻

🌟Japan GU brand

🌟ကိုယ်ဝန်ဆောင် မေမေ တို့လည်း ဝတ်လို့ရပါတယ်

💰 Price - 7,000

🛍 ၁သောင်းမကျော်တဲ့ ဈေးလေးနဲ့မို့ စဉ်းစားမနေပဲ ခုပဲ အော်ဒါတင်လိုက်တော့ ပိတ်စဖိုးပဲရှိတယ်နော်🤩

🌟Size - S - ( 32-34 ) >> 110 - 120lb
M - ( 34 - 36 ) >> 120 - 135lb
L - ( 38 - 40 ) >> 135 - 140lb
XL- ( 40 - 42 ) >> 140 - 155lb

🌟 Color - ပန်းရောင်၊ အနက်ရောင်၊ အသားရောင်၊ ဖက်ဖူးစိမ်းရောင်

🌟Color as photo

👗ဝတ်ပြထားတာ M ပါ
ရင် 36" ခါး 30" အရပ် 5’3" ပါ ၁၃၅ ပေါင်

💬အမည် / ဖုန်းနံပါတ် /လိပ်စာ အတိကျ ပေးပို့၍ မှာယူနိုင်ပါသည်

🌟 #ကိုယ်တိုင်ရိုက်ပုံများဖြစ်လို့ကူးယူသုံးစွဲခွင့်မပြုပါရှင့်

🌟စိတ်တိုင်းကျရွေးချယ်ဝယ်ယူထားသောအထည်များ အထည်ပြန်မလဲပေးတော့ပါဘူးနော် 🙏🏻

💵💸 K Pay, AYA တို့ဖြင့်လည်းပေးချေနိုင်ပါတယ်ရှင်

နယ်မြို့များ ငွေလွှဲဝင်ပြီး deli အပ် / ကားဂိတ်ချပေးပါတယ်ရှင့် ဂိတ်ချခ ၁၀၀၀/- တန်ဆာခကို ဝယ်သူဘက်မှရှင်းရပါတယ်

မှာယူလိုပါက ☎️ 09-750052337 or CB

🚚 မှာယူထားသော ပစ္စည်းများအား ရန်ကုန်မြို့အတွင်း ၃ရက်အတွင်းပို့ပေးပါတယ်

14/10/2021

Kit လေးရဲ့နောက်ထပ် ခြေလှမ်းတခုဖြစ်တဲ့ ဒီ Page လေးကို Like & Share လေးလုပ်ပြီး ဝင်ရောက်ကြည့်ရှုကာ ကြိုက်နှစ်သက်တာလေးများရှိရင် အားပေးကြပါအုန်းရှင် 👇🏻

မုန့်လေးတွေလည်း ပြန်လုပ်ပေးပါမယ်နော် အခုကတော့ စျေးတွေတက်နေတာရယ် ကျန်းမာရေးအခြေအနေတွေရယ် လူခွဲမရှိတဲ့အခြေအနေရယ် အမျိုးမျိုးတွေကြောင့် အော်ဒါလေးတွေမလုပ်နိုင်သေးလို့ပါရှင်✌🏻

https://www.facebook.com/Kits-Fashion-104053718731130/

𝓖𝓵𝓸𝔀 & 𝓖𝓸 𝓕𝓪𝓼𝓱𝓲𝓸𝓷 🇯🇵Products from Japan (Snacks, Cosmetics, Clothing)

Photos from Kit's Bakery's post 01/09/2021

အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူ မွန်မြတ်သန့်စင်စွာ ဤမာလာရေစင်အား ကပ်လှူပူဇော်ပါ၏ 🙏🏻
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဤမာလာရေစင်ကပ်လှူပူဇော်ရသော အကျိုးအားကြောင့် ကွယ်လွန်ခဲ့ပြီးသော အဖိုးအဖွား ဆွေမျိုးညာသကာတို့သည်လည်း သာဓုခေါ်ဆိုနိုင်ပါစေ 🙏🏻🙏🏻🙏🏻

ခုနှစ်ရက်သားသမီးများ ကျန်းမာချမ်းသာ၍ မာလာရေစင်လို အေးချမ်းပါစေ၊ ပြုသမျှကုသိုလ် အစုစု
ထပ်တူရကြပါစေ နဗ္ဗာန်အတွက် အထောက်အပံ့ဖြစ်ပါစေဘုရား 🙏🏻🙏🏻🙏🏻

Photos from Kit's Bakery's post 30/05/2021

🥬🍗 ကြက်ဆလပ် 🥬🍗

ကဲဒီတခါတော့ Korea အစားအစာလေးလဲဖြစ်တဲ့ ကြက်ဆလပ်ထုပ်နည်းလေး ပြောပြပေးချင်ပါတယ်
အိမ်ကသမီးလေးက ကြိုက်လို့ ခဏခဏလုပ်ကျွေးဖြစ်လို့ ခလေးလူကြီး ကြိုက်တဲ့ Menu လေးတခုပါ

ဘာမှမခက်ဘူးနော် ကြက်သားလေးကို နှပ်တာလေးပဲ အမယ်များတာ
ပုံလေးတွေမှာ တစ်ပုံချင်းစီ ချက်နည်းလေးရေးပေးထားပါတယ်

🧾 ပါဝင်ပစ္စည်း

၁။ ကြက်ပေါင်ရင်းသား ......................... ၂တုံး
(အရိုးထုပ်ပြီးသား Makro ၊ City Mart တို့မှာရ)

၂။ ဂျင်း ၊ ကြက်သွန်ဖြူ ......................... အနည်းငယ်

၃။ Korea BBQ Sauce ............ ၁ဇွန်း (ထမင်းစားဇွန်း)

၄။ ပဲငံပြာရည် (အနောက်) ....... ၁ဇွန်း (ထမင်းစားဇွန်း)

၅။ ခရုဆီ .........…….…………….. ၁ဇွန်း (ထမင်းစားဇွန်း)

၆။ ငရုပ်ကောင်း ...................... အနည်းငယ်

၇။ ဟင်းချိုမှုန့် ......................... အနည်းငယ်

၈။ Korea ငရုပ်နှစ် .............. ၁ဇွန်း(လက်ဖက်ရည်ဇွန်း)

၉။ နှမ်းဆီ .......................... ၁ဇွန်း (ထမင်းစားဇွန်း)

၁၀။ ပန်းသစ်တော် .............. ၁လုံး (ကြိတ်ထည့်ပါ)

Kit’s Bakery

Photos from Kit's Bakery's post 09/05/2021

🍲 ကြက်ပင်စိမ်း 🍲

ဒီတခါ Sharing လုပ်ပေးချင်တဲ့ ဟင်းလေးက အရမ်းစားလို့ကောင်းတဲ့ ယိုးဒယားအစားအစာ ထဲကတခုဖြစ်တဲ့ ကြက်သားပင်စိမ်းအုပ်ချက်လေးဖြစ်ပါတယ် (ကြက်ကဖောင်း)လို့လည်းခေါ်တယ်။

ဒီဟင်းလေးလည်း လူကြီး လူလတ် အရမ်းကြိုက်တဲ့ဟင်းလေးပါနော် သူ့တမျိုးတည်းနဲ့တောင် ဘာဟင်းမှထပ်ချက်စရာမလိုတဲ့ ပြည့်စုံတဲ့ဟင်းတခွက်ပါ။

အခုလိုချိန်မှာ စျေးသွား စျေးဝယ် ခက်ခဲနေတဲ့အချိန်ရယ် အကုန်အကျသက်သာပြီး အာဟာရလည်းဖြစ် တမျိုးတည်းနဲ့ အချိန်ကုန်သက်သာ အရသာရှိတဲ့ဟင်းမယ် လေးတွေ ဦးစားပေး Sharing လုပ်ပေးသွားပါမယ်။

🧾 ပါဝင်ပစ္စည်း

၁။ ကြက်ကြိတ်သား ............................ ၂၀၀ ဂရမ်
၂။ ကြက်သွန်ဖြူ ............................ ၅ မြွှာ
၃။ ငရုပ်သီးစိမ်း (နီ) ............................ ၁၀ တောင့်
၄။ ပင်စိမ်း ............................. ၁စီး
၅။ ပဲငံပြာရည် (အနောက်) .............. ၁(ထမင်းစားဇွန်း)
၆။ ပဲငံပြာရည် (အကြည်) .............. ၁(ထမင်းစားဇွန်း)
၇။ သကြား ................. ၁(လက်ဖက်ရည်ဇွန်း)
၈။ ဆား ................. ၁(လက်ဖက်ရည်ဇွန်း)
၉။ ငရုပ်ကောင်း ............................ အနည်းငယ်
၁၀။ ပြောင်းကော်မှုန့် ...................... ၁(ထမင်းစားဇွန်း)

Kit’s Bakery 👩🏻‍🍳

Photos from Kit's Bakery's post 07/05/2021

အခုလို အချိန်အခါမှာ စျေးပြန်မရောင်းနိုင်သေးတာ အရမ်းအားနာပါတယ် ဒါကြောင့် Page လေးလဲ Active ဖြစ်အောင် Stay Home ကာလမှာ လေ့လာမှတ်သားပြီး မိသားစုကို ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ ချက်နည်းလေးတွေအတိုင်း ပြန်လည်မျှဝေပေးချင်ပါတယ် သဘောကျနှစ်သက်တယ်ဆိုရင် Page လေးကို Like & Share လေးလုပ်ပေးပါအုန်းနော် မုန့်အော်ဒါလေးတွေလည်း ပြန်လည်ရောင်းချနိုင်ဖို့ ကြိုးစားနေပါတယ်ရှင် 👩🏻‍🍳

🍛 ကြက်သားလုံး ချိုချဉ်ကြော် 🍛

ခလေးတွေနဲ့ လူကြီးမိဘတွေအရမ်းကြိုက်တဲ့ ဟင်းလေးတစ်ခွက် ဖြစ်ပါတယ်ရှင် သူ့တမယ်တည်းနဲ့တောင် ထမင်းပူပူလေးနဲ့ဆို အရမ်းစားကောင်းပါတယ်

🧾 ပါဝင်ပစ္စည်း

၁။ ကြက်သား (ကြိတ်သား) ၁၀၀ ဂရမ်
၂။ ခရမ်းချဉ်သီး ၁ လုံး
၃။ ကြက်သွန်နီ ၁ လုံး
၄။ မုန်လာဥနီ အနည်းငယ်
(မိမိကြိုက်နှစ်သက်သည့် အသီးအနှံထည့်နိုင်)
၅။ ဂျင်း အနည်းငယ်
၆။ ပဲငံပြာရည် (အကြည်) ၂ (ထမင်းစားဇွန်း)
၇။ ပဲငံပြာရည် (အနောက်) ၁(ထမင်းစားဇွန်း)
၈။ ခရုဆီ ၁(ထမင်းစားဇွန်း)
၉။ ဟင်းရွက်မှုန့် ၁(လက်ဖက်ရည်ဇွန်း)
၁၀။ ငရုပ်ကောင်း အနည်းငယ်
၁၁။ ရေနွေး ၃ (ထမင်းစားဇွန်း)
၁၂။ ဆီ ၃ (ထမင်းစားဇွန်း)

ပထမဦးစွာ ကြက်ကြိတ်သားထဲသို့ ပဲငံပြာရည်အကြည်၊ ဟင်းရွက်မှုန့်၊ ငရုပ်ကောင်း၊ ပြောင်းကော်မှုန့် အနည်းငယ်နှင့် ဂျင်း၊ ကြက်သွန်ဖြူအနည်းငယ်ညက်နေအောင်ထောင်း အရည်ညစ်ပြီးထည့်ပါ ငုံးဥနှစ်လုံး ဖောက်ထည့် နံံ့အောင်နယ်ပြီး အလုံးလေးတွေပြုလုပ်ကာ ရေနွေးဆူဆူထဲ ထည့်ပြီးပြုတ်ပေးပါ။ ကြက်သားလုံးလေးတွေ ရေပေါ်ပေါ်လာရင် ဆယ်ထားပေးပါ

Sauce ပြုလုပ်ရန် အပေါ်မှာပေးထားသော အချိုးများကို ခွက်တစ်ခုထဲအားလုံးရောထည့်မွှေထားပါ

ပါဝင်သော အသီးအနှံများကို လှီးချွတ်ထားပါ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၃ဇွန်းထည့်ပြီး ကြက်သားလုံးလေးတွေ အပေါ်ယံတင်းအောင် ကြော်ပေးပါ တင်းသွားပြီဆိရင် ဂျင်း၊ ကြက်သွန်နီ ဆီသတ် ခရမ်းချဉ်သီးထည့် အနည်းငယ်နွမ်းရင် မုန်လာဥနီထည့်ပါမယ် ကြက်သားလုံးထည့်ပါပယ် အားလုံးသမအောင်ထည့်ပြီး သွားရင် Sauce လောင်းထည့်ပါမယ် အနည်းငယ်ခပ်ပစ်ပစ်လေးစားချင်ရင်တော့ Sauce ထဲကို ပြောင်းကော်မုန့်လေး ထမင်းစားဇွန်း ၂ဇွန်းထည့်ဖျော်လို့ရပါတယ်

အားလုံး အနံ့အရသာနဲ့ပြည့်စုံတဲ့ ချက်ရတာလည်း လွယ်ကူပါတယ် အချိန်အများကြီးလည်း မပေးရပါဘူးနော် 🍛🍛🍛

Kit’s Bakery 👩🏻‍🍳

12/09/2020

🎙🦠COVID-19 ကာလအခြေအနေမှာ 🥯🍞🎂မုန့်အော်ဒါလေးတွေ ခတ္တခဏ နားထားပါ့မယ်ရှင် အပြင်မထွက်ရတာနဲ့ ခလေးငယ်ရှိတာရယ် လူခွဲမရှိတာကြောင့်ပါ အခြေအနေကောင်းတာနဲ့ မုန့်အော်ဒါလေးတွေ ပြန်လည်လက်ခံသွားပါမယ်နော် အခုလို Stay Home ကာလမှာ 🚙❌❌အပြင်ကိုတက်နိုင်သလောက် မထွက်ကြပါနဲ့ နော် မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း Mask😷ကိုတက် ကြပါ 👏လက်ကိုခဏခဏဆေးပါနော် 🍜🥙🥛အားရှိတဲ့အစားအစာတွေကိုစားပြီး အားလုံးပဲ 💪ကျန်းမာရေးကိုဂရုစိုက်ကြပါရှင် 😊😊😊

Photos from Kit's Bakery's post 22/08/2020

ဒါလေးက ဘာလေးဖြစ်မလဲနော် ?? 🥯🥯🥯 🤔😋

Photos from Kit's Bakery's post 16/08/2020

Birthday Cake လေးတွေအားပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🎂🎂🎂😊

Photos from Kit's Bakery's post 09/08/2020

Cheese Lava Cake အများကြီး အားပေးတဲ့ အမချောချောလေး ကျေးဇူးအများကြီးတင်ပါတယ် 🥰

Want your business to be the top-listed Bakery in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 59(A), 4th Street, 3rd Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00